Saturday, 19 September 2015

မားစ်ကူးစက်မှုကြောင့် ဟာ့ဂ်ျဝတ်ပြု ခရီးသွား အရေအတွက် ကျဆင်းနိုင်ကြောင်း ဆော်ဒီအစိုးရ ကြေညာ


မားစ်ရောဂါပိုး ခြိမ်းခြောက်မှုကြောင့် ယခုနှစ် ဟာ့ဂ်ျဝတ်ပြုခရီးအတွက် လာရောက်သူ အရေအတွက် လျော့ပါးဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျ အစိုးရက ကြေညာခဲ့သည်။
အစ္စလာမ် ဘာသာရေးအရ ဟာ့ဂ်ျကာလတွင် ဆော်ဒီနိုင်ငံရှိ မက္ကာမြို့သို့ ဝတ်ပြုခရီး သွားရောက်ခြင်းသည် အမြင့်ဆုံး လုပ်ဆောင်မှု တစ်ခုဖြစ်ရာ နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင် သန်းပေါင်းများစွာ ဟာ့ဂ်ျခရီးစဉ် လာရောက်လေ့ ရှိသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ဆော်ဒီ၏ မားစ်ရောဂါ ပြဿနာက ဟာ့ဂ်ျခရီးသွား အရေအတွက်ကို လျော့ပါးသွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ခါလက်ဒ် အယ်လ် ဖာလီဟ်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ခမာနီများအကြောင်း ရိုက်ကူးမည့် ဂျိုလီ၏ ရုပ်ရှင်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ထောက်ခံ



ခမာနီတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ပုံဖော်မည့် အန်ဂျလီနာ ဂျိုလီ၏ ရုပ်ရှင်ကို ထောက်ခံကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။အော်စကာဆုရှင် ဟောလိဝုဒ် မင်းသမီးသည် စက်တင်ဘာ ၁၇ ရက်က ဖနွမ်ပင် မြို့တော်တွင် ဝန်ကြီးချုပ် ဟွန်ဆန်းနှင့် တွေ့ဆုံရာ၌ ဝန်ကြီးချုပ်က ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။ ဂျိုလီသည် တစ်ချိန်က ကမ္ဘောဒီးယားကို အုပ်စိုးခဲ့ပြီး လူပေါင်းများစွာကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ခမာနီ အစိုးရနှင့် ပတ်သက်သော ရုပ်ရှင်တစ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးလျက် ရှိသည်။
First They Killed My Father: A Daughter of Cambodia Remembers အမည်ရှိ ဇာတ်ကားသည် အစွန်းရောက် ကွန်မြူနစ် ခမာနီတို့ လက်ထက်က ကမ္ဘောဒီးယားမှ လူ့အခွင့်အရေး လှုပ်ရှားသူ လောင်အန်း၏ ဘဝသရုပ်ကို အခြေခံ ပုံဖော်ထားခြင်း ဖြစ်သည်။ ခမာနီတို့ကို ကမ္ဘောဒီးယားကို ၁၉၇၅ မှ ၁၉၇၉ ခုနှစ်ထိ အုပ်စိုးခဲ့ပြီး ကြမ်းကြုတ်စွာ သုတ်သင်မှုများ၊ အစာငတ်မွတ်မှု၊ အလုပ်ဖိစီးမှုများကြောင့် လူ ၂ သန်းမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သမိုင်းမှတ်တမ်း ကျန်ရှိနေခဲ့သည်။

ပယ်လ်မိုင်ရာရှိ အိုင်အက်စ်တို့ကို ဆီးရီးယားလေတပ် အပြင်းအထန် တိုက်ခိုက်


စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ပယ်လ်မိုင်ရာမြို့ကို အပြင်းထန်ဆုံး ဗုံးကြဲစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း လေတပ်၏ စစ်ဆင်ရေးတွင် အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်မျှ ပြုလုပ်ခဲ့ပြီး ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ ယင်းသေဆုံးသူများတွင် စစ်သွေးကြွ ၁၂ ဦးလည်း ပါဝင်ကြောင်း ၎င်းအဖွဲ့၏ ဖော်ပြချက်တွင် ပါရှိသည်။

