ဘရာဇီးလ်အတွက် အနိုင်ဂိုးများကို ပွဲအစ ၂ မိနစ်တွင် ဖရက်ဒ်ကလည်းကောင်း၊ ပထမပိုင်းပြီးဆုံးခါနီး ၄၄ မိနစ်တွင် နေမာကလည်းကောင်း သွင်းယူခဲ့ကာ ပထမပိုင်းအပြီးတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ၄၇ မိနစ်တွင် ဘရာဇီးလ်အတွက် တတိယအနိုင်ဂိုးကို ဖရက်ဒ် ကပင် ထပ်မံသွင်းယူခဲ့ပြီး ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင် စပိန် အသင်း နောက်ခံ ကစားသမား ဂျရတ်ပီကေးမှာ ပွဲကစားချိန် ၆၈ မိနစ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ဇွန်လ ၃၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် Confederations Cup တတိယနေရာလုပွဲတွင် အီတလီက ဥရုဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ ၌ ၂ ဂိုးစီ သရေရလဒ်ဖြစ်ခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
အချိန်ပို ပွဲကစားချိန် မိနစ် ၁၁၀ တွင် အီတလီ ကစားသမား မွန်တိုလီဗို အနီကတ်ဖြင့် ထုတ်ပယ်ခံရသ ည်။ ဆက်လက်၍ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ အီတလီက ၃-၂ ဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။
Planet.com.mm
No comments:
Post a Comment