Friday, 23 January 2015

မြန်မာ ယူ ၂၀ အသင်း တူရကီ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများရရှိ

Photo: မြန်မာ ယူ ၂၀ အသင်း တူရကီ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများရရှိ
Friday, January 23, 2015

နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသည့် မြန်မာ ယူ ၂၀ အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပြီး ရလဒ်ကောင်းများ ရရှိနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

တူရကီနိုင်ငံသို့ ဇန်နဝါရီလ ၁၇ ရက်နေ့က သွားရောက်လေ့ကျင့်နေသည့် မြန်မာ ယူ ၂၀ အသင်းသည် ပထမခြေစမ်းပွဲအဖြစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ကာဂျစ်ကစ္စတန်ကလပ် Taraza အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီ သရေကျခဲ့ပြီး ယင်းပွဲတွင် နန္ဒကျော်နှင့် အောင်သူတို့ ဂိုးသွင်းယူခဲ့သည်။

ဒုတိယခြေစမ်းပွဲအဖြစ် အဇာဘိုင်ဂျန် ယူ ၂၁ အသင်းနှင့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထပ်မံခြေစမ်းကစားခဲ့ရာ အောင်သူနှင့် နန္ဒကျော်တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးဂိုးမရှိ ရလဒ်နှင့် အနိုင်ယူခဲ့သည်။

ကာဂျစ်ကစ္စတန်ကလပ် Taraza အသင်းသည် ၂၀၁၄ ခုနှစ် ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် အဆင့် ၁၁ ရခဲ့ပြီး ရှုံးထွက်ဖလားပြိုင်ပွဲတွင် ကွာတားအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

အဆိုပါ Taraza အသင်းကို ၁၉၆၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲ တစ်လျှောက် အမှတ်ပေး ချန်ပီယံတစ်ကြိမ်၊ ရှုံးထွက်ဖလား တစ်ကြိမ် ရယူထားသည့်အသင်း ဖြစ်သည်။

အဇာဘိုင်ဂျန် ယူ ၂၁ အသင်းသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် ဥရောပ ယူ ၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် ပေါ်တူဂီ၊ အစ္စရေး၊ နော်ဝေ၊ မက်ဆီဒိုးနီးယား အသင်းတို့နှင့် ကစားခဲ့ပြီး ရှစ်ပွဲကစားခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲ ရှုံးဖြင့် အဆင့်လေးနေရာ ရရှိခဲ့သည့် အသင်းဖြစ်သည်။

မြန်မာ ယူ ၂၀ အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲငါးပွဲ ကစားရန် စီစဉ်ထားပြီး တတိယမြောက် ခြေစမ်းပွဲအဖြစ် အီရန်ယူ ၂၂ အသင်းနှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ကျန်နှစ်ပွဲအတွက်ကိုမူ ညှိနှိုင်းဆဲသာ ရှိသေးကြောင်း MFF က ထုတ်ပြန်ထားသည်။

မြန်မာအသင်းသည် ယင်းခြေစမ်းခရီး အပြီးတွင် မြန်မာနိုင်ငံ၌ ပြန်လည်လေ့ကျင့်မည် ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း လူငယ်ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားသည့် ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ကာတာအသင်းတို့နှင့် မြန်မာနိုင်ငံတွင် ဖိတ်ခေါ်ခြေစမ်းဦးမည် ဖြစ်သည်။

ယင်းနောက်တွင် ဂျာမနီ၊ အင်္ဂလန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သို့ သွားရောက်ကာ ခြေစမ်းပွဲများကစားရန် စီစဉ်ထားပြီး အဆိုပါ ခြေစမ်းခရီးများအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားထားသည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီနိုင်ငံသား နည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျက တာဝန်ယူ လေ့ကျင့်ပေးနေပြီး ကြံ့ခိုင်ရေးနည်းပြများ အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ ဂျက်ဖာ၊ ဂျာမနီနိုင်ငံသူ ဂျူးဒစ်တို့နှင့်အတူ ကစားသမား ၂၁ ဦးနှင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

The Voice Weekly
နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီ နိုင်ငံတွင် သွားရောက်လေ့ကျင့်လျက်ရှိသည့် မြန်မာ ယူ ၂၀ အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပြီး ရလဒ်ကောင်းများ ရရှိနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အိန္ဒိယခရီးစဉ်အတွင်း မိုဒီ၏လစဉ်ရေဒီယို အမေးအဖြေကဏ္ဍတွင် အိုဘားမား ပါဝင်မည်

Photo: အိန္ဒိယခရီးစဉ်အတွင်း မိုဒီ၏လစဉ်ရေဒီယို အမေးအဖြေကဏ္ဍတွင်
အိုဘားမား ပါဝင်မည်
Friday, January 23, 2015

လာမည့်သီတင်းပတ်တွင် ပြု လုပ်မည့် အိန္ဒိယဝန်ကြီးချုပ်နာရန် ဒရာမိုဒီ၏ လစဉ်ပုံမှန်ပြုလုပ်နေကျ ရေဒီယိုမှ ထုတ်လွှင့်မည့်တယ်လီဖုန်း ဖြင့် အမေးအဖြေ အစီအစဉ်တွင် အမေရိကန် သမ္မတဘားရက်အိုဘား မားပါ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။

အိုဘားမားသည် လာမည့်တနင်္ဂ နွေနေ့တွင် အိန္ဒိယနိုင်ငံသို့ ရောက် ရှိမည်ဖြစ်ပြီး ထိုခရီးစဉ်၏ အစိတ် အပိုင်းတစ်ရပ်အနေဖြင့် မိုဒီ၏ရေဒီ ယိုအစီအစဉ်တွင် ပါဝင်မည်ဖြစ် သည်။

ထိုကြေညာချက်ကို မိုဒီက ၄င်း၏ တွစ်တာစာမျက်နှာတွင်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

မိုဒီက ဇန်နဝါ ရီ ၂၇ရက်က Mann ki Baat (နှ လုံးသားမှ) ဟု အမည်ရသော အစီ အစဉ်တွင် ပြည်သူများအနေဖြင့် ၄င်းတို့မေးခွန်းများကို ပေးပို့ရန်လည်း တောင်းဆိုခဲ့သည်။

''ယခုလ Mann ki Baat အစီ အစဉ်မှာ အထူးဧည့်သည်တော် တစ်ယောက်ပါဝင်မှာပါ။ သူကတော့ အမေရိကန်သမ္မတပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် အတူတူ မေးခွန်းတွေကို ဖြေကြားသွားမှာ ပါ''ဟု မိုဒီက ၄င်း၏တွစ်တာတွင် ရေးသားဖော်ပြထားသည်။ ဇန်နဝါ ရီ ၂၇ရက် အစီအစဉ်ကို အိန္ဒိယနှင့် အမေရိကန်နှစ်နိုင်ငံကြားက အထူး ဆက်ဆံရေး အနေနဲ့တင်ဆက်သွား မှာပါဟုလည်း ပါရှိသည်။

Ref: The Straits Times
Democracytoday
လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အိန္ဒိယဝန်ကြီးချုပ်နာရန် ဒရာမိုဒီ၏ လစဉ်ပုံမှန်ပြုလုပ်နေကျ ရေဒီယိုမှ ထုတ်လွှင့်မည့်တယ်လီဖုန်းဖြင့် အမေးအဖြေ အစီအစဉ်တွင် အမေရိကန် သမ္မတဘားရက် အိုဘား မားပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန် ၁ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်အမျိုးသမီးတဦး ထပ်မံသေဆုံးသွားတယ်လို့ နိုင်ငံတကာ သတင်း တွေမှာ ရေးပါတယ်။

ယူကရိန်းတွင် ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အပစ်အခတ်ရပ်စဲရေးကို တောင်းဆို

Photo: ယူကရိန်းတွင် ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အပစ်အခတ်ရပ်စဲရေးကို တောင်းဆို
Friday, January 23, 2015

ရုရှား၊ ယူကရိန်း၊ ဂျာမနီနှင့် ပြင်သစ်တို့မှ နိုင်ငံခြားရေးဝန်ကြီး များသည် ယူကရိန်းတွင် ဖြစ်ပွားနေ သော တိုက်ပွဲများရပ်ဆိုင်း ရန် တောင်း ဆိုမှုများနှင့်အတူ ယမန်နေ့က ဘာ လင်တွင်ပြုလုပ်သော နောက်ဆုံး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သော် လည်း တိုက်ပွဲများရပ်ဆိုင်းရေးသ ဘောတူညီချက်မရရှိခဲ့ဟု AFP သ တင်းများအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် ယူ ကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလား သော သူပုန်များနှင့် ယူကရိန်းအစိုး ရတို့ကြား ပဋိပက္ခဖြစ်ပွားမှုကို အ ဆုံးသတ်နိုင်မည့် သဘောတူညီချက် ရရှိရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

သံတမန်လေးဦးစလုံးသည် ရန်စ လှုံ့ဆော်မှုများ အဆုံးသတ်စေရေး နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် မှုရပ်ဆိုင်းရန် သဘောတူ ညီကြရ မည်ဖြစ်သည်။

''အပစ်အခတ်ရပ်စဲ ရေးသဘောတူခဲ့တယ်လို့ ကျွန်တော် မပြောလိုပါဘူး၊ ဒါပေမဲ့ ဒီနေ့ဆွေး နွေးပွဲဟာ တိုးတက်မှုရှိတယ် လို့တော့ထင်ပါတယ်''ဟု ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးဖရန့်ဝေါလ်တာစတင်မီအာ က ပြောသည်။

ထိုဆွေးနွေးပွဲသည် အဖွဲ့ဝင်အားလုံး၏ စိတ်ရှည်သည်း ခံမှုကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ၎င်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်၊ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးပါဗ်လိုကလင်မ်တင် နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius တို့နှင့် ဆွေးနွေးပွဲ ပြီးနောက် ပြောကြားခဲ့သည်။

ဝန်ကြီးများသည် ကာဇက်စတန် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး မကျင်းပမီ ထိရောက်သော အပစ်အ ခတ်ရပ်စဲရေးနှင့် ပဋိပက္ခဖြစ်ပွားရာ နေရာသို့ လူသားချင်းစာနာထောက် ထားမှုအထောက်အပံ့များ ပေးပို့ရေး သဘောတူညီချက်အပါအဝင် Minsk မြို့တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်ကို အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

Ref : AFP
Democracytoday
ရုရှား၊ ယူကရိန်း၊ ဂျာမနီနှင့် ပြင်သစ်တို့မှ နိုင်ငံခြားရေးဝန်ကြီး များသည် ယူကရိန်းတွင် ဖြစ်ပွားနေ သော တိုက်ပွဲများရပ်ဆိုင်း ရန် တောင်း ဆိုမှုများနှင့်အတူ ယမန်နေ့က ဘာ လင်တွင်ပြုလုပ်သော နောက်ဆုံး ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သော် လည်း တိုက်ပွဲများရပ်ဆိုင်းရေးသ ဘောတူညီချက်မရရှိခဲ့ဟု AFP သ တင်းများအရ သိရသည်။

စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်

Photo: စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်
Friday, January 23, 2015

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ အကြား “၇” ကြိမ်မြောက် ဆွေးနွေးပွဲ စနိုင်ဖို့ အကြိုညှိနှိုင်းမှုကို မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နဲ့ NCCT တို့ အခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ညှိနှိုင်းမှုတွေ အပြီးမှာတော့ UPWC နဲ့ NCCT တို့အကြား “၇” ကြိမ်မြောက် ဆွေးနွေးပွဲ စနိုင်ဖို့နေ့ရက်ကို မထုတ်ပြန်နိုင်တဲ့ အပြင် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက် မဖြစ်နိုင်သေးကြောင်း သိရပါတယ်။

ပြည်ထောင်စုနေ့မှာ လက်မှတ်မထိုးဖြစ်နိုင်သေးတဲ့ အခက်အခဲတွေ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တို့အကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး NCCT ရဲ့ သဘောထားတွေကို NCCT ရဲ့ ဒုဥက္ကဌ လည်းဖြစ် KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ်လည်း ဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော် ကို ဧရာဝတီ သတင်းထောက်တွေ ဖြစ်တဲ့ ကျော်ခနဲ့ ငြိမ်းငြိမ်းတို့က မေး မြန်း ထားပါတယ်။

မေး ။ ။ ဒီကနေ့ ဆွေးနွေးပွဲမှာ ရှိတဲ့ NCCT ခေါင်းဆောင်တွေကို ဝန်ကြီး ဦးအောင်မင်းကနေ အမှာစကား ပါးလိုက်တယ်လို့ ကြားပါတယ်။ ဘာတွေလဲဆိုတာ ရှင်းပြပေးပါဦး။
ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့နဲ့ ၇ ကြိမ်မြောက် (UPWC နဲ့ NCCT ဆွေးနွေးပွဲ) အတွက် ကြိုတင်ပြင်ဆင်ရေးတွေ သေချာလုပ်ကြမယ်။ နောက်အစိုးရဘက်မှာလည်း သူတို့ဘက်ကနေပြီးတော့ ဒီကိစ္စတွေကို အောင်မြင်အောင် ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းကို အဓိက ပြောတာ ဖြစ်ပါတယ်။

မေး ။ ။ NCCT ဘက်ကလည်း အစည်းအဝေး အပြီးမှာ MPC က ကိုယ်စားလှယ်တွေ ကတဆင့် အမှာစကား ပြန်ပါးလိုက်တယ်လို့ ကြားပါတယ်။ အဲဒါကရော ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ အထူးအထွေမရှိပါဘူး။ အရင်တုန်းက ကျနော်တို့ ပြောထားတဲ့ ဒီ ၇ ကြိမ်မြောက်မှာ ဘယ်လို ဖြစ်ချင်သလဲ။ အစည်းအဝေး Agenda (အစီအစဉ်) တွေ ဘယ်လို လုပ်ချင်သလဲဆိုတဲ့ အပိုင်းကိုပဲ ကျနော်တို့က ထပ်ပြီး မှာလိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့ ဆိုတဲ့ကိစ္စက ဖြစ်လာနိုင်မယ့် အလားအလာ ရှိလား။
ဖြေ ။ ။ ဒီအတိုင်းဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၇ ကြိမ်မြောက် အစည်းအဝေးတွေ မကျင်းပနိုင်ဘဲနဲ့တော့ နောက်တဆင့်ကို သွားနိုင်ဖို့ မလွယ်ပါဘူး။

မေး ။ ။ ၇ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်မြောက်ရေး လောလောဆယ် ရက် မသတ်မှတ်နိုင်သေးတာက ဘာကြောင့်လဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်တို့ စက်တင်ဘာလမှာ Road map အပါအဝင် တချို့ ခေါင်းစဉ်တွေမှာ ဆွေးနွေးရတဲ့အခါမှာ အခက်အခဲတွေ ရှိသွားတယ်။ အဲတော့ ဒီဟာတွေ မကျော်ဖြတ်နိုင်ဘဲနဲ့တော့ ကျနော်တို့က နောက်အစည်းအဝေးအတွက် Agenda (အစီအစဉ်) တွေ မဆွဲနိုင်သေးပါဘူး။ အဲဒီတော့ နောက်အစည်းအဝေး ၇ ကြိမ်မြောက်ကို ဘယ်လိုပုံစံ သွားမလဲဆိုတာ ကျနော်တို့က ဆွေးနွေးတယ်။

နောက်ဒုတိယ အချက်ကတော့ ကျနော်တို့ အခုပြန်ပြီးဖြစ်နေတဲ့ တိုက်ပွဲတွေကို ဘယ်လို ရပ်တန့်အောင်လုပ်မလဲ။ နောက် ကျနော်တို့ ဗိုလ်လောင်းသင်တန်းကျောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စကိုလည်း ကျနော်တို့က မသိကျိုးကျွန်ပြုပြီး နေလို့လည်း မရဘူး။ ဒီဟာကို အပြုသဘောနဲ့ အရင်ဖြေရှင်းပြီးမှ သွားသင့်တယ်။ ဒီတော့ အစည်းအဝေး အစပိုင်း Agenda မှာ ဒီဟာတွေ ပါသင့်တယ်လို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

မေး ။ ။ လိုင်ဇာပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လိုင်ဇာ၊ ဒါမှမဟုတ် မြစ်ကြီးနားမှာ ဆွေးနွေးပွဲ လုပ်မယ်လို့လည်း ကြားထားတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရော ဆွေးနွေးဖြစ်လား။
ဖြေ ။ ။ အရင် ကျနော်တို့ NCCT က တောင်းဆိုထားတာကတော့ မြစ်ကြီးနားမှာလုပ်ဖို့လို့ တောင်းဆိုထားပါတယ်။ သို့သော်လည်းပဲ မြစ်ကြီးနားမှာ လုပ်ဖို့ သွားရေးလာရေး အစပေါ့နော်၊ အခက်အခဲတွေ ရှိနိုင်တယ်ဆိုရင် ကျနော်တို့ကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပေါ့လေ MPC ရုံးမှာဖြစ်ဖြစ် လုပ်ဖို့ ဆန္ဒရှိတယ်။

