ရေးသားသူ- မြင့်မိုရ်ဆွေ
မြေဈေးနှုန်းကို မော်တော်ကားဈေးကွက်ကဲ့သို့ ဖြစ်သွားရန်ပြုလုပ်မည့် အစီအစဉ်တစ်ခုရှိကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားကြောင်းဇူလိုင် ၅ ရက်ထုတ် 7Day News
ဂျာနယ်တွင် ဖတ်ရှုခဲ့ရပါသည်။ မိတ်ဆွေတစ်ဦးက မြို့ပြလူမှုဘ၀တွင် မြေသည်ဖိုးသူတော်နှင့်တူ၍
မော်တော်ကားသည် တောင်ဝှေးနှင့်တူကြောင်း၊ တောင်ဝှေးလဲလျှင် ဖိုးသူတော်က ထူ၍ရကြောင်း၊ အချိန်တိုအတွင်းတောင်ဝှေးလဲပြီးနောက် ဖိုးသူတော်ပါ အလဲထိုးခံရလျှင် အကုန်တုံးလုံးပက်လက်လန်၍ အချို့မှာ လက်ထဲကခွက်ပင် လွင့်ပျောက်သွားနိုင်ကြောင်း ဝေဖန်ပြောကြားလာပါသည်။
ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် မော်တော်ကား ဈေးနှုန်းကိုကျအောင် မည်ကဲ့သို့ပြုလုပ်ခဲ့သနည်း။ ဈေးကွက်လို အပ်ချက် ပြည့်မီအောင် အရေ အတွက် များစွာ ဖြည့်ဆည်းခြင်း နှင့် အခွန်ငွေလျှော့ချခြင်းဟူသော နည်းလမ်းနှစ်သွယ်ဖြင့် ကျအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို အထင် အရှားတွေ့မြင်နိုင်ပါသည်။ တစ်နည်းအားဖြင့် ရောင်းအား (Supply)ကို တိုး၍ အခွန်ငွေ(Tax) ကို လျှော့ချပေးခြင်းပင် ဖြစ်ပါသည်။
ထိုနည်းအတိုင်း “မြေဈေးကို မော်တော်ကား ဈေးကွက်ကဲ့သို့ ဖြစ်သွားအောင် လုပ်မည်”ဟု ဆိုရာ၌မြို့ပြပြည်သူတို့၏ မြေနှင့် အိမ်ရာလိုအပ်ချက်ကို တိုးပွားဖြည့်ဆည်း၍ ဈေးနှုန်းကို
လျှော့ချပေးခြင်းဟူသော နည်းလမ်းကိုဆိုလိုခြင်းသာ ဖြစ်မည်ဟု စာရေးသူ အကောင်း မြင်မိလေသည်။
ဆက်လက်၍ မြို့ပြဈေး တက်ရခြင်းအကြောင်းရင်းများကို ဦးစွာဆန်းစစ်တင်ပြလိုပါသည်။ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ မြေဈေးသည် ၂၀၀၈ ခုနှစ်မှစ၍ တရိပ်ရိပ်တက်
လာခဲ့ရာ လေးနှစ်အတွင်း လေးဆမှ ငါးဆအထိ တိုးမြင့်လာခဲ့ပေသည်။
မြေဈေးတက်ခြင်း၏ အဓိက အကြောင်းများမှာ ဖြည့်ဆည်းမှုအပိုင်း(Supply) တွင် အားနည်းချက်များရှိခဲ့ခြင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုထုတ်ကုန်လုပ်ငန်းနယ်ပယ်များတွင် စီးပွားရေးကျဆင်းခြင်းနှင့် စီးပွားရေး ပိတ်ဆို့မှုများလျှော့ချ၍ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဝင်ရောက်လာသည်နှင့်အမျှမြေယာ လိုအပ်ချက်
(Demand) မြင့်မားမည့် အလားအလာကို ကြိုတင်တွက်ဆ ရင်းနှီးထားခြင်း စသည့်အကြောင်းရင်းများ
ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။
ဖြည့်ဆည်းမှုအပိုင်းနှင့်ပတ် သက်၍ ဦးစွာတင်ပြလိုပါသည်။ ၂၀၀၅ ခုနှစ်မှစ၍ ရန်ကုန်မြို့တော် အိမ်ရာစီမံကိန်းများ ကြီးကြပ်မှုကော်မတီကို ဖျက်သိမ်းခဲ့ပြီးနောက် ယခင်ခွင့်ပြုခဲ့သော အစိုးရနှင့် ပုဂလိကအကျိုးတူပူး ပေါင်းဆောင်ရွက်သည့် အထပ်မြင့်အိမ်ရာစီမံကိန်းများတွင် အ ကျိုးအမြတ် ခွဲဝေမှုကို မူလ ၂၀ /၈၀ အချိုးမှ ၄၀/၆၀ အချိုးသို့ ပြင်ဆင်သတ်မှတ်ခဲ့၏။ ပုဂ္ဂလိကများက အစိုးရသို့ ရှယ်ရာ ၂၀ ရာ
ခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးရန် အခက်အခဲရှိလာသောအခါ အထပ်မြင့်တိုက်များကို အ ထပ်နိမ့်များအဖြစ် ပြောင်းလဲပစ်လိုက်ကြ၏။ မြေကြီးထဲ၌အထပ် မြင့်အတွက် အကုန်အကျများစွာ ခံ၍ အုတ်မြစ်ချပြီးမှ ရှစ်ထပ်သို့ပြောင်းလဲဆောက်လုပ်မှုများ ရှိလာ၏။ ဆောက်လုပ်မှုများမှာ လည်း နှေးကွေးပြီး အခန်းအရေ အတွက် ယုတ်လျော့ကျဆင်းမှုများ ဖြစ်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် တဲပေါ် မှ တိုက်ပေါ်တင်စီမံကိန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းစသည်များလည်း ရပ်ဆိုင်းသွား၏။ နိုင်ငံတော် အပိုင်းမှ ထုတ်လုပ်မှုကျဆင်း၍ ဖြည့်းဆည်းမှု (Supply) အားနည်းလာသောအခါ ပုဂ္ဂလိက ကုမ္ပဏီများက ပုဂ္ဂလိကမြေပေါ်၌ ၎င်းတို့အစီအစဉ်ဖြင့် ဆောက် လုပ်ပြီးစီးသော ကွန်ဒိုခေါ် အဆင့် မြင့်အိမ်ရာများကို ပြိုင်ဘက်မရှိ ဈေးတင်ရောင်းချလာ၏။
တစ်ဖက်တွင် နိုင်ငံပိုင် သိမ်းဆည်းထားသော မြေနှင့်အဆောက်အအုံများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံ အမြောက်အမြားကို ထုခွဲရောင်းချမှုများ ရှိလာ၏။ ထိုကဲ့သို့ ရောင်းချခဲ့သော နိုင်ငံပိုင်မြေကွက်လပ်များ
အနက် အများအပြားမှာ နောင်တစ်ချိန် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းချိန်၌ ဒီမိုကရေစီ အစိုးရသစ်၏ ဖွံ့ဖြိုးရေးစီမံကိန်းများအလို့ငှာ ချန်လှပ်ထားရှိသင့်သော အဖိုးတန်မြေအများအပြား ပါဝင်နေသည်ကို တွေ့ ရှိရပေသည်။ အမှန်အားဖြင့် လက် ၀ယ်ရှိသည့် မြေရောင်း၍ ငွေရှာရ သော အလုပ်မှာ အထည်ကြီး ပျက်မုဆိုးမအလုပ်သာဖြစ်သည် ဟူသော ရှေးလူကြီးသူမ ပြောစ ကားမှာ မှတ်သားဖွယ်ကောင်းလှ၏။ ဖွံ့ဖြိုးဆဲနိုင်ငံတွင် အစိုးရ၏ လက်ဝယ်ရှိ မြို့ပြမြေကွက်လပ်များသည် ဖွံ့ဖြိုးရေးစီမံကိန်းအတွက်
ပြဒါးရှင်လုံးသဖွယ်ဖြစ်ပေသည်။ အချို့မြေကွက်များမှာ အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်း ၍သော်လည်းကောင်း၊ B.O.T စနစ်ဖြင့်သော်လည်းကောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်သော် လည်း၊ အိမ်ရာစီမံကိန်းမျာ၊ စီးပွားရေးအဆောက်အအုံများ စသည် ဖြင့် အကောင်အထည်ဖော်သင့် သည့် မြေများဖြစ်သော်လည်း ပုဂလိက ငွေရှင်ကြေးရှင်များ၏ လက်ဝယ်သို့ ပိုင်ဆိုင်မှုလုံးဝသက် ရောက် ကျဆင်းသွားသည်မှာ လွန်စွာနှမြောဖွယ်ကောင်းလှ၏။ အိမ်ရာမြေလက်ဝယ်ထား ဈေးကစားမှု(Land Speculation)ကို သွယ်ဝိုက်၍ အးပေးရာလည်း ရောက်ခဲ့၏။
ထို့အပြင် မြန်မာနိုင်ငံ၏ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများမှာ အကြောင်းကြောင်းကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် များစွာအရှုံးပေါ် ခဲ့ကြပြီး စက်မှုကုန်ထုတ်လုပ်ငန်း မှာလည်း လျှပ်စစ်ဓာတ်အားအ ခက်အခဲ၊ နည်းပညာနောက်ကျ ကျန်ရစ်မှုနှင့် စီးပွားရေးပိတ်ဆို့မှုစသည်တို့ကြောင့် ဆုတ်ယုတ်ကျဆင်းမှုများနှင့် ကြုံတွေ့နေရသည့် အချိန်လည်း ဖြစ်ပေသည်။ သို့ဖြစ်၍ ငွေကြေးဖောင်းပွမှုဒဏ်ကို အခံနိုင်ဆုံးဖြစ်သော မြို့ပြမြေ ယာကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုများ ပို မိုစီးဝင်လာခြင်းဖြစ်၏။ ၀င်ငွေအလယ်အလတ် ရှိသူတို့၏ စု ဆောင်းငွေများသည်ပင် မြို့သစ်များ၌ မြေနှင့်အိမ်ရာကဏ္ဍသို့ စုပြုံ ၀င်ရောက်လာကြ၏။
ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာလျှင် မြေဈေးတက်မြဲဖြစ်ပါသည်။ “အရင်းစစ်လျှင် အမြစ်မြေက”ဆို သကဲ့သို့ မြေမရှိလျှင် မည်သည့် စီမံကိန်းမျှ အမြစ်တွယ်၍ မရနိုင်ပေ။ ပြည်ပရင်းနှီးမြှုပ်နှံမှုအမြစ် တွယ်ရန်အတွက် မြေအမျိုးအစား မှာ ပြည်တွင်းရှိ SMEs ဟုပင် ခေါ်ဆိုနိုင်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်သာ သင့်လျော်သည့် အခြေခံအဆောက်အအုံအဆင့်နိမ့်(၁)ဧက၊ (၂)ဧက မြေကွက်များမဟုတ်ပေ။ SEZ(Special Economic Zone) ဟူသော အထူးစီးပွားရေးဇုန်၊ EPZ (Export Psocessing Zone) ဟူသော ပြည်ပပို့ကုန် ထုတ်လုပ်သည့် နိုင်ငံတကာအ ဆင့်မီ စက်မှုဇုန်ကြီးများမှ မြေယာများသာ ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အဆိုပါ ဇုန်ကြီးများ ထပ်မံဖော်ထုတ်ရန်များစွာလို အပ်လျက်ရှိနေပေသည်။
မြို့ပြမြေဈေးကျအောင် ဆောင်ရွက်ရာ၌ အခွန်နှုန်းမြှင့် တင်ခြင်း၊ မဆောက်လျှင် ပြန် သိမ်းခြင်းစသည် “ညှစ်ထုတ်သည့်အား”(Forced action ထက်ဘက်ပေါင်းစုံမှ ရှုမြင်၍ အခြေခံ အကြောင်းရင်းများကို ဖယ်ရှားခြင်းဟူသော “အမြစ်ဖြုတ်မည့်အား” (Creative Action) များကို ပိုမိုအရင်းပြုစေလိုပါသည်။ အထူးသဖြင့် အောက်ပါလုပ်ငန်းသည် မြို့ပြမြေယာဈေးကွက်ကျဆင်းမှုကို အထင်အရှား အကျိုးသက် ရောက်စေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
(၁) မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း နှင့် မြေအသုံးချမှုစီမံကိန်းများ အမြန်ပြီးစီးအောင် ရေးဆွဲအ ကောင်အထည်ဖော်ရန်။
(၂)အချက်အခြာနေရာများ ရှိ မြို့မြမြေကွက်လပ်များကို စီး ပွားရေး လုပ်ငန်းရှင်ကြီးများသို့ ရောင်းချခြင်း မပြုရန်။
(၃)မြို့ကြီးများ၌ အိမ်ရာသန်း ခေါင်စာရင်းနှင့် အိမ်ရာလိုအပ်ချက် ကို စနစ်တကျပြုစုရန်။
(၄) နိုင်ငံတော်အပိုင်းမှ လက်ရှိအိမ်ရာ၊ မြေယာချထားမှုစနစ်ကို ပိုမိုပွင့်လင်းမြင်သာမှုရှိ စေရန်။
(၅) ၀င်ငွေအလယ်အလတ် နှင့် ၀င်ငွေနည်းပြည်သူများအတွက်တန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာစီမံကိန်းများ၊ တဲပေါ်မှ တိုက်
ပေးတင်စီမံကိန်းများ ဦးစားပေးအကောင်အထည်ဖော်ရန်။
(၆) အိမ်ရာဘဏ်(Housing Bank) ထူထောင်ရန်။
(၇) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစက်မှုဇုန်များ ဖော်ထုတ်ရန်။
မည်သို့ဆိုစေ ဆောင်းပါး အစ၌ စာရေးသူတင်ပြခဲ့သည့်
အတိုင်း မြို့ပြမြေဈေးရှိ ကျစေရန် အတွက် ကားဈေးကျအောင် လုပ်ခဲ့သည့်နည်းအတိုင်းဖြစ်လျှင် မူ အမှန်ပင်အသင့်တော်ဆုံးဖြစ်ပါ ကြောင်း ...။ ။
ref:7daynews

No comments:
Post a Comment