Monday, 23 June 2014

ဝေဖန်မှုများ ကြုံနေသော ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာစာအုပ် ပစ္စည်းပြတ်သည်အထိ ရောင်းကောင်းနေဟုဆို

အပြာဇာတ်ဝင်ခန်းများထည့်သွင်းရေးသားထားသည်ဆိုသည့် စွပ်စွဲမှုများခံနေရသော စာရေးဆရာ အောင်ရင်ငြိမ်း၏ ‘‘ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ’’စာအုပ်သည် ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ရောင်း အားကောင်းနေပြီး ယင်းစာအုပ်ကို မိတ္တူကူးထားသည့်စာအုပ်များပင်လျှင် တစ်အုပ်လျှင် ကျပ် ၈၀၀၀ နှုန်း အထိ ဈေးနှုန်းမြင့်တက်သွားခဲ့သည်။

ဆက်ဒမ်ဟူစိန်ကို သေဒဏ်ပေးခဲ့သည့် တရားသူကြီးကို ISISတို့ လက်စားချေသတ်ဖြတ်

အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ မြို့ရွာများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေးကြွများသည် အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့် တရားသူကြီး တစ်ဦးကို လက်စားချေ သုတ်သင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ရာအော့ဖ် အက်ဘ်ဒူလ်ရာဟ်မန်သည် (၂၀၀၆)ခုနှစ်က ဟူစိန်အား ကြိုးဆွဲချ ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။ ISISတို့သည် ဇွန်လလယ်က ရာဟ်မန်အား ဖမ်းဆီးရမိခဲ့ပြီး ဟူစိန်အတွက် လက်စားချေသည့် အနေဖြင့် ကွပ်မျက်ခဲ့ခြင်းဟု သိရသည်။
ဂျော်ဒန် လွှတ်တော်အမတ် ခါလီ အက်တီယာနှင့် ISIS ဆွန်နီ မွတ်ဆလင် စစ်သွေးကြွတို့၏ Facebook စာမျက်နှာများပေါ်တွင် စတင်ဖော်ပြခဲ့သော သတင်းကို အီရတ်အစိုးရက အတည်မပြုခဲ့ချေ။ သို့သော်လည်း အီရတ်၏ နာမည်ကျော် တရားသူကြီး တစ်ဦးဖြစ်သော ရာဟ်မန်ကို ISISက သေဒဏ်စီရင်လိုက်ပြီ ဆိုခြင်းကိုလည်း အစိုးရက မငြင်းဆန်ခဲ့ချေ။ ကလေး(၃)ဦး၏ ဖခင်ဖြစ်သော ရာဟ်မန်သည် ဇွန်လ(၁၆)ရက်နေ့က အဖမ်းခံရပြီး (၂)ရက်အကြာတွင် သေဒဏ်စီရင်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးအောင်မင်း၏ တပ်မတော်သားများအပေါ် စော်ကားပြောဆိုမှုသည် ‘တောင်းပန်ပါတယ်’ စကားတစ်ခွန်းဖြင့် တာဝန်ကျေပြီဟု မဆိုနိုင်

ယနေ့ မြန်မာ့နိုင်ငံရေးနဲ့ မီဒီယာလောကမှာ တောင်းပန်တာတွေ ခေတ်စားလာသလို တောင်းပန်လိုက်တာနဲ့ တာဝန်ကျေသွားတဲ့ ကိစ္စကလည်း အလေ့အထဖြစ်လာပါတယ်။ တစ်စုံတစ်ယောက်က လက်လွတ်စပယ် ပြုမူပြောဆိုလိုက်၊ ကန့်ကွက်ခံရချိန် တောင်းပန်လိုက် ဖြစ်စဉ်အများအပြားရှိပေမယ့် အချို့အပြုအမူ အပြောအဆိုများက ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျေနပ်ရမယ့် ကိစ္စမဟုတ်ဘူး ဆိုတာ ကိုတော့ ကာယကံရှင်တွေက သတိပြုမိဟန် မရှိပါဘူး။ ဥပမာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောခဲ့တဲ့ တိုက်ပွဲမှာစွန့်လွတ်စွန့်စားခဲ့သူတွေကို မချီးမြောက်ဖို့နဲ့ အသက်စွန့်သွားတဲ့ ရဲဘော် တွေအတွက် သစ္စာစောင့်ဖို့ မလိုဘူးဆိုတဲ့ စကားမျိုးတွေပါ။
Photo: ဦးအောင်မင်း၏ တပ်မတော်သားများအပေါ် စော်ကားပြောဆိုမှုသည်
‘တောင်းပန်ပါတယ်’ စကားတစ်ခွန်းဖြင့် တာဝန်ကျေပြီဟု မဆိုနိုင်
Monday, June 23, 2014

