Tuesday, 8 April 2014

ဧပြီ ၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

Photo: ဧပြီ ၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်
Tuesday, April 8, 2014

ဧပြီ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်း နေတာကို တွေ့ရှိ ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ မုတ္တမကွေ့၊ မွန်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်။ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက်သာ မြင့်တက်နိုင်ပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် ခရမ်းလွန်ရောင်ခြည် မြင့်တက်နိုင်မှုကတော့ မြောက်ပိုင်းဒေသ တွေမှာ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေ အနည်းငယ်ကျဆင်းနိုင်ပါတယ်။

ကချင်ပြည်နယ်မှာ ပုံမှန်အပူရှိန်ထက် အနည်းငယ်ပိုနိုင်ပြီး အညွှန်းကိန်း ၇ သာ ရှိနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အညွှန်းကိန်း ၈ လောက် ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အညွှန်းကိန်း ၉ လောက်ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ လွန်ကဲအဆင့်ထိ မြင့်တက်နိုင်ပြီး ကော့သောင်းမြို့မှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ၁၄ ထိ မြင့်တက်နိုင်ပါတယ်။ ကျန်ဒေသတွေမှာ ၁၀ ကနေ ၁၃ လောက်ထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုဟာ မြင့်မားနိုင်တဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း နေပူထဲကို မထွက်ဖို့ အလွန်အရေးကြီးပါတယ်။

တကယ်လို့ မဖြစ်မနေ သွားရတဲ့အခါမှာလည်း ထီး၊ ဦးထုပ်၊ အကျီလက်ရှည်နဲ့ နေကာမျက်မှန်တွေ ၀တ်ဆင်ပြီး သွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ နေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလာက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မိုးရေချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ တနင်္သာရီတောင်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၂၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီ ဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာ နိုင်ပါတယ်။

ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။

ဧပြီ ၉ ရက်နေ့အတွက် ရန်ကုန်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။

ဧပြီ ၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။

ဧပြီ ၈ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

DVB 
 ဧပြီ ၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။

လာမယ့်နှစ်သစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲရှိမယ်- ဆရာဇေယျာကို

Photo: လာမယ့်နှစ်သစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲရှိမယ်- ဆရာဇေယျာကို
Tuesday, April 8, 2014

အခု လာမယ် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကို စတင်ကူးပြောင်းပြီ ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အခြေအနေတွေ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

မြန်မာနိုင်ငံရဲ့ ကံဇာတာ အခြေအနေကို မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုရဲ့ တွက်ချက် ဟောပြောချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

အသံဖိုင် နားဆင်ရန်

https://soundcloud.com/dvbradio/kh-zay-yar-ko

DVB
ဦးဇေယျာကို
အခု လာမယ် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကို စတင် ကူးပြောင်းပြီ ဖြစ်ပါတယ်။

ခါးပိုက်နှိုက်များအား ဖမ်းဆီးအရေးယူ


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင် များ သည် ခါး ပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် ၇.၄.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ တံတားလေး လမ်းဝ မှတ်တိုင်၌ သတင်းစုံစမ်းဆောင်ရွက်နေစဉ် ယာဉ်လိုင်းအမှတ်(၄၃) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ပေါက်စီ(ခ) သန့်ဇင်ဦး၊ (၃၅)နှစ်၊ (ဘ)ဦးလှဦး၊ ရှမ်းမ(ခ)သိန်းထွန်းနိုင်၊ (၃၂)နှစ်၊ (ဘ)ဦးကျင်သန်းနှင့် ကြည့်မြင်တိုင်မြို့နယ်နေ မောင်ဇော်၊ (၄၄)နှစ်၊ (ဘ)ဦးကျော်ဝင်းတို့(၃)ဦးကိုတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ ပေါက်စီ (ခ)သန့်ဇင်ဦး၏ ကျောပိုး အိတ် အတွင်းမှငွေကျပ်(၁၇၆၀၀) ကိုတွေ့ရှိခဲ့ပါသည်။

နိုင်ငံတော် စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရေး ဝိုင်းဝန်း ကြိုးပမ်း

