Tuesday 25 June 2013

J-7 မျိုး ကွဲ တိုက်လေ ယာဉ် များ အား ရှေ့တန်း တိုက်လေ ယာဉ် စာရင်းမှ ပယ်ဖျက်တော့ မည်

Photo: J-7 မျိုးကွဲ တိုက်လေယာဉ်များအား ရှေ့တန်း တိုက်လေယာဉ် စာရင်းမှ ပယ် ဖျက်တော့ မည်

25-6-2013

တရုတ် နိုင်ငံသည် MiG-21 တိုက်လေယာဉ်များအား ပုံတူကူး တည်ဆောက် ထားသည့် J-7 တိုက်လေ ယာဉ်များကို ၎င်းတို့၏ ရှေ့တန်း တိုက် ခိုက်ရေး လေယာဉ် (Front Line Fighter Aircraft) အဖြစ် ထားရှိ အသုံးပြု မှုမှ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ 

အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ် လာခြင်းမှာ အံ့အားသင့်စရာ ကိစ္စတစ်ရပ် မဟုတ်ကြောင်းနှင့် တရုတ် နိုင်ငံ၌ လွန်ခဲ့သော ၄ နှစ်ေ ကျာ် က တည်းက J-10၊ J-11၊ Su-27၊ Su-30 နှင့် J-8F ကဲ့သို့သော ခေတ်မီ တိုက်လေယာဉ် အရေအတွက်မှာ အစီးရေ ၅ဝဝ မှ ၁၂ဝဝ ကျော်အထိ နှစ်ဆနီးပါး တိုးတက် လာခဲ့ခြင်းေ ကြာင့် ဖြစ်ကြောင်း သိရပါသည်။ တရုတ်တို့သည် လွန်ခဲ့သော ၄ နှစ် အချိန်က ရုရှားလုပ် MiG-19 တိုက်လေယာဉ်များအား ပြည်တွင်း၌ တုပ ထုတ်လုပ်ထားသည့် J-6 တိုက်လေယာဉ်နှင့် MiG-21 တိုက်လေယာဉ်များအား ပုံစံတူ ထုတ်လုပ်ထား သည့် J-7 တိုက်လေယာဉ် အစီးရေ ၂ဝဝဝ ကျော် အပေါ်တွင်သာ အဓိက မှီခိုအားထား ခဲ့ရပါသည်။ 

ရုရှား လုပ် ဗုံးကြဲ လေယာဉ်များအား တုပ ထုတ်လုပ်ထားသည့် ရာပေါင်း များစွာသော ဗုံးကြဲ လေယာဉ်များမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ်၌ အသုံးတော် ခံနေဆဲ ဖြစ်ပါသည်။ သို့သော် တရုတ်တို့သည် ပုံမှန်အားဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားသည့် လေယာဉ် အရေအတွက်အား ထုတ်ပြန် ကြေ ညာလေ့ မရှိဘဲ သတင်း အချက်အလက် များကို အင်တာနက်မှ တစ်ဆင့်နှင့် နိုင်ငံ တစ်နံတစ်လျား လှည့် လည် လေ့လာ ကြည့်ရှုခြင်း ဖြင့်သာ လေတပ် စခန်းများ၏ တည်နေရာနှင့် အရေအတွက်အား ခန့်မှန်း နိုင်မည် ဖြစ်ပါသည်။ ထိုသို့ လေ့လာကြည့်ရှုခြင်း အားဖြင့် ယနေ့ တရုတ်ပြည်သူ့ လွ တ်မြောက်ရေး တပ်မတော် လေတပ် သည် MiG-21(J-7)နှင့် MiG-19 (J-6) တိုက်လေယာဉ်များကို အများဆုံး အသုံးပြုနေ သည့် တပ်ဖွဲ့မှ စွမ်းပကား ပိုမို ကောင်းမွန်သော တိုက်လေယာဉ် အုပ်စု ကို ပေါင်းစပ် အသုံးပြုနေသည့် တပ်ဖွဲ့ အဖြစ်သို့ အလျင်အမြန် ပြောင်း လဲနေကြောင်း ကို လေ့လာ တွေ့ရှိနိုင် ပါ သည်။ တရုတ် နိုင်ငံသည် ရုရှားတို့ ထံမှ Su-27နှင့် ပိုမိုခေတ်မီ အဆင့်မြင့်သည့် Su-30 တိုက်လေယာဉ်များကို ဝယ်ယူလျက် ရှိပြီး ပြည်တွင်း၌လည်း လိုင်စင်ခံ၍ အများအပြား ထုတ်လုပ် လျက် ရှိပါသည်။ ထို့ပြင် ကိုယ်ပိုင် နည်းပညာဖြင့် ပြည်တွင်း၌ တည်ဆောက် ထုတ်လုပ် ထားသည့် J-20 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် စမ်းသပ်ပုံစံ တစ်စီးကိုလည်း မကြာသေးမီ အချိန်က ထုတ်ဖော်ပြသ ခဲ့ပါသည်။

