ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် စွန့်လွတ်အနစ်နာခံတတ်ဖို့လိုသလို
ကိုယ်စာပေနဲ့ ကိုယ့်ယဉ်ကျေးမှုကို လည်း မြတ်နိုးထိန်းသိမ်းတတ်ဖို့လိုတယ်။ (ဗိုလ်ချုပ် အောင်ဆန်း)ကျောင်းဆရာတိုင်း၏ အကြီးဆုံးသော အရည်အချင်းသည် အကျင့်စာရိတ္တ
ကောင်းမွန်ရေးဖြစ်၏။ သို့မှသာလျှင် ကျောင်းသူ/ကျောင်းသား များသည်
အကျင့်စာရိတ္တကောင်းနိုင်ပေမည်။ မည်သည့်အတန်းကိုပင် အောင်မြင်စေကာမူ၊
မည်ကဲ့သို့ပင် အသင်အပြကောင်းစေကာမူ၊ အကျင့်စာရိတ္တ မကောင်းသောသူသည်
ဆရာအဖြစ်နှင့် မလျော်။ လွတ်လပ်သော မြန်မာပြည်အတွက် အကျင့်စာရိတ္တကောင်းသော ဆရာ/ဆရာမများ သည် ပဲ့ကိုင်များ ဖြစ်ကြရပေမည်။(ဦးသန့် )
Sunday, 31 March 2013
ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီလူမျိုးအားကာကွယ်သည်ဟုယူဆကာ သံတွဲ၌ ဆန္ဒပြမှုဖြစ်ပွား
မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တ တာက်ရွာ အုပ်ချုပ်ရေးမှူးမှ
ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက
ဆန္ဒပြမှုတစ် ပြုလုပ်ခဲ့ကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်၏ ပြောကြားချက်အရ သိရသည်။
တစ်နှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှု တန် ၅၀၀ ကျော် ဖမ်းမိ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း တရား
မဝင် သစ်ခိုးထုတ်မှု တန်ချိန် ၅၀၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံခါး
မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
“သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်နိုင်တယ်။ သစ်တောဆုံးရှုံးမှုလည်း
များတယ်။ နိုင်ငံ အတွက်လည်း အများကြီး ဆုံးရှုံးတာပေါ့” ဟု
သစ်တောဦးစီးဌာနတွင် လုပ်သက် ၃၈ နှစ်ကြာ တောအုပ် ဦးသိန်းလွင် က
ပြောကြားသည်။
ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်
ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။ လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက် ကုန်များ ကရင်သားကင်ဆာ အပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တစ်ကိုယ်တော် ရှိုးပွဲဆိုနေတဲ့အချိန် Zone B က ပရိတ်သတ်ကြီးထဲကို သွားပြီး ဖျော်ဖြေပေးချင်တယ်လို့ပြောတဲ့ စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့် အင်တာဗျူး
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခိုက် Soe Thu Past &
Present Free Show ပြုလုပ်၍ ပရိတ်သတ်ကို တေးသီချင်း
များနှင့်ဖျော်ဖြေခဲ့သည့် စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့်
ရှိုးပွဲပြီးပြီး ချင်း သူ၏နေအိမ်၌သွားရောက် အင်တာဗျူးခွင့် ရခဲ့သည်များကို
စိုးသူကိုချစ်သော ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက် ပါသည်။
ကားမောင်းစဉ် ဖုန်းမက်ဆေ့ပို့ခြင်းက မူး၍မောင်းသည်ထက် အန္တရာယ်ရှိ
ကားမောင်းစဉ်ဖုန်းပြောခြင်း၊
မက်ဆေ့ပို့ခြင်းနှင့် အရက်သောက်ပြီး ကားမောင်းခြင်းတို့၏
သက်ရောက်မှုများကို သြစတြေးလျနှင့် စပိန်တက္ကသိုလ်များ ပူးပေါင်း၍
နှိုင်းယှုဉ်လေ့လာခဲ့ရာ ကားမောင်းစဉ် မက်ဆေ့ပို့ခြင်းက ဖုန်းပြောခြင်းနှင့်
အရက်မူးခြင်းတို့ထက် အန္တရာယ်ပိုကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ ၁ ရက် ၂ရက်နှင့် ၃ရက်နေ့တို့တွင် ရေဒီယို မိန့်ခွန်း ပြောကြားမည်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
ဧပြီ ၁ ရက် ၂ရက်နှင့် ၃ရက်နေ့တို့တွင် ရေဒီယို မိန့်ခွန်း တစ်ရပ်
ပြောကြားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေး၏ဖေ့စ်ဘွတ် စာမျက်နှာ ဖော်ပြထားသည်။
ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ
အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာအလုပ်သမား ၉၁ ဦး အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၉၁ ဦး မြန်မာနိုင်ငံ သို့ ပြန်လာနိုင်ရန် အလုပ်ရှင် အား လျော်ကြေး ပေးခဲ့ရကြောင်း အဆိုပါအလုပ်သမားများထံမှ သိရ သည်။
နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်
နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာအပူဒဏ် ကာကွယ်ရေး နှိုးဆော် ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
အင်အားကြီး နိုင်ငံ များက မျက်ခြည် မပြတ်စောင့်ကြည့် နေသည့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများ
မြောက် ကိုရီးယားနိုင်ငံသည် ယခုအခါ တောင်ကိုရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အခြေအနေတစ်ရပ်အတွင်းသို့ ဝင်ရောက် လာ
ပြီဖြစ်ကြောင်း မြောက်ကိုရီးယားအာဏာပိုင်များက ပြောကြားလိုက်ပြီး
အမေရိကန်ပြည်ထောင်စု၏ အဓိကပြည်မကြီးကိုလည်း တိုက်ခိုက် ဖျက်ဆီးပစ်မည်ဟု
ခြိမ်းခြောက်ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား
ကျွန်းဆွယ်ပေါ်မှ တင်းမာမှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက
မျက်ခြည် မပြတ်စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။
Saturday, 30 March 2013
အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊
စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က
သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့
သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော
ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက် စပ်ပြီး တာဝန်ရှိသူတွေက
ရဲရဲဝံ့ဝံ့ ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က မနေ့ကအမိန့်ပေးညွှန်ကြားလိုက်
ပြီးနောက်မှာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောလိုက်တာဖြစ် ပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