ကျေးရွာမီးလင်းရေး ကုန်ကျငွေစာရင်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသူ ရွာသားနှစ်ဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ


 ကျောက်တန်းမြို့နယ်၊ ကုလားတန်းကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင်က ငွေစရင်းရှင်းတမ်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသဖြင့် အသရေဖျက်မှုဖြင့် တရားစွဲခံရကြောင်း ကာယကံရှင်များ က မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်ရုံးခန်း၌ သတင်းစာရှင်းပွဲပြုလုပ်ပြောဆိုသည်။

တရားစွဲခံရသူတစ်ဦးဖြစ်သည့် ဒေါ်တင်မာလွင်က ''သြဂုတ်လ ၇ ရက်နေ့ကပြုလုပ်တဲ့ မီးလင်းရေး ကော်မတီအစည်းအဝေးမှာ ကျွန်မနဲ့အတူ ကျေးရွာသား ၄ ဦးက ငွေစာရင်းကိစ္စမေးမြန်းတာ မရှင်းလင်းဘဲ တိုင်ချင်ရာတိုင်လို့ပြောပြီး အစည်းအဝေး ရပ်နားခဲ့တယ်။ နောက်ပြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲခံရတယ်။'' ဟု စက်တင်ဘာ ၁၈ ရက် သတင်းစာရှင်းပွဲတွင်ပြောသည်။

တစ်ညတည်းဆံပင်ပုံစံနှစ်မျိုးပြောင်းခဲ့တဲ့ ကေတီပယ်ရီ


အမေရိကန်ပေါ့ပ် စတားကေတီပယ်ရီသည် တစ်ည တည်းတွင် ဆံပင်ပုံစံနှစ်မျိုးပြောင်း၍ ပွဲတက်ခဲ့သည်ဟုသိရသည်။ကေတီပယ်ရီသည် စက်တင်ဘာ ၁၆ ရက်တွင် နယူး ယောက်မြို့ The Plaza ဟိုတယ်၌ ကျင်းပပြုလုပ်သော Harper's Bazaar Icons ပွဲသို့တက်ရောက်ခဲ့သည်။ ကေတီပယ် ရီသည် တလက်လက်တောက်ပ နေသော ဂါဝန်နှင့်လိုက်ဖက်သည့် နီညိုရောင်ဆံပင်ပုံစံနှင့် အနီ ရောင်ကော်ဇောထက်၌ ပထမ ဦးစွာလျှောက်လှမ်းခဲ့သည်။

ဆန္ဒမဲပေးမှု တပ်မတော်က အမြင်လေးမြင် မူဝါဒဖြင့် ရပ်တည်၊ NCA ထိုးရန် အဆင်သင့်ရှိနေ


 တပ်မတော်အနေဖြင့် ဆန္ဒမဲပေးရွေးချယ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင်လေးမြင်ရှိ သူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကို ဖြစ်စေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။
ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်မူဝါဒအား ပြောကြားအသိပေးရာတွင် မိမိဒေသအတွက် ကောင်းမွန်စေရန် ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးအား သိရှိ နားလည် စောင့်ထိန်းနိုင်သူများလည်း ဖြစ်စေလိုကြောင်းဆိုသည်။

Friday, 18 September 2015

တနင်္သာရီတိုင်းတွင် ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်း၌ ခုနစ်သောင်းကျော်တိုးလာ


 တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင် ပထမအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင် အရေအတွက်ထက် ၇၀,၀၀၀ကျော် ထပ်မံတိုးလာကာ စုစုပေါင်းမဲဆန္ဒရှင် ကိုးသိန်းခန့်ရှိလာပြီး မဲရုံများ ထပ်မံတိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တနင်္သာရီ တိုင်းဒေသကြီး ရှိ အခြေခံမဲဆန္ဒရှင်စာရင်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ပထမ အကြိမ်ထုတ်ပြန်ခဲ့ရာ စုစုပေါင်း မဲဆန္ဒရှင် ၈၂၀,၀၀၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က ထပ်မံထုတ်ပြန်ခဲ့သည့် မဲဆန္ဒ ရှင်စာရင်း တွင် ၈၉၂,၁၃၈ ဦးအထိ ရှိလာခဲ့ ကြောင်း တိုင်းဒေသကြီး ရွေး ကောက်ပွဲ ကော်မရှင်ထံမှ သိရ သည်။‘‘အခုထုတ်ပြန်ခဲ့တဲ့ မဲစာရင်း မှာ အခြေခံမဲဆန္ဒရှင်စာရင်းမှာ မပါသေးတဲ့ သူတွေက ပုံစံ (၃)နဲ့ လျှောက်ထားတဲ့ သူတွေ၊ ဒေသအတွင်းမှာ ရှိတဲ့ တပ်နဲ့ ရဲတွေရဲ့ စာရင်းလည်း ပါဝင်လာပါတယ်။ ပုံစံ (၃) (က)နဲ့ လျှောက်ထားရ မယ့်သူတွေက မဲရုံအလိုက် ခွဲ ပေးတဲ့ မဲဆန္ဒရှင်စာရင်းမှာ ပါလာ လိမ့်မယ်။ အဲဒီအချိန်ကျရင် လည်း မဲဆန္ဒရှင်စာရင်းထပ်တိုး လာနိုင်သေးတယ်’’ဟု တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် အရာရှိက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်၌ ဘုတ်ပြင်းမြို့နယ်သည် ယခင်ထုတ်ပြန်ခဲ့သည့် အခြေခံမဲဆန္ဒရှင် စာရင်းထက် လျော့နည်းခဲ့ပြီး ကျန်မြို့နယ်များ၌မူ မဲဆန္ဒရှင် အရေအတွက် တိုးလာကြောင်း သိရသည်။

ကျောက်စိမ်း ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းရုံး မုံရွာတွင် ဖွင့်လှစ်မည်


 မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းရုံးခန်းကို မုံရွာမြို့ ဆူး လေကုန်းရပ်ကွက် ဈေးလမ်းနှင့် နယားပျံလမ်းထောင့်၌ စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။‘‘မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း တရားဝင်ဖွဲ့စည်းခဲ့တယ်။အခု အသင်းရုံးခန်း ဖွင့်ပြီးရင် ကျောက်မျက်ဈေး ဖွင့်လှစ်နိုင် အောင် သက်ဆိုင်ရာကို တင်ပြ သွားမယ်’’ဟု မုံရွာမြို့နယ် ကျောက်စိမ်းကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ရင်က ပြောသည်။
မုံရွာမြို့နယ် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင် ၁၃၀ ကျော်ရှိပြီး ယခင်က နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၌ ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများ အရောင်းအ၀ယ်ပြု လုပ်ခဲ့ကြသည်။ ယခုအခါ မုံရွာမြို့နယ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက် ပစ္စည်းများ ဈေး ကွက်ပီပြင်လာစေရန်နှင့် ကျောက်မျက်ရတနာဈေးအဖြစ် ဖွင့်လှစ် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်သည်။

အမတ်လောင်း အတည်ပြုရေး ဆုံးဖြတ်ရန် ၃ဦး ကျန်နေသေး


အမတ်လောင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုဆုံးဖြတ်ပေးရန် ၃ဦးကျန်ရှိ နေသေးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးဝင်းဦးခိုင်က စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။
"ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ အသနားခံစာတင်လာလို့ စိစစ်ပေးတာ မဟုတ်ဘူး။ မှားယွင်းဆုံးဖြတ်မှုရှိမရှိ ကိုကြည့်ပေးတာ။ မဲလက်မှတ်ရိုက်ရမယ့် ကိစ္စတွေလည်းရှိတဲ့အတွက် ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဆုံဖြတ်ပေးမှာပါ။" ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃တွင် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်များ နှင့် ဆက်လျဉ်း၍ ပြည်ထောင်စုကော်မရှင်သည် မိမိဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဌာန်းထားသည်။

သန်လျင်တံတား လမ်းအသုံးပြုခ ကောက်ခံရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း တစ်သိန်းကျော် သတ်မှတ်