အာရှဖွံ့ဖြိုးရေး ဘဏ်မှ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ငွေထုတ်ချေးသူများ၏ လွတ်လပ်သော အကဲဖြတ်ဌာနက ဧပြီ ၄ ရက်တွင် လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်။ ၎င်းအစီရင်ခံစာအရ အာရှ တိုက်တွင် နေထိုင်သော လူတစ်ဦး တစ်နေ့ဝင်ငွေမှာ ၁ ဒသမ ၂၅ ဒေါ်လာအောက် လျော့ နည်း နေသေးခြင်းကြောင့် ဝင်ငွေ မညီမျှမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကထက် ၂ဝ ရာ ခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး စီးပွားရေး အားကောင်းမောင်းသန် ဖြစ်ရမည့် အစား တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီး ပွားရေး ကွာဟမှု ပိုမိုကျယ်ဝန်း၍ ပြည်သူများ၏ ဆင်းရဲမှုမှာလည်း တိုးတက်မှု မရှိသေးကြောင်း သိရသည်။

X-Factor သီချင်းဆို ပြိုင်ပွဲတွင် ချယ်ရီကိုးလ် ဒိုင်အဖြစ် ပြန်လည်ပါဝင်မည်

 
ကမ္ဘာကျော်အဆိုတော် ချယ်ရီကိုးလ်သညဗြိတိန်နိုင်ငံ၌ အထင်ကရရှိုးပွဲ တစ်ခုဖြစ်သည့် X-Factor သီချင်း ဆို ပြိုင်ပွဲမှ ထွက်ခွာပြီး သုံးနှစ်ကြာ ယင်းပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ပြန်လည် ပါဝင်ရန် စတာလင်ပေါင် ၁ ဒသမ ၅ သန်းဖြင့် သဘောတူ စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရ သည်။

နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ

Photo: နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ့် မြန်မာစွမ်းအင်ကုမ္ပဏီ စာရင်းကြေညာ
Tuesday, April 8, 2014

စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။

အဲဒီကုမ္ပဏီတွေထဲမှာ မြန်မာနိုင်ငံထဲက နာမည်ကြီး သူဌေးကြီးတယောက်ဖြစ်တဲ့ ဦးမိုးမြင့် ရဲ့ ပက်ထရိုလီယံ အီးအင်န်ပီ ကုမ္ပဏီ၊ ဦးကျော်ကျော်လှိုင်ရဲ့ စမတ် အီးအင်န်ပီ အင်တာနေရှင်နယ် ကုမ္ပဏီ၊ အေ၀မ်း မိုင်းနင်းကုမ္ပဏီနဲ့ ပါရမီ စွမ်းအင်ဖွံ့ဖြိုးရေး ကုမ္ပဏီတွေ ပါဝင်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနက တင်ဒါပေးလိုက်တဲ့ လုပ်ကွက် ၂၀ အနက် ကမ်းဝေး လုပ်ကွက်တွေကို နိုင်ငံခြားကုမ္ပဏီတွေပဲ သီးခြား လုပ်ကိုင်ခွင့်ရှိပေမယ့် ကမ်းနီးလုပ်ကွက်တွေ အတွက်ကိုတော့ မြန်မာနိုင်ငံသားကုမ္ပဏီတွေနဲ့ ဖက်စပ် ပူးပေါင်း လုပ်ကိုင်ကြဖို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

DVB
စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။

ဇနီးဖြစ်သူမှအတွေ့မခံသဖြင့် အရက်မူးယစ်ပြီး အဆောင်အားမီးရှို့သူကို အရေးယူ

၇.၄.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်ရှိ “ချမ်းမြေ့”အဆောင်ပိုင်ရှင် ဦးသန်းဌေးအောင် မှ ၎င်းသည် မြို့တွင်းသို့ သွားနေစဉ် အဆောင်၌မီးရှို့မှုဖြစ်ပွားကြောင်းကြားသိရ

ချီလီနိုင်ငံသူတဦး ခင်ပွန်းကို သတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးထဲ ထည့်ပြုတ်

Photo: ချီလီနိုင်ငံသူတဦး ခင်ပွန်းကို သတ်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးထဲ ထည့်ပြုတ်
Tuesday, April 8, 2014

ချီလီနိုင်ငံသူ တယောက်ဟာ သူ့ခင်ပွန်းကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးကြီးတလုံးထဲမှာ ထည့်ပြုတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကက သူကို်ယ်သူ အာဏာပိုင်တွေ လက်ထဲ အပ်ခဲ့ပါတယ်။