ယနေ့ မြန်မာ့နိုင်ငံရေးနဲ့ မီဒီယာလောကမှာ တောင်းပန်တာတွေ ခေတ်စားလာသလို တောင်းပန်လိုက်တာနဲ့ တာဝန်ကျေသွားတဲ့ ကိစ္စကလည်း အလေ့အထဖြစ်လာပါတယ်။ တစ်စုံတစ်ယောက်က လက်လွတ်စပယ် ပြုမူပြောဆိုလိုက်၊ ကန့်ကွက်ခံရချိန် တောင်းပန်လိုက် ဖြစ်စဉ်အများအပြားရှိပေမယ့် အချို့အပြုအမူ အပြောအဆိုများက ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျေနပ်ရမယ့် ကိစ္စမဟုတ်ဘူး ဆိုတာကိုတော့ ကာယကံရှင်တွေက သတိပြုမိဟန် မရှိပါဘူး။ ဥပမာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောခဲ့တဲ့ တိုက်ပွဲမှာ စွန့်လွတ်စွန့်စားခဲ့သူတွေကို မချီးမြောက်ဖို့နဲ့ အသက်စွန့်သွားတဲ့ ရဲဘော်တွေအတွက် သစ္စာစောင့်ဖို့ မလိုဘူးဆိုတဲ့ စကားမျိုးတွေပါ။
ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းရဲ့ စကားကြောင့် လက်ရှိ တပ်မတော်သားများ၊ မိသားစုဝင်များ သာမက စစ်မှုထမ်းဟောင်းများပါ စိတ်ဆိုးခဲ့ကြရပါတယ်။ စိတ်ဆိုးတယ်ဆိုတာထက် နာကျည်းစိတ်ပျက် တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဇွန်လ ၇ ရက်နေ့မှာ အခုလိုပြောဆိုလိုက်တဲ့ ဦးအောင်မင်းဟာ ၁၀ ရက်အကြာ ဇွန်လ ၁၇ ရက်နေ့မှာ ဦးအောင်မင်းက ကာကွယ်ရေးဦးစီးချုပ်ဆီကို သွားပြီးတောင်းပန်ခဲ့ပြီး၊ ၂၁ ရက်နေ့ ရက်စွဲဖြင့် တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် အဆိုပါ တောင်းပန်စာသည် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းများရဲ့ နာကျည်းချက်များကို ကုစားနိုင်မည် မဟုတ်ပေ။
ဒါ့အပြင် ဦးအောင်မင်းက ၎င်းကိုယ်တိုင် သူရဲကောင်းမှတ်တမ်းဝင်တစ်ဦးဖြစ်ပြီး တပ်မတော်အပေါ် သစ္စာဖောက်မည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးရစေချင်သောကြောင့်၊ တပ်မတော်သား မိသားစုဝင်များကို စာနာသောကြောင့်၊ စစ်သားတွေကို အကျိုးအပြတ်တွေ မဖြစ်စေချင်သောကြောင့်၊ မုဆိုးမများ မဖြစ်စေချင်သောကြောင့် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့ပါတယ်။
ဦးအောင်မင်း တောင်းပန်ပြီး အကြောင်းပြချက်ပေးမှ ပိုပြီးဒေါသထွက်စရာကောင်းနေပြန်သည်။ ဗိုလ်ချုပ်ဟောင်းတစ်ဦးက စစ်သားမိသားစုတွေကို စာနာတယ်ဆိုပြီး ဝန်ကြီးဖြစ်သွားကတည်းက တပ်ကို ပြန်ကြည့်ခဲ့တာမျိုး တစ်ခါမှမရှိခဲ့ပါဘူး။ သေဆုံးသူမိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သည်တွေကို ကြည့်ရှုစောင့်ရှောက်ခဲ့တာမရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပေါင်းကာ စစ်တပ်က ရဲဘော်ရဲဘက်ချင်း သစ္စာစောင့်သိနေလို့ တိုက်ပွဲများဖြစ်ပွားနေရသလိုလို၊ သူရဘွဲ့တွေ နဲ့ သူရဲကောင်းမှတ်တမ်းဝင် လက်မှတ်တွေ ပေးနေလို့ပဲ တိုက်ပွဲဖြစ်နေရသလိုလို ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ‘တောင်းပန်ပါတယ်’ဆိုတဲ့ စကားတစ်ခွန်းဖြင့် နှစ်သိမ့်ခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ တပ်မတော် တည်တံ့နေသမျှ ကာလပတ်လုံး ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းရဲ့ တပ်မတော်သားတွေ စိတ်ထဲကို နာကျင်စေခဲ့တဲ့ စကားတွေကတော့ သမိုင်းမှာ ကျန်ခဲ့တော့မှာဖြစ်ပါတယ်။

နိုင်ဂျီးရီးယား နာမည်ကြီး ပေါ့အဆိုတော်မှ သူမ၏ အပျိုစင်ဘဝ နှင့် ဘိုကိုဟာရာမ်များ ပြန်ပေးဆွဲထားသော မိန်းကလေးများ အလဲအလှယ်လုပ်ရန် ကမ်းလှမ်း

ထင်ရှားလှသော နိုင်ဂျီးရီးယား ပေါ့အဆိုတော် နှင့် အီမိုပြည်နယ် ငြိမ်းချမ်းရေးသံအမတ် အေဒိုကီယီ မှ အံ့သြဖွယ် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။အသက် ၂၃ နှစ် အရွယ် အေဒိုကီယီသည် သူမ၏ လွတ်လပ်သော ဝတ်စားဆင်ယင်ပုံများကြောင့် "ဟော့" သည်ဟု နာမည်ကြီးလှသော်လည်း သူမသည် အပျိုစင်သာ ရှိသေးသည်ဟု ဖွင့်ဟထားသူဖြစ်သည်။ သူမ၏ အပျိုစင်ဘဝကို လိုချင်သော မည်သူမဆိုသည် သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးလျှင် ရယူနိုင်သည်ဟု ကြေငြာထားသည်။ အေဒိုကီယီမှ သူမ၏ မိခင်အား ဂျက်လေယာဉ်တစ်စီး ဝယ်ပေးရန် ကတိပေးထားဖူးသည်။ယခုအခါ အေဒိုကီယီမှ သူမ၏ အပျိုစင်ဘဝနှင့် ပတ်သက်၍ အံ့သြဖွယ်ရာ ကမ်းလှမ်းမှုတစ်ခုကို ဘိုကိုဟာရာမ် အစ္စလမ္မစ် စစ်သွေးကြွများထံ ပြုလုပ်လိုက်သည်။အများသူငှာ လိုချင်တပ်မက်နေကြသော သူမ၏ အပျိုစင်ဘဝအား ဘိုကိုဟာရာမ်အဖွဲ့သားများက ခြွေနင်းရယူနိုင်သည်။ သို့သော် အလဲအလှယ်အနေဖြင့် ဘိုကိုဟာရာမ်တို့မှ ၎င်းတို့ပြန်ပေးဆွဲထားသော ချီဘော့မြို့မှ မိန်းကလေးများကို ပြန်လွှတ်ပေးရမည် ဟူ၍ ဖြစ်သည်။
"ည ၁၁ နာရီလောက်ပေါ့။ အဲ့အချိန်က ကျမ စဉ်းစားမိတယ်။ ဒီကလေးမလေးတွေ ဘယ်ရောက်နေလဲ၊ သူတို့တွေ ဘယ်လိုဖြစ်နေပြီလဲ။ မတရားတဲ့ ကိစ္စကြီးပါရှင်။ ကလေးမလေးတွေက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကျမ ကိုယ့်ကိုယ်ကို ရင်းပြီး သူတို့လေးတွေကို ကယ်ချင်မိတယ်" ဟု အေဒိုကီယီမှ ဖွင့်ဟခဲ့သည်။

