Tuesday 2 October 2012

လက်ရွေးစင်ဘောလုံးအသင်း စပွန်ဆာရ



မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း စပွန်ဆာရရှိပြီဖြစ်၍ အီတလီနိုင်ငံထုတ် Lotto အမှတ်တံဆိပ် ကန်ဒေါ်လာ ၆၀ တန် ဂျာစီများကို ၀တ်ဆင်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်ဖြစ်သည်။


 
 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Lotto ၏ အာရှကိုယ်စားလှယ်ဖြစ်သော bumibola ကုမ္ပဏီတို့   အောက်တိုဘာ ၂ ရက်က အင်္ကျီစပွန်ဆာ စာချုပ်ချုပ်ဆိုပွဲကို အဖွဲ့ချုပ်ရုံးတွင်   ပြုလုပ်ခဲ့သည်။   နှစ်ဖက် သဘော တူညီချက်အရ ၂၀၁၅ ခုနှစ်အထိ သက်တမ်းစာချုပ်ဖြစ်ပြီး တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၅၀,၀၀၀ တန်ဖိုးရှိ ဂျာစီများကို မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းများ အတွက်   ထောက်ပံ့ပေး အပ် သွား မည်ဖြစ်ကြောင်း bumibola ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရွေးစင်ကစားသမားများ ၀တ်ဆင်ယှဉ်ပြိုင်မည့် ဂျာစီတစ်ထည်၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၆၀ ဖြစ်ပြီး အဆိုပါ အရည်အသွေးအတိုင်း ပရိသတ်များကို ကန်ဒေါ်လာ ၄၀ ခန့်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ပရိသတ်များအတွက် သတ်မှတ်အရည်အသွေးအတိုင်း ရည်ရွယ်ထုတ်လုပ်ထားသော ဂျာစီတစ်ထည် တန်ဖိုးမှာ ကန်ဒေါ်လာ ၄၅ ရှိပြီး တစ်ထည်လျှင် ကန်ဒေါ်လာ ၂၀ (ကျပ် ၁၇,၅၀၀ )ဖြင့် ဈေးလျှော့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာအသင်းသည် အဆိုပါဂျာစီ များကို ယခုလ ၅ ရက်တွင် စတင်မည့် ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်များတွင် စတင်ဝတ်ဆင် ယှဉ်ပြိုင် မည်ဖြစ်သည်။

ref:7daynews

No comments:

Post a Comment