Wednesday, 12 September 2012

တာဝန်ရှိတာနဲ့ အပြစ်ရှိတာမတူဘူးလို့ကျွန်တော်ထင်တယ်(၃)


ကျွန်တော်က ABSDF ဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌဆိုတော့ အဲဒီဖြစ်ရပ်မှာ တာဝန်ရှိပါတယ်။ အဲဒီလိုမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ရှင်းပြခွင့်ရတာ ပေါ့။ အဲဒါ တိုက်ရိုက်မဖြေခင် ABSDF ဆိုတဲ့ နောက်ခံ လေးကို နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒါမှ ခင်ဗျား တို့ရော ဖတ်ရမယ့် ပရိသတ်ရော နားလည်မှာပေါ့။ ကျွန်တော်တို့ ABSDFဆိုတဲ့ အဖွဲ့အစည်းကနယ်စပ်မှာ တောခိုတုန်းက ၈၈ ဖြစ်တဲ့အခါမှာ သပိတ်စခန်းထဲက လူတွေက နီးစပ်ရာနီးစပ်ရာကိုသွားကြတယ်။ သိသိသာ သာ နှိုင်းယှဉ်ပြချင်တာက ကွန်မြူနစ်ပါတီလို့ မဟုတ် ဘူး။ အဖွဲ့အစည်းက တောခိုသွားတာမဟုတ်ဘူး။ လူ တွေကတောခိုသွားတာ။ တောခိုလာတဲ့ သူတွေနဲ့ကျွန် တော်တို့ကဖွဲ့ထားတာ။


ဘာပြောချင်တာလဲဆိုတော့ မန္တလေးဘက်ကဆိုရင် အိန္ဒိယဘက်ထွက်သွားတယ်။ ကချင်ဘက်ထွက်သွားတယ်။ ရခိုင်ဘက်က လူတွေဆို ရင်တော့ စစ်တွေ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပေါ့။ ကျွန်တော် တို့ ကျန်တဲ့ဘက်ပိုင်း တနင်္သာရီနယ် ထားဝယ်အထိ ရောက်ကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေက သက်ဆိုင်ရာ နေရာအသီးသီးမှာရှိနေတဲ့ တိုင်းရင်းသားမဟာမိတ်တွေ ရဲ့အကူအညီနဲ့ စခန်းတွေဖွဲ့တယ်။ စခန်းတွေအလိုက်ဖွဲ့ တယ်။ တိုင်းရင်းသားမဟာမိတ်တွေ အကူအညီနဲ့ နယ် စပ်မှာရောက်နေတဲ့ ကျောင်းသားတွေအားလုံး လက်နက် ကိုင်တော်လှန်ရေးလုပ်မယ်ဆိုရင် တစ်ဖွဲ့တစ်စည်းထဲ လုပ်သင့်တယ်ဆိုပြီးတော့ တိုင်းရင်းသားမဟာမိတ်တွေ အကူအညီနဲ့ စခန်းကိုယ်စားလှယ်တွေဆုံပြီးတော့မှ အဖွဲ့ အစည်းဖွဲ့ရတယ်။ ပြောချင်တာကတော့ တစ်ခါမှမတွေ့ ဘူးတဲ့ လူတွေနယ်စပ်ကိုရောက်သွားပြီး ဟိုမှာအဖွဲ့အ စည်းထောင်ရတယ်ဆိုတော့ အဖွဲ့အစည်းတည်ဆောက် ဆိုတဲ့ဖြစ်စဉ်ကို ကျွန်တော်တို့ကျော်ရပါတယ်။ မသိသေး တဲ့ လူတွေကြားမှာ ခေါင်းဆောင်ပြီးလုပ်ရတယ်။ အဖွဲ့အ စည်းကြားထဲမှာတူညီတဲ့ စည်းကမ်းလုပ်ရတယ်ဆိုတော့ ကျွန်တော်တို့အဖွဲ့အစည်းတည်ဆောက်တာနဲ့ အဖွဲ့အ စည်းအတွေ့အကြုံ အရမ်းနုနယ်သေးတဲ့အချိန်လို့ပြောရ မယ်။ ထပ်ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့ ဗဟိုကောင်စီဖွဲ့တယ်။ အခုပါလာတဲ့ ကိုထွန်းအောင် ကျော်ကဥက္ကဋ္ဌဖြစ်တယ်။ သိပ်မကြာသေးဘူး။ ကျွန် တော်တို့ အရေးညီလာခံခေါ်ရတယ်။ အဲဒီအရေးပေါ် ညီလာခံကျတော့ ကိုထွန်းအောင်ကျော်က အနားယူသွားရ ပြီး ကိုမိုးသီးဇွန်က ဥက္ကဋ္ဌဖြစ်လာတယ်။ သိပ်မကြာသေး ဘူး။ ဒုတိယအကြိမ် အရေးပေါ်ညီလာခံခေါ်ရပြန်ရော။ အဲဒီတော့ ကျွန်တော်တို့က ခဏခဏအစည်းအဝေးခေါ် ပြဿနာတက်တဲ့အခါကျတော့ ပြောချင်တာက ကျွန် တော်တို့ အဲဒီတုန်းက ဗဟိုဆိုတဲ့ဟာကမူတွေ၊ ပေါ်လစီ တွေ မဟာမိတ်ဆက်ဆံရေးတွေကလွဲနေလို့ နေ့စဉ်စီမံ ကိန်းကိစ္စတွေက စခန်းတွေကတိုက်ရိုက်လုပ်တာ။ ကျွန် တော်တို့မှာတရားစီစဉ်ရေးအာဏာမရှိဘူး။ စီမံခန့်ခွဲရေး အာဏာမရှိဘူး၊ ဦးဆောင်မှုအနေနဲ့တော့ရှိတယ်။ ပြော ချင်တာကတော့ နေ့စဉ်ဖြစ်ပျက်နေတဲ့ကိစ္စတွေ ရဲဘော် တွေထမင်းဘယ်သူချက်တို့၊ သစ်ခွဲတာတွေ၊ အပြစ်ပေး တာတွေ၊ စစ်ဆင်ရေးကိစ္စတွေကို စခန်းကတိုက်ရိုက်လုပ် တာ။ အဲဒီထဲမှာ ပိုပြီးထူးခြားတဲ့အခြေအနေက အနောက် ဘက်မှာရောက်နေတဲ့အဖွဲ့တွေ အိန္ဒိယမှာရောက်နေတဲ့အ ဖွဲ့ဆိုရင် နောက်ပိုင်းတော်တော်များများ အချိန်ကြာမှ ABSDF ဖွဲ့ဖြစ်တယ်။ မြောက်ပိုင်းတော်တော်များများဆို ရင်လည်း ဒီဘက်မှာ ABSDF ဖွဲ့တယ်။ အခုထူးခြား တာက ကချင်နဲ့ ရခိုင်နဲ့ အနောက်ဘက်မှာရှိတဲ့ ကိုယ်စား လှယ်တွေက ကျွန်တော်တို့ရဲ့ညီလာခံကို များသောအား ဖြင့် မရောက်ကြဘူး။ ဘာလို့လဲဆိုတော့ ဝေးတယ်။ ကချင်နဲ့ ကျွန်တော်တို့ဘက်ကို နောက်ဆုံး ၉၁ ပေါ့။ ညီလာခံကို ကချင်ကလာတက်ဖို့ သုံးလကျော်ကြာ တယ်။ ပြောချင်တာက ဆက်သွယ်ရေးလည်းမရှိဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဆက်သွယ်ရေးလည်းခက် တယ်။ ကျွန်တော်တို့ ဗဟိုဆိုတာလည်း စီမံခန့်ခွဲရေးနဲ့ တရားစီရင်ရေးအာဏာမရှိဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ရှိနေတဲ့ဗဟိုကော်မတီမျိုးဖြစ်တယ်။ ၉၁ နှစ်ကုန်လောက် မှာကျွန်တော်တို့ ABSDF ညီလာခံကို တတိယအကြိမ် ညီလာခံကိုခေါ်ကြတယ်။  အဲဒီအချိန်က ကိုမိုးသီးဇွန်က တာဝန်ရှိနေတဲ့ဥက္ကဋ္ဌပေါ့။ ကျွန်တော်တို့က ညီလာခံ ကိုယ်စားလှယ်ပေါ့။ ကျွန်တော်တို့ ညီလာခံထဲမှာ စကြား တာက ကိုမိုးသီးဇွန်က ကချင်ပြည်နယ်ကနေ ကြေးနန်းရ တယ်။ ဟိုဘက်မှာတော့ သူလျှိုတွေကဖမ်းမိထားတယ် ဆိုပြီးကြေးနန်းရတယ်။ အကြောင်းပြန်လိုက်တယ်လို့ ပြောတယ်။ နောက်တစ်ခုက အဲဒီအချိန်မှာ မှတ်မှတ်ရရ ရေဒီယိုကနေကြားတာက ကျောင်းသားတစ်စုထွက်ပြေး လာတယ်။ပြီးတော့သူတို့ သတင်းစာရှင်းလင်းပွဲတွေ လုပ်တယ်။ အဲဒီလိုမျိုးဖမ်းဆီးမှုတွေရှိတယ်ဆိုတော့ မသိနေဘူးလားဆိုတော့သိတယ်။ ဘာဖြစ်မှန်းလဲ မသိ ဘူး။ စစ်ထဲမှာကလည်း အဖွဲ့အစည်းတွေတော်လှန်ရေး ကြားထဲမှာ သတင်းပေးတို့ ဘာတို့ သူလျှိုတွေလိုက် လာတယ်ဆိုတာ အားလုံးသိနေတဲ့ အမှန်တရားပဲလေ။ ဒီမှာလည်း ကိုယ့်ကိစ္စနဲ့ကိုယ်ပဲလေ။ နောက်ပိုင်းဘယ် လိုပဲကြိုးစားကြိုးစား နောက်ပိုင်းကြတော့ ကွဲသွားကြ တာပါပဲ။ ကွဲသွားကြတဲ့အခါကြတော့ မြောက်ပိုင်းက တက်လာတဲ့ ညီလာခံကိုယ်စားလှယ်တွေက ကိုစိုးလင်း တို့ ညီလာခံကိုယ်စားလှယ်တွေက ကွဲသွားတဲ့ဘက်ထဲမှာ ကျွန်တော်တို့ဘက်ထဲပါလာတယ်။ မြောက်ပိုင်းက ဗဟို အောက်ရောက်သွားတဲ့သဘောဖြစ်သွားတာပေါ့။ ညီလာ ခံပြီးသွားတဲ့အချိန်မှာ ဘာပြဿနာကြုံလဲဆိုတဲ့အခါကျ တော့ KNU ရဲ့ဌာနချုပ်ကိုထိုးစစ်ဆင်တယ်။ အဲဒီအခါ ကျတော့ ကျွန်တော်တို့က စစ်ကြောင်းတွေပြင်ရ၊ ထိုး စစ်တွေဆင်ရ၊ စခန်းတွေရွှေ့ရဆိုတဲ့အခါကျတော့ သူတို့ မြောက်ပိုင်းကလာတဲ့ ကိုယ်စားလှယ်တွေကို ကဲ ဘာ တွေဖြစ်နေလဲတော့မသိဘူး။ ပြန်သွားလိုက်။ ပြီးတော့မှ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ပြန်အကြောင်းကြားလိုက် ဆိုပြီး ပြန်လွှတ်လိုက်ပြီး ကျွန်တော်တို့စောင့်နေရတာ ပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ ထိုင်းနိုင်ငံထုတ် Nation သတင်းစာထဲမှာ မြောက်ပိုင်းမှာ သူလျှိုတွေမိလို့ သတ် လိုက်ပြီလို့ သိရတယ်။ ပြောချင်တာက ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်မပါဘူး။ ဒါပေမဲ့ အဲဒီမြောက်ပိုင်းက ကျွန် တော်တို့ဗဟိုအဖွဲ့ထဲမှာ စာရင်းဝင်လားဆိုတော့ ဝင် တယ်။ အဲဒီတော့ ဗဟိုအဖွဲ့အစည်းရဲ့တာဝန်ရှိတယ်ဆို တာမငြင်းပါဘူး။ တာဝန်ရှိတယ်လို့ပြောတာပါ။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာကလည်းရိုက်ခတ် တာပေါ့။ ကျောင်းသားတွေဖြစ်ပြီး အချင်းချင်းသတ်ကြ တယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ဘာညာ ပြောတော့ ကျွန်တော်တို့မှာ ကိုယ်လုပ်တဲ့ ကိစ္စမဟုတ်ဘဲ နဲ့ ဟိုဘက်မှာ အကြီးအကျယ်ခံရတယ်။ တကယ်တမ်း ပြောရရင် ကျွန်တော်တို့မှာ ရိက္ခာ တောင်ဘက်ကရဲဘော် တွေ ရိက္ခာတွေ အဖြတ်ခံရမယ့်အထိဖြစ်တယ်။ နိုင်ငံခြား အကူအညီကိစ္စက ကျွန်တော်တို့ဗဟိုမှာ တိုင်ပင်တယ်။ တိုင်ပင်ပြီးတော့မှ ဟိုမှာဖြစ်နေတဲ့ကိစ္စက ဘာမှန်းတော့ မသိဘူး။ သို့သော် မှားလား၊ မှန်လားလည်းမသိဘူး။ ဒါပေမဲ့ ဒီလောက်အများကြီးအထိတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ နောက်ပြီး တော်လှန်ရေးကာလက လည်းဖြစ်တဲ့အတွက်  အားလုံးက လက်နက်တွေကိုင် ထားကြတယ်။ ဟိုဘက်က မြောက်ပိုင်းမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့တောင်ပိုင်းမှာ သူလျှိုတွေ ဝင်နေလို့ ဒီလိုအကွဲအပြဲတွေ ဖြစ်နေတာပေါ့။ ကိုယ်တွေ တောင်မှ နေမထိ၊ ထိုင်မထိဖြစ်ရတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကွဲအောင်ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော် က တစ်ဖက်ပိုင်းက ခေါင်းဆောင်ဖြစ်နေတာကိုး။ အဲဒီ အခါကျတော့ ဘယ်လိုလုပ်မလဲ စဉ်းစားတော့ မသွားဘဲ နဲ့တော့ နေလို့မရဘူး။ ကျွန်တော်တို့ စဉ်းစားတာက ဒီလောက်များတာလည်း မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာက လည်း မှန်လား၊ မှားလားဆိုတဲ့စိစစ်နိုင်တဲ့ အခြေအနေ လည်း မရှိဘူး။ သူတို့ကိုလည်း အမိန့်ပေးလို့ မရဘူး။ အဲဒီတော့ ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုပဲရှိတယ်။ ကျန်နေသေးတဲ့လူတွေကို ဆက်မသတ်အောင် ကျွန်တော် တို့ ကြိုးစားမယ်။ လွှတ်ပေးနိုင်အောင်ကြိုးစားမယ်။ အဲဒီနှစ်ခုကိုတော့ ဖြစ်နိုင်အောင်ကြိုးစားမယ်လို့ ကျွန် တော်တို့ ထိုင်းနယ်စပ်မှာ နိုင်ငံတကာကြက်ခြေနီ အဖွဲ့နဲ့ သွားဆွေးနွေးတယ်။ ရုံးအဖွဲ့နဲ့လည်းသွားဆွေးနွေးတယ်။ အဲဒီလိုတော့ဖြစ်နေတယ်။ အခြေအနေကတော့  ဘာမှန်း မသိဘူး။  တတ်နိုင်သလောက် ဒီလူတွေရဲ့ အသက် အန္တရာယ်ကို မထိခိုက်အောင် ပြန်လွှတ်ပေးဖို့ တတ်နိုင် သလောက် ငါတို့သွားတောင်းပန်မယ်။ မေတ္တာရပ်ခံ မယ်။ မေတ္တာရပ်ခံလို့ရရင် သယ်ပေးလို့ရမလား။ ဒီ ကြက်ခြေနီအနေနဲ့ သယ်ပေးလို့ရမလား။ သံရုံးအနေနဲ့က တော့ ကူညီပေးလို့ရမှာ မဟုတ်ဘူး။ သူတို့ကပြောတာ ကလည်း သုံ့ပန်းမဟုတ်တဲ့အတွက် အဆင်မပြေဘူး၊ တရုတ်က လက်ခံမှာမဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျွန် တော်တို့က နိုင်ငံတကာအကူအညီ မရနိုင်တဲ့အခါကျ တော့  ကိုယ့်ဘာသာကိုယ်တတ်နိုင်သလို ကြိုးစားကြည့် မယ်ဆိုပြီးသွားတယ်။ ကျွန်တော်တို့ ဆွေးနွေးကြတယ်။  အဖွဲ့အစည်းအနေနဲ့ ယုံကြည်မှုကြောင့် တစ်ယောက်နဲ့ တစ်ယောက် သတ်တာမျိုး လက်မခံနိုင်ဘူး။ ဒါဗဟို ပေါ်လစီဖြစ်တယ်။ ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုအခြေအနေထိဖြစ်ပြီးမှတော့ တစ်ယောက်နဲ့တစ် ယောက်ယုံကြည်မှာလည်း မဟုတ်ဘူး။ သံသယတွေ လည်းရှိလာမယ်။ အဲဒီတော့ ဘာလို့ ဒီအတိုင်းထားမှာ လဲ။ ပြန်လွှတ်ပေးလိုက်ပါလို့ ပြောတဲ့အခါကျတော့ မဟာမိတ်အကူအညီတွေနဲ့ ဆွေးနွေးတဲ့အခါကျတော့ လက်ခံတယ်။ လက်ခံတဲ့အခါကျတော့ သူတို့ဘက်ကအ ခြေအနေတစ်ခု တောင်းဆိုတာက သူတို့စခန်းရွှေ့မယ် ပေါ့ဗျာ။ သူတို့ ဒီနေရာမှာရှိတာ သူတို့တွေသိတယ်။ စခန်းရွှေ့တဲ့ တစ်နှစ်တာကာလအတွင်းမှာတော့ ခဏ ထားထားမယ်။ ပြီးရင်တော့ ပြန်အပ်မယ်ပေါ့။ ကျွန်တော် တို့ တစ်ခုထပ်တောင်းဆိုတာကတော့ သံခြေကျင်းတွေ မခတ်ပါနဲ့တော့။ စစ်ဆေးတာတွေမလုပ်ပါနဲ့တော့။ ရဲ ဘော်တွေစားသလောက် ရိက္ခာနဲ့ကျန်းမာရေးအစောင့်အ ရှောက်တွေထားပေးပါ။ အဲဒါနဲ့သဘောတူညီချက်ရတာ နဲ့ ကျွန်တော်တို့ပြန်လာတယ်။ ကျွန်တော်ပြန်လာလို့ ထိုင်းတောင်မရောက်သေးဘူး။ လမ်းမှာပဲ သူတို့လွတ် သွားတယ်။

အဲဒီအချိန်တုန်းက ဒေါက်တာတို့ ဘယ်သူ့ကို ပြောခဲ့ တာလဲ၊ ပြောခဲ့တဲ့လူက အဲဒီအချိန်တုန်းက အဲဒီမှာ တာ ဝန်အရှိဆုံးပုဂ္ဂိုလ်က။
          သူတို့ခေါ်တာက မြောက်ပိုင်းဗဟိုကော်မတီပေါ့ ဗျာ။ အဲဒီတုန်းက ကျွန်တော်တို့က တောင်ပိုင်းမှာ ABSDF  ဗဟိုတည်ထောင်ပြီး ကိုယ့်ဘာသာကိုယ်ခံယူထားတာ ကိုး။ သူတို့ကလည်း မြောက်ပိုင်းဗဟိုကော်မတီဆိုပြီး နာမည်ခံယူထားတယ်ဆိုတော့ အဲဒီတုန်းကဆိုရင် ကို အောင်နိုင်၊ ကိုသံချောင်း၊ အဲဒီကော်မတီပေါ့။ ကိုကျော်ကျော်ရှိမယ်၊ ကိုလှဆန်းရှိမယ်၊ ကိုနေထွန်းရှိမယ်။ အဲဒီ လူတွေပေါ့။ မြောက်ပိုင်းမှာလည်း အဲဒီလူတွေ ရှိနေကြ ပါတယ်။ အဲဒီတော့ သူတို့ကိုပြောရတာပေါ့။