သူတို့စုံတွဲဟာ ငွေကြေးကိစ္စနဲ့ စကားများပြီးနောက် အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ရောက်စ်ဇာနာ ဗယ်ဒဲ့စ်ကာနိုက သူအဖော်ကို ပစ်သတ်ခဲ့တာလို့ ရဲအစီရင်ခံစာက ဆိုပါတယ်။

chileanအဲဒီနောက် ခန္ဓာကိုယ်ကို ခုတ်ထစ်ပြီး အစိတ်အပိုင်းတွေကို အိုးကြီးထဲ ထည့်ပြုတ်ခဲ့ တယ်လို့ အခင်းဖြစ်ရာနေရာက အာဏာပိုင်တွေက ပြောပြီး ခေါင်းကိုလဲ ဖြတ်ထားတယ်လို့ ရဲဗိုလ်ကြီး ဟွမ်ကာရဲ့စ်ကိုက ပြောပါတယ်။

ရဲချုပ် ပက်ဒရိုဒိယက်စ်က ထိတ်လန့်စက်ဆုပ်စရာ လုပ်ရပ်အတွင်း ဗယ်ဒဲ့စ်ဟာ စိတ်ပြောင်းသွားပုံရပြီး သူကိုယ်သူ ရဲလက်အပ်ခဲ့တယ်လို့ ပြောပါတယ်။

အစကတော့ ခန္ဓာကိုယ်နဲ့ သက်သေတွေကို ဖျောက်ဖျက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မလုပ်ရဲတော့လို့ မလုပ်နိုင် ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဗယ်ဒဲ့စ်ကို ရဲစခန်း အချုပ်ခန်းမှာ ထိန်းသိမ်းထားပြီး ရဲတွေက လူသတ်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။

 ဒီဗွီဘီ
ချီလီနိုင်ငံသူ တယောက်ဟာ သူ့ခင်ပွန်းကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခုတ်ထစ်ပြီး အိုးကြီးတလုံးထဲမှာ ထည့်ပြုတ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကက သူကို်ယ်သူ အာဏာပိုင်တွေ လက် ထဲ အပ်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ကြီးများ

Photo: ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ကြီးများ

စာကြည့်တိုက်များသည် ဗဟုသုတ ဘဏ်တိုက်ကြီးများပင်ဖြစ်သည်။

ကျွန်ုပ်တို့ အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက မွေးဖွားခဲ့သော ပုဂ္ဂိုလ်များနှင့် စကားပြောဆိုရသကဲ့သို့ပင်  ၎င်းပုဂ္ဂိုလ်တို့၏ ဘဝတစ်လျှောက် ရရှိခဲ့သော ဗဟုသုတ အတွေ့အကြုံများ တိုက်ရိုက် ရရှိနိုင်သည့် အခွင့်အရေးကို စာကြည့်တိုက်ကြီးများတွင် ရရှိနိုင်သည်။ အဆိုပါ စာကြည့် တိုက် ကြီးများတွင် စာအုပ်များကို အလွယ်တကူ ရှာဖွေရရှိနိုင်ရုံမျှသာ မကဘဲ အတွေး အခေများ ဖလှယ်ခြင်း၊ စိတ်ဝင်စားစရာ နေရာများကို စူးစမ်းလေ့လာခြင်း၊ ကမ္ဘာတစ်ဝန်း ခရီးသွားလာ ခြင်းတို့ကိုလည်း စာကြည့်တိုက်များမှ တစ်ဆင့် ပြုလုပ်နိုင်သည်။ ကမ္ဘာပေါ်တွင် စာအုပ် အများဆုံး စုဆောင်းထားသည့် စာကြည့်တိုက်ကြီးများကို ထုတ်နုတ် တင်ပြလိုက်ပါသည်။

အမေရိကန်ကွန်ဂရက် လွှတ်တော် စာကြည့်တိုက် အမေရိကန် ကွန်ဂရက် လွှတ်တော် စာကြည့်တိုက်သည် စုဆောင်းထားသော စာအုပ်နှင့် စာအုပ်စင် အရေအတွက်တို့အရ  ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး စာကြည့်တိုက်ဖြစ်သည်။ စာအုပ် အရေအတွက် ၁၅၁ သန်းကျော် စုဆောင်းထားရှိပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ၌တည်ရှိသည်။ အဆိုပါ စုဆောင်းထားမှုများထဲတွင် ဘာသာပေါင်း ၄၇ဝ ကျော်ဖြင့် ထုတ်ဝေထားရှိသည့်  စာအုပ်များ ပါဝင်သည်။  ပုံနှိပ်စာအုပ် ၃၄ ဒသမ ၅  သန်းကျော်နှင့် လက်ရေးမူ ၆၆ ဒသမ ၆ သန်းကျော် ရှိနေသည်ဟု သိရသည်။ ထို့ပြင်အဆိုပါ စာကြည့်တိုက်သည်  ဥပဒေ အထောက် အကူပြု ပစ္စည်း၊ မြေပုံ၊ ဖလင်၊ အသံဖမ်းဖိုင်နှင့် တေးဂီတ ဓာတ်ပြားများကို ကမ္ဘာပေါ်တွင် အကြီးမားဆုံး စုဆောင်းထားသော နေရာလည်းဖြစ်သည်။

