အရင်က ဘယ်လိုပဲ သဘောထား ရှိခဲ့ရှိခဲ့ အခုအချိန်မှာ အားလုံးစည်းလုံးကြဖို့
လိုနေပါပြီ၊ အခုကြုံတွေ့နေရတဲ့ ပြဿနာဟာ လူမျိုးရေး၊ ဘာသာရေး
ပြဿနာမဟုတ်တော့ပဲ တိုင်းတပါးကျူးကျော်မှု ပုံစံသက်ဝင်လာနေပါပြီ၊ ပုဒ်မ (၁၄၄)
ထုတ်ပြန်ပြီး ပစ်မိန့်ပေးခဲ့တာဟာ အခုဖြစ်နေတဲ့ အခြေအနေရ ရခိုင်လူထုရဲ့
အသက်ကိုကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးကို ထိန်းထိန်းသိမ်းသိမ်း
အစိုးရဘက်ကလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အကိုင်အတွယ်မတတ်ရင် မြန်မာအစိုးရဟာ
လူမျိုးရေးသတ်ဖြစ်မှုတွေ လုပ်နေသယောင်ယောင် အပုတ်ချခံရမှာဖြစ်ပါတယ်။
(အခုအချိန်မှ သတိထားကြည့်မယ်ဆိုရင် နိုင်ငံတကာမီဒီယာက လုံးဝအသံတိတ်နေတာကို
တွေ့ရပါလိမ့်မယ်၊ ရှားရှားပါပါးတက်လာတဲ့ CNA သတင်းတစ်ပုဒ်မှာလဲ
လုံခြုံရေးအဖွဲ့တွေက ပစ်တာကိုပဲ ဇောင်းပေးရေးထားပြီ ဖြစ်ပေါ်လာရတဲ့
နောက်ခံအခြေနေကို ခပ်ဖေါ့ဖေါ့လေးပဲ ရေးတာကိုတွေ့ရပါလိမ့်မယ်။ နိုင်ငံတကာမှာ
ချိတ်ဆက်ပြီး လုပ်ကြံမှုကြီး လုပ်နေကြသလားလို့တောင် ထင်မိပါတယ်။)
သဘောထားကွဲပြားမှုတွေ ခဏဘေးချိတ်ပြီး ဒီအချိန်မှာ မိတ်ဆွေများအားလုံး အတူအတကွ နိုင်ငံတော်အစိုးရနဲ့အတူရပ်ကြဖို့
တိုက်တွန်းလိုပါတယ်။ လူအခွင့်အရေး အကြောင်းပြချက်တွေ၊ ဘာသာရေးလူမျိုးရေး
အကြောင်းပြချက်တွေနဲ့ တိုက်ခိုက်လာဖို့ ရှိပါလိမ့်မယ်။ နိုင်ငံတကာကို
မြန်မာနိုင်ငံဟာ အခု CNA သတင်းထဲမှာ ပုံဖေါ်နေသလို ဘာသာရေး၊ လူမျိုးရေး
အရှုပ်အထွေးဖန်တီးနေတာမဟုတ်ပဲ နိုင်ငံခြားကျူးကျော်မှုကို
တွန်းလှန်နေရတာပါဆိုတာ သိအောင်အတူပြကြဖို့ လိုနေပါပြီ။
သဘောထားကွဲပြားမှုတွေ ခဏဘေးချိတ်ပြီး ဒီအချိန်မှာ မိတ်ဆွေများအားလုံး အတူအတကွ နိုင်ငံတော်အစိုးရနဲ့အတူရပ်ကြဖိ
From : Hmuu.zaw
No comments:
Post a Comment