သို့သော်လည်း ဒီဟာကို Agenda ထဲမှာ ထည့်ရမယ်။ ပြီးတော့ ဒီ ဗိုလ်လောင်းသင်တန်းကျောင်းမှာ ထိခိုက်ခဲ့တဲ့ အဖွဲ့ ၅ ဖွဲ့စလုံးက တက်ရောက်မယ်ဆိုတဲ့ တောင်းဆိုချက်တွေ ကျနော်တို့ လုပ်ထားတာဖြစ်ပါတယ်။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Channel News Asia နဲ့ အင်တာဗျူး တခုမှာ ပြောသွားတာက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရဖို့ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ မူတည်တယ်လို့ ပြောသွားတယ် ဒီအပေါ်မှာ NCCT အနေနဲ့ ဘယ်လိုတုန့်ပြန်ချင်လဲ။
ဖြေ ။ ။ တကယ်တော့ ငြိမ်းချမ်းရေး ရဖို့ဆိုတာကတော့ အားလုံးမှာ ဆန္ဒရှိပါတယ်။ မတူညီတာကတော့ ဘယ်လိုပုံစံ ငြိမ်းချမ်းရေးလဲ ဆိုတာကတော့ မတူညီပါဘူး။ အဲဒီတော့ ကျနော်တို့ NCCT က စဉ်းစားတာက ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲတွေ မဖြစ်တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာ စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်။

ဒါကြောင့်လည်း ကျနော်တို့ NCA အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပြည့်စုံအောင် ရေးနေတာဖြစ်ပါတယ်။ နောက်တချက် ကတော့ ကာကွယ်ရေး ဦးစီးချုပ်ပြောသလို တိုင်းရင်းသားတွေမှာ အရေးကြီးတယ်လို့ပြောတာ တဘက်ကနေ စဉ်းစားလို့ရှိရင် ဒါ အဓိပ္ပာယ်တွေ အမျိုးမျိုး ထွက်လာနိုင်ပါတယ်။ တကယ်တော့ ဒီကိစ္စမှာ အားလုံးနဲ့ ဆိုင်ပါတယ်။ အစိုးရမှာ တာဝန်ရှိသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်။ ပြည်သူလူထု တရပ်လုံးပါဝင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ကျနော်တို့ အခုနောက်ပိုင်းမှာ စဉ်းစားစရာဖြစ်လာတာက အစတုန်းက MPC တို့ UPWC တို့က ပြောတယ်။ တပ်မတော်ရဲ့ မူဝါဒ ၆ ချက်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချက်တွေထဲမှာ မပါဘူးပေါ့လေ။ အခုနောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်တာဗျူးတွေမှာ ဒီမူဝါဒ ၆ ချက်ကို ထွက်ပြီး ပြောနေတာတွေ့ရတယ်။ ဒီအပေါ် ဘယ်လို နားလည်လဲ။
ဖြေ ။ ။ ဒီကိစ္စကို ကျနော်တို့လည်း မသိသေးဘူး။ အခု ၇ ကြိမ်မြောက်မှာ ကျနော်တို့ ဒါကို မေး ဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ စာနဲ့ မေး ထားတာကတော့ ကာကွယ်ရေးဦးစီးချုပ်ကနေ မူ ၆ ချက်ကို ပြောတဲ့ အခါမှာ ဒီဟာက အခုကျနော်တို့ သွားနေတဲ့ Process မှာ ဒါကို အတိအကျ လိုက်နာရမယ့် အချက်ဖြစ်သလားဆိုတဲ့ မေး ခွန်းပါ။

နောက်တခုကတော့ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော် သမ္မတကနေ မပြောဘဲနဲ့ ကာကွယ်ရေးဦးစီးချုပ်က လူထုကို ထုတ်ပြောတဲ့အခါမှာ ဒါက နိုင်ငံတော်ရဲ့ မူဝါဒ ဖြစ်သလားဆိုတာကို ဒီမေး ခွန်းနှစ်ခု မေး ဖို့ဖြစ်ပါတယ်။ စာနဲ့တော့ ကျနော်တို့ ဦးအောင်မင်းဆီကို မေး ထားတာရှိပါတယ်။ ဒီတကြိမ် ၇ ကြိမ်မြောက်မှာ ကျနော်တို့ မေး ဖို့ အစီအစဉ်ရှိပါတယ်။

မေး ။ ။ နောက်တခုက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဟိုတနေ့က သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာရေး ထားတာ တွေ့ရပါတယ်။ အဲဒါက အခုနောက်ဆုံးဖြစ်ပွားသွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး KIA ထဲမှာ အပစ်အခတ်ရပ်စဲ ရေးကို မလိုလားတဲ့ အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးမှု အရှိန်ပျက်သွားအောင် လုပ်နေတယ်ဆိုပြီး ရေးထားတယ်။ ဒီအပေါ်မှာ ဗိုလ်ချုပ်ဂွန်မော် အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ ။ ။ ဒီဟာကတော့ ဦးရဲထွဋ်က သူ့ရဲ့တဦးတည်း သဘောထားအမြင် ပြောတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ စဉ်းစားတာကတော့ ဦးရဲထွဋ် အနေနဲ့ အဲဒီလိုပြောရင် ဒါသမ္မတရဲ့ သဘောထားအနေနဲ့ လူထုက နားလည်သွား နိုင်တယ်။ ဒါကို ကျနော်တို့က စိုးရိမ်တယ်။ တကယ်တော့ သူကပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တော့ သမ္မတ ကိုယ်စား ပြောသလိုဖြစ်သွားမှာ စိုးရိမ်တယ်။ ဒါပေမယ့် အခုသူပြောတာတွေက သမ္မတရဲ့ အာဘော်မဟုတ်ဘဲနဲ့ သူ့ရဲ့ အမြင်ပြောတာ ဖြစ်ပါလိမ့်မယ်လို့ ကျနော်တို့မြင်ကြောင်း ဒီကနေ့ MPC ကိုလည်း ကျနော်တို့ ဒီသုံးသပ်ချက်ကို ပေးပါတယ်။

မေး ။ ။ ပြည်ထောင်စုနေ့ လက်မှတ်ထိုးဖို့ သမ္မတကလည်း လိုချင်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဖြစ်စေချင်တယ်လို့ ပြောထားတာရှိတယ်။ NCCT ဘက်ကလည်း ကြိုးပမ်းနေတယ် ဆိုတာကိုလည်း တွေ့ရတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တကယ်လို့ ဖြစ်လာမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့ တချို့က လက်မှတ်ထိုးမယ့် အလားအလာ ရှိတယ်လို့ သုံးသပ်ကြတယ်။ တကယ်လို့ အဲဒီနေ့မှာ ဖြစ်လာမယ်ဆိုရင် KIA အနေနဲ့ လက်မှတ်ထိုးမလား။
ဖြေ ။ ။ KIA အနေနဲ့တော့ မပြောချင်ဘူး။ NCCT တခုလုံးနဲ့ ပြောမယ်ဆိုရင် အခု ဇန်နဝါရီ ကုန်ခါနီးမှာတောင်မှ အစည်းအဝေးတွေ မဖြစ်နိုင်တာ ဖေဖော်ဝါရီ ၁၂ ရက်ဆိုတာ မမီနိုင်ပါဘူး။ ဒါကျနော်တို့ လူထုကို လိမ်လို့ မရပါဘူး။ မျှော်လင့်ချက် ပေးလို့မရပါဘူး။ ၁၂ ရက်နေ့ လက်မှတ်ထိုးမယ်ဆိုတာ အခုအခြေအနေအတိုင်း ဆိုရင်မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စမှာ တင်းမာနေတဲ့ အဖွဲ့တချို့ကို ချန်ထားခဲ့ပြီး အဆင်ပြေတဲ့ အဖွဲ့အချို့နဲ့ လက်မှတ်ထိုးသွားမယ်လို့ သတင်းတွေ ထွက်နေတာလည်းရှိတယ်။ သူတို့တွေ လက်မှတ် ထိုးတဲ့အခါကြရင် ဗိုလ်ချုပ်ဂွန်မော်တို့ KIA နဲ့ အခြား တဖွဲ့နှစ်ဖွဲ့များ ကျန်နေမလား။
ဖြေ ။ ။ တကယ်လို့ အဲဒီလို လုပ်မယ်ဆိုရင်တော့ အဖွဲ့တော်တော်များများက လက်မှတ်ထိုးထားပြီးသား ဖြစ်ပါတယ်။ ထပ်ပြီးထိုးစရာ မလိုဘူးလို့ပဲ မြင်ပါတယ်။ အခုကျနော်တို့ ပြောနေတာက တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ စာချုပ်ဆိုရင် တချိန်တည်း တပြိုင်တည်း ထိုးရမယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ စာအုပ်ဖွင့်ထားပြီးမှ ထိုးစရာ မလိုတော့ဘူး။ ထိုးထားပြီးတဲ့ လူတွေက အများစု ဖြစ်ပါတယ်။