ကျွန်တော်တို့ကြားတာက လူအယောက် ၃ဝဝ လောက် ရှိတဲ့အထဲမှာ ၁၅ဝ လောက်က ထောက်လှမ်း ရေးလို့ စွပ်စွဲခံရတယ်ပေါ့။ တလောက အဲဒီမှာပါခဲ့တဲ့ မိဘတစ်ယောက်ရဲ့ အင်တာဗျူးဖတ်လိုက်ရတယ်။ အဲဒီ တုန်းက မြောက်ပိုင်းကျောင်းသားလေးက အသက် ၁၅ နှစ်လောက်ပဲရှိသေးတယ်။ အဲဒီတော့ ၁၅ နှစ်အရွယ် ကျောင်းသားလေးကို ဘာလို့ ထောက်လှမ်းရေးလို့စွပ် စွဲပြီး ညှဉ်းပမ်းနှိပ်စက်တာလဲပေါ့။ ပြန်လာတဲ့ ကျောင်း သားအများစု တော်တော်များများကလဲ မြောက်ပိုင်း ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမှ လက်မခံကြဘူး။ ဒေါက်တာပြောပုံအရဆိုရင် တကယ်ဒီကိစ္စဖြစ်တဲ့အခါ မှာ ကိုအောင်နိုင်၊ ကိုသံချောင်းတို့ တာဝန်ရှိတယ်လို့ ဆိုလာတာလား။
          ဆိုလိုတာမဟုတ်ဘူးလေ။ အဖြစ်မှန်က သူတို့ လည်း စွပ်စွဲပြောစရာမလိုဘူး။ မြောက်ပိုင်းဗဟိုကော် မတီဆုံးဖြတ်ချက်နဲ့ ဒီကိစ္စကို အရေးယူဆောင်ရွက်တယ် လို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောတာလေ။

ရေလှိုင်းစစ်ဆင်ရေးဆိုပြီးတော့ စစ်ဆင်ရေးတစ်ခု ရှိတယ်ပေါ့။ အဲဒီစစ်ဆင်ရေးက ဖြစ်ပျက်လာတဲ့ ကိစ္စ တွေကို ဒေါက်တာအနေနဲ့ တာဝန်ယူပါ့မယ်လို့ဆိုပြီး တစ်ခုဖတ်လိုက်ရတယ်။ အဲဒီ ရေလှိုင်းစစ်ဆင်ရေးဆိုတာ ဘာလဲမသိဘူး။
          ရေလှိုင်းစစ်ဆင်ရေးဆိုတာ မြောက်ပိုင်းကနေပြီး ရှာဖွေတွေ့ရှိလာတဲ့ဟာကို သူတို့အစီရင်ခံပြီးတင်ပြလာ တဲ့ဟာ။ အဲဒါက သူတို့စီမံချက်က ကျွန်တော်တို့ကြား ထဲမှာ အဖွဲ့အစည်းတွေ ပြိုကွဲအောင် ခေါင်းဆောင်တွေ ကို လုပ်ကြံဖို့ရှိတယ်။ မဟာမိတ်အဖွဲ့အစည်းတွေက ကျွန်တော်တို့ကြားထဲမှာ သွေးကွဲအောင်လုပ်ဖို့ရှိတယ် ဆိုတဲ့ဟာကို လုပ်ဖို့စီမံချက်ဆိုပြီး ကျွန်တော်တို့အပ်လိုက် တယ်။ ရေလှိုင်းစီမံချက်ကို ကျွန်တော်တာဝန်ယူတာ မဟုတ်ဘူးလေ။ ရေလှိုင်းစီမံချက်က ထောက်လှမ်းရေး လို့ ပြောနေတဲ့လူတွေက အဲဒီလိုမျိုးလုပ်လာတယ်လို့ မြောက်ပိုင်းကော်မတီက တင်ပြထားတာ။ ကျွန်တော် တို့က လုပ်ထားတာမဟုတ်ဘူး။

မြောက်ပိုင်း  ကျောင်းသားရဲဘော်ဟောင်းတွေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာက မြန်မာ နိုင်ငံရေးကို အစဉ်တစိုက်လုပ်လာတယ်။ ပြီးတော့ အ ရမ်းလည်း ချမ်းသာနေတယ်။ ကျည်ကာကားတောင် ဝယ်စီးနိုင်နေတယ်လို့ ကျွန်တော်တို့ကြားထားရပါတယ်။
          ကျွန်တော်ရှိတယ်။ ကျွန်တော်တာဝန်ယူတယ်ဆိုတဲ့ ကိစ္စကို နည်းနည်းထပ်ရှင်းပြချင်ပါတယ်။ အဲဒါက အဆင့်ဆင့်ရှိပါတယ်။ ပထမတော့ ကိုယ့်ဧရိယာမှာ ဖြစ် တဲ့ကိစ္စ ကျွန်တော်တို့ရဲဘော်တစ်ယောက်က ရွာသား ရဲ့ဝက်ကို သတ်စားလိုက်တယ် ဆိုပါတော့၊ အဲဒါကတော့  မင်းကိစ္စပဲဆိုပြီး ကျွန်တော်တို့နေလို့မရဘူး၊ အဖွဲ့အစည်း ဖြစ်တဲ့အခါကျတော့ တာဝန်ရှိတယ်လို့ ကျွန်တော်ထင်ပါ တယ်။ တာဝန်ရှိတာနဲ့ အပြစ်ရှိတာနဲ့ မတူဘူးလို့ ကျွန် တော်ထင်တယ်။ ကျွန်တော်တို့ အခုပြောနေတာတွေက  ဘာလဲဆိုတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအဖြစ်မှန် ပေါ်ပေါက်ရေးကိစ္စကို စုံစမ်းရေးကော်မရှင်တစ်ခုနဲ့ ဖော် ထုတ်သင့်တယ်လို့ ကျွန်တော်တို့က တစ်ချိန်လုံးပြော ခဲ့ပါတယ်။ အရင်တုန်းကလည်း မြန်မာပြည်ပြန်ရောက် တဲ့အခါ ဒီကိစ္စကို ရှင်းရမှာပဲလို့ ကျွန်တော်တို့ကပြောပြီး သားပါ။ မြောက်ပိုင်းကိုလည်း ပြောတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ခံယူထားတယ်။ အမှန် ဘာမှန်းမသိလို့ အဲဒါကိုရှင်းရမယ်။ မြောက်ပိုင်းမှာ စစ်တဲ့ဆေးတဲ့ကိစ္စ တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ကိစ္စတွေရှိ တယ်။ မှန်တာ၊ မှားတာ ကိစ္စတွေကို သေချာမသိနိုင် တာကလွဲလို့ မှန်မှန်မှားမှား လူ့အခွင့်အရေးချိုးဖောက် တာကမှားကိုမှားတယ်။ ကျွန်တော်တို့ဒီလိုပဲခံယူထား တယ်။ စစ်မြေပြင်မှာ တစ်ယောက်ကိုတစ်ယောက် သတ်ကြတာက တစ်မျိုးပေါ့။ စစ်ရှုံးလို့လက်နက်ချတဲ့ အခါမှာတောင် သုံ့ပန်းဆိုပြီး လက်ခံထားကြရသေးတာ ပဲ။ ဒီလိုမျိုးအခြေအနေမှာ သေဒဏ်ပေးတဲ့ကိစ္စကို ကျွန် တော်တို့ လက်မခံနိုင်ဘူးပေါ့။ အဲဒီအချိန်မှာ ကျွန်တော် တစ်ခါတည်းပြောချင်တာက  အဲဒီအချိန်မှာ ကျွန်တော် တို့ ABSDF တရားစီရင်ရေးစနစ်ဆိုတာ သေချာမရှိဘူး။ စစ်ပွဲတွေလုပ်ရင်းနဲ့ပဲ အဖွဲ့အစည်းတွေထူထောင်ကြတာ ဆိုတော့ တရားစီရင်ရေးမရှိဘူး။ အဲဒါကြောင့် ကျွန်တော် တို့အဖွဲ့အစည်းမှာ ကောင်းသွားတာရှိတယ်။ နောက်ပိုင်း ဆိုရင် ဗဟိုရဲ့စီမံခန့်ခွဲမှုနဲ့ဆောင်ရွက်မှုတွေ၊ တည်ဆောက် မှုတွေ မှန်ကန်ရမယ်ဆိုတဲ့ကိစ္စတွေကို ရဲဘော်တွေတော် တော်များများ လက်ခံသွားကြတာရှိတယ်ဆိုတော့ ကောင်း သွားတယ်။
