Sunday, 9 August 2015

တပ်မတော်အရာရှိအချို့ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းခန့်အပ်မှုအပေါ် ဝေဖန်မှုများရှိနေ

တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ခန့်ထားခြင်းအပေါ် ဆရာဝန်လောက အတွင်း ဝေဖန် ပြောဆိုမှုများ  မြင့်တက်နေ ကြောင်း သတင်းရရှိသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ရှစ်ဦးအား ကျန်းမာရေးဝန် ကြီးဌာနရှိ ကုသရေးဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရန် ဇူလိုင် ၂၈ နှင့် ၃၀ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ ကျန်းမာရေးဝန် ကြီးဌာန၊ ကုသရေးဦးစီး ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခန့်အပ်ခဲ့သည်။ ထိုသို့ခန့်ထားမှုအပေါ် ယခုရက်ပိုင်းအတွင်း ဝေဖန်မှု များ မြင့်တက်လာခြင်းဖြစ်သည်။
‘‘ဗိုလ်မှူးအဆင့်တို့၊ ဗိုလ်ကြီးအဆင့်တို့လောက်ဆို ဒီဘက်ပြောင်းလာရင် လက်ထောက်ညွှန်မှူးတို့၊ ဦးစီး အရာရှိတို့၊ အဲ့ဒီလိုမျိုးတွေ ခန့်လိုက်တော့ ရှိနေတဲ့ဆရာဝန်တွေက အများကြီးနစ်နာတာပေါ့။ ဘာလို့ဆို သူတို့မှာ ဒီလိုရာထူးရဖို့အတွက်ကို နှစ်ချီပြီးတော့ ဖြတ်သန်းရတာ။ ကျွန်တော်တောင် ၃၆ နှစ်လောက် လုပ် သက်ရမှ တိုင်းအဆင့်နဲ့ ပင်စင်ယူခဲ့ရတာ။ ဒါမျိုးက မဖြစ်သင့်ပါ ဘူး’’ဟု အငြိမ်းစားဆေးရုံအုပ်ကြီး တစ်ဦးက ဝေဖန်သည်။

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် လေဒီဂါဂါ

အမေရိကန်အဆိုတော် လေဒီဂါဂါသည် အမေရိကန် FX ရုပ်သံလိုင်း၏ American Horror Story: Hotel သည်းထိတ်ရင်ဖိုဒရာမာ ဇာတ်လမ်းတွဲ၌ ဟိုတယ်ပိုင်ရှင်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု ဇာတ်လမ်းတွဲဖန်တီးသူ ရိုင်ယန်မာဖီက သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။

ရေဘေးသင့် မိသားစုများအတွက် ကျန်းမာရေးသုံး ပစ္စည်းများ ဖြန့်ဝေမည်

ကယ်ဆယ်ရေးစခန်းများ ရှိ ရေဘေးသင့် မိသားစုများအ တွက် ကျန်းမာရေးသုံး ပစ္စည်းများကို တစ်ပတ်စာ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတင်းရရှိ သည်။
အဆိုပါ တစ်ပတ်စာ မိသား စုအသုံးအဆောင်ပစ္စည်းများကို မိသားစုဦးရေ တစ်သောင်းစာအ တွက် ထုတ်လုပ်သွားမည်ဖြစ်ပြီး အရေးတကြီး လိုအပ်လျက်ရှိ သည့် ရေဘေးသင့်ဒေသများသို့ ဦးစားပေး ဝေငှသွားမည်ဖြစ် သည်။

ဝေဖန်သုံးသပ်မှုနှင့် လွတ်လပ်သော အသံများကို ကြောက်ရွံ့နေမှု စဉ်းစားဆင်ခြင်ရန် မြန်မာအစိုးရအား ရန်ဟီးလီအကြံပြုပြောကြား

