Friday, 28 September 2012
အထွေထွေညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့်တကွ ကြွရောက် လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား-
အဆွေတော်အား (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက်ပြုတဲ့ အထွေထွေညီလာခံကြီးက
စဉ်းစားဆွေးနွေး ဆောင်ရွက်သွားလျက်ရှိပါတယ်။
အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရ
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေးမူဝါဒရဲ့
သဘာပတိကြီးခင်ဗျား-
ယခုနှစ် ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Rio+20 အစည်းအဝေးရလဒ်နှင့် ပတ်သက်ပြီး သဘောထားနဲ့ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင်ကတိကဝတ်များကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ခြင်း၊ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်လျက် ထောင်စုနှစ် ရည်မှန်းချက်များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည်တည်တံ့မည့် စွမ်းအင်ဆိုင်ရာ ကတိကဝတ်များ ရရှိခဲ့ခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ လုပ်ဆောင်ချက် များကို ညှိနှိုင်းဖော်ထုတ်နိုင်မည့
သဘာပတိကြီးခင်ဗျား-
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂတည်ထောင်စဉ်ကတည်းက ထားရှိခဲ့တဲ့ အခြေခံမူများကို ဖေါ်ဆောင်ရာမှာ တက်ကြွတဲ့ ခြေလှမ်းများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို
ယနေ့အချိန်မှာ ကမ္ဘာကြီးမှာ အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေရပါတယ်၊ မြို့ပြ တည်ဆောက်မှုတွေ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ သမိုင်းတင်လောက်တဲ့ နှုန်းထားနဲ့ဖြစ်ပေါ် တိုးတက်နေပါတယ်။ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း ကမ္ဘာမြေကို ပိုမိုသေးငယ်စေယောင် ထင်ရပါတယ်။ တချိန်တည်းမှာ ဆိုသလို သဘာဝပတ်ဝန်းကျင်ဟာလည်း မကြုံဘူးတဲ့ ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ခြုံငုံပြီး ပြောရရင် ကမ္ဘာကြီးဟာ ယခင်ကာလများမှာ မရှိခဲ့တဲ့နှုန်းနဲ့ ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက် ရှိနေပါတယ်။
ယခုကျင်းပတဲ့ညီလာခံကြီးမှာ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်များ ဖော်ထုတ်ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ ကိစ္စရပ်များကို အလေးထား ဆွေးနွေး ဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့ သင့်မြတ် လျော်ကန်မှုရှိကြောင်း ပြောကြားလိုပါတယ်။
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက် အောင်မြင်မှုအချို့ ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံ တွေကို မျှဝေပြောကြားလိုပါတယ်။
ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ လွန်ခဲ့တဲ့ (၁)နှစ်ခွဲခန့်က စတင် တာဝန်ယူခဲ့တဲ့အချိန်မှ စပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်မျာ
စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း၊ ပြည်ပမှာရောက်နေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည် ဝင်ရောက်ခွင့် ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူး သန့်သန့်ရှင်းရှင်းအောင်မြင
လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုလျှင
သဘာပတိကြီးခင်ဗျား-
ယခင်က နိုင်ငံရေး အဓိကအတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဂုဏ်သရေကို မြှင့်တင်ခြင်းဖြစ်ပါတယ်။ ဒီလိုမြှင့်တင် နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်နိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်း ပေးနိုင်မှာ ဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား-
ဥပဒေပြုရေးမဏ္ဍိုင်ကို ကြည့်လျှင် လွှတ်တော်အစည်းအဝေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီး၊ အရေးကြီးတဲ့ ဥပဒေများကို ဒီမိုကရေစီ နည်းကျကျ အတည်ပြုပြဋ္ဌာန်းလာ နိုင်ပြီ ဖြစ်ပါတယ်။
ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတဲ့ စီးပွားရေးဖွံ့ဖြိုးမှုစနစ် တစ်ရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသားအကျိုးစီးပွားနှင့
သဘာပတိကြီးခင်ဗျား-
စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားအောင်ဦးစွာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရှေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တစ်ရပ်ရရှိဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ (From War To Peace) ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ယုံကြည်မှု တွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက် ဆွေးနွေးပွဲတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝ အဆုံးသတ်စေမည့် အပြီးသတ် သဘောတူညီမှု ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းေ
သဘာပတိကြီးခင်ဗျား-
အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုံ လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲ အချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနှင့် စပ်လျဉ်းလို့ ပထမဆုံး ပြောလိုတဲ့ အချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက် ပေးထားတဲ့ လွတ်လပ်သော အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ကဏ္ဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားသည့် ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီးဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဤ ကော်မရှင်အနေနဲ့ ကျွန်တော်ဆီကို တင်ပြလာမှာ ဖြစ်ပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့စပ်လျဉ်းလို့ ထင်သာမြင်သာရှိစေရန်နဲ့ မိမိတို့ အနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်းအဖြေရှာနိုင်
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ ယခုဆိုရင်ခေတ်သစ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ မိသားစုဝင်နိုင်ငံအဖြစ် ကဏ္ဍပေါင်းစုံမှာ ပိုမို ကျယ်ပြန့် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သရေရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရင်း ၂၁ ရာစုရဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းသွားမယ်ဖြစ
လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒုတိယအကြိမ် အထွေအထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခြင်းခံရသည့်အပြင် ၎င်း၏ အောင်မြင်သည့် လုပ်ဆောင်မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
သဘာပတိကြီးခင်ဗျား-
ကျွန်တော်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်း အရာ တစ်ရပ်ကို ပြောကြားခွင့်ပြုစေလိုပါတယ်
ကျွန်တော့အနေနဲ့ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရ ချီးကျူးဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
No comments:
Post a Comment