အသည်းအဆီဖုံးခြင်းသည် အမျိုးသားများထက် အသက်အရွယ်ကြီးပိုင်း အဝလွန်သောအမျိုးသမီးများတွင် ပိုမိုဖြစ်ကြပါတယ်။ ဌင်းရောဂါသည့် အမျိုးသားများထက် အမျိုးသမီးများတွင် ၆၀ ရာခိုင်နှုန်း ပိုမိုဖြစ် ပွားလေ့ရှိပါတယ်။ ဒီရောဂါဖြစ်ပွားရခြင်းသည် အဓိကတော့ အဆီပါဝင်မှု့ များသော အစားသောက်များကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပွားရပါသည်။
အဆီအဆိမ့်ပါဝင်နှုန်းများပြားသည့်
အစားအစာများမှာ မလိုင် ၊ ထောပတ် ၊ ဒိန်ခဲ နှင့် နို့ ထွက်ပစ္စည်း များဖြင့်
အထူးပြုလုပ်ထားသော မုန့် မျိုးစုံအစားသောက်တွင် Cholesterol
များစွာ ပါဝင်ခြင်းကြောင့် ရေ ရှည် စားသုံးလာခဲ့လျှင် အသည်းအဆီဖုံးခြင်းကို
ဖြစ်ပေါ်စေပါတယ် ။
တာရှည်ခံအောင် အထူးစီမံပြု့ လုပ်ထားသော စည်သွတ်ဘူးများတွင် လူခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ် စေနိုင်သော အဆီဓာတ်များပါဝင်နေခြင်းကြောင့် စည်သွတ်ထားသော သား ငါး တွေကိုလည်း ရှောင်ကြဉ် ရမှာပါ ။
ထိုအပြင် အသားများတွင် အဆီများများပါဝင်သည့် ကြက် ၊ ဘဲ ၊ ငါး၏အရေပြား ၊ ကြက်ဥ ၊ ဘဲဥ ၊ ငုံဥ ၊ အဆီပိုသော အမဲသား နှင့် ဝက်သားများကို ရှောင်ရှားသင့်ပါသည် ။ ဌင်းအစားသောက်များကို စားသောက် လျှင် အသီးအချဉ် နှင့် ဟင်းရွက်အသီးအနှံများကိုပါ ရောနှောစားသောက်ပါ သို့ သော အသားများကို အလွန်အကျွံစားသောက်တက်ခြင်းကို လျှော့ရပါလိမ့်မည်။ သင်သည် အဆီများသော အစားသောက် များကို စားသောက်ပြီးလျှင် အေးသောရေကို ချက်ခြင်းသောက်သုံးခြင်း မပြုသင့်ပါ ။
အသည်းအဆီဖုံးခြင်း ဖြစ်နေသောသူများတွင် ဆက်လက်ပြီးတော့ အသိပေးလိုတာက အဆီများ စွာဖြင့် ကြော်လှော်ထားသော အစားသောက်များ၊ အုန်းသီး အုန်းနို့ ၊ အထူးသဖြင့် စားအုန်းဆီ တို့ ကိုရှောင် သင့်ပြီး အမျိုးသားများတွင် စားသုံးလေ့ရှိသည့် အရက်၊ ဆေးလိပ် နှင့် ကွမ်းစားခြင်းကိုပါ ရှောင်ကြဉ်ပါ ။
အသည်းအဆီဖုံးသူအတွက် ဂတ်စ်များစွာ ပါဝင်နှုန်းဖြင့်စီမံထုတ်လုပ်ထားသော အချိုရည် ဗူးကိုသောက် သုံးခြင်း ကို အထူး ရှောင်ရှားပါ ။
ဝေဒနာသည်အနေနှင့် စားသုံးသင့်သည့် အစာအဟာရများကတော့ လက်ဆတ်သော ဟင်းသီးဟင်းရွက် ၊ အရည်ရွမ်းသော အသီးအနှံများ၊ မလှိုင်ဖယ်ထားသော နို့ နှင့် အဆီပါဝင်မှု့ နည်းပါသော အသား၊ ငါး ၊ ပုဇွန်တို့ ဘဲဖြစ်ပါတယ်။ အသီးဖျော်ရည်များဖြစ်သော သံပုရာရည်၊ ရှောက်သီးဖျော်ရည်၊ ဂရိတ်ဖု ဖျော်ရည် များကို မကြာမကြာ သောက်သုံးသင့်ပါသည် ။
Myawady News

No comments:
Post a Comment