ဝေဖန်သုံးသပ်သောအသံ များနှင့် အမှီအခိုကင်း၍ လွတ် လပ်သောအသံများအပေါ် ကြောက်ရွံ့မှုကို ပြန်စဉ်းစားဆင် ခြင်ပါဟု မြန်မာအစိုးရအား အဓိ ကအကြံပြုလိုကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စရန်ဟီးလီက ငါးရက် တာ ခရီးစဉ်အပြီး မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခါနီးတွင် သ တင်းထောက်များအား ပြောကြား ခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် ပုသိမ်-ကြံခင်းရထား ခရီးတိုသာ ပြေးဆွဲနိုင်

ဧရာဝတီတိုင်းတွင် ရေ ကြီးရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော ကြောင့် ပုသိမ်-ကြံခင်း ရထား လမ်းပေါ် ရေကျော်နေ၍ လမ်း ကြောင်းပြည့်မပြေးဆွဲနိုင်ဘဲ ခရီး တိုသာပြေးဆွဲနေရကြောင်း မြန် မာ့မီးရထားမှ သတင်းရရှိသည်။

ပုသိမ်-ကြံခင်း ရထားခရီး စဉ်အတွင်း ဒါးကဘူတာနှင့်ဂုံမင်း ဘူတာကြားတွင် ရထားလမ်းရေ ကျော်မှု ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါ လမ်းပိုင်းတစ်ခုလုံး၏ လမ်းကြောင်းပြည့်ရထားပြေးဆွဲ မှုကို သြဂုတ် ၆ ရက်က ရပ်နားခဲ့ပြီး ခရီးတိုပြေးဆွဲမှုများ စတင်ဆောင်ရွက်ခဲ့သည်။

ပြေးဆွဲနေသော ခရီးတိုများ မှာ ကြံခင်းဘူတာမှ ဟင်္သာတဘူ တာအထိ အသွားအပြန်အမြန်ရ ထားတစ်စီးနှင့် ကြံခင်း ဘူတာမှ အသုတ်ဘူတာအထိ အသွားအပြန် စာပို့ရထားတစ်စီးပြေးဆွဲပေး နေသည်။

ပနားမားတူးမြောင်းတွင် ဖြတ်သန်းမည့် သင်္ဘောများ ကုန်ပစ္စည်းကန့်သတ်

အယ်လ်နီညိုဖြစ်နေသော ရာသီဥတုအခြေအနေကြောင့် မိုးခေါင်ရေရှားဖြစ်ပေါ်နေသဖြင့် ပနားမားတူးမြောင်းကို ဖြတ်သန်းမည့် သင်္ဘောများ၏ ကုန်ပစ္စည်းပမာဏအား ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း ပနားမားအာဏာပိုင်များက ပြောကြားသည်။

 ရေထဲနစ်နေသည့် သင်္ဘောကိုယ်ထည်အမြင့်ကို စက်တင်ဘာ၈ ရက်မှစ၍ ၁၁ ဒသမ ၈၉ မီတာ (၃၉ ပေ)အများဆုံးသတ်မှတ်သွားမည်ဟု ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသောကြောင့် အတ္တလန်တစ်နှင့် ပစိဖိတ်သမုဒ္ဒရာသို့ ဆက်သွယ်ထားသည့် ပနားမားတူးမြောင်းကို ပုံမှန်ဖြတ်သန်းသွားလာနေသော သင်္ဘောများ၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်းထိခိုက်မည်ဖြစ်သည်။

ဘရာဇီးတွင် ရေထုညစ်ညမ်းမှု ဆန့်ကျင်သူ များ ဂွါနာဘာရာပင်လယ်အော်တွင် ဆန့်ကျင်ဆန္ဒပြ

ဘရာဇီးနိုင်ငံတွင် လာမည့်နှစ် အိုလံပစ်ရွက်လှေပြိုင်ပွဲများ ကျင်းပမည့် ရီယိုဒီဂျနေးရိုးမြို့ရှိ ညစ်ပတ်နေသော ဂွါနာဘာရာပင်လယ်အော်၌ ဖြစ် ပေါ်နေသည့် ရေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် အာဏာပိုင်များ ပျက်ကွယ်မှုအပေါ် ဆန့်ကျင်သူများက ရွက်လှေများ၊ ငါးဖမ်းလှေ များဖြင့် ဆန္ဒပြခဲ့ကြသည်။
 ရွက်လှေများ၊ ငါးဖမ်းလှေများ၊ ကနူးလှေများအပါအ၀င် လှေပေါင်း ၃၀ ကျော်တို့ဖြင့် ဆန္ဒပြသူများက မရီနာဒီဂလိုရီယာ ဆိပ်ကမ်းမှ ထွက်ခွာလာကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
   

