ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ နှင့် ဒုတိယသမ္မတများအရည်အချင်းသတ်မှတ်ချက်သည် ဒီမိုက ရေစီ စံနှုန်းနှင့် ကိုက်ညီသည့် ပြ ဋ္ဌာန်းချက် မဟုတ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
စက်တင်ဘာ ၂ရရက်တွင်
ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရုံး၌ကျင်းပ သည့် ပါတီ၏ (၂၅)နှစ် ပြည့်ငွေ ရ တုနှစ်ပတ်လည်အခမ်း အနားအပြီး
သတင်းစာရှင်းလင်း ပွဲတွင် ပြော ကြား လိုက်ခြင်းဖြစ် သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည် က ''ဒီ ဟာကလဲ ဒီမိုကရေစီ စံနှုန်းစံထား တွေနဲ့ မကိုက်ညီတဲ့ ကိစ္စတစ်ခုပါ ပဲ။ ဖွဲ့စည်းပုံကိုကြည့်ရင် ဒီ ၅၉ ကိုတင်ကြည့်ပြီးတော့ မဟုတ် ပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မကိုက်ညီတဲ့ဟာတွေ အများကြီး ပါပါတယ်။ အဲ့ဒီဟာကိုအခြေခံ ပြီးတော့ ပြောင်း လဲရေးကို တောင်း တာပါ''ဟုပြောကြားသည်။
သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်ရန်အရည်အချင်းပြဋ္ဌာန်းချက် ပုဒ်မ-၅၉သာမကဘဲ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ဒီမိုကရေစီစံနှုန်းစံထားများနှင့် မကိုက်ညီသည့်အချက်အလက် များစွာ ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အားမပြင်ဆင်ပါက ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားနေသည်ဟု မယူဆကြောင်း၊ အခြေခံဥပဒေ မပြင်ဆင်ပါက ၂၀၁၅ ရွေးကောက် ပွဲသည် လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်လာနိုင် မည်မဟုတ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
''မမျှတတဲ့ဖွဲ့စည်းပုံအခြေ ခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှမျှတနိုင်မှာ မဟုတ် ဘူး'' ဟု သူမက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)တွင် ''ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ယင်း သားသမီး၏ ဇနီး၊ ခင်ပွန်းများ က နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ ကိုခံယူစောင့်ရှောက်ခြင်း ခံရခြင်း၊ တိုင်းတစ်ပါးနိုင်ငံသားဖြစ်ခြင်း များမဖြစ်စေရဟု''ဖော်ပြထား သည်။
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါ တီများဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပြင် ဆင်ပြောင်း လဲသင့်သည့်အချက်များနှင့်ပတ်သက်၍ အပတ်စဉ်စနေနေ့တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ ဆုံဆွေးနွေးလျက်ရှိကြပြီး စက်တင်ဘာ ၂၈ရက်တွင် အပြီးသတ် ဆွေးနွေးပြီး ပြင်ဆင်ရန်လိုအပ်သည့် အချက်များ တရားဝင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းအောင်
Yangon Media Group

No comments:
Post a Comment