 ဗြိတိသျှ စာကြည့်တိုက် စာအုပ်ရေ စုစုပေါင်း သန်း ၁၅ဝ ကျော်သို မှီးထားသည့် ဗြိတိသျှ စာကြည့်တိုက်သည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးမားဆုံးသော စာကြည့်တိုက်ဖြစ်သည်။

လန်ဒန်မြို့၌ တည်ရှိပြီး ယူနိုက်တက် ကင်းဒမ်း၏ အမျိုးသား စာကြည့်တိုက်လည်း ဖြစ်သည်။ နှစ်စဉ် စာအုပ်စာတမ်း စုစုပေါင်း သုံးသန်းကျော် အသစ် စုဆောင်းလေ့ရှိသည်ဟု ဆိုသည်။ စိတ်ဝင်စားစရာအချက်တစ်ခုမှာ စာဖတ်သူတစ်ဦးအနေဖြင့် တစ်နေ့လျှင် စာအုပ်ငါးအုပ်ကို နေ့စဉ်ဖတ်ရှုမည် ဆိုပါကနှစ်ပေါင်း ၈ဝဝဝဝ အချိန်ယူ ဖတ်ရှုမှ စာကြည့်တိုက် တစ်တိုက်လုံးရှိ စာအုပ်များကို ဖတ်ရှုပြီး စီးနိုင်မည်ဟုဆိုသည်။ အဖိုးတန် စုဆောင်းမှုများ ထဲတွင် မက်ဂနာကာတာလီယိုနာ ယိုဒါဗင်ချီ၏ မှတ်စာအုပ်နှင့် ဘီတယ်လ် တေးဂီတ အဖွဲ့ဝင်များ၏ လက်ရေးမူများ လည်းရှိသည်။

 နယူးယောက် ပြည်သူစာကြည့်တိုက်ကမ္ဘာပေါ်တွင် အကြီးမားဆုံး စာကြည့်တိုက်ကြီး နှစ်ခုပြီးလျှင် တတိယမြောက် အကြီးမားဆုံး စာကြည့်တိုက်မှာ နယူးယောက် ပြည်သူ့ စာကြည့်တိုက် ဖြစ်ပြီး စုဆောင်းထားသည့် စာအုပ်စာတမ်း ၅၁ ဒသမ ၃ သန်းကျော်ရှိသည်။  အမေရိကန် ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးမားဆုံး စာကြည့်တိုက်ဖြစ်ပြီး  ဌာနခွဲ  ၉၁  ခုရှိသည်။ ၁၈၉၅ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အဆိုပါ စာကြည့်တိုက်သည် လွန်ခဲ့ သောနှစ်ပေါင်း ၁ဝဝ ကျော်မှစ၍ ဝန်ဆောင်မှု ပေးနေခြင်းဖြစ်သည်။ အများပြည်သူကို  အခမဲ့ ဝန်ဆောင်မှု ပေးနေသော စာကြည့်တိုက်ကြီး တစ်ခု ဖြစ်သည်။

ကျော်ဇင်ထွဋ်
စာကြည့်တိုက်များသည် ဗဟုသုတ ဘဏ်တိုက်ကြီးများပင်ဖြစ်သည်။

ပျောက်ဆုံးမလေးလေယာဉ်နဲ့ ဂြိုလ်တုကြား အပြန်အလှန်အချက်ပြမှုဟာ တည်နေရာကို ဖော်ထုတ်နိုင်ဖို့ အရေးကြီး

Photo: ပျောက်ဆုံးမလေးလေယာဉ်နဲ့ ဂြိုလ်တုကြား အပြန်အလှန်အချက်ပြမှုဟာ တည်နေရာကို ဖော်ထုတ်နိုင်ဖို့ အရေးကြီး
Tuesday, April 8, 2014

ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ဂြိုလ်တုကြား အပြန်အလှန် အချက်ပြမှုဟာ ရှာဖွေရေးဒေသရဲ့ တည်နေရာကို အတိအကျ ဖော်ထုတ်နိုင်ဖို့ အရေးကြီးတဲ့ ဦးဆောင်မှု ဖြစ်ခဲ့တယ်လို့ ရှာဖွေရေး အရာရှိက ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ပြောပါတယ်။