မေး ။ ။ တချို့သုံးသပ်နေကြတာ ရှိတယ်။ တကယ်လို့သာ တိုင်းရင်းသားတွေနဲ့ တစ်ဆို့နေတဲ့ အချက်တွေကို ဖြေလျှော့ပေးမယ် ဆိုရင်တော့ မျှော်မှန်းချက်တွေဟာ ထင်ထားသလို မဟုတ်ဘဲနဲ့ မြန်မြန်ဆန်ဆန် ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ကြတယ်။ တကယ်လို့ အစိုးရဘက်က လိုက်လျောတယ်ဆိုရင် သူတို့ထင်သလို ဖြစ်လာနိုင်မလား။
ဖြေ ။ ။ မြန်ကောင်းမြန်နိုင်ပါတယ်။ သို့သော်လည်းပဲ ၁၂ ရက်ဆိုတာ အင်မတန်ကပ်ပါတယ်။ ဒီဆွေးနွေးမှု အခြေအနေတွေကို ကျနော်တို့ ဆွေးနွေးပွဲမှာ ထဲထဲဝင်ဝင် ပြောနေကြတဲ့လူတွေ အသိဆုံးပါ။ အလျှော့အတင်းလို့ ပြောတာထက် တဘက်က လျှော့လိုက်ရင် ပြီးသွားတယ်ဆိုတဲ့ ကိစ္စထက် ရှေ့လုပ်ငန်းစဉ်တွေက အရေးကြီးပါတယ်။

တဘက်နဲ့ တဘက် လျှော့ပြီးမှ ကျနော်တို့ရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေက ရှေ့ကို မသွားနိုင်တဲ့ အစီအစဉ်တွေ လက်မှတ် ထိုးဖြစ်အောင်ပဲ လုပ်ထားတဲ့ စာချုပ်ဖြစ်နေလို့ရှိရင် အဓိပ္ပာယ်မရှိပါဘူး။ ဒါကြောင့်မို့လို့ လူထုကြားထဲမှာ ပြန့်နေတဲ့ ၁၂ ရက်နေ့ ဆိုတာ အားလုံးကတော့ အမြန်ဆုံး ထိုးချင်တယ်။ ဒါပေမယ့် ဒီ ၁၂ ရက်နေ့လို့ ပြောတဲ့ဟာက ယုတ္တိ မရှိနိုင်ဘူး။ တကယ် ခက်ခဲတဲ့ကိစ္စပါ။

မေး ။ ။ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးနိုင်မှ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ပိုပြီးတော့ Monitor လုပ်နိုင်မယ်။ ပိုပြီးတော့ ကြီးကြပ်မှုတွေ လုပ်နိုင်မယ်ဆိုပြီးတော့ အမြင်မျိုးတွေရှိပါတယ်။ အဲဒီအပေါ်မှာ ဗိုလ်ချုပ် ဂွန်မော် အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ ။ ။ အားလုံးကတော့ အဲဒီလိုပဲ ပြောနေကြတာပဲ။ အစိုးရကလည်း အဲဒီလိုပြောတယ်။ လက်မှတ်မထိုးနိုင်လို့ တိုက်ပွဲတွေ ဖြစ်နေတယ်။ လက်မှတ်မထိုးနိုင်လို့ စောင့်ကြည့်ရေး စနစ်တွေ မလုပ်နိုင်ဘူးလို့ ပြောတယ်။ သို့သော်လည်းပဲ ဒီစာချုပ်မှာ ကျနော်တို့ စောင့်ကြည့်ရေး စနစ်တွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ ပုံစံတွေကို ထည့်သွင်းဖော်ပြ ထားသော်လည်းပဲ အခုအချိန်အထိ ဆွေးနွေးလို့ မရသေးဘူး။ သဘောတူညီချက် မရသေးဘူး။ တဖက်နဲ့တဖက် ချပြတဲ့ ပုံစံတွေ တူညီမှု မရသေးပါဘူး။

မေး ။ ။ မကြာခင်ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ် ဂွန်မော် အနေနဲ့ ဘာများပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ မမျှော်လင့်တဲ့ တိုက်ပွဲတွေဖြစ်လို့ရှိရင် ရှောင်ရှားနိုင်ဖို့ လိုတယ်။ အခုအချိန်မှာတော့ အဲလိုမဟုတ်ဘဲနဲ့ တိုက်ပွဲလေးတခုဖြစ်ရင် ကိုယ့်ဘက်ကနိုင်အောင် တိုက်မယ်ဆိုတဲ့ အနေအထားမျိုး အခင်းအကျင်းမျိုး တွေ့ရပါတယ်။ အဲဒါတော့ မကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။

မေး ။ ။ ဗိုလ်ချုပ်တို့နဲ့ အစိုးရအကြားမှာ အရင်တုန်းက တိုက်ပွဲတွေဖြစ်လာခဲ့ရင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းကြမယ် ဆိုတဲ့ အဖွဲ့တွေဖွဲ့ထားတာ တွေ့ရတယ်။ အဲဒီအဖွဲ့တွေက လက်တွေ့မှာ အလုပ်မဖြစ်တာတွေ့ရတယ်။ ဘာကြောင့်လဲ။
ဖြေ ။ ။ မဖြစ်ပါဘူး။ မဖြစ်ဘူးဆိုတာက အဆင့်မမြင့်တဲ့ ခေါင်းဆောင်တွေပေါ့နော်။ နည်းနည်း အဆင့်နိမ့်တဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ နောက်တခုကတော့ စိစစ်မယ့် အဖွဲ့တွေ မရှိဘူး။ နောက်တခုကတော့ အခုဖွဲ့စည်းထားတာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ KIA ကြားထဲမှာပဲ ဖြစ်တယ်။ ရှမ်းပြည်မြောက်ပိုင်း ဒေသလိုဟာမျိုးကို သွားပြီးမှ ထိန်းကျောင်းနိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ အဲဒါကြောင့် မအောင်မြင်တာဖြစ်ပါတယ်။

မေး ။ ။ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တို့ အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စကတော့ သေချာမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဖမ်းတဲ့နေရာကတော့ ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့နေရာပေါ့။ ပြည်သူ့စစ်ဆိုတာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်မှာ တိုက်ရိုက်ကွပ်ကဲမှုနဲ့ စခန်းတွေ ဆောက်ထားတဲ့ နေရာဆိုတော့ အဲဒီမှာ ဖမ်းတာတွေရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့ဆီက ပေးတဲ့ လက်မှတ်တွေ ပါတယ်လို့တော့ ပြောတယ်။

ဒါပေမယ့် အဲဒီလက်မှတ်တွေကလည်း ဒီဒေသအတွက် ပေးတာမဟုတ်ဘူး။ ကျနော်တို့ ထိန်းချုပ်တဲ့ ဒေသတွေမှာ ပေးတဲ့ လက်မှတ်တွေ ဖြစ်တယ်။ အဲဒီတော့ အဲဒီနေရာတွေကို ဝင်ဖို့ဆိုတာလည်း နယ်စပ်တွေဖြတ်တဲ့ အခါမှာ ဂိတ်တွေဖြတ်ရတာကိုး၊ ပြီးတော့ လူအများကြီးဝင်နေတဲ့ ကိစ္စဖြစ်တဲ့အခါကျတော့ ကျနော်တို့ကလည်း ဒါကို ဝေဖန်ဖို့ တာဝန်လည်း မရှိဘူး။ သို့သော်လည်းပဲ ကျနော်တို့ ထဲထဲဝင်ဝင် မသိဘူး။ ကျနော်တို့ရဲ့ နယ်မြေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။     ။

ဧရာဝတီ 

ဇန်နဝါရီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ NCCT နဲ့ MPC တို့ အကြိုညှိနှိုင်းပွဲ အပြီး မီဒီယာတွေကို ဖြေကြားနေတဲ့ ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ - ကျော်ခ / ဧရာဝတီ)
ဇန်နဝါရီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ NCCT နဲ့ MPC တို့ အကြိုညှိနှိုင်းပွဲ အပြီး မီဒီယာတွေကို ဖြေကြားနေတဲ့ ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ - ကျော်ခ / ဧရာဝတီ)
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ အကြား “၇” ကြိမ်မြောက် ဆွေးနွေးပွဲ စနိုင်ဖို့ အကြိုညှိနှိုင်းမှုကို မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) နဲ့ NCCT တို့ အခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

သဘောထားကွဲလွဲမှုများရှိနေသော်လည်း သမိုင်းဝင်ဆွေးနွေးပွဲ၏ ပထမနေ့ အား ကျူးဘား-အမေရိကန်နှစ်ဖက်စလုံးက အကောင်းမြင်

Photo: သဘောထားကွဲလွဲမှုများရှိနေသော်လည်း သမိုင်းဝင်ဆွေးနွေးပွဲ၏ ပထမနေ့ အား ကျူးဘား-အမေရိကန်နှစ်ဖက်စလုံးက အကောင်းမြင်
Friday, January 23, 2015

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ သဘော ထားကွဲလွဲမှုများရှိနေသော်လည်း ဟာဗားနားမြို့တွင် ဗုဒ္ဓဟူးနေ့၌ ပြု လုပ်ခဲ့သည့် နှစ်ရက်ကြာသမိုင်းဝင် ဆွေးနွေးပွဲ၏ ပထမဆုံးနေ့သည် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း အမေ ရိကန်နှင့် ကျူးဘားအရာရှိများ၏ ပြောကြားမှုကို င်္ဗဏ သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ၌ ကျူး ဘားနိုင်ငံသားများ အမေရိကန်နိုင်ငံ တွင်းသို့ ရွှေ့ပြောင်းဝင်ရောက်နေ ထိုင်ခြင်းနှင့်ပတ်သက်၍ ကြီးမား သည့် ကွဲလွဲမှုများရှိနေခဲ့သော်လည်း ယင်းသည် အပြုသဘောဆောင်၍ အကျိုးရှိသော ဆွေးနွေးပွဲဟု နှစ်ဖက် စလုံးက လက်ခံခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန် ဖြစ်အောင်ဆောင်ရွက်တော့မည်ဟု အမေရိကန်သမ္မတနှင့် ကျူးဘား ခေါင်းဆောင် တို့က ကြေညာခဲ့ပြီး နောက် ယခုဆွေးနွေးပွဲမှာ ပထမ ဆုံးပေါ်ပေါက်လာခြင်းဖြစ်ပြီး ၃၅ နှစ်အတွင်း ကျူးဘားမြေပေါ်သို့ ပထမ ဆုံး ရောက်ရှိလာသော အမေရိ ကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ က ကျူးဘားအရာရှိများနှင့် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ တို့တွင် ဆွေး နွေးရန် စီစဉ်ထားသည်။

ဗုဒ္ဓဟူးနေ့ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓဟူးနေ့ဆွေးနွေးပွဲ၏ အဓိက အ ကြောင်း အရာမှာ အမေရိကန်နိုင်ငံ ၏ ကျူးဘားနိုင်ငံသားများအပေါ် ချ မှတ်ထားသည့် မူဝါဒဖြစ်သည်။ ကျူး ဘားနိုင်ငံသားများသည် လှေ ငယ် လေးများဖြင့် ဖလောရီဒါသို့မကြာ ခဏခိုးဝင်ကြသည်။

အမေရိကန်၏ မူဝါဒအရ ၎င်းတို့နိုင်ငံတွင်းသို့ရောက် ရှိလာသည့် မည်သည့်ကျူးဘားနိုင်ငံ သားကိုမဆို ချက်ချင်း အမြဲတမ်းနေ ထိုင်ခွင့်ပေးပြီး ပင်လယ်တွင် ဖမ်းမိ သူများကို နေရပ်ပြန်ပို့သည်။

ယင်း မူဝါဒကို ကျူးဘားဘက်က ဖျက်သိမ်း လိုနေပြီး ယင်းကို ဗုဒ္ဓဟူးနေ့တွင် ဆွေး နွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိပေ။

နှစ်နိုင်ငံအရာရှိများသည် ကြာ သပတေးနေ့တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးပြန်လည်စတင်ရန် ဆွေး နွေးသွား မည်ဟု သိရသည်။

Ref : AFP
Democracytoday
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိနေသော်လည်း ဟာဗားနားမြို့တွင် ဗုဒ္ဓဟူးနေ့၌ ပြု လုပ်ခဲ့သည့် နှစ်ရက်ကြာသမိုင်းဝင် ဆွေးနွေးပွဲ၏ ပထမဆုံးနေ့သည် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း အမေ ရိကန်နှင့် ကျူးဘားအရာရှိများ၏ ပြောကြားမှုကို င်္ဗဏ သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယသည် တရုတ်ကိုကျော်ဖြတ်ကာ ကမ္ဘာ့အမြန်ဆုံး ကြီးမားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာတော့မည်

''အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ ကို ကျော်ဖြတ်ကာ ကမ္ဘာပေါ်တွင် အ မြန်ဆုံးကြီးမားသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနိုင်ငံဖြစ် လာတော့မည်'' ယင်းသည် စီးပွားရေးပညာရှင်များ ကြားတွင် ခိုင်မာလာသောယူဆ ချက် တစ်ခုဖြစ်သည်။

မင်းဓမ္မ ပန်းဥယျာဉ် ပြောင်းရွှေ့ခိုင်းမှု အဓမ္မဖြိုခွင်းပါက သပိတ်စခန်း ဖွင့်မည်

မင်းဓမ္မ ပန်းဥယျာဉ် ပြဿနာအား ညှိနှိုင်းမှုမရှိဘဲ အတင်းအဓမ္မ ဖြိုခွင်းမှု ပြုလုပ် လာပါက သပိတ်စခန်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ မင်းဓမ္မ ပန်းဥယျာဉ်တွင် ရောင်းချ နေသည့် ပျိုး ဥယျာဉ် ဆိုင်ခန်း ပိုင်ရှင်များ ထံမှ သိရသည်။ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မပန်း ဥယျာဉ်တွင် ရောင်းချ နေသည့် ပျိုးဥယျာဉ် ဆိုင်ခန်း များအား စည်ပင်မှ ဇန်န၀ါရီလ(၃၀) ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးရန် ညွှန်ကြား ထားကြောင်း ပျိုးဥယျာဉ် ဆိုင်ခန်း ပိုင်ရှင်များ ထံမှ သိရသည်။

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ပေးရန် အချက်လေးချက်ပါ တောင်းဆိုနေမှုများအပေါ် ပညာရေးဝန်ကြီးဌာနကအမျိုးသားပညာရေး ဥပဒေပြင်ဆင် သည့် ဥပဒေကြမ်းပြုစု၍ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာပါက အမြန်ဆုံးညှိနှိုင်းပြင်ဆင်ပေးသွားမည်ဟုဆို

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတမှပေးပို့သော သဝဏ်လွှာသည်ပြည်စုံပြီး အေးချမ်းစွာ ပညာသင်ကြားရေးနှင့် အမျိုးသားပညာရေးအဆင့် မြင့်မားတိုးတက်ရေးအတွက် ရည်ရွယ် ထားရှိ သည်ကို တွေ့ရှိရပါကြောင်းနှင့် အမျိုးသားပညာရေး ဥပဒေပါပြဋ္ဌာန်းချက်အချို့ကို အကြောင်းပြု၍ ပြင်ဆင်ပေးရန်အချက်လေးချက်ပါ တောင်းဆိုနေမှုများအပေါ် ပညာရေးဝန်ကြီးဌာနအနေနှင့် အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကိုပြုစုပြီး ပြည်ထောင်စု လွှတ်တော် သို့ ဆောလျင်စွာ ပေးပို့လာပါက အမြန်ဆုံးညှိနှိုင်း ပြင်ဆင်ပေး သွားမည် ဖြစ်ကြောင်းယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတတိယနေ့ အစီအစဉ်တွင်နိုင်ငံတော် သမ္မတထံမှပေးပို့သောအမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအ ပေါ်ပြန်လည်သုံးသပ်ရေး သဝဏ် လွှာနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မ တီ၏လေ့လာသုံး သပ်ချက် အစီရင်ခံစာ ဖတ်ကြား တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြေယာ ပြဿနာများကြောင့် လယ်သမားများ စိတ်ရောဂါ ဖြစ်ပွားမှုနှင့် သတ်သေမှုများ ရှိလာဟုဆို

Photo: မြေယာ ပြဿနာများကြောင့် လယ်သမားများ စိတ်ရောဂါ ဖြစ်ပွားမှုနှင့် သတ်သေမှုများ ရှိလာဟုဆို
Friday, January 23, 2015

မြန်မာနိုင်ငံ အနှံ့အပြားတွင် မြေယာ သိမ်းဆည်း အငြင်းပွားမှု များကြောင့် သိမ်းဆည်းခံ လယ်သမားများ အကြား စိတ်ရောဂါ ဖြစ်ပွားမှုနှင့် သတ်သေမှုများ ၂၀၁၄ ခုနှစ် အတွင်း တွေ့ရှိလာကြောင်း တောင်သူ လယ် သမား အရေး ဆောင်ရွက် သူများထံမှ သတင်းရရှိသည်။

၂၀၁၄ ခုနှစ် အတွင်း မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကြီးအုံကြီးဝ ရေလှောင်တမံ အနီးတွင် လယ်သိမ်း ခံရပြီး စားစရာ မရှိမှုကြောင့် ရွာထိပ်ရှိ သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးမှုနှင့် တချို့ ဒေသများတွင် စိတ္တဇ ဖြစ်ခြင်း နှင့် မိမိ ကိုယ်ကိုယ် သတ်သေမှုများ တွေ့ရှိရကြောင်း တောင်သူ လယ်သမား အရေး ဆောင်ရွက်သည့် (Land Our Hands)  ငါတို့ မြေကွန်ရက်မှ ဦးစည်သူက ပြောသည်။

““လူသေတဲ့ ဖြစ်ရပ်တွေက သိသာ ထင်ရှားတယ်။ လယ်သမားတွေမှာ ကိုယ့် ကိုယ်ကိုယ် သတ်သေတာ ပိုများတယ်။ ရူးကြောင်ကြောင် ဖြစ်ပြီး စိတ္တဇ ဖြစ်သူတွေနဲ့ လုပ်စားစရာ မရှိလို့ ကြိုးဆွဲချ သတ်သေတဲ့ လယ်သမားတွေကို စာရင်း ကောက်နေတယ်”” ဟု ၎င်းက ပြောသည်။

ထို့ပြင် လယ်ယာမြေအရေး တရား စီရင်မှုများသည် မြို့နှင့် နယ်ဒေသများတွင် ကွဲပြား ခြားနားနေပြီး၊ မြို့ကြီးများ၌ တရားရုံးချိန်း အကြိမ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာမြင့်သည် အထိ တရား စီရင်လေ့ ရှိသော်လည်း နယ်ဒေသများတွင် ချက်ချင်း ဖမ်းဆီး ထောင်ချမှုများ ဖြစ်ပွားနေခြင်းသည် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများပင် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး လှုပ်ရှားသူ Equality Myanmar မှ ဦးအောင်မျိုးမင်းက ဆိုသည်။

လယ်ယာမြေ သိမ်းဆည်းမှုများတွင် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့် သိမ်းဆည်းထားမှုများရှိကြောင်း လယ်ယာမြေ ကော်မရှင်က ဆိုထားသည်။

ထို့ပြင် လယ်ယာမြေ အငြင်းပွားမှုများတွင် သက်ဆိုင်ရာမှ တရားစွဲ ဆိုရာ၌ ပုဒ်မ (၄၄၇၊ ၄၂၇) ပိုင်နက် ကျူးလွန်မှု စသည့် ရာဇ၀တ်မှု အဖြစ် တရားစွဲဆို ခံရခြင်းကြောင့် လယ်သမားများ အမှုပြီးပြတ် ပါကလည်း မြေယာ ပြန်လည် မရရှိနိုင်ကြောင်း လယ်သမားရေးရာ ဥပဒေ အကြံပေး ဦးဋ္ဌေးကသို့ ပြောသည်။

““တရားစ စွဲကတည်းက ပိုင်နက် ကျူးလွန်မှု ဆိုတော့ အမှုပြီးရင်တောင် လယ်ပြန်မရဘူး။ ဘယ်လို ရင်ဆိုင်ဆိုင် စိတ်ဒဏ်ရာ ရမယ်။ ငွေကုန် လူပန်းမယ်။ ဘ၀ပျက်မယ်။ အဲဒီကနေ တစ်ဆင့် သတ်သေတဲ့ အမှုတွေ၊ စိတ်ရောဂါရမှုတွေ ဖြစ်ပွား လာနိုင်တယ်””ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ အတွင်း သေဆုံးသူ၊ သတ်သေသူနှင့် တရားစွဲဆိုခြင်း ခံရပြီး ထောင်ချခံရသည့် လယ်သမား စာရင်းများကို မီဒီယာများက အမျိုးမျိုး သုံးသပ် နေသော်လည်း စစ်တမ်း ကောက်ယူပြီးမှသာ အတိအကျ ဖော်ပြနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ စစ်တမ်း ကောက်ယူနေသည့် (Land Our Hands) ငါတို့ မြေကွန်ရက်မှ ဦးစည်သူက အရေအတွက် ကွဲလွဲမှုနှင့် ပတ်သက်၍ ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ချင်းပြည်နယ်မှ အပ ကျန်မြန်မာနိုင်ငံ အနှံ့အပြားတွင် လယ်ယာမြေ သိမ်းဆည်းမှုများ အတွက် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

7Day DAILY
မြန်မာနိုင်ငံ အနှံ့အပြားတွင် မြေယာ သိမ်းဆည်း အငြင်းပွားမှု များကြောင့် သိမ်းဆည်းခံ လယ်သမားများ အကြား စိတ်ရောဂါ ဖြစ်ပွားမှုနှင့် သတ်သေမှုများ ၂၀၁၄ ခုနှစ် အတွင်း တွေ့ရှိလာကြောင်း တောင်သူ လယ် သမား အရေး ဆောင်ရွက် သူများထံမှ သတင်းရရှိသည်။

ဖားကန့် ကျောက်စိမ်းမှော်မှ ကုမ္ပဏီများအား လုပ်ငန်း ရပ်ဆိုင်း ထားရန် KIA သတိပေး

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ စစ်ရေး တင်းမာနေ မှုကြောင့် ကချင် ပြည် နယ် ဖားကန့်ဒေသ ကျောက်စိမ်းမှော်မှ ကုမ္ပဏီများနှင့် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းမှော်လုပ်ငန်း လုပ်ကိုင်သူများအား လုပ်ငန်း ရပ်ဆိုင်း ထားရန် အဆိုပါ ဒေသရှိ KIA တပ်ရင်း (၆) မှ ယခုလ (၁၉) ရက်နေ့တွင် သတိပေး ညွှန်ကြား ထားကြောင်း KIA တပ်ရင်း(၆) ထံမှ သတင်း ရရှိသည်။ ဖားကန့် ဒေသရှိ တပ်မတော်နှင့် KIA တပ်ရင်း(၆)တို့၏ စစ်ရေးအခြေအနေ လုံးဝတည်ငြိမ်သည့် အခြေအနေ ရောက်ရှိ မှသာ ပြန်လည် လုပ်ကိုင်ရန် ညွှန်ကြား ထားကြောင်း KIA ထံမှ သိရသည်။

ထိုင်း- မြန်မာနယ်စပ်တွင် ပြည်တန်ဆာ အဖြစ် ရောင်းစားခံရမူ အများဆုံးဖြစ်နေ

ထိုင်း-မြန်မာနယ်စပ်တွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမှုအများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့မှ ကော့သောင်းမြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့တာဝန်ခံ ဒုတိယရဲမှူးကြီး မင်းခိုင်က ပြောသည်။

သပိတ်မှောက် ကျောင်းသားများ ရန်ကုန်သို့ ချီတက်ရာတွင် နောက်ကွယ်မှ ပတ်သက်သူ များကို စောင့်ကြည့်မည်

သပိတ်မှောက် ကျောင်းသားများ ရန်ကုန်သို့ ချီတက် ဆန္ဒပြမှုအား လုံခြုံရေး အရ စောင့်ကြည့်မည် ဖြစ် သကဲ့သို့ နောက်ကွယ်မှ ပတ်သက်သူများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသာအလိုရှိကြောင်း ပြည်ထောင်စုလွှတ်တော် အကြောင်းပြန်

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးထက် အားလုံးပါဝင် သော ဆွေးနွေးမှုဖြစ်ရေး ပိုမိုလို လားကြောင်း သမ္မတက လွှတ် တော်သို့ပေးပို့သည့် သဝဏ်လွှာ တွင် ဖော်ပြခဲ့သော်လည်း ပြည် ထောင်စုလွှတ်တော်က ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲကိုသာလိုလားပြီး ဆွေးနွေးပွဲအမြန်ဆုံးဖြစ်မြောက်ရန် ပြုလုပ်ပေးစေလိုသည်ဟု အကြောင်း ပြန် လိုက်သည်။

နိုင်ငံတော်သမ္မတဦးဆောင်သော ခြောက်ဦးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ဆောလျင်စွာပြုလုပ်ရန် တိုက်တွန်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယ က သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့

Photo: နိုင်ငံတော်သမ္မတဦးဆောင်သော ခြောက်ဦးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ဆောလျင်စွာပြုလုပ်ရန် တိုက်တွန်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယ က သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့
Friday, January 23, 2015

နိုင်ငံ တော်တည်ငြိမ်အေးချမ်းခြင်းနှင့်ဖွံ့ ဖြိုးတိုး တက်ရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး၊ အမျိုး သားပြန်လည် သင့်မြတ်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် ပိုမိုကောင်းမွန်သော အကျိုးရ လဒ် များ ဖြစ်ထွန်းလာရေးတို့အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သော ခြောက်ဦးအဖွဲ့ ဆောလျင်စွာတွေ့ဆုံ ရန် ပြည်ထောင်စုလွှတ်တော် နာယ ကမှ နိုင်ငံတော်သမ္မတထံသို့တိုက် တွန်းသည့် သဝဏ်လွှာကို ပေးပို့ ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ယနေ့ကျင်း ပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့တွင်ပြော ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင် သော ခြောက်ဦးတွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်ကို ကြိုဆိုပါကြောင်း နှင့် ကောင်းမွန်သော နိုင်ငံရေးလုပ် ငန်းစဉ်ဖြစ်၍ တွေ့ဆုံဆွေးနွေးပွဲကို မည်သို့ဆောင်ရွက်ပေးနိုင်မည် ကို ပြန်ကြားပေးရန် ရည်ညွှန်း(၂)တွင် ပါရှိသည့် အတွက် ယခုကဲ့သို့ပြန်ကြား ရခြင်းဖြစ်ပါသည်။

ရည်ညွှန်း(၁)ပါ ပြည်ထောင်စုလွှတ်တော်ကအတည် ပြုခဲသည့် အရေးကြီး အဆိုမှာ ခေတ် စနစ်အချိန်အခါနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ပေါ် လာ ရေး ပစ္စုပ္ပန်နှင့်အနာဂတ် မြန်မာနိုင် ငံ တည်ဆောက်ရေး အတွက် အခြေ အနေကောင်းများ ဖန်တီးလမ်းခင်း ပေးနိုင်ရန် နိုင်ငံတော် သမ္မတ၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုက ရေစီဥက္ကဋ္ဌ၊ တိုင်းရင်သားအစုအဖွဲ့ မှ လွှတ်တော်ကိုယ်စား လှယ် တစ် ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင် စွာတွေ့ဆုံ ညှိ နှိုင်းဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း ဖြစ် ပါသည်။

အဆိုတွင် ပါရှိသည့်အတိုင်း ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေ အနေကောင်းများလမ်းခင်းပေးနိုင် ရန် နိုင်ငံတော်သမ္မတဦးဆောင် သော ခြောက်ဦးအဖွဲ့ဆောလျင်စွာတွေ့ဆုံ ခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုး တက်ရေး အတွက်လည်းကောင်း၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် လည်းကောင်း ၊ ပြည်တွင်းငြိမ်းချမ်း ရေး အတွက် လည်းကောင်း၊ ဒီမိုက ရေစီပြုပြင်ပြောင်း လဲရေး လုပ်ငန်း စဉ်အတွက်လည်းကောင်း ပိုမို ကောင်း မွန်သော အကျိုးရလဒ်များ ဖြစ် ထွန်းလာမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပထမအကြိမ်တွေ့ ဆုံပြီး ဆွေးနွေးပွဲ မူဘောင်အပါ အဝင် ရှေ့လုပ်ငန်းစဉ်များဆွေးနွေး ညှိနှိုင်းမှုများသတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတဦးဆောင်သော ခြောက်ဦးအဖွဲ့ တွေ့ဆုံရေးကို ဆော လျင်စွာ ပြုလုပ်ရန်လိုအပ်ပါကြောင်း ပြန်ကြားအပ်ပါသည် ဟု ပြည်ထောင် စုလွှတ်တော် နာယကက သဝဏ် လွှာကို ဖတ်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆောင် သောခြောက်ဦးအဖွဲ့ တွေ့ ဆုံရေး ကိုဆောလျင်စွာပြုလုပ် ရန်လိုအပ်ပါ ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကမှ နိုင်ငံတော် သမ္မတထံသို့ ပြန်လည်ပေးသော သဝဏ်လွှာ ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်း တင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့ သည်။

နိုင်ငံတော်သမ္မတ ဦးဆောင် သော ခြောက်ဦးတွေ့ဆုံဆွေးနွေး ပွဲ ပြုလုပ် ရန် ပြည်ထောင်စု လွှတ်တော် နာယကမှ နိုင်ငံတော်သမ္မတထံ သို့ ၂၆.၁၁.၂၀၁၄ ရက်က ပေးပို့ခဲ့ပြီး နိုင်ငံတော် သမ္မတထံမှ ပြည်ထောင် စုလွှတ်တော် နာယကထံသို့ ၁၇.၁. ၂၀၁၅ ရက်စွဲဖြင့် ပေးပို့ လာသော သဝဏ်လွှာနှင့် ပတ်သက်ပြီး နိုင်ငံ တော်သမ္မတထံမှ ရည်ညွှန်း မှုဖြင့် ပေး ပို့သော သဝဏ်လွှာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ရက်တွင် ကျင်းပ ပြုလုပ်သည့် ပထမအကြိမ် ပြည် ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ မှတ်တမ်းတင်ပြီး လွှတ်တော်ကိုယ် စားလှယ်များထံသို့လည်း မိတ္တူဖြန့် အသိပေးပြီးဖြစ်ကြောင်းသိရသည်။

MO
Democracytoday
နိုင်ငံတော်တည်ငြိမ်အေးချမ်းခြင်းနှင့်ဖွံ့ ဖြိုးတိုး တက်ရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် ပိုမို ကောင်းမွန် သော အကျိုးရ လဒ် များ ဖြစ်ထွန်းလာရေးတို့အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သော ခြောက်ဦး အဖွဲ့ ဆောလျင်စွာတွေ့ဆုံ ရန် ပြည်ထောင်စုလွှတ်တော် နာယ ကမှ နိုင်ငံတော်သမ္မတထံသို့ တိုက် တွန်းသည့် သဝဏ်လွှာကို ပေးပို့ ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ယနေ့ ကျင်း ပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့တွင်ပြော ကြားခဲ့သည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်လိုလျှင် အစိုးရက ပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲသင့်ဟု လွှတ်တော်မှ သမ္မတထံသို့ အကြောင်းပြန်

အမျိုးသားပညာ ရေးဥပဒေသည် အသက်ဝင်နေပြီဖြစ်၍ ၎င်းဥပဒေ ပြင်ဆင်လိုပါက ပညာရေးဝန်ကြီး ဌာနက ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ် ကို အမြန်ဆုံးရေးဆွဲကာ ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့ရန် နိုင်ငံတော် သမ္မတထံသို့ လွှတ် တော်မှ အကြောင်းပြန်လိုက်သည်။

ပိတ်မိနေသော အရပ်သားများ ပြောင်းရွှေ့ပေးရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သွားရောက်နိုင်ရန် ကုလက ကာကွယ်ရေးဝန်ကြီးထံ တောင်းဆို

Photo: ပိတ်မိနေသော အရပ်သားများ ပြောင်းရွှေ့ပေးရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သွားရောက်နိုင်ရန် ကုလက ကာကွယ်ရေးဝန်ကြီးထံ တောင်းဆို
Friday, January 23, 2015

ကချင်ပြည်နယ်တိုက်ပွဲ ဖြစ်ပွားရာနေရာမှ အရပ်သားဒုက္ခ သည်များကို ဖားကန့်၊ လုံးခင်းသို့ ပြောင်းရွှေ့ပေးရေးနှင့် စစ်ပွဲဖြစ် ရာနေရာသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အ စည်းများ သွားရောက်နိုင်ရေး အ ထူးခရီးသွား အမိန့်ကို မြန်မာ့တပ်မ တော်က အမြန်ဆုံးထုတ်ပေးစေ လိုကြောင်း ကုလ သမဂ္ဂက မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ် ကြီး ဝေလွင်ထံသို့တောင်းဆို လိုက် သည်။

ဇန်န၀ါရီ ၂၁ ရက်တွင် ကာ ကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ကုလသမဂ္ဂ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စရီတာနာလော့ ဒက်စလီယန် လာရောက်တွေ့ဆုံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးကမူ ကချင်ပြည်နယ် ကိစ္စကို တပ်မ တော်က ရာနှုန်းပြည့်ထောက်ပံ့ကူ ညီမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့ (KIA ကိုဆို လိုသည်)နှင့် နှစ်ဖက်ညှိနှိုင်းမှသာ အဆင်ပြေနိုင်ကြောင်း၊ တပ်မ တော်က ခွင့်ပြုလိုသော်လည်း တစ် ဖက်က ခွင့်မပြုပါက အဆင်မပြေ နိုင်ကြောင်း ကုလကိုယ်စားလှယ် အား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ပဋိပက္ခဖြစ်ပွားရာအနီးဒုက္ခ သည်များကို လုံးခင်း၊ ဖားကန့်သို့ ပြောင်းရွှေ့ပေးစေလိုပြီး အစားအ သောက်နှင့် ရိက္ခာပစ္စည်းပေးပို့ မည့် လူသားချင်း စာနာထောက် ထားမှုအဖွဲ့များကို ဒုက္ခသည်များ ထံ သွားရောက်နိုင်ရေး အထူးခရီး သွားအမိန့် အမြန်ထုတ်ပေးရန် ကုလကိုယ်စားလှယ်က တောင်းဆိုခဲ့ ခြင်း ဖြစ်သည်။ ထို့ပြင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသမှ ကလေးများအတွက် ၀က်သက်ဂျိုက်သိုးကာ ကွယ်ဆေးဖြန့်ဝေခွင့်ပြုရန်လည်း ၎င်းက ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တို့ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲ များဖြစ်ပွားရာဒေသတွင် ဒေသခံနှစ်ထောင်ခန့်ပိတ်မိနေပြီး ဒေသခံ များ၏ စားဝတ်နေရေးနှင့် လုံခြုံ ရေးကို ကေအိုင်အေက တာဝန်ယူမည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိခဲ့သည်။ လက်ရှိ အချိန်တွင် တိုက်ပွဲဖြစ်ပွားရာအနီး ဒေသခံ များ ပိတ်မိနေသည့် ကချင်ပြည် နယ် အောင်ဘာလေကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ၀င် ရောက်ရှင်းလင်းပြီး တပ်စွဲထားသည်။

ကုလကိုယ်စားလှယ်က က ချင်ပြည်နယ်အရေးအပြင် တပ်မ တော်အတွင်း ကလေးစစ်သားပ ပျောက်ရေးကို အဓိကထားဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့များအား လူ့အခွင့် အရေးနှင့် ပဋိပက္ခညင်သာစွာ ဖြေရှင်းရန် သင်တန်းပေးနေပါက နိုင် ငံတကာကသိရှိအောင် သတင်း ထုတ်ပြန်ပေးစေလိုကြောင်း ကာ ကွယ်ရေးဝန်ကြီးအား တိုက်တွန်းခဲ့သည်။

‘‘တချို့ကိစ္စတွေက ပြဿနာကို ဖြေရှင်းရာမရောက်ဘဲ မီးမွှေး ရာရောက်တယ်လို့ ၀န်ကြီးက ပြန် ထောက်ပြတယ်။ ဒါဟာ ရခိုင်အ ရေးနဲ့ပတ်သက်ရင် ပြည်ပနိုင်ငံ ကြီးတွေ၊ အခြေစိုက်လူ့အခွင့်အ ရေးသမားတွေ ပုံကြီးချဲ့စွက်ဖက် မှုတွေလည်းရှိနေတာကို သွယ် ၀ိုက်ပြောလိုက်တာပဲလို့ မြင်ပါ တယ်’’ဟု တပ်မတော်အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ယခုအခါ မြန်မာ့တပ်မတော် နှင့် KIA တို့ကြား တိုက်ပွဲများ ရပ် ဆိုင်းသွားပြီဟု နှစ်ဖက်စလုံးက ပြောကြားထားသည်။

7Day DAILY

တိုက်ပွဲကြောင့် ပိတ်မိနေသော ကျေးရွာမှ ပြည်သူတစ်ဦးစစ်ဘေးတိမ်းရှောင် လာစဉ် (ဓာတ်ပုံ− မရန်)
တိုက်ပွဲကြောင့် ပိတ်မိနေသော ကျေးရွာမှ ပြည်သူတစ်ဦးစစ်ဘေးတိမ်းရှောင် လာစဉ် (ဓာတ်ပုံ− မရန်) 
ကချင်ပြည်နယ်တိုက်ပွဲ ဖြစ်ပွားရာနေရာမှ အရပ်သားဒုက္ခ သည်များကို ဖားကန့်၊ လုံးခင်းသို့ ပြောင်းရွှေ့ ပေးရေးနှင့် စစ်ပွဲဖြစ် ရာနေရာသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အ စည်းများ သွား ရောက်နိုင် ရေး အ ထူးခရီးသွား အမိန့်ကို မြန်မာ့တပ်မ တော်က အမြန်ဆုံးထုတ်ပေးစေ လိုကြောင်း ကုလ သမဂ္ဂက မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ် ကြီး ဝေလွင်ထံသို့တောင်းဆို လိုက် သည်။

ကချင်ခရစ်ယာန်သာသနာပြု ဆရာမနှစ်ဦး အသတ်ခံရမှုကို သေချာစုံစမ်းစစ်ဆေးပေးရန် အမေရိကန်ပြည်ထောင်စု တောင်းဆို

ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း၌ ကချင်ခရစ်ယာန်သာသနာပြု ဆရာမနှစ်ဦး အသတ်ခံရမှုနှင့် အဆိုပါအသတ်ခံရသူများသည် အဓမ္မပြုကျင့်ခံထားရပြီး တပ်မတော်မှ ပါဝင် ပတ်သက်မှု ရှိသည် ဟူသော စွပ်စွဲချက်များကို သေချာစွာစုံစမ်းစစ်ဆေးပြီး အမှုမှန် ပေါ်ပေါက်အောင် လုပ် ဆောင်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် တောင်းဆိုခဲ့ သည်။

ပြည်-တောင်ကုတ်လမ်းတွင် အိမ်စီးကား အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျ

Photo: ပြည်-တောင်ကုတ်လမ်းတွင် အိမ်စီးကား အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျ
Friday, January 23, 2015 

ပြည်-တောင်ကုတ်လမ်း၊ န၀ဒေးတံတားကြီး အနောက် ဘက်မိုင်တိုင်အမှတ် ၀/၆ အနီး တွင် ဇန်န၀ါရီ ၂၁ ရက်ညက RAV-4 အိမ်စီးကားတစ်စီး လမ်း အကွေ့၌ အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျသွားခဲ့ကြောင်း သတင်းရရှိသည်။

‘‘လမ်းအကွေ့မှာ အရှိန်မ ထိန်းနိုင်ဘဲ ပေလေးဆယ်လောက် နက်တဲ့ ချောက်ထဲထိုးကျသွားတယ်။ ညဦးပိုင်း ဖြစ်နေတော့ အပေါ်ကနေ သိပ်မမြင်ရဘူး။ အောက်ဆင်းကြည့်တဲ့အခါ ကား ကို ဖင်ထောင်လျက်သားတွေ့ရ တယ်။ အသက်ကယ်လေအိတ် တွေလည်း ပွင့်နေတယ်။ လူ နှစ် ယောက်ပါလာတာတွေ့ရတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရတာ တော့ မတွေ့ရဘူး’’ဟု အခင်းဖြစ် ပွားရာအနီးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

ဥသျှစ်ပင်မြို့ဘက်မှ ပြည်မြို့ဘက်သို့ ပုသိမ်မြို့မှ  ကိုတင့်လွင် အသက် (၃၈) နှစ် မောင်းနှင်လာသော အဆိုပါကားကို ကိုသက်ပိုင် (၂၅) နှစ်တို့လိုက်ပါခဲ့ ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၀သိန်းခန့်မှန်းထားပြီး ယာဉ်တိမ်း မှောက်ချိန်တွင် အရက်သေစာ သောက်စားထားခြင်းမရှိဘဲ အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ပန်တောင်းမြို့နယ်ရဲစခန်းက (ပ) ၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

7Day DAILY 

ချောက်ထဲထိုးကျသွားသော ကားကိုတွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ချောက်ထဲထိုးကျသွားသော ကားကိုတွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်-တောင်ကုတ်လမ်း၊ န၀ဒေးတံတားကြီး အနောက် ဘက်မိုင်တိုင်အမှတ် ၀/၆ အနီး တွင် ဇန်န၀ါရီ ၂၁ ရက်ညက RAV-4 အိမ်စီးကားတစ်စီး လမ်း အကွေ့၌ အရှိန်မထိန်းနိုင်၍ ချောက်ထဲထိုးကျသွားခဲ့ကြောင်း သတင်းရရှိသည်။

မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက,က နိုင်ငံတော်သမ္မတထံ အကြောင်းပြန်

Photo: မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက,က နိုင်ငံတော်သမ္မတထံ အကြောင်းပြန်
Friday, January 23, 2015 

ပြည်ထောင်စုလွှတ်တော်မှ မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဇန်နဝါရီ ၂၂ ရက်တွင် အကြောင်းပြန်ခဲ့သည်။
 
ပြည်ထောင်စုလွှတ်တော်နာယကမှ  နိုင်ငံတော်သမ္မတထံပေးပို့သည့်သဝဏ်လွှာတွင် “ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် အရေးကြီးအဆိုမှာ ခေတ်စနစ်အချိန်အခါနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။
 
အဆိုတွင်ပါရှိသည့်အတိုင်း ပစ္စုပ္ပန်နှင့်အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ခေတ်စနစ်နဲ့အညီ အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သော ခြောက်ဦးအဖွဲ့ ဆောလျင်စွာတွေ့ဆုံဆွေးနွေးခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် လည်းကောင်း၊ ပိုမိုကောင်းမွန်သော အကျိုးရလဒ်များ ဖြစ်ထွန်းလာနိုင်မည်ဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ ပထမအကြိမ်တွေ့ဆုံပြီး ဆွေးနွေးပွဲမူဘောင်အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းသတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သောခြောက်ဦးအဖွဲ့ တွေ့ဆုံရေးကို ဆောလျင်စွာပြုလုပ်ရန် လိုအပ်ပါကြောင်းပြန်ကြားအပ်ပါသည်”ဟု ပါရှိသည်။
 
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ထားသော အဆိုဖြစ်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက “ခြောက်ဦး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန်သော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သို့ရာတွင် တိုင်းရင်သားပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တချက်များပါရှိစေမည့် မူဘောင်များ ကြို တင်ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါကြောင်း၊ သို့ပါ၍ အဆိုပါတွေ့ဆုံဆွေးနွေးပွဲအား မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်ဖြစ်ကြောင်း” မကြာမီက လွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်မှ ယခုကဲ့သို့ ပြန်လည်အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။
 
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ခဲ့သောအဆိုမှာ “ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာတွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်သည်။
 
ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်းနှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

Eleven Media Group

ဇန်န၀ါရီ ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
ဇန်န၀ါရီ ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် 
ပြည်ထောင်စုလွှတ်တော်မှ မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆော လျင်စွာ ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဇန်နဝါရီ ၂၂ ရက်တွင် အကြောင်းပြန်ခဲ့သည်။