Thursday 21 November 2013

နီထောင့်စီငါးမှာ ပီတူ တမီတ ဖြစ်မီလဲ ဝတိလယ်


တစ်နေ့သ၌…
ဝေးမြေရပ်ခြား၊ တိုင်းတစ်ပါးသား ဖြစ်သော ပေါက်ဖော်ကြီးတစ်ဦးသည် မြန်မာစကားသင်ရန် အမိမြန်မာပြည် ကြီးသို့ ရောက်ရှိနေသခိုက်၊ ပေါက်ဖော် ကြီး တည်းခိုရာ အိမ်နှင့် မောင်မာန် နေသော အိမ်သည် မြို့ရွှေဒလတွင် ခပ်နီးနီးတည်ရှိသဖြင့်၊ ပေါက်ဖော်ကြီး သည် ဗမာစကာြး<ွကယ်ဝစေခြင်းငှာ၊ မောင်မာန့်ထံလာ၍ စကားလေ့ ကျင့်ခန်း ဆင်းတော့သတတ်။


”မကီးရေ မိဂလာပါနော်။ မိဂလာ နီနက်ခင်းဝေ့”
”မင်္ဂလာပါ ပေါက်ဖော်ကြီး၊ ဒီနေ့ ဘာတွေ လေ့ကျင့်မလဲ”
”ဝ သိတင်းတီခုကြားလယ်၊ နင်တို့ ဟိုဟာလီကွယ်၊ ဘာခေါ်မိလဲ၊ ဖွက်ရှီးပုံ ပြင်မိလို့ဆိုလား၊ အဲဒါ ဘာပြောလဲ၊ ဝ နားမိလယ်ဘူး”
”ဖွဲ့စည်းပုံကို ပြောတာ ပေါက် ဖော်ကြီးရဲ့၊ ပေါက်ဖော်ကြီးတို့ဆီမှာ ဖွဲ့စည်းပုံမရှိဘူးလား”
”ကြားတောင်မိကြားဖူးတာ၊ ဖွက် ရှီးပုံ ဝ မိသိဘူးလယ်”
”ဟ၊ ပေါက်ဖော်ကြီးတို့ဆီမှာ ဘာ နဲ့အုပ်ချုပ်လဲ၊ ဖွဲ့စည်းပုံမရေးဘူးလား”
”အာရား၊ အီလုပ်ရှုပ်လို့ကွယ်၊ တီ  နတ်ရှိလယ်နော်၊ စိတပ်ရှိလယ်၊ ပါတီရှိ လယ်၊ ဖွက်ရှီးပုံ မိလိုဘူးလေ၊ ပီတူပီတူ တက်၊ ပီတူပီတူဖြုတ်၊ ပီတူပြီးပီတူ အုပ် ချုပ်လယ်လေ၊ ဘာမှမီဖြစ်ဘူးလေ၊ ဝတို့ ပြည်က အိကျယ်ကြီး၊ တိအားကျယ် လယ်၊ မိတရားကို ကျယ်လယ်၊ နင်တို့ ပြည်က သေးသေး၊ ဖွက်ရှီးပုံ ဘာလုပ်မိ လဲ၊ တိအားရှုပ်လယ်ကွယ်၊ ဝ နားမိလယ် ဘူး။ ပြန်ရောင်းလို့ မိရဘူးလား”
”လုပ်တော့မယ် ပေါက်ဖော်ကြီး ရယ်၊ ဖွဲ့စည်းပုံက ဖွတ်တို့ ပဒတ်တို့လို ပိဿာချိန်နဲ့ရောင်းဖို့မှ မဟုတ်တာ”
”အာ၊ နီတို့ချီက ဘာထွက်ထွက် ဝတို့ဝယ်လယ်လေ၊ ချီပါးဝယ်လယ်၊ ကီ ဏန်းဝယ်လယ်၊ မွီဝယ်လယ်၊ မီးမ ဝယ် လယ်၊ တွင်းထွက်ဝယ်လယ်၊ အီကုန်ဝယ် လယ်လေ၊ ဖွက်ရှီးပုံလည်း နီတို့ပြသီနာ ဖြစ်နေတယ်လေ၊ ဘာလုပ်မိလဲ၊ ရောင်း ပိလိုက်လေ”