ဦးဆန်းဆင့်အား ရန်ကုန်မြို့နှင့်မနီးမဝေးရှိထောင်တွင် ထိန်းသိမ်းထားပြီး ယင်းမိသားစုနှင့်စီးပွားရေးလုပ်ငန်းများကို စစစမှ ထိန်းချုပ်စောင့်ကြပ်လျက်ရှိ

တာဝန်မှရပ်စဲပြီး အမှုဖွင့် စစ်ဆေးခံနေရသော သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် အား ရန်ကုန်မြို့နှင့်မနီးမဝေးရှိ ထောင်တစ်ခုတွင် ထိန်းသိမ်းထားရှိပြီး ယင်း၏မိသားစုနှင့် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ထိန်းချုပ်စောင့်ကြပ်လျက်ရှိနေကြောင်း အဆိုပါအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးဆန်းဆင့်အား ဇွန် ၁၉ ရက်က လက်ရှိရာထူးမှ ဖယ်ရှား ခဲ့ပြီးနောက် ယခုကဲ့သို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာနက ဦးဆန်းဆင့်နှင့်ပတ်သက်ဆက်နွှယ် နေသည့် လုပ်ငန်းများအား ထိန်းချုပ်ကာ မိသားစုအား စောင့်ကြပ်ကြည့်ရှုမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာနတွင်လည်း အထူးစုံစမ်းစစ်ဆေးရေးမှ စစ်ဆေးမှုများပြုလုပ်နေကြောင်း သာသနာရေးဝန်ကြီးဌာနမှ အမည်မဖော် လိုသူ အရာရှိတစ်ဦးက ပြောသည်။

''နေပြည်တော်မှာတော့ စသုံးလုံးကသာသနာရေးရုံးကိုဝင်စစ်ဆေးနေတယ်။ ဒီလို ဦးဆန်းဆင့် သတင်းကြား ရတော့ သာသနာရေးရုံးက ဝန်ထမ်းတွေ စိတ်မကောင်းဖြစ်နေကြတယ်''ဟု အဆိုပါအ မည်မဖော်လို သူ အရာရှိတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းအပေါ် အပြုသဘောဆောင်သည့် မျှော်လင့်ခြင်းများထားရှိကြောင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ပြောကြား

ရခိုင်ပြည်နယ်အရေးသည် စစ်ရေးအရသော်လည်းကောင်း၊ ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ အလွန် အရေးကြီးနေသည့်အချိန်တွင် ရခိုင်ပြည်နယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသည့် ဗိုလ် ချုပ်မောင်မောင်အုန်းအား အပြုသဘော ဆောင်သည့် မျှော်လင့်ခြင်းများ မိမိတို့အ နေဖြင့် ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ အဆိုပါ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် ဗိုလ်ချုပ်မောင်မောင်အုန်းသည် နယ်စပ်ရေး ရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်လုံခြုံရေးအတွက် စိတ်ချ ယုံကြည်ခြင်းဖြစ်နိုင်ကြောင်း ယင်းက သုံးသပ်ပြောသည်။တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦး အစားထိုးခန့်အပ် ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၂ဝ ရက်က ပြုလုပ်ခဲ့ သည်။''သူက ရခိုင်တွေအပေါ်စေတနာတော်တော်ထားတယ်။ ရခိုင်တစ်ဦးလိုလဲခံစားပေးတယ်။ ကျောက်ဖြူ ညီလာခံကိုလဲ လာရောက်ခဲ့တယ်။ ရခိုင်ပြည်နယ်ကိုလဲသံယောဇဉ်ထားတယ်။ ဟိုဘက် ဒီဘက်မျှအောင်လဲ စဉ်းစားပေးတယ်။ ရခိုင် ပြည်နယ်အတွက် အရေးကြီးနေတဲ့အချိန် မှာ ဒီလို capacity မြင့်တဲ့သူတစ်ဦးကို အ ချိန်ကိုက် ခန့်အပ်လိုက်တဲ့အတွက် ရခိုင် ပြည်နယ်အရေးဟာ အကောင်းဆုံးအခြေ အနေကို ရောက်ရှိလာမယ်လို့ ယုံကြည်ရ တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီ ဗိုလ်ချုပ်နဲ့ အလုပ် သုံးခါလောက် အတူလုပ် ဖူးတယ်''ဟု ဦးဇော်အေးမောင်က ဆက် ပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် သူယုတ်မာများကို အကြံပေးမခန့်ရန် မဘသအဖွဲ့မှ ဆရာတော်ဦးဝီရသူ အကြံပြုမိန့်ကြား