ဘူးသီးတောင်၊ မောင်တော ရေဘေးသင့် ဒုက္ခသည်များ အကူအညီ အမြန်ဆုံးလိုအပ်နေ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ရေကြီးမှုဒဏ်ကြောင့် ဒုက္ခရောက်နေကြသော ဒေသခံ များမှာ အစိုးရအပါအင် ကယ်ဆယ်ရေး အဖွဲ့အစည်းများ လာရောက်ကူညီခြင်းမရှိ၍ ယခုအကူအညီများ အမြန်ဆုံးလိုအပ်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက “ကယ်ဆယ်ရေးကတော့ အဖွဲ့အငယ်လောက်ပဲ ရောက်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့လေမုန် တိုင်းကြောင်းနဲ့ ရေကြီးမှုမှာ ပါသွားတဲ့ ရိက္ခာ၊ ပြီးတော့ လယ်သမားတွေမှာလည်း စပါးတွေ၊ ဆန်တွေ၊ လယ်ယာမြေတွေ ဆုံးရှုံးသွားတော့ လာရောက်အကူအညီပေးတာကလည်း နည်းပါတယ်။

ဘင်္ဂလားဒေ့ရှ်က မြန်မာရေဘေးအတွက် ကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထား

မြန်မာရေဘေးသင့်သူများအား ကူညီထောက်ပံ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း တတပ်တအား ပါဝင်ကာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထားထားသည်ဟု သိရသည်။
မြန်မာနိုင်ငံက ရေဘေးသင့်သူများအတွက် လုပ်ဆောင်ဆဲ ကယ်ဆယ်ရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများအား ထောက်ပံ့မှုကို တိုးချဲ့ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကန်ဒေါ်လာ ၀.၈သန်းကို လျာထားသတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာရေဘေးသင့် ပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်က ဆေးဝါးများ၊ အရေးပေါ်ကိရိယာများ၊ ရေသန့်စက်များ၊ တဲများနှင့် ခြုံဆောင်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ပထမအသုတ် ဆေးဝါးများကို မကြာမီ လေယာဉ်ဖြင့် တင်ပို့နိုင်မည်ဟု မျှော်လင့်ရသည်။

Facebook နှင့် Save the Children ပူးပေါင်းပြီးရေဘေး ကယ်ဆယ်ရေး အတွက်နိုင်ငံတကာမှ လှူဒါန်းနိုင်ရန်စီစဉ်

 လူမှုကွန်ရက် Facebook နှင့် Save the Children တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေး အတွက် နိုင်ငံတကာမှ ငွေကြေးထည့်ဝင် လှူဒါန်းနိုင်မည့် အစီအစဉ်ကို  သြဂုတ် ၉ ရက်တွင် စတင် လိုက်ကြောင်း Save the Children ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
လှူဒါန်းလိုသူများအနေဖြင့် www.facebook.com/myanmarfloodrelife တွင် လှူဒါန်းလိုသည့် ပမာ ဏကို Visa, Master, American Express, Discover, Paypal ကဒ်တို့မှ တဆင့် လှူဒါန်းနိုင်ပြီး လက်ခံ ရရှိသည့် ငွေပမာဏအတိုင်း Save the Children မှတဆင့် မြန်မာနိုင်ငံ ရေဘေးကယ်ဆယ် ရေးများသို့ တိုက်ရိုက်လှူဒါန်းမည် ဖြစ်သည်။

