အင်ဒိုနီးရှား တပ်မတော်သည် အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစားရဟတ်ယာဉ်များကို ဝယ်ယူသွား မည် ဖြစ်ကြောင်း အင်ဒိုနီးရှား စစ်ဘက်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက် နေ့ တွင် ပြောကြားခဲ့ ပါသည်။
ယခုကဲ့သို့ ရဟတ်ယာဉ်များဝယ်ယူမည့် အစီအစဉ်သည် အင်ဒိုနီးရှား တပ်မတော်အား
ခေတ်မီ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်မှု၏
တစ်စိတ် တစ်ပိုင်း ဖြစ်ပါသည်။
ဘလက်ဟော့ခ် ရဟတ်ယာဉ်များဝယ်ယူရန်
ရွေးချယ်မှုသည် ကောင်းမွန်မှန်ကန်သည့် လုပ်ရပ် ဖြစ်ကြောင်း အင်ဒိုနီးရှား
ကြည်းတပ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာမိုနိုအက်ဒီက ဝယ်ယူမှုဆိုင်ရာ
သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးအပြီးတွင် ပြောကြားခဲ့ပါသည်။
ကာကွယ်ရေး ဝန်ကြီးပါနိုမိုရပ်(စ်) ဂီယန်တိုယိုက ပြောကြားရာတွင် ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံ တစ်ခုဖြစ်သော အင်ဒိုနီးရှား နိုင်ငံ၏ လုံခြုံစိတ်ချရမှုအတွက် စစ်ဘက်ရဟတ်ယာဉ်များယခုထက် ပိုမို လိုအပ်ကြောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
မြ၀တီ
အင်ဒိုနီးရှား တပ်မတော်သည် အမေရိကန် ပြည်ထောင်စုမှ ဘလက်ဟော့ခ် အမျိုးအစားရဟတ်ယာဉ်များကို ဝယ်ယူသွား မည် ဖြစ်ကြောင်း အင်ဒိုနီးရှား စစ်ဘက်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက် နေ့ တွင် ပြောကြားခဲ့ ပါသည်။
ယခုကဲ့သို့ ရဟတ်ယာဉ်များဝယ်ယူမည့် အစီအစဉ်သည် အင်ဒိုနီးရှား တပ်မတော်အား ခေတ်မီ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်မှု၏ တစ်စိတ် တစ်ပိုင်း ဖြစ်ပါသည်။
ဘလက်ဟော့ခ် ရဟတ်ယာဉ်များဝယ်ယူရန် ရွေးချယ်မှုသည် ကောင်းမွန်မှန်ကန်သည့် လုပ်ရပ် ဖြစ်ကြောင်း အင်ဒိုနီးရှား ကြည်းတပ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာမိုနိုအက်ဒီက ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးအပြီးတွင် ပြောကြားခဲ့ပါသည်။
ကာကွယ်ရေး ဝန်ကြီးပါနိုမိုရပ်(စ်) ဂီယန်တိုယိုက ပြောကြားရာတွင် ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံ တစ်ခုဖြစ်သော အင်ဒိုနီးရှား နိုင်ငံ၏ လုံခြုံစိတ်ချရမှုအတွက် စစ်ဘက်ရဟတ်ယာဉ်များယခုထက် ပိုမို လိုအပ်ကြောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
မြ၀တီ
No comments:
Post a Comment