မဟာသန္တိသုခ ကျောင်း တော်ကြီးကို ဝင်ရောက်စီးနင်းကာ သံဃာ တော်များကို ထိန်းသိမ်းခဲ့ခြင်းနှင့် ပတ်သက် ၍ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အဆင့် ဝန်ကြီးဌာနများတွင် သူယုတ်မာများကို အ ကြံပေးမခန့်ကြရန် အကြံပြုကြောင်း အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မှ ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။''နောက်နောင် ဝန်ထမ်းကောင်း တွေ မဆုံးရှုံးရအောင် လူယုတ်မာတွေကို မည်သည့်ဌာနမှာမှ အကြံပေးမခန့်ကြဖို့ နိုင်ငံ တော်သမ္မတကလဲ အကြံပေးမလုပ်ခိုင်းဖို့ ဦးဇင်း အလေးအနက်ကို တောင်းဆိုချင်ပါ တယ်''ဟု ဆရာတော်က မိန့်ကြားသည်။ဇွန် ၂ဝ ရက်က မဟာသန္တိသုခ မှ သံဃာတော်ငါးပါးအား တာမွေတရားရုံး ၌ ရုံးထုတ်စစ်ဆေးသည့်အချိန်တွင် ဆရာ တော်ဦးဝီရသူ ဦးဆောင်သည့် သံဃာတော် များက သာသနာရေးဝန်ကြီးဌာနမှ အကြံ ပေးပုဂ္ဂိုလ် ဦးအံ့မောင်ကို အလိုမရှိ ဟု ရေး သားထားသည့်ပိုစတာများ ကိုင်ဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မြန်မာအမျိုးသမီးများကို မျိုးချစ်စိတ်ဓာတ်ပေါ်ပေါက်လာရေး ဟောပြောပေးရန် နိုင်ငံတော်သြဝါဒါစရိယဆရာတော် တိုက်တွန်း

အမျိုးဘာသာ သာသ နာစောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းစဉ် များတွင် အထူးသဖြင့် မြန်မာနိုင်ငံရှိအမျိုး သမီးများကို မျိုးချစ်စိတ်ဓာတ်များ ပေါ်ပေါက် လာစေရေးအတွက် ဟောပြောညွှန်ပြပေး ရန် နိုင်ငံတော်သြ ဝါဒါ စရိယဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရ(မိုးကောင်းကျောင်း)က တိုက်တွန်းမိန့်ကြား လိုက်သည်။
ဇွန် ၂၁ ရက်တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဆန်းတော ရတပ်ဦးကျောင်း၌ ပြုလုပ်သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကို ဖွဲ့စည်းတည်ထောင်သည့် တစ်နှစ်ပြည့် အခမ်း အနား နှစ်ပတ်လည် သံဃာ့ညီလာခံ တွင် မဘသအဖွဲ့၏ သြဝါဒါစရိယဆရာတော် ဖြစ်သော ဆရာတော် ဘဒ္ဒန္တ သုဓမ္မာစာရ (မိုးကောင်းကျောင်း)က မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ဆရာတော်က ''အဖွဲ့အနေနဲ့ အ ထူးသဖြင့် အမျိုးသမီးတွေကို မျိုးချစ်စိတ် ပေါ်ပေါက်အောင် ဟောကြားရေးနဲ့ ယဉ် ကျေးလိမ္မာလာအောင် ညွှန်ပြပေးရမယ်။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာကို ချစ်မြတ်နိုး တတ်အောင် သင်ပေးပါ။ ကလေးတွေရဲ့ နှလုံးသားထဲမှာ ဓမ္မကာယ ဘုရားတည်ပေး ပါ''ဟု ညီလာခံသို့ တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မဘသအဖွဲ့ဝင်ဆရာတော်၊ သံဃာတော် များကို သြဝါဒချွေခဲ့သည်။

အမျိုးစောင့်ဥပဒေများ ထွက်ပေါ်လာရန် ထောက်ခံသူလက်မှတ်လေးသန်း တင်ပြထားဟုဆို

အမျိုးစောင့်ဥပဒေ များအမြန်ဆုံး ထွက်ပေါ်လာရန် ပြည်သူ့ထောက်ခံဆန္ဒလက်မှတ်လေး သန်းကျော် ကို ပြည်ထောင်စုလွှတ် တော်ကို ပေးပို့ထားပြီဖြစ်ကြောင်း အမျိုး၊ ဘာသာ ၊ သာသနာစောင့်ရှောက်ရေး အသင်း (ဗဟို) ၏ နှစ်ပတ်လည် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှ သိရသည်။ဇွန် ၂၁ရက်က အင်းစိန်မြို့ နယ်၊ အောင်ဆန်းတပ်ဦးကျောင်း တိုက်တွင်ကျင်းပသည့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)အသင်းတည်ထောင်မှုတစ်နှစ် ပြည့်ညီလာခံကျင်းပအပြီး သတင်းစာရှင်းလင်းပွဲတွင် မဘသ(ဗဟို)အဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင်က ဒီမိုက ရေစီတူဒေး၏မေးမြန်းမှုကိုဖြေကြား ခဲ့သည်။အသင်းတည်ထောင်မှု သက် တမ်းတစ်နှစ်ပြည့်ပြီဖြစ်သည့် မဘသ အဖွဲ့အနေဖြင့် အမျိုးသားရေးလုပ် ငန်းများကို ရှေးရှု လုပ်ဆောင်နေပြီး အမျိုးစောင့်ဥပဒေများ အမြန်ဆုံးပေါ် ထွက်လာ စေရေး ကြိုးပမ်းနေသော် လည်း အချိန်အတိုင်းအတာဖြင့် မူဝါဒချမှတ်လုပ်ဆောင်နေခြင်းမျိုး မရှိကြောင်း ငါးကျမ်းပြန်ဆရာတော် ဒေါက်တာဓမ္မပီယ၊ သီတဂူအရှင် ဒေဝိန္ဒာဘိဝံသနှင့် ဓမ္မစက် ကဦးမောင် မောင်တို့ပြုလုပ်သည့် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှ သိရသည်။

စာရေးဆရာအောင်ရင်ငြိမ်း၏ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ကို ပြန်ကြားရေး တရားစွဲတော့မယ်

မြန်မာစာဖတ် ပရိသတ်တွေရဲ့ ကြားမှာ ဝေဖန်သံတွေ ဆူညံခဲ့တဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ အမည်ရ စာအုပ်ကို တရားစွဲမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံးက ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက ဆိုလာပါတယ်။ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားထားတဲ့ အဲဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေက ညစ်ညမ်းစာပေနဲ့ အကျုံးဝင်နေတဲ့အတွက် တရားစွဲဖို့ စီစဉ်နေတယ်လို့ သူကပြောပါတယ်။“လိင်ကိစ္စကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရေးသားချက်က ညစ်ညမ်းစာပေထဲမှာ သွားအကျုံးဝင်နေတယ်။ လူငယ်တွေအတွက် အန္တရာယ်ရှိနေတယ်” လို့ သူက ဆိုပါတယ်။
စာရေးဆရာ အောင်ရင်ငြိမ်းကတော့ အခုဝေဖန်နေတဲ့ သူတွေဟာ ဝတ္ထုတစ်ခုလုံးကို မဖတ်ဘဲ အပြာခန်း(ညစ်ညမ်း) တွေကို ဦးစားပေးဖတ်ပြီးတော့ ဝေဖန်နေတာပါလို့ ဆိုပါတယ်။ စာရေးသူ တစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။အခုတော့ စာအုပ်တွေကို ပြန်သိမ်းဖို့ ဖြန့်ချိရေးတွေက ပြောထား တယ်လို့ အောင်ရင်ငြိမ်းက ဆိုပါတယ်။

မြန်မာကလေးများကို လူကုန်ကူးသူတစ်ဦး ထိုင်းတွင် ဖမ်းမိ

အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် သုံးယောက်ကို ထိုင်းနိုင်ငံတွင် နှင်းဆီပန်းရောင်းရန် စေခိုင်း သည့် လူကုန်ကူးခဲ့သူ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များက ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ အမျိုးသားသည် မြန်မာကလေးငယ်များကို ဘန်ကောက်မြို့လမ်းများ တစ်လျှောက်တွင် ကမ္ဘာလှည့် ခရီးသွားများထံ နှင်းဆီပန်းရောင်းရန်စေခိုင်းခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ခအိုဆန် (Khao San) လမ်းတစ်လျှောက် နံနက် ၈ နာရီမှ မွန်းလွဲ၂ နာရီအတွင်း မြန်မာ ကလေးများကို အုပ်စုလိုက် တွေ့ရှိရလေ့ ရှိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၏ စစ်တမ်း အရ သိရသည်။ကလေးငယ်များသည် တစ်ရက်လျှင် နှင်းဆီပန်း ၂၅ ပွင့် ရောင်းရပြီး သတ်မှတ်ချက် မပြည့် ပါက ရိုက်နှက်ခံရကြောင်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဆိုသည်။ကလေးငယ်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀ (ကျပ် ၅၀,၀၀၀ ကျော်) နှုန်းဖြင့် ကလေးများ၏ မိခင်ထံသို့ လစဉ် ပေးရကြောင်း လူကုန်ကူးသူ အမျိုးသား၏ ထွက်ဆိုချက်ကို Bangkok Post တွင် ဖော်ပြထားသည်။

သွေးဖောက်စရာမလို၊ဓာတ်ရောင်ခြည်မဖြတ်သန်းဘဲ မိနစ်ပိုင်းအတွင်း ခန္ဓာကိုယ်မှရောဂါဖြစ်နိုင်ခြေများကြိုတင်သိနိုင်

အမေရိကန်၊ ဂျပန်၊ ဂျာမနီ နိုင်ငံတို့မှ နောက်ဆုံးပေါ် ခေတ်မီ စက်ကြီးများဖြင့် သွေးဖောက်စရာ မလို၊ ဓာတ်ရောင်ခြည်မဖြတ်သန်း ဘဲ မိနစ်ပိုင်းအတွင်း ခန္ဒာကိုယ်မှ ရောဂါဖြစ်နိုင်ခြေများကို ကြိုတင် သိရှိနိုင်ပြီး ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပေးသည့် ရွှေမိုးပွင့်အေး ကျန်းမာရေးစင်တာဖွင့်ပွဲကို ယမန် နေ့နံနက် ၈နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါ ရပ်ကွက် ၇၄လမ်းနှင့် ၇၅လမ်း ကြား ၃၂x၃၃လမ်းကြား အမှတ် (၂ဝ၂/က)တွင် ကျင်းပသည်။
ကျန်းမာရေးစင်တာတွင် ဦးနှောက်ပိုင်းဆိုင်ရာရောဂါများ၊ အာရုံကြောဆိုင်ရာ ရောဂါများ၊ နှလုံးအားနည်းခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ အသည်းနှင့်ဆိုင်သော
ရောဂါများ၊ ကျောက်ကပ်နှင့် ဆိုင်သောရောဂါများ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါ များ၊ အရိုးပွကျီးပေါင်းတက် အရိုး အဆစ်ဆိုင်ရာ ရောဂါများ၊ ဆီးချို၊ သွေးချို၊ လေဖြတ်ဝေဒနာ
ရှင်များ၊ သွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများ ကာကွယ်ကုသနိုင်ကြောင်း သိရ သည်။

