Thursday 4 October 2012

လာမည့်နွေတွင် ဖယောင်းတိုင်မီးထွန်း၍ ဆနထုတ်ဖော်ရန် မလိုတော့ဟု လျှပ်စစ်ဝန်ကြီးပြော

 လာမည့်နွေတွင် ဖယောင်းတိုင်မီးထွန်း၍ ဆနထုတ်ဖော်ရန် မလိုတော့ဟု လျှပ်စစ်ဝန်ကြီးပြော 


သန်းထူး
နေပြည်တော်၊ စက်တင်ဘာ-၂၁
အတွဲ (၁၁)၊ အမှတ်(၂၉)


ပြီးခဲ့သည့်  နွေရာသီက  လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ၍ ဖယောင်းတိုင်မီးများ ထွန်းညှိ ကာ ပြည်သူများဆန္ဒဖော်ထုတ်ခဲ့သော ရန်ကုန်မြို့တော်၌ လာမည့်နွေရာ သီတွင်မူ ထိုကဲ့သို့သောအဖြစ်မျိုး ထပ်မံမဖြစ်ပေါ်ရန် ယခုကတည်းက ကြိုတင်စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနပြည်ထောင် စု    ၀န်ကြီးဦးခင်မောင်စိုးက ယနေ့ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကား လေးနေရာတွင် မဂ္ဂါဝပ် ၅၀ စီရှိ    သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများပုဂ္ဂလိကကမှတည်ထောင်လုပ်ကိုင်ခြင်း ဖြင့်ရန်ကုန်မြို့ တော်    အ တွက် မဂ္ဂါဝပ် ၂၀၀ ခန့် ထောက်ပံ့နိုင်မည်ဖြစ်သည်။

ထို့အပြင် ရှိပြီးသားမဂ္ဂါဝပ် ၃၀၀ ခန့်နှင့် နယ်က၀င်ရောက်လာမည့် ဓာတ်အားများနှင့် ပေါင်းပါက ယခင်နှစ်ကကဲ့သို့ အကျဉ်းတန်သည့်အဖြစ်မျိုး မဖြစ်နိုင် တော့ကြောင်း အဆိုပါဝန်ကြီးရုံး ၌ ယနေ့ ကျင်းပပြုလုပ်သောလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိတ်ခေါ်ဆွေးနွေးပွဲတွင်ဝန်ကြီး က ပြောကြား ခဲ့ခြင်းဖြစ်သည်။

လူဦးရေးများပြားသည့်အပြင် စက်ရုံ၊ အလုပ်ရုံများလည်း ဖွံ့ ဖြိုးလာသည့် ရန်ကုန်မြို့တော် ၂၀၀၆ ခုနှစ်က လျှပ်စစ်ဓာတ် အား ၅၅၀ မဂါဝပ်ခန့်သာ အသုံး ပြုခဲ့သော်လည်း ယမန်နှစ်နွေရာ သီက မဂါဝပ် ၈၅၀ ခန့် အထိ သုံး စွဲခဲ့ကြောင်း၊  တစ်နိုင်ငံလုံးအနေ ဖြင့် မဂ္ဂါဝပ်၁၈၅၀ ခန့်လိုအပ်ပြီး ၁၅၅၀ ခန့်သာ ဖြန့်ဖြူးပေးနိုင် သည့်   အချိန်တွင် မဂါဝပ် ၂၀၀ ခန့် ပို့လွှတ်နေသော ရွှေလီ- မန်ဆန်ဓာတ်အားလိုင်း   မိုင်းခွဲခံ လိုက်ရ၍ ဓာတ်အားပြတ်တောက်မှုပြဿနာကြီးသွားခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးကရှင်းလင်းပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဓာတ်အားသုံးစွဲမှုနှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုး တက်လျက် ရှိသော မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ်က မဂ္ဂါဝပ် ၁၈၅၀ ခန့်လိုအပ်ခဲ့သော်လည်း   ယခုနှစ်တွင်မူ  မဂ္ဂါဝပ် ၂၀၀၀ အထိ လိုအပ်လာမည်ဖြစ်ကာ လက်ရှိထုတ်လုပ်မှုပုံစံအရ ရေအားလျှပ်စစ်ကို အခြေခံပြီး အဓိကထုတ်လုပ်နေသည့် အတွက် ရေခန်းသောနွေရာသီတွင် ဓာတ်အားထုတ်လုပ်မှုလျော့ကျကြောင်း၊
ယင်းအခြေအနေများကြောင့် နွေရာသီတွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့စသည့် ဓာတ် အားပေးစက်ရုံများဖြင့် ဖြည့်ဆည်း နိုင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၀န်ကြီးကပြောသည်။

ref:7daynews

No comments:

Post a Comment