J-7 တိုက်လေယာဉ်များအား ပျံသန်းမှု ရပ်ဆိုင်းရတော့မည့် အခြား အကြောင်း အချက်မှာ ယင်း တိုက်လေ ယာဉ်များဖြင့် ခေတ်မီ အဆင့်မြင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရာ၌ ကိုက်ညီမှု မရှိေ တာ့ ခြင်းကြောင့် ဖြစ် ကြောင်း၊ တရုတ် နိုင်ငံသည် ၎င်း၏ တိုက်လေ သူရဲ လေ့ကျင့်ရေး အစီအစဉ်များအား ပြန်လည် ပြင် ဆင် နေပြီဖြစ်သောကြောင့် အဆိုပါ အချက်သည် အလွန် အရေးကြီးေ သာ ကိစ္စ တစ်ရပ်ဖြစ် မြှင့်တင်မှုများ ပြုလုပ် ထားသဖြင့် J-7 တိုက်လေယာဉ်သည် MiG-21 လေယာဉ်၏ မျိုးကွဲ တိုက်လေယာဉ်များ အနက် အဆင့် အမြင့်ဆုံး အမျိုးအစား ဖြစ်ပါသည်။ လွန်ခဲ့ေ သာ ၆ နှစ်တာ ကာလအထိ MiG-21 နှင့် J-7 တိုက်လေယာဉ် အစီးရေ ၁ဝဝဝဝ ကျော် ထုတ်လုပ် ထားသဖြင့် ပြီးခဲ့သည့် ရာစုနှစ်အတွင်း ဂျက်လေယာဉ် အများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ (ဒုတိယ ကမ္ဘာစစ် ကာလ အတွင်း၌ ပန်ကာတပ် တိုက်လေယာဉ် အမြောက်အမြား ထုတ်လုပ်ခြင်းသာ ရှိခဲ့ပါသည်။) ၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲြ ပီးနောက်ပိုင်း အချိန်အထိ MiG-21 တိုက်လေယာဉ် ၁၈၆ စီးမှာ ရုရှား တပ်မတော် တွင် တာဝန် ထမ်းဆောင်ဆဲ ဖြစ်သော်လည်း နှစ်အနည်းငယ် ကြာပြီးနောက် အဆိုပါ တိုက်လေယာဉ် အားလုံး ကို ပျံသန်းမှုမှ တရားဝင် အနားပေး ခဲ့ပါသည်။ ယခုလက်ရှိ အချိန်အထိ MiG-21 တိုက်လေယာဉ် အများ အပြားကို အဓိက အသုံးပြုနေသည့် နိုင်ငံမှာ အိန္ဒိယ နိုင်ငံသာ ကျန်ရှိပြီး ၎င်းတို့ သည် လည်း ယင်းတိုက်လေ ယာဉ်များအား ပျံသန်းမှု ရပ်ဆိုင်းရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါသည်။

Myawady News
တရုတ် နိုင်ငံသည် MiG-21 တိုက်လေယာဉ်များအား ပုံတူကူး တည်ဆောက်ထားသည့် J-7 တိုက်လေ ယာဉ်များကို ၎င်းတို့၏ ရှေ့တန်း တိုက်ခိုက်ရေး လေယာဉ် (Front Line Fighter Aircraft) အဖြစ် ထားရှိ အသုံးပြုမှုမှ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ 

အဆိုပါဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းမှာ အံ့အားသင့်စရာကိစ္စတစ်ရပ်မဟုတ်ကြောင်းနှင့် တရုတ် နိုင်ငံ၌ လွန်ခဲ့သော ၄ နှစ်ေ ကျာ် က တည်းက J-10၊ J-11၊ Su-27၊ Su-30 နှင့် J-8F ကဲ့သို့သော ခေတ်မီ တိုက်လေယာဉ် အရေအတွက်မှာ အစီးရေ ၅ဝဝ မှ ၁၂ဝဝ ကျော်အထိ နှစ်ဆနီးပါး တိုးတက် လာခဲ့ခြင်းေ ကြာင့် ဖြစ်ကြောင်း သိရပါသည်။ တရုတ်တို့သည် လွန်ခဲ့သော ၄ နှစ် အချိန်က ရုရှားလုပ် MiG-19 တိုက်လေယာဉ်များအား ပြည်တွင်း၌ တုပ ထုတ်လုပ်ထားသည့် J-6 တိုက်လေယာဉ်နှင့် MiG-21 တိုက်လေယာဉ်များအား ပုံစံတူ ထုတ်လုပ်ထား သည့် J-7 တိုက်လေယာဉ် အစီးရေ ၂ဝဝဝ ကျော် အပေါ်တွင်သာ အဓိက မှီခိုအားထား ခဲ့ရပါသည်။ ရုရှား လုပ် ဗုံးကြဲ လေယာဉ်များအား တုပ ထုတ်လုပ် ထားသည့် ရာပေါင်း များစွာသော ဗုံးကြဲ လေယာဉ်များမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ်၌ အသုံးတော် ခံနေဆဲ ဖြစ်ပါသည်။ သို့သော် တရုတ်တို့သည် ပုံမှန်အားဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားသည့် လေယာဉ် အရေအတွက်အား ထုတ်ပြန် ကြေ ညာလေ့ မရှိဘဲ သတင်း အချက်အလက် များကို အင်တာနက်မှ တစ်ဆင့်နှင့် နိုင်ငံ တစ်နံတစ်လျား လှည့် လည် လေ့လာကြည့်ရှုခြင်း ဖြင့် သာ လေတပ် စခန်းများ၏ တည်နေရာနှင့် အရေအတွက်အား ခန့်မှန်း နိုင်မည် ဖြစ်ပါသည်။ 
ထိုသို့ လေ့လာကြည့်ရှုခြင်း အားဖြင့် ယနေ့ တရုတ်ပြည်သူ့ လွ တ်မြောက်ရေး တပ်မတော် လေတပ်သည် MiG-21(J-7)နှင့် MiG-19 (J-6) တိုက်လေယာဉ်များကို အများဆုံး အသုံးပြုနေ သည့် တပ်ဖွဲ့မှ စွမ်းပကား ပိုမို ကောင်းမွန်သော တိုက်လေယာဉ် အုပ်စု ကို ပေါင်းစပ် အသုံးပြုနေသည့် တပ်ဖွဲ့ အဖြစ်သို့ အလျင်အမြန် ပြောင်းလဲနေကြောင်းကို လေ့လာ တွေ့ရှိနိုင်ပါသည်။ တရုတ် နိုင်ငံသည် ရုရှားတို့ ထံမှ Su-27နှင့် ပိုမိုခေတ်မီ အဆင့်မြင့်သည့် Su-30 တိုက်လေယာဉ်များကို ဝယ်ယူလျက် ရှိပြီး ပြည်တွင်း၌လည်း လိုင်စင်ခံ၍ အများအပြား ထုတ်လုပ်လျက် ရှိပါသည်။ ထို့ပြင် ကိုယ်ပိုင် နည်းပညာဖြင့် ပြည်တွင်း၌ တည်ဆောက် ထုတ်လုပ် ထားသည့် J-20 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် စမ်းသပ်ပုံစံ တစ်စီးကိုလည်း မကြာသေးမီ အချိန်က ထုတ်ဖော်ပြသ ခဲ့ပါသည်။

J-7 တိုက်လေယာဉ်များအား ပျံသန်းမှု ရပ်ဆိုင်းရတော့မည့် အခြား အကြောင်းအချက်မှာ ယင်း တိုက်လေ ယာဉ်များဖြင့် ခေတ်မီ အဆင့်မြင့်လေ့ကျင့်ခန်း များဆောင်ရွက်ရာ၌ ကိုက်ညီမှု မရှိတော့ ခြင်းကြောင့် ဖြစ် ကြောင်း၊ တရုတ် နိုင်ငံသည် ၎င်း၏ တိုက်လေသူရဲ လေ့ကျင့်ရေး အစီအစဉ်များအား ပြန်လည် ပြင်ဆင် နေပြီဖြစ်သောကြောင့် အဆိုပါ အချက်သည် အလွန် အရေးကြီးေ သာ ကိစ္စ တစ်ရပ်ဖြစ် မြှင့်တင်မှုများ ပြုလုပ် ထားသဖြင့် J-7 တိုက်လေယာဉ်သည် MiG-21 လေယာဉ်၏ မျိုးကွဲ တိုက်လေယာဉ်များ အနက် အဆင့် အမြင့်ဆုံး အမျိုးအစား ဖြစ်ပါသည်။ 

လွန်ခဲ့ေ သာ ၆ နှစ်တာ ကာလအထိ MiG-21 နှင့် J-7 တိုက်လေယာဉ် အစီးရေ ၁ဝဝဝဝ ကျော် ထုတ်လုပ် ထားသဖြင့် ပြီးခဲ့သည့် ရာစုနှစ်အတွင်း ဂျက်လေယာဉ် အများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ (ဒုတိယ ကမ္ဘာစစ် ကာလ အတွင်း၌ ပန်ကာတပ် တိုက်လေယာဉ် အမြောက်အမြား ထုတ်လုပ်ခြင်းသာ ရှိခဲ့ပါသည်။) ၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စု ပြိုကြွဲ ပီးနောက်ပိုင်း အချိန်အထိ MiG-21 တိုက်လေယာဉ် ၁၈၆ စီးမှာ ရုရှား တပ်မတော်တွင် တာဝန် ထမ်းဆောင်ဆဲ ဖြစ်သော်လည်း နှစ် အနည်းငယ် ကြာပြီးနောက် အဆိုပါ တိုက်လေယာဉ် အားလုံး ကို ပျံသန်းမှုမှ တရားဝင် အနားပေး ခဲ့ပါသည်။ ယခုလက်ရှိ အချိန်အထိ MiG-21 တိုက်လေယာဉ် အများ အပြားကို အဓိက အသုံးပြုနေသည့် နိုင်ငံမှာ အိန္ဒိယ နိုင်ငံသာ ကျန်ရှိပြီး ၎င်းတို့ သည် လည်း ယင်းတိုက်လေ ယာဉ်များအား ပျံသန်းမှု ရပ်ဆိုင်းရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါသည်။
Myawady News

No comments:

Post a Comment