          ABSDF မှာ အဲဒီအတွေ့အကြုံမှာ ကျွန်တော်တို့ ရခဲ့တဲ့ကိစ္စပေါ့။ နောက်တစ်ခုက တာဝန်ရှိတယ်လို့ယူ ဆလို့ ကျွန်တော်တို့ မြောက်ပိုင်းတွေ တတ်နိုင်သမျှ ကျွန်တော်နိုင်သမျှ သွားပြီးတော့ညှိနှိုင်းပေးတယ်။ ကျွန် တော်အဲဒီလိုပဲပြောချင်ပါတယ်။ ကယ်ပေးတယ်လို့ မသုံး ချင်ပါဘူး။ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က ကျွန်တော် တို့တတ်နိုင်သမျှ နောက်ထပ်ဆိုးဆိုးဝါးဝါးတွေ ထပ်မ ဖြစ်အောင် ကျွန်တော်တို့ညှိနှိုင်းပေးတယ်။ ဒီနေ့ထက် ထိလည်း ကျွန်တော်တာဝန်ခံပြီးတော့ ကျွန်တော်ဘက်က ကျွန်တော်ရှင်းပြနေတယ်။ ခုနကပြောသလိုပဲ ကျွန်တော် တာဝန်ရှိတုန်းမှာ ဒီကော်မရှင်မျိုးဖွဲ့တယ်ဆိုလို့ရှိရင် ပွင့် လင်းတဲ့၊ မျှတတဲ့ တရားစီရင်ရေးစနစ်ရှိလာနိုင်တဲ့ အ ခြေအနေမျိုးမှာ ရှိတယ်ဆိုလို့ရှိရင် ကော်မရှင်ဖွဲ့သင့် တယ်။ အဖြစ်မှန်ဘာလဲဆိုတာကိုလုပ်သင့်တယ်။ မှန်တာ တွေ၊ မှားတာတွေ ရှာဖွေသင့်တယ်။ မှားတာတွေလုပ် ဆောင်တဲ့ကိစ္စမျိုးမှာ လိုအပ်သလို ဆက်လက်ပြီးအရေး ယူသင့်တယ်။ အဲဒီကိစ္စတွေမှာလည်း ကျွန်တော် အပြည့် အဝပူးပေါင်းပါဝင်တယ်။ တကယ်လို့များ တာဝန်ရှိတဲ့ ကျွန်တော်တစ်ယောက်က အပြစ်ရှိတယ်ဆိုရင် ကျွန်တော် ခံသွားမှာပဲ။ ကျွန်တော်တာဝန်ရှိမှုကို  ကျွန်တော်ခံယူထား ပါတယ်။ ဒါပေမဲ့ ခုနကပြောသလိုပေါ့ဗျာ။ ကျွန်တော် မပတ်သက်တဲ့ကိစ္စကို အတင်းပတ်သက်တယ်လို့ပြော တော့လည်း ကျွန်တော်လည်းနားမထောင်ရဲဘူး။ စိတ်မ ကောင်းဖြစ်ရုံကလွဲလို့ ဘာဖြစ်မှာလဲ။ အဲဒီလိုတာဝန်ရှိ တဲ့သူ လူတစ်ယောက်အနေနဲ့ ခင်ဗျားက မတားဘူး လား။ ခင်ဗျားကမသိဘူးလားဆိုရင်တော့ သိလည်း မသိဘူး။ တားလို့ရသလောက်တားတယ်။ အဲဒီလူတွေ ကို ခင်ဗျားက အရေးမယူဘူးလားဆို ကျွန်တော်က ဘယ်လိုသွားအရေးယူရမလဲ။ ကျွန်တော်မှာ စီရင်ပိုင်ခွင့် လည်း မရှိဘူး။ အာဏာလည်းမရှိဘူး။ ကျွန်တော်တို့ ဒီဘက်ကနေပြီးတော့မှ တစ်ခြားနိုင်ငံ အစိုးရလိုမျိုး တပ်ကြီးလွှတ်ပြီး သွားဖမ်းစစ်ဆိုတာလိုမျိုး ကျွန်တော် တို့မှာ အဲဒီလိုအခြေ အနေမျိုးမှမဟုတ်တာ။ ဒါကို ကျွန် တော်နားလည်အောင် ပြောပြတာ။ နောက်တစ်ခုက တောတွင်းလက်နက်ကိုင်ဘဝဆိုတာ  ကြမ်းတမ်းပါ တယ်။ ကျွန်တော်တို့ ABSDF ကျောင်းသားတွေ အများ စုရောက်သွားကြလို့ ရှေ့အဖွဲ့အစည်းတွေက ဖြစ်တဲ့ ဟာမျိုးကို အခုလိုဖြစ်တဲ့ ဟာမျိုးတွေရှိတာပေါ့ဗျာ။ ဒါ ကျွန်တော်တို့ကျောင်းသား အဖွဲ့အစည်းက ကိုယ်ထူ ကိုယ်ထကိုယ့်ကံကြမ္မာပြဋ္ဌာန်းခွင့်နဲ့ ကျွန်တော်တို့ ဘာ သာနေနိုင်အောင်ကြိုးစားကြတာဆိုတော့ ကျွန်တော်တို့ တစ်သက်နဲ့တစ်ကိုယ်မှာ ကျွန်တော်တို့နဲ့ တခြားတိုင်း ရင်းသား မဟာမိတ်တွေနဲ့ လက်နက်ကိုင်တိုက်ရတယ် ဆိုတာ တစ်ခါမှမရှိဘူး။ ကျွန်တော်တို့အဖွဲ့နှစ်ဖွဲ့ကွဲ တယ်။ ကိုမိုးသီးနဲ့ ကျွန်တော်တို့နဲ့ တစ်ဖက်နဲ့တစ်ဖက် သေနတ်နဲ့ပစ်ပြီး ချေမှုန်းကြတယ်ဆိုတာ ကျွန်တော်တို့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ခုနကိစ္စဖြစ်သွားတဲ့အ ခါကျ ကျွန်တော်က အချင်းချင်းသတ်ဖြတ်တဲ့ သူလို့ ဘာလို့ဖြစ်သွားတာကြတော့ ကျန်တဲ့ရဲဘော်တွေ အများ စုလည်း စိတ်မကောင်းကြဘူး။ နောက်တစ်ခုက တစ်ခါ တည်းပဲ မေတ္တာရပ်ခံချင်တာက ဘာလဲဆိုတော့ ဒီတော် လှန်ရေးထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေလည်း အများ ကြီး ထိခိုက်နာကျင်ခဲ့ရတဲ့သူတွေ အများကြီး။ တကယ် ပဲ ကျောင်းသားတော်လှန်ရေးကိုယုံပြီး လုပ်ခဲ့တဲ့သူ တွေလည်း အများကြီးဆိုတော့ ဒီကိစ္စတွေ အဖြစ်ဆိုး ကြီးဖြစ်သွားတာရှိတယ်။ ဒီကိစ္စကြောင့်မို့လို့ ABSDF တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို မထိခိုက်စေချင်ဘူးလို့ ကျွန်တော်တော့ မေတ္တာရပ်ခံပါ တယ်။ ခုနက ချမ်းသာလား၊ မချမ်းသာလားဆိုတဲ့ကိစ္စ က ကျွန်တော့်မှာ ကားတစ်စီးရှိပါတယ်။ ကျည်ကာ ကားတော့ မဟုတ်ပါဘူး။ ဒီကဈေးနဲ့တွက်ရင် သိန်းနှစ် ရာလောက်တန်ပါတယ်။ ဒီဟာ တန်ဖိုးရှိလား၊ မရှိလား ကျွန်တော်မသိဘူး။ ကျွန်တော်အိမ်ငှားနေတယ်။ နောက် မနေ့က ပြောတယ်။ ကျွန်တော်ဒီဘက်မှာ ပြောပြောနေ သလို နိုင်ငံရေးလုပ်စားသလားလို့မေးရင် ကျွန်တော် ၂၄ နှစ်စလုံး ကျွန်တော်ဆိုက်ကားတစ်ခါမှ မနင်းဖူးဘူး။ ဆရာဝန်အလုပ်နဲ့ ကိုယ်ပိုင်ဝင်ငွေ တစ်ခါမှ မရှာဖူးဘူး။ ကျွန်တော်တောထဲမှာနေတုန်းက သူများကျွေးတဲ့ထမင်း စားတယ်။ သူများပေးတဲ့ သေနတ်ကိုကိုင်တယ်။ သူများ ပေးတဲ့ ကျည်ဆန်နဲ့ စစ်တိုက်တယ်။ ဒီမြို့ပေါ်နိုင်ငံရေးအ လုပ် တွေလုပ်လာတော့လည်း ကျွန်တော်ခုနက ပြောသ လိုပဲ နိုင်ငံတကာရဲ့ NGO အကူအညီအထောက်အပံ့ပေါ့။ အဲဒီကူညီထောက်ပံ့တဲ့ထဲကနေ ရသင့်ရထိုက်တဲ့ ထောက် ပံ့ငွေ အဲဒါဟာမျိုးနဲ့ပဲနေပါတယ်၊ စားပါတယ်။ ဒီကပြော တဲ့ စကားနဲ့ပြောရင် နိုင်ငံရေးလုပ်စား သလားလို့ပြောရင် နိုင်ငံရေးအလုပ်နဲ့ပဲ ကျွန်တော်ထမင်းစားပါတယ်။ ရှေ့ လျှောက်မှာလည်း နိုင်ငံရေးအလုပ်နဲ့ပဲ ထမင်းစားတဲ့လူတွေ  ကို ဖောက်ပြန်တဲ့လူတွေလို့ မသတ်မှတ်သင့်ပါဘူး။ အ များအတွက် ကျွန်တော်ရယ်လို့ ရည်စူးပြီး ပြောတာမဟုတ် ပါဘူး။ တစ်ခါတလေမှာ အများအတွက်လုပ်တဲ့အချိန် မှာ ကိုယ့်အိတ်ထဲက ကိုယ့်ပိုက်ဆံစိုက်သုံးပြီး လုပ်တာ အမွန်မြတ်ဆုံးပါ။ အကောင်းဆုံးပါ။ လုပ်နိုင်တဲ့သူတွေရှိ ရင် အကောင်းဆုံးပါ။ ဒါပေမဲ့ ခေတ်တွေစနစ် တခြား နိုင်ငံတွေလေ့လာကြည့်တဲ့အခါဆိုလို့ရှိရင်လည်း၊ တ ကယ်လည်းတော့ သမ္မတ အိုဘားမား သူအပြင်မှာလုပ် လို့ရှိရင် ဒီထက် ငါးဆ၊ ဆယ်ဆလောက်ရပါတယ်။ သူအနစ်နာခံပြီးတော့ သူအခုရတဲ့ လခနဲ့ သူအလုပ်လုပ် ပါတယ်။ ဒါပေမဲ့ သူရတဲ့ လခက သာမန်စာရေးနဲ့စာရင် များသေးတာပဲ။  ဒါပေမဲ့ ကျွန်တော်တို့က အဲလိုမျိုးပဲ လုပ်ရမယ်ပြောရင် ကျွန်တော်တို့ သမ္မတအိုဘားမားလို လူမျိုးရမှာမဟုတ်ဘူး။ အဲလိုလုပ်မှလည်း တတ်ကျွမ်း တဲ့သူတွေ ဘယ်တော့မှရှိမှာမဟုတ်ဘူး။ ရေရှည်မှာ ကျွန် တော်ပြောချင်တာက ကျွန်တော်တို့ ဗမာစကားအသုံးအ နှုန်းကလည်းခက်တယ်။ Professionalism လို့ပြောရင် ကြေးစားဆိုပြီး ဘာသာပြန်တယ်။ ကျွန်တော်တို့က နိုင်ငံ ရေးကို Professional ဖြစ်ဖြစ် လုပ်တဲ့လူတွေနဲ့ ကျွန် တော်တို့လုပ်စေချင်ပါတယ်။ အဲလိုလုပ်တဲ့ သူတွေက လည်း ကိုယ့်သားသမီးကို ကျောင်းမထားနိုင်၊ ထမင်း မကျွေးနိုင်တဲ့ ဥစ္စာမျိုးနဲ့လည်း လုပ်ရမယ်ဆိုရင်လည်း အဲဒီနိုင်ငံရေးစနစ်ဟာ ဘယ်တော့မှ တိုးတက်ကောင်းမွန် တဲ့ စနစ်မျိုးရမှာမဟုတ်ပါဘူး။ အဲတော့ နိုင်ငံရေးလုပ်ရင် အလကားလုပ်ရမယ်ဆိုတော့ အများအတွက်လုပ်တာကို ပေါပေါပဲပဲ ဆိုတဲ့ဟာမျိုးဖြစ်တဲ့အမြင်မျိုးတွေကိုတော့ မမြင်စေချင်ဘူး။ နိုင်ငံရေးလုပ်တဲ့အထဲမှာလည်း အသိ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ကျွန်တော်တို့ဆွဲ ဆောင်စည်းရုံးနိုင်မှ သူတို့ဘဝကို ကျွန်တော်တို့ ဖန်တီး ပေးနိုင်မှ ကျွန်တော်တို့လိုချင်တဲ့ ခေါင်းဆောင်မှုမျိုးကို ကျွန်တော်တို့ရမှာပေါ့။ အဲသတင်းမှာပါတာကိုလည်း ဖတ်မိပါတယ်။ အများသူငါလည်း မေးလို့ရရဲ့သားနဲ့ ကျွန်တော့်ကိုလည်း မေးလို့ရရဲ့သားနဲ့ ဘာလို့အဲလိုထည့် လည်းမသိဘူး။   ကျည်ကာကားကြီးစီးတယ်ဆိုတော့ သမ္မတကြီးထက်တောင် ကျွန်တော်က နည်းနည်းအဆင့် မြင့်နေသလိုဖြစ်နေတယ်။ ကျွန်တော်က မဟုတ်ပါဘူးလို့ အတိအလင်းပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ဦးဆောင်နေကြတဲ့ မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း တွေရှိတယ်ပေါ့ ဒေါက်တာ။ ဒေါက်တာလည်း မြန်မာပြည်ရောက်စဉ်မှာ သူတို့နဲ့ဆွေး နွေးဖို့ ဒါမှမဟုတ် သူတို့နဲ့တွေ့ဆုံဖို့ စဉ်းစားထားတာမျိုး ရှိလား။
