နှစ်ပေါင်း ၃၆
နှစ်အတွင်း မြန်မာနိုင်ငံသို့ မေလတတိယပတ်၌ လာရောက်မည့်
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး လွှမ်းမိုးမှု ကို လျှော့ချနိုင် လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
အထူးသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရသြဇာလွှမ်းမိုးမှုလျှော့ချနိုင်ရန် အတိုင်းအတာတစ်ခုထိ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။ “ကျွန်တော်တို့ အတွက် စီးပွားရေးအရ ရွေးချယ်စရာနိုင်ငံတစ်ခု ထပ်တိုးသွားတာပေါ့”ဟု ရှမ်းတိုင်းရင်းသား များဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ စီးပွားရေးသမားများလည်း လိုက်ပါလာ မည်ဖြစ်ကြောင်း JapanTime သတင်းစာတွင်ဖော်ပြထားသည်။
From...7Day News Journal

No comments:
Post a Comment