သန်လျင်တံတား ယာဉ် အသုံးပြုခကောက်ခံခြင်းလုပ်ငန်း အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ မည်ဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် သိန်းပေါင်း တစ်သိန်းတစ်သောင်း တစ်ထောင် သတ်မှတ်ထား ကြောင်း မြန်မာ့မီးရထားဌာနမှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ ဒီတစ်ခါတင် ဒါခေါ်ယူမှုမှာ သုံးနှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ ခေါ်သွားမယ်။ ပြီး ခဲ့တဲ့နှစ်တွေက တစ်နှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ပဲ ခေါ်ယူခဲ့ပါတယ်။ တခြားတံတားများနဲ့တူအောင် ဒီ နှစ်မှာ သုံးနှစ်သက်တမ်းတိုးပြီး တင်ဒါခေါ်ယူတာပါ’’ဟု မြန်မာ့မီး ရထားဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

Thursday, 17 September 2015

ကျောင်သားဟောင်းအနုပညာရှင်တွေ ဖျော်ဖြေမယ့် တီတီစီရန်ပုံငွေကပွဲ


ကျောင်းသားဟောင်း အနုပညာရှင်များကိုယ်တိုင် ပါဝင် ဖျော်ဖြေမယ့် ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက် တန်းကျောင်း (TTC)၏ သက်ကြီး အာစရိယပူဇော်ပွဲ ရန်ပုံငွေပဒေ သာကပွဲကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲတွင် တီတီစီ ကျောင်းသားဟောင်းများဖြစ် သော ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊မျိုးမျိုး၊ သံသာဝင်း၊ အဲလက်စ်၊ မေစံပယ်ညို၊ ဖြူဖြူကျော်သိန်း၊ Examplez၊ ဖိုးသောကြာ၊ အိမ့် ချစ်၊ ရှင်ဖုန်း၊ အရိုး၊ ရည်မွန်၊ အောင်အေးချစ်၊ ကျော်ထွဋ်ဆွေ၊ အာဘွိုင်း၊ ဉာဏ်လင်းအောင် အပါအဝင် တေးသံရှင်များနှင့် အနုပညာရှင်များက တေးသီချင်း များနှင့် ဖျော်ဖြေပေးမည်ဖြစ်ကာ ဟိန်းဝေယံ၊ မိုးယံဇွန်၊ သျှားထွဋ် အိန္ဒြာ၊ ခိုင်သဇင်ငုဝါ၊ ခိုင်သခင် ယုဝါ၊ ဖြိုးဝေနှင့် ရပ်ဆဲလ်တို့က လည်း အကများ၊ တေးသရုပ်ဖော် များဖြင့် ပါဝင်ပေးမည်ဖြစ်သည်။

မြန်မာပိုင်နက်အတွင်း ဝင်ရောက်၍ စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယတပ်ဖွဲ့ဝင်များပြော


ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စစ်ဆင်ရေးတစ်ခုတွင် စစ် သွေးကြွစခန်း နှစ်ခုကို ဝင်ရောက် စီးနင်းခဲ့သည့် အိန္ဒိယတပ်များသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ ခြင်း မရှိဘဲ အိန္ဒိယပိုင်နက် နာဂ လန်းနှင့် မဏိပူရနယ်အတွင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး သူရဲကောင်းဆုများ ရရှိခဲ့သည့်တပ်ဖွဲ့ဝင်များ၏ ပြောစကားများ ကို ကိုးကားကာ အိန္ဒိယပြည်တွင်း  အီကောနောမစ်တိုင်းမ်သတင်း စာက ဖော်ပြသည်။

ထိုစဉ်က အိန္ဒိယသတင်းနှင့် ပြန်ကြားရေးဝန်ကြီး ရာ့ဂျယာဘာ ဒန် ရက်သိုးရ်က ထိုစစ်ဆင်ရေး တွင် အိန္ဒိယတပ်များသည် မြန်မာ နယ်စပ်ထဲသို့ ဖြတ်ကျော်ဝင် ရောက်ပြီး စစ်သွေးကြွစခန်း နှစ်ခု ကို စီးနင်းခဲ့ကြောင်း မှားယွင်း ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ မျှော်မှန်းထားကြောင်း ဒီမာရီယာပြော



မယ်လ်မိုအသင်းနှင့် ချန်ပီ ယံလိဂ်ပွဲတွင် ပီအက်စ်ဂျီအတွက် တစ်ဂိုးသွင်းပြီးနောက် အာဂျင်တီးနား တောင်ပံလူ ဒီမာရီယာက ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရန် မျှော်မှန်းနေကြောင်း ထုတ်ဖော်ပြောသည်။