          ကျွန်တော်မလာခင်မှာ ကျွန်တော်တစ်သီးပုဂ္ဂလလာ တယ်ဆိုပေမဲ့ ကျွန်တော်နဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းအား လုံးကိုလည်း ကျွန်တော်သွားရင် ဘာတွေ ပြောရမလဲ ဆိုတာမျိုးတိုင်ပင်ဆွေးနွေးတယ်။ ကျွန်တော် ဒီလိုသွား လို့ရှိရင် ကျွန်တော်က အရင်လာမိတဲ့သူဖြစ်တာကိုး။ ဆိုတော့ မြောက်ပိုင်းကိစ္စကို ပြောရမှာပဲ။ ပြောရမယ့် ကိစ္စကျတော့ မတ်လတုန်းက ကျွန်တော်ထုတ်ပြန်ကြေ ညာချက် ထုတ်ထားတာ ရှိပါတယ်။ ကျွန်တော် ABSDF နဲ့ ကျွန်တော်ဆွေးနွေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ပထမဆုံး ဆွေးနွေးတာက ဘယ်လိုထင်မလဲ မသိဘူး။ ဒါပေမဲ့ သတင်းစာတွေထဲမှာ လာမှာက ABSDF ဥက္ကဋ္ဌဟောင်း သုံးယောက်ပြန်လာပြီဆိုလို့ လာမှာပဲကိုး။ ဒါပေမဲ့ ကျွန်တော်တို့ရည်ရွယ်တာတော့ မဟုတ်ဘူး။ အကျိုးဆောင်တွေက စေတနာရှိတယ်မရှိဘူးလို့ ကျွန် တော်မပြောချင်ပါဘူး။ သူတို့လည်း ရှိချင်မှ ရှိမှာ တိုက် ဆိုင်မှုလည်းဖြစ်နိုင်တယ်။ သက်ဆိုင်မှုလည်းဖြစ်နိုင် တယ်။ ဒါပေမဲ့ အနည်းနဲ့အများ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ဆွေးနွေးနေရာက အဆင်မပြေသေးတဲ့ ABSDF အနေနဲ့ ကျွန်တော်နဂိုအဖွဲ့အစည်းနဲ့ပြောမယ်ဆိုရင် စိတ် ကောင်းမှာမဟုတ်ဘူးလေ။ ဥက္ကဋ္ဌဟောင်း သုံးယောက်  ပြန်လာပြီးတော့ အဖွဲ့အစည်းက နောက်မှာ ကျန်နေတဲ့ ဥစ္စာမျိုးလည်း ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရ သလို ရဲဘော်တွေလည်း စိတ်မကောင်းပါဘူး။ ကျွန်တော် မေးပါတယ်။ သူတို့ကလည်း ပြောပါတယ်။ ခင်ဗျားတို့ ကလည်း ဥက္ကဋ္ဌဟောင်းဖြစ်နေတာဆိုတော့လည်း ဘာ တတ်နိုင်မှာလဲပေါ့။ ကျွန်တော်မြောက်ပိုင်းကိစ္စမေးပါ တယ်။ ကျွန်တော်တွေ့ရမလား၊ ဆွေးနွေးရမလားဆို တော့ အခုပြောတဲ့ကိစ္စတွေကို သူတို့ပြောခွင့်ပြုတယ်။ တွေ့ရမယ့်ကိစ္စ၊ ဆွေးနွေးရမယ့်ကိစ္စ အဖွဲ့အစည်းတွေနဲ့ စုံစမ်းရေးကော်မရှင်ဖြစ်လို့ရှိရင် ပါဝင်ရမယ့် ကိစ္စက တော့ အဖွဲ့အစည်းတာဝန်ရှိတဲ့သူတွေ ကပဲ လုပ်ပါ့မယ် ပြောပါတယ်။ ကျွန်တော့်ကို လုပ်ခွင့်မပေးတဲ့အတွက် ကြောင့် ကျွန်တော်အခု လောလောဆယ်လုပ်လို့မရပါ ဘူး။ ဒါပေမဲ့ ကျွန်တော်ထပ်ပြီးတော့ မေးနေပါသေး တယ်။ သူတို့ဘက်က ဘာပြောချင်သလဲ။ ဒီလိုတော့ရှိ တယ်ဆိုတာ မေးနေပါတယ်။ ဆိုတော့ ကျွန်တော်က အ ဖွဲ့အစည်းမဟုတ်တဲ့အခါကျတော့ အဖွဲ့အစည်း စကား ပြောလို့မရဘူး။ ကျွန်တော်အခုပြောလို့ရသလောက်က  အကုန်ပြောလို့ရပါတယ်။

နောက်တစ်ခုက ဒေါက်တာဟိုအရင်တုန်းက ဟိုအစိုးရ ဟောင်းခေတ်တုန်းကပေါ့။ ဒေါက်တာတို့ နာမည်ခေါ်မိ   ရုံနဲ့ အစစ်ခံရတာတို့ ဒေါက်တာတို့နဲ့ အခြားနည်းလမ်း တစ်ခုနဲ့ ပတ်သက်လို့ရှိရင် ပုဒ်မအနည်းဆုံး ၅ ည၊ ၁၇/၁ တို့နဲ့  ဒါမျိုးတွေနဲ့ ထောင်ကျသွားတဲ့သူရှိ တယ်။ တချို့လည်း ပြန်လွတ်လောက်တယ်ထင်ပါတယ်။ တချို့ လည်း ရှိနေဆဲပဲလို့ထင်တယ်။ အဲဒီတော့ ဒေါက်တာတို့က အစိုးရနှင့် တရားဝင်ဆွေးနွေးခွင့်ရနေတဲ့ အချိန်မှာ ဒီလို ဒေါက်တာတို့နဲ့ ပတ်သက်ခဲ့ဖူးတဲ့သူတွေ (နိုင်ငံရေးအရ ပေါ့) (သို့မဟုတ်) စွပ်စွဲချက်အရ ပတ်သက်ခဲ့ဖူးတဲ့သူ တွေကိုရော  လွတ်မြောက်ဖို့အတွက် တောင်းဆိုဖို့မရှိ ဘူးလား။ သူတို့လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုး စားမလဲ၊ အဲဒါလေးသိချင်ပါတယ်။
