Saturday 6 October 2012

ဒေါ့ဒိုကျွန်းပေါ်သို့ သတင်းထောက်များအား တောင်ကိုရီးယားဖိတ်ခေါ်

တောင်ကိုရီးယား အစိုးရသည် ဂျပန်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဒေါ့ဒို ကျွန်းငယ် များပေါ်သို့   နိုင်ငံတကာ သတင်းထောက်များအား ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။ CNNနှင့် BBCတို့ကဲ့သို့သော မီဒီ ယာ ဌာနများမှ သတင်းထောက်များသည် နှစ်နိုင်ငံ အစိုးရများက ပိုင်ဆိုင်ကြောင်း အတိအ လင်း ကြေညာထားကြသည့် ဒေါ့ဒိုပေါ်တွင် လေ့လာခွင့်ရခဲ့ပြီး ယင်းသည် တောင်ကိုရီးယား၏ ကျွန်းပိုင် ဆိုင်ရေးအတွက် လှုပ်ရှားမှု အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် အားထုတ်မှု ဖြစ်လာဖွယ် ရှိနေသည်။



ဂျပန်သည် ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့ရပြီးနောက် တောင်ကိုရီးယားက ကျောက်ဆောင်ထူထပ်သော ကျွန်းစုများ၏ ထိန်းချုပ်ခွင့်ကို ပြန်လည် ရရှိခဲ့သည်။ ဂျပန်တွင် တာကာရှီမာကျွန်းဟု အမည်ပေးထားသော အဆိုပါ နေရာတဝိုက်တွင် ဂျပန်ရေယာဉ် (၈၀)မျှ လှည့်ပတ်သွားလာမှု များ ပြု လုပ်ေ နပြီးနောက် တောင်ကိုရီးယားနှင့် ဂျပန်ကြား ပိုင်ဆိုင်မှု အငြင်းပွားစရာများ ဖြစ်လာခဲ့သည်။ ကြာသ ပတေးနေ့ကမူ တောင်ကိုရီးယား အစိုးရ၏ ဖိတ်ကြားမှုကြောင့် နိုင်ငံခြား သတင်းထောက် အတော်များ များသည် ကျွန်းပေါ်တွင် ရှိနေခဲ့ကြောင်း သိရသည်။

ဝါရှင်တန်ပို့စ် သတင်းစာက ကျွန်းငယ်တစ်ခုပေါ်တွင် နေထိုင်သူဆို၍ တံငါသည်တစ်ဦးနှင့် ၎င်း၏ ဇနီးတို့ သာ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ CNNသတင်းဌာနကမူ ကျွန်းကို ကာကွယ်ရန်အတွက် တာဝန်ယူထား သည်မှာ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဖြစ်ကြောင်း ဆိုသည်။ ဂျပန်သည် တောင်ကိုရီးယား၏ လှုပ်ရှားမှုအပေါ် မည်သည့် မှတ်ချက်မျှ မပေးသေးချေ။ ဂျပန်သည် တောင်ကိုရီးယားအပြင် ရှင်ကာကူကျွန်းစု ပိုင်ဆိုင်ရေးအတွက် တရုတ်၊ ထိုင်ဝမ်တို့နှင့်လည်း ပြဿနာတက်လျှက် ရှိနေဆဲဖြစ်သည်။

Source: arirang

No comments:

Post a Comment