အာရပ်နိုင်ငံများသို့ ဂျာမနီ လက်နက်ရောင်းချမှုများ ၅၀ ရာခိုင်နှုန်းမြင့်တက်လာ

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများသို့ ဂျာမနီနိုင်ငံမှ လက်နက်တင်ပို့ရောင်းချမှုသည် ၂၀၁၅ ပထမနှစ်ဝက်တွင် နှစ်ဆမြင့်တက်လာခဲ့သည်။ ဂျာမန်တင့်ကားများက လက်နက်တင်သွင်း သည့်နိုင်ငံများကြား ပိုရေပန်းစားလျက်ရှိသည်။
ဂျာမနီဒုတိယဝန်ကြီးချုပ် ဆစ်ဂမာဂါဘရီယယ်က နိုင်ငံခြားတိုင်းပြည်များသို့ လက်နက်တင်ပို့ခြင်းများကို လျှော့ချမည်ဟု အစောပိုင်းက ကြေညာထားသော်လည်း ယခုလိုမြင့်တက်နေခြင်းဖြစ်ကြောင်း ဂျာမနီအပတ်စဉ်ထုတ်သတင်းစာ Der Spiegel တွင် သြဂုတ် ၈ ရက်က ဖော်ပြသည်။

အိန္ဒိယ ဂျာခန်းပြည်နယ်တွင် အမျိုးသမီး၅ဦးကို စုန်းမဟုဆိုကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်

အိန္ဒိယနိုင်ငံ ရန်ချီခရိုင်အတွင်းရှိ လူမျိုးစုကျေးရွာတစ်ရွာတွင် အမျိုးသမီး ၅ဦးကို စုန်းအတတ်ဖြင့် ပြုစားသည်ဟုဆိုကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်ခဲ့သောကြောင့် ရဲက သတ်ဖြတ်မှုနှင့် ဆက်နွှယ်နေသည့် ရွာသား၂၇ဦးကို ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။
အသက်၃၂နှစ်မှ အသက်၅၀ကြား အမျိုးသမီးများကို ကင်ဂျီအာကျေးရွာ၌ လွန်ခဲ့သောည သန်းခေါင်ယံအချိန်တွင် ရွာသားများက တုတ်များဖြင့် အသေရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲလက်ထောက် စစ်ဆေးရေးမှူးချုပ် အာရွန် ကူးမားက ပြောကြားခဲ့သည်။  ထို့နောက် ရုပ်အလောင်းများကို အိတ်များအတွင်းထည့်ကာ ရွာပြင်သို့ လွှင့်ပစ်ခဲ့ကြသည်ဟု ဆိုသည်။

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခက်အခဲများ

မိမိတို့နိုင်ငံ၏ သမိုင်းတွင် မည်သည့်အခါကမျှ မကြုံဘူးသည့် ရေကြီးရေလျှံမှု ဘေးဥပါဒ် အန္တ ရာယ်ကြီးကို လွန်ခဲ့သည့် ဆယ်ရက်ကျော်ကတည်းက နေရာအနှံ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ မိ မိ တို့တိုင်းပြည် တိုင်းနှင့်ပြည်နယ်ကြီး ၁၄ ခု ရှိသည့်အနက် ၁၁ ခု မှာ ရေဘေးသင့် ဒေသများ ဖြစ်ခဲ့ ကြရသည်။
နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် သဘာဝ ဘေးဥပါဒ် အန္တရယ်ကျရောက် နေသော ဒေသများအဖြစ် ပြည်နယ်နှင့်တိုင်း ၄ ခုကို ထုတ်ပြန် ကြေညာခဲ့ရသည်။
ရေဘေး ဘာ့ကြောင့် ကြီးလာခဲ့ရသနည်းဆိုသည့် ကောက်ချက်များက အမျိုးမျိုးအစားစား ကွဲပြားလျက်ရှိသည်။ တသံတည်းထွက်သည့် အဖြေတစ်ခုရဖို့ ဆိုသည်မှာလည်း လွယ်ကူသည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ တိုင်းပြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ် ကတည်းက ပွင့်လင်းမြင်သာသည့် တိုင်းပြည်မဟုတ်ခဲ့သည့်အတွက် ရှင်းလင်းတိကျသည့် ကောက်ချက်များ ချဖို့ဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။

“ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့ပြီ ”