          ပထမတစ်ခု အရင်ရှင်းပြချင်ပါတယ်။ မြန်မာပြည် ရဲ့လူတွေလည်း တွေ့မှာပါ။ တစ်ခုခုပေါက်ကွဲမှုဖြစ်တာ နဲ့ ကျွန်တော်တို့နာမည်မပါသလောက် ရှားတယ်။ (ရယ် လျက်) တစ်သက်နဲ့တစ်ကိုယ်လည်း ကျွန်တော်နယ်စပ် ရောက်တုန်းက  ရောက်ရောက်ချင်းကလည်း  ကိုယ် လည်းကျောင်းသားအဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့ဗမာပြည်မှာနေတုန်း က ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ရှိရင် ကျွန်တော်တို့ သိပ်မခံစားရဘူးဆိုတော့ ကိုယ့်အခွင့်အရေး ကို ကိုယ်တိုက်နေတဲ့အချိန်တည်းမှာပဲ သူများအခွင့်အရေး ဆုံးရှုံးနေတာကို မြင်နိုင်ခဲ့ဖို့ နည်းတယ်။ သူတို့ဘက်က ရပ်တည်ချက် နည်းတယ်ဆိုတော့ ဒါတွေနဲ့တစ်ပြိုင်တည်း ပြောသလိုပဲ ကျွန်တော်တို့ဗမာပြည်ဘက်မှာ နေတုန်းက ကျွန်တော်အရမ်းမုန်းတဲ့ကိစ္စရှိတယ်။ မီးရထားဗုံးခွဲတာတို့၊ သင်္ဘောကိုပစ်တာကိစ္စတွေဆိုတော့ ကျွန်တော်တို့အနေနဲ့ စစ်ရေးစစ်ရာက လုပ်မယ်ဆိုရင် စစ်ဘက်ပစ်မှန်တွေပဲ လုပ်သင့်တယ်လို့ထင်တယ်။ ကျွန်တော်တို့ ဒီလိုအရပ် သားကိစ္စနဲ့လုပ်တာ ကျွန်တော်တို့လည်း မကြိုက်ဘူး။ ကျွန်တော်တို့ သဘောမတူဘူး။ ကျွန်တော်တို့အတွေ့အ ကြုံအရ ကျွန်တော်လက်မခံဘူး။ ကျွန်တော်တို့ရဲ့ အဖွဲ့အ စည်း ကျွန်တော်အဲသဘောထား လုံးဝမရှိဘူး။ ပြောမယ် ဆိုလို့ရှိရင် ဒါတွေက အကြောင်းအမျိုးမျိုးကြောင့်မို့လို့ နာမည်တပ်ပြီးတော့မှ အမှုကြီးအောင်လုပ်တဲ့ကိစ္စမျိုးတွေ မို့လို့ပဲ မြင်ပါတယ်။ ဒါကအဖက်ဖက်ကပေါ့၊ နောက်တစ် ခုက ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်း သားကိစ္စတွေ တောက်လျှောက်ကျွန်တော်တို့ ကြိုးစားခဲ့ ဖူးပါတယ်။ ကျွန်တော်ထင်တယ်။ ၂ဝ၁ဝ ပြည့်နှစ်လောက် က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့ကိစ္စကို Campaign လုပ်တယ်။ လက်မှတ်ပေါင်း ခြောက်သိန်းခုနစ်သောင်း ကျော်ရတယ်။ ကျွန်တော်တို့နယ်စပ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအားလုံးထဲကနေ တရားဝင်ကိုယ်စား လှယ်အနေနဲ့ မစ္စတာဘင်ကီမွန်းမြန်မာပြည်ကို မလာ သေးခင်အချိန်မှာ တစ်ခါမှအစဉ်အလာမရှိဖူးတဲ့ တွေ့ဆုံ ခွင့်နဲ့ တွေ့ခွင့်ရခဲ့ပြီးတော့ နိုင်ငံရေးအကျဉ်းသား လွတ် မြောက်ဖို့ကိစ္စကို ကျွန်တော်တို့ ပြောနိုင်ခဲ့တယ်။ အခု နောက်ပိုင်း နိုင်ငံတကာကိစ္စတွေ အရေးယူဆောင်ရွက် မှုတွေအားလုံးမှာ မြန်မာပြည်နဲ့ပြန်လည်တွေ့ဆက်စပ်နိုင် ဖို့အတွက်ကို  နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှသာ လျှင် ငါတို့အနေနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ နိုင်ငံတကာ ရဲ့ ပေါ်လစီကို ကျွန်တော်တို့ ပထမဦးဆုံးအချက်အနေနဲ့ ကျွန်တော်တို့ ချနိုင်ခဲ့တယ်။ ကုလသမဂ္ဂရဲ့ အကြိမ်နှစ် ဆယ်ကျော် အကြိမ် ဒီလူ့အခွင့်အရေးကော်မရှင် ဆုံးဖြတ် ချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားကိစ္စဆိုတာ အမြဲ တမ်း ကျွန်တော်ပြောခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားထဲက ထင်ရှားကျော်ကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်း ကိုနိုင်အပြင် မနီလာသိန်း၊ မမီးမီးတို့ ဇော်ထက်ကိုတို့က အစ တခြားနိုင်ငံရေးအကျဉ်းသားတွေ နာမည်တွေနဲ့ နိုင်ငံတကာရဲ့ လှုပ်ရှားမှုတွေနဲ့ ပိုမိုရင်းနှီးအောင် ကျွန် တော်တို့ မိတ်ဆက်ပေးနိုင်ခဲ့တယ်။ အစိုးရအဖွဲ့ကိုယ်စား လှယ်တွေနဲ့ စတွေ့ကတည်က ကျွန်တော်တို့ပထမဆုံး ပေးတဲ့ တောင်းဆိုတဲ့ တောင်းဆိုချက်က နိုင်ငံရေးအကျဉ်း သားတွေ လွတ်မြောက်ဖို့နဲ့ တစ်ပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲခွင့်၊ နောက် ကျွန်တော်တို့ AAPP က ပေးတဲ့ ပြုစုပေးထားတဲ့ စာရင်းတွေကို ကျွန်တော်တို့ ပေးခဲ့တယ်။ မနေ့ကအထိ လေဆိပ်မှာ ကျွန်တော်ပြော တဲ့အထိ နောက်နေ့အစိုးရ တာဝန်ရှိတဲ့သူတွေ ထပ်တွေ့ ဆုံမယ့်ကိစ္စမှာ ကျန်တဲ့နိုင်ငံရေးအကျဉ်း သားလေးရာ ကျော်နဲ့ Black List မှာ ဘယ်သူမှန်းမသိဘဲ ရှိနေတဲ့သူတွေ မရှိ သင့်တော့ဘူးလို့ ကျွန်တော်တို့ထပ်ပြောဦးမှာဖြစ်ပါ တယ်။ ဆိုတော့ သူတို့ဘက်ကလည်း ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက် တွေ့ဆုံဆွေးနွေးပွဲမှာ အဲလူတွေမရှိစေရတော့ပါ ဘူး။ အဆင့်ဆင့်လုပ်သွားပါမယ်လို့ ကတိရထားပြီးသွား ပါပြီး။

၈၈ ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့နဲ့တွေ့ဖို့ ရှိပါသလား။

No comments:

Post a Comment