Saturday, 14 September 2013

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ

Photo: မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ
Saturday, September 14, 2013

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေ ခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အသတ်ခံရကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထားတယ်။ တခြားအဆင့်နှစ်ဦးကတော့ အသတ်ခံထား ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေ ရှင်းဆောင် ရွက်ပေးဖို့ တရားဝင်စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြား တာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အပေါ် မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာ သည် စစ်စခန်းနယ် မြေသတ်မှတ်မှုအရ ကေအိုင်အို နယ် မြေမ ဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံး သွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုး ထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သား ခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန် သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ် မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက် သတ်ဖြတ် တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။ ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇ ကို ရေခဲ တောင်မှ ကယ် ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ် ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါ တယ်'' ဟု အတည်ပြုပြော ကြားခဲ့သည်။

Yangon Media Group
မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင်မှ ကယ်ထုတ်ခဲ့သူ တပ် မတော်အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အသတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။
''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထား တယ်။ တခြား အဆင့်နှစ်ဦးကတော့ အသတ်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကောင်စီက ကေအိုင်အိုကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင် ရွက်ပေးဖို့ တရားဝင် စာပေးပို့ထားတယ်။ သူတို့ဆီကပြန်ကြားတာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေး မလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေသတ် မှတ်မှု အရ ကေအိုင်အိုနယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုးထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment