သတင်းမီဒီယာသမားများ တရားရင်ဆိုင်နေရသော ဥပဒေပုဒ်မများ လျှော့ပေါ့ ပြင်ဆင်နိုင်ရေး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ(ယာယီ)တို့ သီးခြားတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးသီဟစော က The Voice သို့ ပြောကြားသည်။
Wednesday, 20 August 2014
ရန်ကုန်နှင့် မန္တလေးတွင် အန္တရာယ်ရှိ တရုတ်မုန့်များ မီးရှို့ဖျက်ဆီးမည်

ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အန္တရာယ်ရှိ တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး ကော်မတီတို့နှင့် မြန်မာနိုင်ငံ စားသုံး သူ ကာကွယ်ရေးအသင်းတို့ ပူးပေါင်း၍ လိုက်လံသိမ်းဆည်း ဖျက်ဆီးမည် ဖြစ်ကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။
ကလေးစစ်သား စုဆောင်းဆဲဟု ဗိုလ်ချုပ်ဂွန်မော် ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က ပြုလုပ် သည့် (၁၉)နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနားတွင် အသက်မပြည့်သေးသည့် တပ်သားတစ်ဦး အား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
အသက်မပြည့်သေးသည့် ကလေးစစ်သား စုဆောင်းခြင်း မပြုရန် KIA ဗဟိုက ညွှန်ကြားထားသော် လည်း အောက်ခြေတွင် စုဆောင်းမှုများရှိနေဆဲဖြစ်သည်ဟု KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် က ပြော ကြားသည်။
အပစ်ရပ်စာချုပ် ပြီးပြတ်မှသာ ငြိမ်းချမ်းရေးတွင် ဒေါ်စုပါလာနိုင်

၂၀၁၄ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - NLD
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းလုပ်ငန်းစဉ်များကျမှသာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာနိုင်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ သြဂုတ် ၁၉ ရက်က ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့သော လူငယ်များနှင့် MPC တွေ့ဆုံပွဲပြီးနောက် မီဒီယာ များ မေးမြန်းစဉ် ပြောခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းလုပ်ငန်းစဉ်များကျမှသာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာနိုင်သည်ဟု UNFC တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ သြဂုတ် ၁၉ ရက်က ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့သော လူငယ်များနှင့် MPC တွေ့ဆုံပွဲပြီးနောက် မီဒီယာ များ မေးမြန်းစဉ် ပြောခြင်းဖြစ်သည်။
ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်

အောင်ပန်းမြို့၊ မယ်ခိုတောင်တွင် ဆရာကြီးဒဂုန်တာရာ၏ ဂူဗိမာန်တည်ဆောက်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့မြင်ရစဉ်။ ဂူဗိမာန်ကို ဆရာကြီး၏ ၉၅နှစ်မြောက် မွေးနေ့ မေ ၁၀ ရက် အပြီးတည်ဆောက်ရန် စီစဉ်နေသည်။ ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း
ငြိမ်းချမ်းရေး၊ ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်း အမှတ် အောက်မေ့ဖွယ်အခမ်းအနားကို အောင်ပန်းမြို့၊ မယ်ခိုတောင်ရှိ၊ ကုဋာရုံကျောင်းတိုက်တွင် သြဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲ ခန့်က စတင်ကျင်းပသည်။
အမေရိကန် သတင်းထောက် တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို IS အဖွဲ့က အွန်လိုင်းတွင်လွှင့်တင်

ဖမ်းဆီးထားသည့် အမေရိကန် သတင်းထောက် တစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ခေါင်းဖြတ်သတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သည်။
နာမည်ကောင်းရ ထိုင်းရဲအရာရှိ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရ

မူးယစ်ဆေး ဖမ်းဆီးရာမှာ နာမည်အလွန်ကြီးပြီး နာမည်ကောင်းရထားတဲ့ ထိုင်းရဲအရာရှိကြီး Chamnarn Poompaijit.
ထိုင်းရဲအရာရှိကြီးတဦးကို ဘတ်ငွေ သန်း ၁၆၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသမှာ သြဂုတ်လ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး သူဟာ မြန်မာနိုင်ငံဘက်က ရှမ်း မူးယစ်ဆေးဝါး ဂိုဏ်းတခုကနေ အခကြေးငွေယူပြီး သယ်ဆောင်လာတာဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါ တယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
တောက်တဲ့များ၏ တွယ်ကပ်စွမ်းပကား မြင့်မားရခြင်း၏ လျှို့ဝှက်ချက်

မည်သည့်မျက်နှာပြင်တွင်မဆို တောက်တဲ့များအံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ခြေချောင်းများပေါ် ရှိ အမွေးအမှင်များကြောင့်ဖြစ်သည်ဟု သုတေသနလေ့လာ ချက် အသစ်တစ်ရပ်အရသိရသည်။
ပါကစ္စတန်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တောင်းဆို

ပါကစ္စတန်မှာ အရှိန်အ၀ါကြီးတဲ့ ဘာသာရေးခေါင်းဆောင်က လွှတ်တော်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီပြုပြ င်ပြောင်း လဲဖို့ တောင်းဆိုလိုက်ပါတယ်။
e visa နဲ့ မြန်မာပြည်ကို လာနိုင်ပြီ

ရန်ကုန် နိုင်ငံတကာ လေဆိပ်
ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ရည်ရွယ်တဲ့ online ကနေ တဆင့် လျှောက်နိုင်ကြမယ့် e - visa စနစ် ကို မြန်မာ နိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ ကနေ စတင် အသုံးပြုတော့ မှာ ဖြစ်ပါတယ်။
MH17 ပျက်ကျမှုတွင် သေဆုံး မလေးနိုင်ငံသားများကို စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့လက ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်း MH17 မှာ သေဆုံးသွားသူ မလေးရှားနိုင်ငံသားတွေကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြုသင်္ဂြိုဟ်မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၉ ရက်နေ့က ပြောပါတယ်။
သွားဖြင့်မကိုက်တော့ဟု လူးဝစ်ဆွာရက် ကတိပြု

ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်က တဖက် ကစားသမားအပေါ် သွားနဲ့ ကိုက်တဲ့ လုပ်ရပ်မျိုးကို နောင် ဘယ်တော့မှာ မလုပ်တော့ဘူးလို့ ကတိပေး ပြောဆိုလိုက်ပါတယ်။
မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှု ဆက်ထားခြင်းကြောင့် ရင်းနှီးမြုပ်နှံဖို့ ခက်ခဲ
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထိပ်သီး စီးပွားရေးသမားတချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့ ဆက်လက် ထားရှိတာက နိုင်ငံတကာအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ခက်ခဲစေတယ်လို့ အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ မူဝါဒရေးရာအကြံပေးအရာရှိဟောင်း Peter Kucik က Wall Stree Journal ကိုပြောပါတယ်။
ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှု ပိုမို ပြင်းထန်လာ

ထောင်နဲ့ချီ ချီတက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေ (Credit: AFP)
ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး ပါလီမန်ဘက်ကို ချီတက်နေတဲ့ သောင်းချီတဲ့ လူအုပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့ အလားအလာများတာကြောင့် ရဲတွေနဲ့ စစ်တပ်တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် မြန်မာနိုင်ငံမှာရှိနေဆဲ

သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးလို့ ၂၀၁၃ နှစ်ကုန် ပိုင်းလောက်က ပြောထားခဲ့ပေမဲ့ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။
လူထုဗဟိုပြုစီမံကိန်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် တိုးချဲ့ဆောင်ရွက်မည်
လူထုဗဟိုပြု စီမံ ကိန်း သတ်မှတ်ထားသည့် ၁၅ မြို့နယ်အပြင် နိုင်ငံတစ်ဝန်းရှိ အခြားမြို့နယ်များတွင် တိုးချဲ့ ဆောင်ရွက်ရန်ရှိကြောင်း မွေးမြူ ရေး၊ ရေလုပ် ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
လမ်းဘေးစားသောက်ဆိုင်များ အဆင့်မြှင့်ရန် ကူညီမှု ယခုလတွင်စတင်မည်

ရန်ကုန်မြို့ရှိ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းက လမ်းဘေးစားသောက်ဆိုင်များကို အဆင့်မြင့် စားသောက်ဆိုင်များအဖြစ် ရပ်တည်နိုင်ရန် သြဂုတ်လမှစ၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ်သို့ ဆန် တရားဝင်တင်ပို့ခွင့်အတွက် တရုတ်ကိုယ်စားလှယ်သုံးဦး လာရောက်ဆွေးနွေးမည်
တရုတ်နိုင်ငံသို့ တရား ၀င်ဆန်တင်ပို့ခွင့်ရရန် လာမည့် စက်တင်ဘာလဆန်းတွင် တရုတ် နိုင်ငံမှ ကိုယ်စား လှယ် သုံးဦးလာ ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နည်းဥပဒေအချို့ ကြန့်ကြာနေ၍ သက်ဆိုင်ရာ ဌာနများကို တိုက်တွန်းနေဟုဆို
လွှတ်တော်မှ ပြဋ္ဌာန်းပြီး ဖြစ်သော ဥပဒေအချို့အား သက် ဆိုင်ရာဝန်ကြီးဌာနများမှ နည်း ဥပဒေပြဋ္ဌာန်းရန် ကြန့်ကြာနေမှု များအပေါ် အမြန်ဆုံးနည်းဥပဒေ ထုတ်ပြန်ရန်အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများသို့ တိုက် တွန်း နေကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော် မတီထံမှ သတင်းရရှိသည်။
အမြန်လမ်းအရေးပေါ်ဖုန်းသို့ တစ်လအတွင်းခေါ်ဆိုအကူအညီတောင်းခံမှု ၁,၆၀၀ ကျော်ရှိ
မန္တလေးအမြန်လမ်း အ ရေးပေါ်ဖုန်းသို့ ရက်ပေါင်း ၂၀ကျော်အတွင်း ဖုန်းခေါ်ဆိုအကူအညီတောင်းခံမှု ၁၆၀၀ကျော်ရှိကြောင်းအရေးပေါ်ဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှုဌာနမှ အထွေထွေမန်နေဂျာ ဦးတင်ကိုကိုဝင်း က ပြောသည်။
Subscribe to:
Posts (Atom)