မန်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁ရက်နေ့မှ၊ မေလ ၃၁ရက်နေ့ အထိ နိုင်ငံသားစိစစ်ရေးကဒ်ပြား နှစ်သောင်းကျော် ပြုလုပ်ပေးမည့် မိုးပွင့် ၅အစီအစဉ် လာမည်ဖြစ်ကြောင်း မန်းတိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ သိရသည်။
ယခုမိုးပွင့်၅အစီအစဉ်တွင် ဖိတ်ခေါ်သည့်နေရာများကို အဓိကဦး စားပေး လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ယခင်မိုးပွင့်အစီစဉ်များတွင် ဌာနအစီ အစဉ်ဖြင့်သာ သွားရောက်လုပ် ဆောင်ပေးခြင်းဖြစ်ပြီး မိုးပွင့် ၁ တွင် နှစ် သိန်းကျော်၊ မိုးပွင့်၂ တွင် ၇၈၀၀၀ကျော်၊ မိုးပွင့် ၃တွင်လေးသောင်းကျော်၊ မိုးပွင့်လေး တွင် သောင်းသောင်း ခွဲကျော်နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို စိစစ်ထုတ်ပေးခဲပြီးဖြစ်ကြောင်း မန်းတိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဦးစီးမှူး ဦးသောင်းဇော်က ပြောသည်။
Popular Myanmar News Journal
No comments:
Post a Comment