Add caption |
မုန်တိုင်းဒဏ်ကို အဓိကခံရနိုင်တဲ့ မောင်တောဒေသတောင်ပိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်း ၄ ခုက အိမ်ထောင်စု ၁၆၃ စုကိုတော့ မေယုတောင်ခြေနားက ကန်သာယာစခန်းနဲ့ ဘုန်းကြီးကျောင်းတွေ ကို ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လူဦးရေ ၈ သိန်းကျော်ရှိပြီး၊ အဲဒီထဲကရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုမှာ နေထိုင်တဲ့လူဦးရေ တစ်သိန်းခွဲကို မုန်တိုင်းဒဏ်ခံနိုင်မယ့်နေရာတွေကို ပြောင်းရွှေ့ဖို့ အမြန်စီစဉ်နေတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်မှာရှိတဲ့ မူဆလင်ဒုက္ခသည်တွေကို မုန်တိုင်းရှောင်ဖို့အတွက် မြေပုံမြို့ပေါ်မှာရှိတဲ့ စည်ပင်သာယာရေးရုံးကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံရခိုင်တိုင်းရင်းသား ၃၀၀ ကျော်လောက်က ဒီကနေ့ နေ့လည်ပိုင်းက မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကန့် ကွက်ခဲ့ကြ တယ်လို့ သိရပါတယ်။
မြို့ပေါ်မှာရှိတဲ့ စည်ပင်ရုံးကို မူဆလင်တွေအတွက် မုန်တိုင်းခိုလှုံမယ့် နေရာအဖြစ် နေရာချထားပေးမယ် ဆိုရင် မြို့ခံရခိုင်လူထုနဲ့ ထပ်မံပြီး ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလို သွားရောက် ကန့်ကွက် ရတာဖြစ်တယ် လို့လည်းဆိုပါတယ်။
မူဆလင်တွေကို အခုလို မုန်တိုင်းခိုလှုံမယ့်နေရာအဖြစ် နေရာချထားပေးရေးကိစ္စမှာ မုန်တိုင်းကာ လအတွင်းမှာ မသန်စွမ်းတဲ့ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးနေရာ ချထားပေး မှာဖြစ်သလို မြို့ပြင်မှာရှိတဲ့ သမဝါယမရုံးနဲ့ ဆောက်လုပ်ရေးရုံးမှာ လုံခြုံရေး အစောင့် အရှောက်တွေနဲ့ ထားရှိသွားဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။
RFA Bermese
No comments:
Post a Comment