”ပေါက်ဖော်ကြီးကလည်းဗျာ၊ အဲဒါ ရောင်းဖို့မဟုတ်ဘူး၊ အဲဒါနဲ့ အုပ် ချုပ်ရတာ၊ ပေါက်ဖော်ကြီးက နားမလည် တော့ ခက်တယ်၊ ကဲ၊ ဖွဲ့စည်းပုံမရှိရင်၊ သမ္မတ ဘယ်သူလုပ်မလဲ၊ အစိုးရဘယ် သူလုပ်မလဲ၊ ပါတီတွေ ဘာဆက်လုပ်ရ မလဲ”
”နီခက်လယ်နော်၊ ဝပြောတာ နီ သိဘောမီပေါက်ဘူး၊ နီထောင့်စိငါးမှာ နော်၊ ပီတူတမီတဖြစ်မယ် ဝသိလယ်”
”ဟ၊ ပေါက်ဖော်ကြီး၊ တယ်ဟုတ် ပါလား၊ ဘယ်လိုလုပ်သိတာလဲ”
”မိတီရားလွယ်တယ်၊ နီထောင့်တီ ဆယ် (၂ဝ၁ဝ) ကလေ၊ ဝတို့ဆီ ပီတူ လာလဲ၊ ဦးတိမ်းချိမ် လာလယ်လေ၊ နီ ထောင့်စီတစ်မှာ တူတမီတ ဖြစ်လာ လယ်၊ နီမိတိဘူးလား၊ ဝတို့အားလုံး သိ တယ်၊ ဝတို့ဆီကို နီထောင့်စိလေး (၂ဝ၁၄) မှာ ပီတူလာမီလဲ ကြည့်လေ၊ အဲဒါ တမီတဖြစ်မယ်၊ နီတို့ ဖွက်ရှီးပုံ ဝမီတိဘူး၊ ဝနားမီလယ်ဘူး၊ ပီတူပြီးပီတူ တမီတလုပ်တာ အားကီးရှင်းလယ်”
”အောင်မလေး ပေါက်ဖော်ကြီး ရယ်၊ ပေါက်ဖော်ကြီးတို့ဆီ လာရင်ပဲ သမ္မတ ဖြစ်ရောလား၊ တယ်ဟုတ်ပါ လား လုပ်စမ်းပါဦး”
”နီမီယုံဘူးလား၊ ဟိုတုန်းက ဦးခင် ညွန့်လာလယ်၊ တူဝန်ကီးချုပ်ဖြစ်လယ်၊ ဦးတိမ်းချိမ် လာလယ်၊ တူလည်း ဝန် ကီးချုပ် ဖြစ်လယ်၊ နောက်တိခါ သူလာ လယ်နော်၊ တူတမီတဖြစ်လယ်လေ၊ နင်မီတိတော့ဘူးလား၊ နင်တို့ဒေါ်စုကို ချစ်လယ်၊ နင်တို့အားကီးချစ်လယ်၊ ဝ လည်း တိဘောကျတယ်၊ တီခုရှိလယ် နော်၊ တူ ဝတို့ဆီ နီထောင့်စိလေးမှာ မလာရင်၊ တူ တမီတ မိဖြစ်ဘူး၊ ပီတူ လာမလဲ နင်ကြည့်နေ၊ လာတဲ့တူ တမီ တဖြစ်မယ်၊ နင်တို့ ဖွက်ရှီးပုံ ဝမိဖတ်ပဲ သိလယ်”
”တယ်ဟုတ်ပါလား ပေါက်ဖော် ကြီးရဲ့၊ ဟုတ်တော့လည်း ဟုတ်တာပဲ၊ ဖဆပလခေတ်က ဦးနု၊ မဆလခေတ်က ဦးနေဝင်း၊ ဦးစန်းယုနဲ့ ဝန်ကြီးချုပ်တွေ ပေါက်ဖော်ကြီးသို့ဆီ အရင်သွားခဲ့ကြ တာပဲ၊ နဝတနဲ့ နအဖလည်းသွားတာပဲ။ နေပါဦး ပေါက်ဖော်ကြီးရဲ့၊ ပေါက်ဖော် ကြီးတို့ဆီမှာ ဗေဒင်လာကြည့်ရတာလား”