အများက ကြိုတင် မျှော်လင့်မထားပါဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န် အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းတို့ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့ပါပြီ။ ဘာကြောင့် ဒီလို လမ်းခွဲခဲ့ပြီလို့ ပြောနိုင်ရတာလဲ၊ ဒီအတွက် ဘယ်သူတွေမှာ တာဝန်ရှိ သလဲ၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ တင်ပြသွားပါ့မယ်။
အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းက ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၈ ယောက် အင်န်အယ်လ်ဒီပါတီ အလံတော်အောက်ကနေ အမတ်လောင်းတွေအဖြစ် ရွေးကောက်ပွဲ ဝင်ဖို့ စာရင်းတင်ပါတယ်။ နှစ်ဘက် အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေအကြား ဘယ် လို ညှိနှိုင်းပြော ဆိုမှုတွေ ရှိခဲ့တယ်ဆိုတာ ဒီကနေ့အချိန် ထုတ်ဖော်ပြောဆိုကြတာ မရှိပါဘူး။ အင်န်အယ်လ်ဒီ ပြောခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ၈၈ မျိုးဆက် အဖွဲ့ဝင်တွေကို တိုက်ရိုက် အမတ်လောင်းအနေနဲ့ ရွေး ချယ်မယ်၊ အင်န်အယ်လ်ဒီ ပါတီ အလံအောက်က ရွေးကောက်ပွဲ ဝင်ပါ ဆိုပြီး တိတိကျကျ ဖိတ်ခေါ် ထားတာမျိုး မရှိဘူးလို့ ပြောဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ကိုမြအေးကတော့ “ အထွေအထူး မပြောချင်ပါဘူး၊ တရားကို နတ်စောင့်တယ်” ဆိုတဲ့ အဖြေ ပေးပါတယ်။

Friday, 7 August 2015

နယ်ချဲ့ဝါဒကို ဆန့်ကျင်သည့် အနေဖြင့် မြောက်ကိုရီးယား၏ အချိန်ဇုန် ပြောင်းလဲသတ်မှတ်

နယ်ချဲ့ဝါဒကို ဆန့်ကျင်သည့် လုပ်ဆောင်မှု တစ်ရပ်ဟု ကြေညာကာ မြောက်ကိုရီးယားက ၎င်းတို့၏ အချိန်ဇုန်ကို ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေး ရရှိလာခြင်းဖြစ်ပြီး ဂျပန်တို့ကို ယနေ့တိုင် နယ်ချဲ့များအဖြစ် စွပ်စွဲနေဆဲ ဖြစ်သည်။ တစ်ကမ္ဘာလုံး အသိအမှတ် ပြုထားသည့် သတ်မှတ်ချက်အရ မြောက်ကိုရီးယားသည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် အချိန်ဇုန် တူညီပြီး ဂရင်းနစ်စံတော်ချိန်ထက် ၉ နာရီ ပိုစောသည်။
ရုရှားနိုင်ငံသည် တရားမဝင် တင်သွင်းလာကြောင်း စွပ်စွဲချက်ဖြင့် သိမ်းယူထားသည့် အနောက်တိုင်း အစားအသောက် တန်ပေါင်းများစွာကို ဘူဒိုဇာများဖြင့် နင်းချေ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
တောင်များသဖွယ် မြင့်မောက်နေသည့် တန်ပေါင်းများစွာသော ချိစ်များ၊ သစ်သီးများ၊ ဝက်ဆားနယ်ခြောက်များ အပါအဝင် အနောက်နိုင်ငံများမှ တင်သွင်းလာသည့် အစားအသောက်များကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းအစားအသောက်များသည် စည်းကြပ် ပိတ်ပင်မှုကို ဖောက်ဖျက်ကာ ရုရှားနိုင်ငံအတွင်း တင်သွင်းလာကြောင်း ရုရှား အစိုးရက စွပ်စွဲထားသည်။
ပြီးခဲ့သည့်နှစ်က ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက ၎င်းတို့ပိုင်နက် နယ်မြေအဖြစ် သိမ်းယူလိုက်ခြင်းကို အနောက်နိုင်ငံများက ဆန့်ကျင်ကာ အရေးယူ ပိတ်ဆို့မှုများ ပြဋ္ဌာန်း သတ်မှတ်ခဲ့သည့်နောက် ရုရှားကလည်း လက်စားချေသည့် အနေဖြင့် အနောက်နိုင်ငံဖြစ် ကုန်စည်အချို့ကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ဆော့ဖ်ဝဲဘွဲ့လွန်ဒီပလိုမာသင်တန်း မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်လှစ်မည်