ဂြိုလ်တုနဲ့ လေယာဉ်ကြား ၇ ကြိမ်မြောက် အချက်ပြမှုရဲ့ အရေးပါမှုကို ပူးတွဲ ညှိနှိုင်းရေးဌာန ဂျေအေစီစီရဲ့ ခေါင်းဆောင် အန်းဂတ်စ်ဟူစတန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“၆ ကြိမ်မြောက် အချက်ပြပြီး ၈ မိနစ်အကြာမှာ နည်းနည်းကွဲပြားတဲ့ အချက်ပြမှု ဖြစ်ခဲ့တယ်။ ဒါဟာ သိပ်သိသာတယ်။ အဲဒီအဆင့်မှာ တခုခု ဖြစ်ခဲ့တယ်လို့ သူတို့ထင်တယ်။ အဲဒီနေရာမှာ လေယာဉ်က လောင်စာကုန်တဲ့ နေရာလို့ ကျနော်တို့ ယူဆတယ်။”လို့ သူက ဆက်ပြောပါတယ်။

လောလောဆယ်မှာ အိန္ဒိယသမုဒ္ဒရာထဲက သြစတြေးလျ ရှာဖွေရေးသင်္ဘောဟာလဲ သေတ္တာနက်က လာတဲ့ အချက်ပြမှုလို့ ယူဆရတဲ့ အချက်ပြမှုတွေကို ဖမ်းယူရရှိထားပြီလို့ သူက ဆက်ပြောပါတယ်။ ဒါဟာ နိုင်ငံတကာ ရှာဖွေရေးအဖွဲ့ ခုချိန်ထိ ရသမျှ သတင်းအချက်အလက်တွေ ထဲမှာ အကောင်းဆုံးလို့လဲ ပြောပါတယ်။

ဒါပေမယ့် ဒီအချက်ပြမှုဟာ MH370 က ဟုတ်၊ မဟုတ် အတည်မပြုရသေးသလို လေယာဉ်ကိုလဲ ရှာတွေ့သေးတာ မဟုတ်ကြောင်း သူက လေးလေးနက်နက် ဆက်ပြောပါတယ်။

မလေးရှားလေယာဉ် MH 370 ဟာ မတ် ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်ပြည် ပေကျင်းကို ပျံသန်းရင်း ပျောက်ဆုံးနေတာ အချိန် ၁ လ ရှိနေပြီး ဖြစ်သလို နိုင်ငံပေါင်း ၂၀ ကျော်က ပူးပေါင်း ရှာဖွေနေပေမယ့် အပျက်အစီးတစုံတရာ ရှာမတွေ့သေးပါဘူး။

DVB

ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)
ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)
ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ဂြိုလ်တုကြား အပြန်အလှန် အချက်ပြမှုဟာ ရှာဖွေရေးဒေသရဲ့ တည်နေ ရာကို အတိအကျ ဖော်ထုတ်နိုင်ဖို့ အရေးကြီးတဲ့ ဦးဆောင်မှု ဖြစ်ခဲ့တယ်လို့ ရှာဖွေရေး အရာရှိက ပြီးခဲ့ တဲ့ ဧပြီ ၇ ရက်နေ့က ပြောပါတယ်။

အခွန်ထမ်း ၁၀၀ ကို ဂုဏ်ပြု

Photo: အခွန်ထမ်း ၁၀၀ ကို ဂုဏ်ပြု
Tuesday, April 8, 2014

ဧပြီ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ ၂၀၁၂ – ၁၃ ခုနှစ်အတွက် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးခဲ့တဲ့ အခွန်ထမ်း အယောက် ၁၀၀ ကို ဂုဏ်ပြုတဲ့ပွဲတခု မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။

အခွန်အများဆုံး ဆောင်တဲ့ ထိပ်တန်းကုမ္ပဏီတွေထဲမှာ မြန်မာဘရူဝါရီ၊ Rothmans of Pall Mall Myanmar ၊ ဒဂုံဗေးဘရိတ်၊ မြန်မာ စီပီ လိုက်စတော့၊ စီးတီးမတ် ဟိုးလ်ဒင်း၊ ကမ္ဘောဇနဲ့ ရွှေတောင်ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနဟာ ပြီးခဲ့တဲ့နှစ်အတွက် အခွန်စုစုပေါင်း ကျပ်ငွေ ၂ ထရီလီယံ ကျော် ရခဲ့ပေမယ့် ဒါဟာ တစ်မျိုးသားလုံး ထုတ်ကုန်ပမာဏ ဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်းကျော်ပဲရှိသေဲးပီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင်တောင် နည်းပါးနေပါသေးတယ်။