တရားမ၀င်အလုပ်သမားမှတ်ပုံတင်မှု ထိုင်း စတင်မည်

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြသူတွေအတွက် ခရိုင် ၂၂ ခုမှာ အလုပ်သမား မှတ်ပုံတင် လုပ်ငန်းတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အကြောင်း ဇွန်လ ၂၁ ရက်နေ့က ဘန်ကောက်မြို့မှာကျင်းပတဲ့ ထိုင်းစစ်အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားများ စနစ်တကျဖြစ်ရေး အစည်း အဝေးမှာ သဘောတူညီမှု ရခဲ့ပါတယ်။ အပြည့်အစုံကိုဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ထိုင်းနိုင်ငံမျာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်နိုင်ရေး ထိုင်းစစ်အစိုးရက ဘန်ကောက်မြို့နားမှာရှိတဲ့ ဆမွတ်ဆခုံ ခရိုင်၊ မဟာချိုင်ဒေသမှာ စပြီးဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်နေကြတဲ့ မဟာချိုင်ဒေသဟာ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံအတော်များများရှိပြီး လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အကြောင်း ဇွန်လ ၂၁ ရက်နေ့က ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားအလုပ်သမားများ စနစ်တကျဖြစ်ရေး အစည်းအဝေးမှာထိုင်းအာဏာပိုင်တွေက သဘောတူ ညီချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလက်မှတ်ဟာ တရားမဝင် နေထိုင်နေရသူတွေအတွက်တော့ အဆင်ပြေ နိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။

Android Wear စမတ်နာရီကို Google I/O တွင် Samsung မိတ်ဆက်မည်

ဇွန်လ ၂၅ ရက်တွင် ကျင်းပမည့် Google ၏ developer conference တွင် Samsung က ကုမ္ပဏီ၏ ပထမဦးဆုံး Android Wear ထုတ်ကုန်ကို မိတ်ဆက်ရန် စီစဉ်နေကြောင်း CNET က ဖော်ပြခဲ့သည်။ အဆိုပါ Android Wear ထုတ်ကုန်သည် စမတ်နာရီတစ်ခု ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က Samsung မှ ဖြန့်ချိခဲ့သည့် Gear ထုတ်ကုန်များနှင့် တူညီသည်ဟု ဆိုသည်။
Samsung သည် ကုမ္ပဏီပိုင် ချစ်ပ်များဖြင့် Android Wear စမတ်နာရီကို ဖန်တီးလျက်ရှိသလို Qualcomm ၏ ပရိုဆက်ဆာများဖြင့်လည်း အခြားအမျိုးအစားများကို တည်ဆောက်လျက်ရှိသည်။ သို့သော်လည်း Google I/O တွင် Samsung က မည်သည့် ထုတ်ကုန်အမျိုးအစား မိတ်ဆက်ပြသမည်ကို အသေအချာ မသိရသေးပေ။ Android Wear သည် စမတ်နာရီနှင့် အခြားသော ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များအတွက် Google က ဖြန့်ချိထားသည့် operating system တစ်မျိုး ဖြစ်သည်။



သတင်းမီဒီယာသမားများကို သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှု စစ်အစိုးရလက်ထက်ကဲ့သို့ ဖြစ်နေ

သတင်းမီဒီယာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုများသည် ယခင်စစ်အစိုးရ လက်ထက်ကဲ့သို့ ကျင့်သုံးနေခြင်းများဖြစ်သည်ဟု မီဒီယာသမားများက ဝေဖန်လိုက်သည်။
ယခုရက်ပိုင်းအတွင်း သတင်းမီဒီယာဌာနအချို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သတင်းတပ်ဖွဲ့က ခေါ်ယူ စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။ခေါ်ယူမေးမြန်းခြင်းခံရသည့် သတင်းမီဒီယာဌာနများသည် ပြစ်မှုကျူးလွန်ခြင်း တစ်စုံတစ်ရာမရှိဘဲ အဆိုပါဌာန၏ ၀င်ငွေ၊ ထွက်ငွေ အစရှိသည့် စီးပွားရေးလမ်းကြောင်း ကိုသာ ခေါ်ယူမေးမြန်းခြင်းဖြစ်သည့်အတွက် မီဒီယာသမားများက ယင်းကဲ့သို့ ဝေဖန်လိုက်ခြင်းဖြစ် သည်။မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က “အပြစ်တစ်စုံတစ်ရာရှိလို့ ခေါ်ယူမေးမြန်း တယ်ဆိုရင်လည်း ဟုတ်တယ်။ အခုကလုပ်ထုံးလုပ်နည်းနဲ့ မညီပါဘူး။ သူတို့အနေနဲ့ သိချင်တာ သိကောင်းရှိ နိုင်ပေမယ့်တိုက်ကိုလာရောက်မေးမြန်းတာပဲရှိသင့်ပါတယ်”ဟု အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ သုံးသပ် သည်။

ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ရွေးချယ်ခံရ

မြန်မာနိုင်ငံအတွင်းရှိ နှစ်ပေါင်း ထောင်ချီသက်တမ်းရှိသော ရှေးဟောင်းမြို့ သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့ကို UNESCO ၏ “ကမ္ဘာ့ရှေးဟောင်း အမွေနှစ်နေရာများ”အဖြစ် ဇွန်လ ၂၂ ရက်က ပဏာမရွေးချယ်လိုက်သည်။“ဒီမြို့တွေက ယူနက်စကိုက သတ်မှတ်ပေးတဲ့ မြန်မာနိုင်ငံအတွင်းက ပထမဆုံး ရှေးဟောင်းမြို့တွေဖြစ်လာမှာ ဖြစ်တယ်။ တခြားမြို့တွေကလည်း ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်မြို့ များ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီလို အသိအမှတ် ပြုခံရဖို့အတွက် ပမာဏစာရင်းမှာ ပါဝင်ဖို့ အရမ်း အရေးကြီး ပါတယ်။ ဒီမြို့တွေနဲ့ တခြားနေရာတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ ပိုပြီးတော့ ဖြစ်လာ နိုင်ခြေရှိနေပြီ”ဟု ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက ၎င်း၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ဆိုပါ ရှေးဟောင်းပျူမြို့များတွင် အုတ်တံတိုင်း အကြွင်းအကျန်သုံးခုရှိသည်။

အခြေခံဥပဒေကို ချိုးဖောက်၍ ဘာသာပြောင်း ဥပဒေပြဋ္ဌာန်းရန် ကြိုးပမ်းဟု ဝေဖန်

အများပြည်သူသိရန် ထုတ်ပြန်လိုက်သည့် “ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း”သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများကို ချိုးဖောက်နေသည့်အပြင် ပုဂ္ဂလိက လူတစ်ဦးချင်းစီ၏ သက်ဝင်ယုံကြည်မှုအပေါ် အာဏာကို အခြေပြု၍ ပိတ်ပင်သည့်လုပ်ရပ်ဟု အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆၆ ဖွဲ့က ဝေဖန်လိုက်သည်။မေလ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါ ဥပဒေမူကြမ်းကို ထုတ်ပြန်လိုက်ပြီး မူကြမ်းနှင့်ပတ်သက်သည့် အကြံပြုချက်များကို ရဟန်းရှင်လူ ပြည်သူများထံမှ တောင်းခံထားသည်။ အရပ်ဘက် အဖွဲ့အစည်းများကလည်း အကြံပြုစာပေးပို့ခဲ့ပြီး ယင်းသို့ ထောက်ပြ အကြံပြုထားခြင်းဖြစ်သည်။ဥပဒေမူကြမ်းအရ “ဘာသာရေးကိစ္စအပေါ် အဆုံးအဖြတ်ပေးနိုင်မည့် အာဏာကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လူတစ်စု၏ လက်ထဲသို့ ကွပ်အပ်လိုက်သလိုဖြစ်နေသည်”ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုစာတွင် ရေးသားထားသည်။ဘာသာကူးပြောင်း ဥပဒေမူကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူများ ပုဒ်မ ၃၄ နှင့် နိုင်ငံသား မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၆၄ ပါ အချက်များကို ချိုးဖောက်နေသည်ဟု ဝေဖန်ခြင်းဖြစ်သည်။

မြန်မာ လွှတ်တော်အမတ်တွေ ဘာလို့ တရုတ်သွားတာလဲ

Photo: မြန်မာ လွှတ်တော်အမတ်တွေ ဘာလို့ တရုတ်သွားတာလဲ
Monday, June 23, 2014

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း ဦးဆောင်တဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေ ဇွန်လ ၂၂ရက်နေ့က တရုတ်နိုင်ငံကို စတင် ထွက်ခွါသွားပါပြီ။

တရုတ်နဲ့ အာဆီယံနိုင်ငံ တွေကြားမှာ ဖြစ်ပွားနေတဲ့ တောင်တရုတ် ရေပိုင်နက် ပြဿနာ ဆွေးနွေးဖို့ မြန်မာနိုင်ငံက လွှတ်တော် အမတ်တချို့ တရုတ်နိုင်ငံ သွားတာပါလို့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးရဲထွန်းက ပြောပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေး၊ တရုတ်နိုင်ငံရဲ့ မြို့ပြနဲ့ ကျေးလက် ဖွံဖြိုးရေးဆိုင်ရာ၊ တရုတ်နိုင်ငံမှာ ရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ မူဝါဒရေးရာ တွေကိုပါ ဆွေးနွေးမယ်လို့ သူကဆိုပါတယ်။
“ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်တွေနဲ့လည်း တွေ့ပြီး ဒီပြဿနာတွေကို ဆွေးနွေးမှာပါ” လို့ သူက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတကာ ချစ်ကြည်ရေးအသင်းက ဖိတ်ကြားတာဖြစ်ပါတယ်။ ခရီးစဉ်က တစ်ပတ်လောက် ကြာမြင့်မှာဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင်အဖြစ် ဦးရဲထွန်း၊ အဖွဲ့ဝင်တွေအဖြစ် ဦးခင်မောင်၊ ဦးမိုးဇော်ဟိန်း၊ ဦးကျင်ဝမ်းနဲ့ ဒေါ်ဒွဲဘူတို့ လိုက်ပါသွားပြီးတော့ ဘေဂျင်း၊ ချန်ဒူးနှင့် ကူမင်းမြို့တွေကို သွားကြမှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် အရေးဟာ အာဆီယံ ဥက္ကဋ္ဌ အဆက်ဆက် ခေါင်းရှောင် ထားပေမယ့် မြန်မာက အာဆီယံ ဥက္ကဋ္ဌတာဝန် ယူတဲ့အချိန်မှာ ဒီပြဿနာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း ဦးဆောင်တဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေ ဇွန်လ ၂၂ရက်နေ့က တရုတ်နိုင်ငံကို စတင် ထွက်ခွါသွားပါပြီ။

နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်/စစ်ကော်မတီဝင် ပြောကြား

Photo: နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်/စစ်ကော်မတီဝင် ပြောကြား
Monday, June 23, 2014

နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် အစိုးရနှင့် လွှတ်တော်တို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိသလောက် နည်းပါးသောကြောင့် ဥပဒေအဖြစ် အတည်ပြုနိုင်ရေး ကြန့်ကြာမှုများ ရှိနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ပြောကြားသည်။

ဦးရဲအောင်က “ကျွန်တော်တို့ နိုင်ငံမှာက ရှေ့ပိုင်း အာဏာရှင် အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ ပုံသဏ္ဌာန်တွေရယ် အခုနောက်ပိုင်း တွေ့နေရတဲ့ ပုံသဏ္ဌာန်တွေမှာ တစ်ခါတလေ ကျလို့ရှိရင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာ ဖြစ်ပေမယ့် သူတို့ကို တခြားနည်းလမ်းနဲ့ ဖမ်းဆီးတာမျိုးတွေ ပြုလုပ်တာမျိုးတွေ တွေ့နေရတာ ဖြစ်တယ်။ သူဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်။ နိုင်ငံရေးရည်ရွယ်ချက် အရပဲ ဖမ်းဆီးတာ ဖြစ်ပေမယ့် သူဟာ နိုင်ငံရေးပုဒ်မနဲ့ အဖမ်းမခံရဘူး။ နိုင်ငံရေးမှုနဲ့ အဖမ်းမခံရဘဲ အခြား ပုဒ်မမျိုးတွေနဲ့ အဖမ်းဆီးခံရတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့က တော်တော်ကို အခက်အခဲ တွေ့နေတာတွေ ရှိပါတယ်။ တော်တော် စဉ်းစားစရာတွေလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ ဥပဒေပုဒ်မတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရသလို အခြားစကားရပ်တွေနဲ့ ဖွင့်ဆိုတဲ့ အခါမှာလည်း အင်မတန် ကျယ်ဝန်းနေတာကို တွေ့နေရပါတယ်။ အဲဒါက ကျွန်တော်တို့နိုင်ငံမှာ လက်ရှိအစိုးရအနေနဲ့ ဆောင်ရွက်မှုပုံစံက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့ အဓိက ခက်ခဲနေတဲ့ စိန်ခေါ်မှုဖြစ်နေတာ တွေ့ရပါတယ်။ ဥပမာ ခင်ဗျားတို့ တွေ့မှာပါ။ မကွေးမှာ ဖြစ်သွားတဲ့ ကိုနေမျိုးကျော်တို့ ပုဒ်မ ၁၈ ကနေ ပြီးတော့ ပုဒ်မ ၂၇ အသံချဲ့စက် သုံးစွဲမှုဆိုပြီး ပြောင်းလဲပြီးတော့ တရားစွဲတယ်ဗျာ။ ဒါတွေက အသံချဲ့စက်သုံးတာက အဲဒီအထဲက အပိုင်းလေး တစ်ပိုင်းပဲ။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ” ဟု ဦးရဲအောင်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများအကြား ဆွေးနွေးညှိနှိုင်းရေး ဖွင့်ဆိုထားသော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အကြမ်းရရှိထားပြီဖြစ်ပြီး အဆင့်မီသည့် အနေအထား ရောက်ရှိအောင် နိုင်ငံတကာမှ ပညာရှင်များ၏ အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် ဥပဒေပြုရေး ဆောင်ရွက်နေသည့် လွှတ်တော်နှင့် နိုင်ငံရေးပါတီများ၏ ပါဝင်ဆောင်ရွက်မှု လိုအပ်သည်ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ စာရင်းကောက်ယူခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှုများကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အစည်းများက တတ်နိုင်သမျှ ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း အစိုးရမှ ဆောင်ရွက်ပေးခြင်းမျိုး မရှိသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ အချက်သုံးချက်ဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာ (၁) မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံသားများ နစ်နာဆုံးရှုံးနေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဌာန် အမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ (၂) အထက်ပါ ဆောင်ရွက်မှုများဖြင့် ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ (၃) အစိုးရ တစ်ရပ်ရပ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်က နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူများဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။

Eleven Media Group

နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲအား ၂၀၁၃ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့စဉ်
နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲအား ၂၀၁၃ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့စဉ်
နိုင်ငံရေးလှုပ်ရှားသူများကို နိုင်ငံရေးပုဒ်မနှင့် မဖမ်းဘဲ အခြားပုဒ်မများနှင့် ဖမ်းဆီးမှု ရှိနေခြင်းက နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အဓိက အခက်အခဲဖြစ်နေဟု နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော် မတီ အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်၍ တရားရုံး စစ်ဆေးမှုနှင့် သတင်းထုတ်ပြန်ချက်များသည် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ဝေဖန်မှုများ ရှိနေ

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်၍ တရားရုံး စစ်ဆေးမှုနှင့် သတင်းထုတ်ပြန်ချက် များသည် ယခုထက်ပိုမို၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ဝေဖန် မှုများ ရှိနေပြီး လက်ရှိအချိန်အထိ ဦးဆန်းဆင့်နှင့် ပတ်သက်၍ မီဒီယာများအား ဖိတ်ကြားကာ တရားဝင် သတင်းစာရှင်းလင်းသည့် ပုံစံမျိုး မရှိသေးသည်ကို တွေ့ရသည်။