လာမယ့်ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကိုသွားဖို့ရှိနေပြီး မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား
မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန် လွှတ်ပေးထား ရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။
Friday, 29 March 2013
နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
''ဆက်သွယ်ရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု သည့်အတွက်
ဆက်သွယ်ရေ ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း
မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း
အစည်းအဝေး တွင် ပြောကြား ခဲ့သည်။
ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်
နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း
မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက
ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန်
စီစဉ်နေကြကြောင်း
စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ်
တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့်
ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင်
နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင်
အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား
ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြား လိုက်ပါတယ်။
မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊
ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ
အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော် မှုတွေ ဖြစ်ပွားခဲ့တာနဲ့
ပတ်သက်ပြီး ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။
ဆရာတော်ကြီးက“မည်သည့်အကြောင်းကြောင့်
အကြမ်းဖက်သည်ဖြစ်စေ တို့ ပြင်းပြင်းထန်ထန် ရှုတ်ချ တယ်။ ဘယ်လူမျိုးက
ဘယ်လူမျိုးကိုပဲ အကြမ်းဖက်ဖက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်” လို့ မိန့်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့
ဗုဒ္ဓရဲ့ အဆုံးအမကိုလိုက်နာပြီး အေးအေးချမ်းချမ်းနဲ့ လူမျိုးတိုင်း ကို
စောင့်ရှောက်ကြဖို့လည်း ဆရာတော်ကြီးက မိန့်ပါတယ်။
မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး၊ ပေါက်ချောင်းဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ဖွင့်လှစ်လျှက်ရှိ
မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးနှင့် ပိတောက်မြိုင်ဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး ၊ ပေါက်ချောင်းဈေးနှင့် မြို့သစ်ဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက် ရှိ ။"ဈေး ဖွင့် ဖို့ ဆိုတာက ခုချိန်က လုံခြုံရေးကို ပိုဂရုစိုက်တဲ့ ကာလ ဖြစ်နေတယ်၊ လုံခြုံရေးတစ်ခုခု ကျိုးပေါက် တာနဲ့ လူတွေရဲ့အနေအထားမှာ ပိုပြီးတော့စိုးရိမ်စရာ ဖြစ်သွားမယ်၊ တာဝန်ရှိတဲ့လူတွေအနေနဲ့ အကုန် တွက်ချက်နေပါတယ်၊ ဒါကြောင့်မို့ဘယ်လိုကာလမှာ ဈေးဖွင့်မယ်ဆိုတာဆိုတာထက် လုံခြုံရေး ကို သေသေချာချာ ခိုင်ခိုင်မာမာဖြစ်အောင် အရင်လုပ်ပါအုံးမယ်" ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ
မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက် ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အကြမ်းဖက် ပဋိ ပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝကျော်၊ ဗလီ ၃၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသောစာရင်းများကို ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ သတင်းများနှင့် စပ်လျဉ်း၍
မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ
မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာ
ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ကိုပါ လေးစား လိုက်နာဖို့
အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါ တယ်။ မကြာခင် က ဖြစ်ခဲ့တဲ့ လူမျိုးရေး
ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သ က်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံ စိတ်မွေးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင် စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး
အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေး အဖွဲ့ တွေက
လုံခြုံရေး ယူထား ပြီး အခြေအနေဟာတည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့
ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ် တယ်လို့ မိထ္ထိလာမြို့ခံတွေ က ပြောပါတယ်။
ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော
ရန်ကုန်၊ မတ် ၂၉။
၈၈မျိုးဆက်
ကျောင်းသားများအနေဖြင့်တူညီသည့် ဘာသာဝင်များအကြား
သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား လက်ခံမည်မဟုတ်ကြောင်း၊
ဒေသအသီးသီးရှိဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများစုစည်းပြီး
ပဠိပက္ခများကို ကြိုတင်ကာကွယ် တားဆီးကြရန်၊
ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်တာဝန်ရှိသူများမှ ပဠိပက္ခများ
အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား
ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေ ရှင်းရာတွင်
ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။
ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုထိပါးတဲ့ လုပ်ရပ်မှန်သမျကို
မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့
သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့
အသံလွှင့် မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့
ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ် သားစွာ ဆောင်ရွက်ကြဖို့
မှာကြားသွားပါတယ်။
Subscribe to:
Posts (Atom)