အမျိုးသား ပညာရေး ဥပဒေအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ စိန်ရတုခန်းမတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့က တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လေးပွင့်ဆိုင် တွေ့ဆုံပွဲကို သမ္မတက ဖေဖေါ်ဝါရီ ၁၂ရက် နောက်ပိုင်းကို ရွှေ့ဆိုင်းသည့် အတွက် ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၄ ရက်တွင် ပြန်လည်စတင်မည်ဟု ထားဝယ် နည်းပညာ တက္ကသိုလ်မှ သပိတ်ခေါင်းဆောင် ကိုမင်းလွင်က မဇ္ဈိမကို ပြောသည်။