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယ နိုင်ငံရှိ Bangalore သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ Post Graduate Diploma in Software Development သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒီပလိုမာသင်တန်းကို မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် စက်တင်ဘာ ၁၀ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ကိုးလကြာမြင့်မည်ဖြစ်ကာ သင်တန်းကြေး ကျပ် ငါးသိန်း ပေးသွင်းရမည်ဖြစ်သည်။
မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် သင်တန်းတက်ရောက် နေစဉ် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်ကာ နေထိုင် စရိတ်များကို မိမိအစီအစဉ်ဖြင့် သုံးစွဲရမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများသည် M.C.Sc ၊ M.C.Tech၊ M.I.Sc(Hons)၊ B.C. Tech(Hons)၊ ME(IT)နှင့် BE(IT)ဘွဲ့ကို ၂၀၁၂ ဇွန်လ ၃၀ ရက် နောက်ပိုင်းတွင် ရရှိပြီး အတန်းစဉ်အလိုက် ပျမ်းမျှရမှတ် ၆၀ ရာခိုင် နှုန်းအထက်ရရှိသူများ လျှောက်ထားနိုင်ဖြစ်သည်။

မုန်တိုင်းပိုအားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ပိုနီးလာသော်လည်း မြန်မာသို့ မ၀င်ဟု ပညာရှင်များ ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဘက်သို့ ပိုမိုနီးကပ်လာသော်လည်း အိန္ဒိယကမ်းခြေသို့သာ ၀င်ရောက်မည်ဖြစ်ကြောင်း မိုး/ဇလပညာရှင်ဒေါက်တာဦးထွန်းလွင်က ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် သတိပေးထားသည်။
သို့သော် မုန်တိုင်းအရှိန်ကြောင့်လာမည့် ၂၄နာရီအတွင်း ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်ဒေသအလိုက်မိုးကြီးနိုင်ပြီး ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဦးကိုကိုကြီး ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်

၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး ၄င်းအား ထောက်ခံအားပေးသည့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း ပြောကြားသည်။

“မဲကွဲမှာစိုးလို့ NLD က ၀င်ခဲ့တယ်။ အခု မဲကွဲမှာစိုးလို့ တစ်သီးပုဂ္ဂလလည်း ၀င်မပြိုင်တော့ဘူး။ ကျွန်တော် ရွေးကောက်ပွဲမ၀င်တော့ပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ရေရှည်နိုင်ငံရေးအတွက်တော့ ခင်ဗျားတို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်တော် ဖြည့်ဆည်းပေးသွားမယ်ဆိုတာကို ယုံကြည်လိုက်ပါ” ဟု ဦးကိုကိုကြီးကပြောကြားခဲ့သည်။

Thursday, 6 August 2015

မြန်မာယူ-၁၆ အသင်း ဆီမီးဖိုင်နယ်တွင် အုပ်စုအတွင်း ရှုံးပွဲမရှိသည့် လာအို အသင်းနှင့် တွေ့ဆုံ

၂၀၁၅ အဆီယံ ယူ-၁၆ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာယူ-၁၆ အသင်းသည် နောက်ဆုံးအုပ်စုအဆုံးအဖြတ်ပွဲစဉ်တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ၃-၀ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို အုပ်စုဒုတိယနေရာဖြင့် တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း သည် ဆီမီးဖိုင်နယ်တွင် အုပ်စု(က) အုပ်စုပထမအသင်းဖြစ်သည့် လာအို အသင်းနှင့် တွေဆုံကာ သြဂုတ်လ ၇ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွား မည် ဖြစ်သည်။