Monday 15 October 2012

ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့် စုပေါင်းရုံးနှင့် ပြတိုက်အဖြစ် ပြောင်းလဲ မည့် တရားလွှတ်တော်ရုံးတို့အား မူလရုံးများအတိုင်း ဆက်လက်ထားရှိရေး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်ရရှိ


ရှေးဟောင်း အဆောက်အအုံများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံး (စုပေါင်းရုံး) တို့အား ပြတိုက်နှင့် ဟိုတယ်အဖြစ် ဆောက်လုပ်မည့် စီမံကိန်းများအား ရပ်ဆိုင်းပေး ရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်သုံးရပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံ တင်ပြထားသော်လည်း လက်ရှိ ကာလအထိ စီမံကိန်း ရပ်ဆိုင်းနိုင်သည့် အခြေအနေမရှိသဖြင့် ရှေ့နေအင်အား ၁၀၀ ကျော်ဖြင့် အောက်တို ဘာလ ၁၇ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်ရရှိ ခဲ့ကြောင်း ရှေ့နေ များကွန်ရက်မှ လုပ်ငန်းကော် မတီဝင်ဦးစိုးတင့်ရီက အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောပါသည်။

''ပြီးခဲ့တဲ့အင်္ဂါနေ့က ဆန္ဒဖော်ထုတ်ဖို့ တင်ပြခဲ့ပြီး ဒီနေ့မနက်ကမှ ခွင့်ပြုချက်ရခဲ့တာပါ။ ရှေ့နေများ ကွန်ရက် အနေနဲ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၁၀ နာရီမှာ တိုင်းလွှတ်တော်ရုံးရှေ့မှာ စုဝေးဆန္ဒဖော်ထုတ်ပြီး စုပေါင်း ရုံးရှေ့မှာ ဆန္ဒပြပွဲထပ်လုပ်ပါမယ်။ ပြီး ရင် သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်'' ဟု ဦးစိုးတင့်ရီ က ပြောကြားခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနှင့် စုပေါင်းရုံးတို့အား မူလတရားရုံးများအတိုင်း ဆက်လက်ထားရှိရန်နှင့် ၂၀၁၂ ခုနှစ် ဧပြီလမှစတင်၍ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြမှုမရှိဘဲ အဆ ၁၀၀ တိုးမြှင့်ခဲ့သည့် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များအား ပြန်လည်လျော့ချရေးကို ဆက်လက်တောင်းဆို မည်ဟုလည်း ဦးစိုးတင့်ရီက ပြောကြားခဲ့သည်။

တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနှင့် စုပေါင်းရုံးတို့အား မူလတရားရုံးများအတိုင်း ဆက်လက်ထားရှိ ရန်နှင့် ၂၀၁၂ ခုနှစ် ဧပြီလမှစတင်၍ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးမှုမရှိဘဲ အဆ ၁၀၀ တိုးမြှင့်ခဲ့သည့် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များအား ပြန်လည်လျော့ချရေး ဆက်လက်တောင်းဆိုမည် . . .
''ရုံးခွန်နဲ့ တံဆိပ်ခေါင်းခွန်တွေ ရုတ်တရက် ဈေးနှုန်းတိုးလိုက်တာက အမှန်တကယ်နစ်နာတဲ့ ပြည်သူတွေ တရားမစွဲနိုင်အောင် လုပ်သလိုပါပဲ။ ကျွန်တော်တို့ ကွန်ရက်အနေနဲ့ တရားရုံးတွေကို မူလ အတိုင်း ပြန် လည် ထားဖို့နဲ့ တရားရုံးစရိတ်တွေ၊ တံဆိပ်ခေါင်းခွန်ဈေးတက် တာတွေ ပြန်လည်သုံးသပ်ပေး ဖို့ နိုင်ငံတော် သမ္မတ၊ လွှတ်တော်သုံးရပ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေဆီ တင်ပြထားပေမယ့် အခြေ အနေ မထူးခြားလို့ ဆန္ဒပြဖို့ စီစဉ်ရ တာပါ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားခဲ့သည်။

ရှေ့နေများကွန်ရက်မှ ပုဂ္ဂလိကပိုင် ပြုလုပ်ပေးနေသည့် အဆောက်အအုံများအား မူလအတိုင်းရှေးမူ မပျက် ထားရှိရေး မေတ္တာရပ်ခံစာတွင် စတင်ဆောက်လုပ်စဉ်ကပင် နိုင်ငံ့ဂုဏ်ဆောင် အမြင့်ဆုံးတရားရုံးကြီး (High Court) နှင့် စုပေါင်းရုံး(Small Caurses Court) အား လက်ရှိကာလတွင်လည်း တိုင်းဒေသကြီး တရားလွှတ်တော်နှင့် စုပေါင်းရုံးအဖြစ် အသုံးပြုနေသည့်အတွက် မူလအတိုင်းသာ ဆက်လက် အသုံးပြု သင့်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ၍ နိုင်ငံတကာနှင့် ရင်ဆိုင်ဖြေရှင်းရမည့် အမှု အခင်း များ ဖြစ်ပွားလာပါက သမိုင်းဝင်အဆောက်အအုံဖြစ်သည့် High Court နှင့် Small Caurses Court တွင်ဆိုပါက နိုင်ငံ့ဂုဏ်မြင့်တက်စေသည့် အဆောက်အအုံဖြစ်ပြီး နိုင်ငံတကာ၏ လေးစားမှု ခံယူနိုင်သည့် ထည်ဝါမှုရှိနေသည့်အပြင် မြို့အစွန်အဖျားသို့ ပြောင်းရွှေ့ထားသည့် တရားရုံးငယ်များ ထက် နေရာအချက် အခြာကျမှုနှင့် လုံလောက်သော တရားခွင် အကျယ်အ၀န်းရှိခြင်း၊High Court ရုံးနှင Small Caurses Court ရုံးအား မူလကပင် တရားရုံးအဖြစ် ဆောက်လုပ်ခဲ့သဖြင့် ခမ်းနားထည်ဝါ ပြည့်စုံသည့် တရားရေး ဆိုင် ရာ အဆောင်ယောင်များ ရှိနေသည့်အပြင် သမိုင်းတန်ဖိုးပါရှိနေခြင်း၊ အချက်အချာကျသည့် တရားရုံး အား ပုဂ္ဂလိကလွှဲအပ်၍ လက်ရှိတရားစီရင်ရေးရုံး များအား မြို့စွန်မြို့ဖျားပို့ခြင်းမှာ နိုင်ငံဂုဏ်သိက္ခာ ကျဆင်းေ စခြင်း စသည့် အချက်များပါဝင်ပေးပို့ခဲ့ပြီး အဆိုပါ အချက်များမှာ မလျော်ကန်သည့် လုပ်ရပ်မျာြး ဖစ်သဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ် ခြင်းအား ရပ်ဆိုင်း၍ မူလတရားရုံးများအတိုင်း ပြန်လည်ထားရှိရန် သက်ဆိုင် ရာ ဋ္ဌာနအသီးသီးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ref: Eleven Media Group

No comments:

Post a Comment