အာဂျင်တီးနားတောင်ပံလူ သည် ထိုပွဲတွင် ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို လှပစွာသွင်းခဲ့ ပြီး ဒုတိယပိုင်းတွင် ကာဗာနီက တစ်ဂိုးထပ်မံသွင်းကာ ပီအက်စ်ဂျီက မယ်လ်မိုကို ၂-၀ ဂိုးဖြင့်နိုင်သွားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် နှစ် ၆၀ ကျော်အတွင်း အကောင်းဆုံးအခွင့်အရေး ဆုံးရှုံးနိုင်သော အန္တရာယ်ရှိဟု ICG သတိပေး

မြန်မာနိုင်ငံသည် နှစ် ၆၀ ကျော်ကာလအတွင်း ငြိမ်းချမ်းရေးအတွက် ရရှိမည့် အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးနိုင်သည့် အန္တရာယ် စွန့်စားရနိုင်ခြေရှိနေ ကြောင်း နိုင်ငံတကာ အကျပ်အ တည်းဆိုင်ရာ အဖွဲ့အစည်းကြီး (ICG )က အောက်တိုဘာ ၁၆ ရက်တွင် သတိပေးချက်ထုတ်ပြန် သည်။အိုင်စီဂျီသည် ကမ္ဘာတစ်ဝန်းပဋိပက္ခများကို တားဆီးဖြေရှင်းရန် ကြိုးစားနေသောအဖွဲ့ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေကို ထောက်ပြ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။‘‘စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေး သဘောတူညီမှုတစ်ခုအတွက် နှစ် ၆၀ ကျော်ကာလမှာ အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ တကယ့်အန္တရာယ် စွန့်စားမှုတစ်ခုရှိပါတယ်’’ဟု အိုင် စီဂျီက ဖော်ပြခဲ့သည်။ယင်းမှာ လက်နက်ကိုင်အ ဖွဲ့ အများအပြားအတွက် နိုင်ငံ ရေး၊ စီးပွားရေး၊ စစ်ရေးမတည် ငြိမ်မှုရှိသော အတိတ်ကာလ ဆယ်စုနှစ်များက နိုင်ငံအနှံ့တော် လှန်ပုန်ကန်မှုဆီသို့ တစ်ကျော့ပြန် ခြင်းကို ဆိုလိုခြင်းမဟုတ်ဟု ဆို သည်။ သို့သော် ဤကာလရှည် ကြီးအတွင်း နက်နက်ရှိုင်းရှိုင်းဖြစ် ပေါ်ခဲ့သော တရားမမျှတမှု၊ မှား ယွင်းမှုများသည် နယ်စပ်ဒေသမလုံခြုံမှုများနှင့် စစ်ပုံသွင်းခြင်း ဆက်လက် ကိုင်စွဲမှုကို မဖော် ထုတ်နိုင်ဘဲ ကျန်ရှိစေမည်ဖြစ်ပြီး နိုင်ငံတော် တည်ဆောက်ရေးစီမံ ကိန်းများ မပြီးစီးဘဲ ကျန်ရစ်မည် ဆိုသည့်စွန့်စားရမှုကို ဆိုလိုခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

Tuesday, 15 September 2015

ဆီးရီးယားတွင် ရုရှား လေတပ်စခန်းတစ်ခု တည်ဆောက်နေဟု အမေရိကန်ပြောကြား



ဆီးရီးယားတွင် ရုရှားက ရှေ့တန်းထိုးစစ်အတွက် လေတပ်အခြေစိုက် စခန်းတစ်ခုကို ပြင်ဆင် ဆောက်လုပ်နေကြောင်း အမေရိကန်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြှင့်တင်လာသလို စစ်လက်နက် ထောက်ပံ့မှုများ အရှိန်မြှင့်လာခဲ့သည်။ အမေရိကန်က ဆီးရီးယား ပြည်တွင်းရေးတွင် ရုရှား ဝင်ရောက်စွက်ဖက်မှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသော်လည်း ရုရှားကမူ ယခုအခါ ဆီးရီးယားတွင် ပိုမိုကျယ်ပြန့်သည့် စစ်ရေးဖြန့်ကျက်မှုမျိုး ပြုလုပ်ရန် ခြေလှမ်းပြင်လာခဲ့သည်။

