အရွယ်မရောက်သေးသူကလေးသူငယ် ၄၂ဦးကို တပ်မတော် နုတ်ထွက်ခွင့်ပြု
တပ်မတော်အတွင်း စစ်မှုထမ်းဆောင်လျက်ရှိသည့် အရွယ် မရောက်သေးသူ ကလေးသူငယ် ၄၂ ဦးကို စစ်မှုထမ်းဆောင်ခြင်း မှနုတ်ထွက်ခွင့်ပြုခဲ့ပြီး
မိဘအုပ်ထိန်းသူများ ထံသို့ ပြန်လည်အပ်နှံမှုကို ယနေ့(စက်တင်ဘာ ၃ရက်)တွင်
ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့သည်။
တပ်မတော်မှနုတ်ထွက်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင် ရာ တာဝန် ရှိသူများက ပေးအပ်ခဲ့သည်။ အရွယ်မရောက်သေး သူကလေး သူငယ်များ မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းခြင်းမှကာကွယ်ရန်နှင့် အသက် မပြည့်သေးသောတပ်သားသစ်များ လွတ်မြောက်ခွင့်ပြု ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေး ထိုးမှုကို ပြီးခဲ့သည့်ဇွန်လအတွင်းက ပြုလုပ်ခဲ့သည်။
No comments:
Post a Comment