”နီဘာပြောလယ်”
”ဗေဒင်လေ၊ ဗေဒင်၊ ဟိုဟာလေ ဗျာ၊ ပေါက်ဖော်ကြီးတို့ဆီမှာ သုံးတဲ့ ဖုန်းရွှေပညာဆိုတာလေ၊ အဲဒါနဲ့ကြည့် ပြီး ပြောတာလား”
”အဲဒါဝမီတိဘူး၊ နီတို့ဆီက တမီ တဖြစ်မယ့်လူလာလယ်၊ ဝန်ကီးချုပ်ဖြစ် မယ့်လူလာလယ်၊ ဝတို့စီကားပြောလယ်၊ နှနိုင်ငံ ပီလိုပီလိုလုပ်မယ် ချွေးနွေးလယ်၊ တူက ဘာတွေ
ဘာတွေ လုပ်ပေးမယ် ပြောလယ်၊ ဝတို့က ဘာတွေ ဘာတွေ လုပ်ပေးမယ် ပြောလယ်၊ အီဆင်ပြေ လယ်နော်၊ တူတမီတ ဖြစ်လယ်၊ ဝန်ကီး ချုပ်ဖြစ်လယ်၊ ဘာမှ မီခက်ဘူးလေ”
”ဒါဆို ကျုပ်လာရင်ကောဗျာ”
”နီထောင်ကျမယ်လေ”
”ဘာဖြစ်လို့လဲ ပေါက်ဖော်ကြီးရဲ့”
”ဝတို့မီကောင်းတာ နီတအားရေး လယ်၊ ဝတို့တိလယ်၊ စီကာပြန်တွေက ပြန်ပြန်ရေးပြလယ်၊ ဝတို့ကို ပီတူချစ် လယ်၊ ပီတူမုန်းလယ် ဝတို့ အားကီး သိ လယ်လေ၊ နီတို့ကို ဝတို့က မီမုန်းပါဘူး ကွယ်၊ ဝတို့ပြည်ကီးလို အီတူတူ ချစ် လယ်၊ နီတို့ဗီမာပြည်ကိုလေ၊ ဝတို့ တီ အား ချစ်လယ်၊ အားကီး ချစ်လယ်၊ ဝပြည်ဝရွာလိုလည်း တီဘောထားလယ်၊ နီတို့ဝတို့ကို မီမုန်းပါနဲ့ကွယ် ဝ တောင်း ပန်လယ်လေ၊ နီတို့ဖွက်ရှီးပုံလည်း ဘာ မှမီလုပ်နဲ့၊ အီလုပ်ရှုပ်လယ်၊ ဦးတိမ်းချိမ် က တမီတချက်လုပ်၊ ဦးရွှီမန်းက ဒုတမီ တလုပ်၊ ရန်တွေဘာတွေ မီဖြစ်ချေနဲ့၊ ဒေါ်စုကို အီတိုက်အီခံ ဝန်ကြီးချုပ်ပေး လိုက်လေ၊ ဖွက်ရှီးပုံတွေ ဘာတွေ ဘာ လုပ်မီလဲကွယ်၊ အီတီအိ (၈၈) ကို အီ ရပ်ဘက် ဝန်ကီးအဖွဲ့တဖွဲ့ပေးလိုက်၊ ဝ ချေတနာနဲ့ပြောလယ်၊ နီတို့တွေ အား ကီးစီကားများနေလယ်၊ ထီမင်း များများ ချား၊ ချီကားများများ မိပြောနဲ့၊ ချီးပွား ရေးလုပ်လေကွယ်၊ နီတို့ ဗီမာပြည်နဲ့ ဝတို့ပြည်ကြီး စာချုပ်ရှိလယ်လေ၊ မီ ဟာဗျူဟာ ချီးပွားရေး လုပ်ကြမယ်လို့ စာချုပ်ချုပ်လယ်၊ တခြားပီတူမှ အချင်မီ ပြေဘူးလေ၊  ဝတို့နဲ့ မီဟာဗျူဟာ ချုပ်တယ်နော်၊ ဝတို့မီကြိုက်ရင် ပီတူမှ တမီတ မလုပ်ရဘူး၊ နီတို့ရီခိုင်ပြည်ကို ကြည့်လေ၊ ဝတို့ ချီးပွားရေးလုပ်တယ်၊ ဘီကလားဒေ့က မကျေနပ်ဘူး၊ တီအား ပြတီနာ ရှာလယ်၊ ကိစ္စမချိဘူး၊ ပီတူမှ မလာအောင် ဝတို့လုပ်လယ်၊ ကီလား-ဗမာ ပြတီနာဖြစ်လယ်၊ ပီတူလာရဲလဲ၊ ပီတူမှ မလာရဲဘူး၊ ဝတို့က တိလယ်၊ ဝ တို့ တီ အားငတ်ဖူးလယ်၊ ဝတို့ပြည်မှာ လည်း ငတ်တယ်၊ လူတားပါချားရတယ်၊ ပီတူမှ ဝတို့ကို မသိနားဘူး၊ ပီတူမှ ထီ မင်းမကျွေးဘူး၊ ဝတို့တီအားခံရလယ်၊ အခု ကီဗာကြီးကို ဝတို့ ချီးပွားရေး လုပ် တယ်၊ ပီတူ့ကိုမှ ဝတို့ မသိနားနိုင်ဘူး၊ ဝတို့ ငတ်ဖူးလယ်၊ သေဖူးလယ်၊ အား ကီးနားလည်လယ်၊ ရီခိုင်ပြည်ဟာ ဝတို့ မီဟာဗျူဟာ ထွက်ပေါက်ပဲ၊ ပီတူမှ ချီး ပွားရေး လာမလုပ်ချေနဲ့။ နီတို့ ဦးတန်း ရွှေနဲ့ ဝတို့ တမီတကီး အီတူတူ သွား လယ်။ သီဘောတူလယ်။ ဦးတန်းရွှေကို နေပီတော်ကီး ဆောက်ပေးလယ်၊ ရီခိုင် ပြည်ကို ဝတို့ ချီးပွားရေးလုပ်မယ်၊ ကီ ဗာကြီးကို ဝတို့ မီကြောက်ဘူးလယ်”
”ဒါဆို ပေါက်ဖော်ကြီးတို့ ဘာ ကြောက်လဲ”
”ဝမီပြောချင်ဘူး”
”ကျုပ်သိပါတယ် ပေါက်ဖော်ကြီး ရယ်၊ သိပြီးသားပါ”
”အာ၊ မကီး နင်ဘာသိလဲ၊ တီ ကယ် ပြောလာလား”
”တကယ်ပြောတာပေါ့၊ ကျုပ်တို့ ဆီမှာ ဒီမိုကရေစီထွန်းကားမှာ ကြောက် တယ်မို့လား၊ ပေါက်ဖော်ကြီးတို့ဆီ ဒီမို ကရေစီကူးစက်မှာ ကြောက်တယ်လေ”
”ဝမီပြောရဲဘူး၊ အီပြန်ဖို့ ခက်မယ်၊ ဝ စီစကားသင်တာ အဲဒါမီသင်ချင်ဘူး၊ မီဂလာပါမကီးရေ၊ ဝပြန်မယ်”
[မကီး = မာန်ကြီး]
မာန် (တောင်လုံးပြန်)

AsiaFame Media Group

No comments:

Post a Comment