ဧရာဝတီမြစ်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံး


စက်တင်ဘာ ၁၂ ရက် က မန္တလေးခရိုင်ရှိ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ တစ်ရက်တည်း အမျိုးသားသုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။အမရပူရမြို့နယ် ဧရာဝတီ မြစ်အတွင်းရှိ ရှမ်းကလေးကျွန်း ကျေးရွာသို့ ၀င်ရောက်သည့် တံ တားအနီးရှိ မြစ်ထဲသို့ ညနေ ၅ နာရီက အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်နေသဖြင့် အနီးရှိ အမျိုးသားတစ်ဦးက ဆင်းကယ်ရာ ယင်းအမျိုးသားပါ ရေနစ်သေဆုံးသွားခဲ့ကြောင်း အမရပူရမြို့မရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။‘‘ရှမ်းကလေးကျွန်းမှာ မိုးရာ သီဆိုရင် ရေတက်တယ်။ နောက် ပြီး လေးယောက်နစ်တယ်လို့ ပြောနေကြတယ်။ နှစ်ယောက်ပဲ ရေ နစ်သေဆုံးသွားတာဖြစ်တယ်’’ဟု စခန်းမှူး ဦးမြင့်လွင်က ပြောသည်။အလားတူ ယင်းနေ့တွင်ပင် မဟာအောင်မြေမြို့နယ် သန်လျက်မှော်  အနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်ကမ်း   ပေပင် သဲဆိပ် ၌လည်း အမျိုးသားတစ်ဦး သည် ညအချိန်အရက်မူးပြီး  ရေ ဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့သည်။အဆိုပါအမျိုးသားရေနစ် သေဆုံးမှုနှင့် ပတ်သက်၍ အမရပူရနှင့် မဟာအောင်မြေမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းများတွင် သေမှုသေ ခင်းဖြင့် အမှုဖွင့်ခဲ့သည်။
7 day

DUO အမ်တီဗီထွက်ပြီးမှ ကျောင်းပြန်တက်မယ့် ကိကိ


ဘန်နီဖြိုးနှင့် ကိကိတို့ နှစ်ဦးပေါင်း၍ ပုံစံနှစ်မျိုးဖြင့် စီ စဉ်ထားသည့် DUO စီးရီး၏ အမ် တီဗီထွက်ရှိပြီးမှသာ ပြည်ပတွင် ကျောင်းပြန်တက်ရန် စီစဉ်ထား ကြောင်း အဆိုတော်ကိကိကပြော သည်။
‘‘ကျွန်တော်ကျောင်းပြန်သွား တက်ဖို့ကို အစောကြီးကတည်းက စီစဉ်နေတာ။ ဗီဇာအခက်အခဲနဲ့ ကိစ္စလေးနည်းနည်းရှိလို့ နှောင့် နှေးသွားတဲ့အချိန်မှာ ကျွန်တော်နဲ့ ဘန်နီနဲ့ပေါင်းပြီး ဒီအခွေကို ထုတ်ဖြစ်သွားတာပါ။ ဒါကြောင့် VCDထွက်မယ့်အချိန်ထိ ကျွန် တော်ဒီမှာပဲနေပြီး လုပ်သွားချင် လို့ ကျောင်းကို နောက်ဆုတ်လိုက် တာပါ’’ဟု ကိကိကပြောသည်။ကိကိနှင့်ဘန်နီဖြိုးတို့ နှစ် ဦးပေါင်းဖန်တီးထားသော DUO စီးရီးမှာ ပြီးခဲ့သည့်နှစ် အောက် တိုဘာတွင် အော်ဒီယိုစီဒီအဖြစ် ထွက်ရှိထားခဲ့သည်။

ပါတီတွင်း မဲခွဲမှုအရ အက်ဘော့တ်ကို ဖြုတ်ချပြီး ဩစတြေးလျ ဝန်ကြီးချုပ် ရာထူးကို တန်ဘူးလ်ရယူ


ပါတီတွင်း မဲခွဲဆုံးဖြတ်ချက်ဖြင့် အာဏာရ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်ကို ဖြုတ်ချပြီးနောက် မယ်လ်ကွမ် တန်ဘူးလ်သည် ဩစတြေးလျ နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက် ညပိုင်းက လစ်ဘရယ်ပါတီတွင် ခေါင်းဆောင်ပိုင်း နေရာအတွက် စိန်ခေါ်မဲခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အက်ဘော့တ် အရေးနိမ့်သွားခဲ့သည်။ စက်တင်ဘာ ၁၅ ရက်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်ဟောင်းနှင့် ရှေ့နေတစ်ဦးဖြစ်သူ တန်ဘူးလ်သည် ဩစတြေးလျ၏ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

အာကာသထဲ ဒုံးကျည်လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း မြောက်ကိုရီးယား ကြေညာ


တာဝေးပစ် ဒုံးကျည်အသစ်တစ်စင်း လွှတ်တင်နိုင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။
လာမည့်လတွင် ကျရောက်မည့် အာဏာရပါတီ ထူထောင်မှု နှစ်ပတ်လည် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် ကမ္ဘာပတ်လမ်းအတွင်းသို့ ဂြိုဟ်တုတစ်လုံးနှင့် တာဝေးပစ် ဒုံးကျည်တို့ လွှတ်တင်ရန် အစီအစဉ် ရှိနေကြောင်း ပါတီက ကြေညာသည်။
တောင်ကိုရီးယား၊ အမေရိကန်တို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက ၎င်းတို့၏ ဒုံးကျည်နည်းပညာကို သွယ်ဝိုက်သည့် နည်းလမ်းမျိုးဖြင့် ပြသခြင်းဟုလည်း ယုံကြည်ရသည်။ အလုပ်သမားပါတီ ထူထောင်မှု နှစ်ပေါင်း ၇၀ ပြည့် အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် မိမိတို့၏ ခမ်းနားတောက်ပသော သိပ္ပံပညာ အောင်မြင်မှုများကို ပြသသွားဖွယ် ရှိနေကြောင်း အမျိုးသား လေကြောင်း ဖွံ့ဖြိုးမှု စီမံကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံရေးရောဂါ ကာကွယ်ဆေးအမြန်ဆုံးထိုးကြပါ


ယခုလို ရွေးကောက်ပွဲနီး လာတဲ့ အခါသမယမှာ စာရေးသူကို မိတ် ဆွေအချို့က ဘယ်ပါတီကိုလော် ဘီ(Lobby)လုပ်မှာလဲလို့မေးကြ ပါတယ်။ စာရေးသူကတော့ဘယ် ပါတီကိုမှ လော်ဘီမလုပ်နိုင်ပါ ဘူး။ မဲဆန္ဒရှင်ပြည်သူတွေအ တွက်သာ လော်ဘီလုပ်ချင်တာပါ။

ဘာဖြစ်လို့လဲဆိုတော့ရွေး ကောက်ပွဲတစ်ရပ်ကျင်းပတယ် ဆိုတာ အစိုးရတစ်ဖွဲ့ပြောင်းလဲ ချင်လို့ ကျင်းပတာဖြစ်ပြီး တိုင်း ပြည်တိုးတက်အောင်အကောင် အထည်ဖော်နိုင်မယ့်သူတွေကို ရွေးချယ်ရတာဖြစ်တဲ့အတွက် မှန် မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ ပြည် သူ့ဘက်ကသာ ရပ်တည်ရခြင်း ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည် မှာ အစိုးရဆိုတာက အမြဲရှိနေမှာ ဖြစ်ပြီး အဲဒီအစိုးရအဖွဲ့ဝင်တွေကို သာ လေးနှစ်တစ်ကြိမ်ဖြစ်စေ၊ငါး နှစ်တစ်ကြိမ်ဖြစ်စေပြောင်းလဲဖို့ ပြည်သူ့ဘက်က အခွင့်အရေးရ တာဖြစ်ပါတယ်။ တိုင်းပြည်တိုး တက်အောင်မလုပ်နိုင်တဲ့သူတွေ ကိုပဲ ဆက်ရွေးချယ်နေမယ်ဆိုရင် တော့ တစ်ပါတီအာဏာရှင်စနစ် နဲ့ ထူးခြားမှာမဟုတ်ပါဘူး။