DVB 
 ဧပြီ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ ၂၀၁၂ – ၁၃ ခုနှစ်အတွက် ၀င်ငွေခွန်နဲ့ ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးခဲ့တဲ့ အခွန်ထမ်း အယောက် ၁၀၀ ကို ဂုဏ်ပြုတဲ့ပွဲတခု မရမ်းကုန်းမြို့ နယ် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။

ဂါနာနိုင်ငံသားတွေ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပေါ်လာမှာကို စိုးရိမ်

Photo: ဂါနာနိုင်ငံသားတွေ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပေါ်လာမှာကို စိုးရိမ်
Tuesday, April 8, 2014

အနောက်အာဖရိကနိုင်ငံအများစုလိုပဲ ဂါနာနိုင်ငံသားတွေဟာ သူတို့နိုင်ငံကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ရောက်လာမှာကို စိုးရိမ်နေကြလို့ သတင်းစာခေါင်းကြီးပိုင်းတွေမှာ သံသယအဖြစ်ဆုံးကိစ္စအဖြစ် ဖော်ပြနေတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး ရှယ်ရီအေယပ်တီကတော့ ဗိုင်းရပ်စ်အဖျားရောဂါနဲ့ သွေးထွက် သံယို ဖြစ်ပြီး သေဆုံးခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးရဲ့ သွေးစစ်မှုမှာ အီဘိုလာ ဗိုင်းရပ်စ် မရှိဘူးလို့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ပြောပါတယ်။

ဂါနာနိုင်ငံတွင်းမှာ အီဘိုလာဗိုင်းရပ်စ်ကို တွေ့ပြီလားလို့ ကြောက်နေတဲ့ နိုင်ငံသားတွေကို မကြောက်ဖို့ ဖြေသိမ့်ပေးချင်တယ်လို့ သူက ဆက်ပြောပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဟာ ဂီနီနဲ့ လိုက်ဘေးရီးယား နိုင်ငံတွေထဲမှာ လူ ၉၀ ကျော်ကို အသက် သေဆုံးစေခဲ့တာ ဖြစ်ပြီး မာလီနိုင်ငံထဲမှာလဲ သံသယဖြစ်မှုတခု အစီရင်ခံခဲ့ပါသေးတယ်။

ကျန်းမာရေးဝန်ဆောင်မှုတွေ အားနည်းပြီး ဆင်းရဲမွဲတေတဲ့ဒေသအတွင်း မမျှော်မှန်းနိုင်တဲ့ ပြန့်ပွားမှုတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ အိုင်အန်ဂျီအိုလ်အဖွဲ့ကြီးဖြစ်တဲ့ MSF က သတိပေးထားပါတယ်။

တိုဂို၊ ဘာကီနာဖာဆိုနဲ့ အိုင်ဗရီကို့စ်နိုင်ငံတွေနဲ့နယ်နမိတ်ချင်း ဆက်နေတဲ့ ဂါနာနိုင်ငံဟာ ဂီနီနိုင်ငံတွင်းက ကူးစက်မှုစတည်းက ကျန်းမာရေးစောင့်ကြည့်မှုတွေ လုပ်ခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးက ပြောပါတယ်။
ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် လူတွေ လှုပ်ရှားသွားလာမှုကို ပြင်းပြင်းထန်ထန် ကန့်သတ်မှုတော့ အမိန့် မထုတ်ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြစ်တဲ့ ဒဗလျူအိတ်ခ်ျအိုက ပြောပါတယ်။

ဒီအဆင့်မှာ မလိုအပ်သေးဘူးလို့ ဂါနာနိုင်ငံဆိုင်ရာ ဒဗလျူအိတ်ခ်ျအိုကိုယ်စားလှယ် ဒေါက်တာ မက်ဒါ ရိုဘာလိုက ပြောပါတယ်။

ရောဂါလက္ခဏာတွေကို စုံစမ်းစစ်ဆေးဖို့ ကမ်းခြေနဲ့ နယ်စပ်ဝန်ထမ်းတွေကို သင်တန်း ပေးထားပြီး အမျိုးသားကော်မတီတရပ်ကိုလဲ ဖွဲ့စည်းထားပြီး စမ်းသပ်ရေး ကိရိယာတွေကို စုဆောင်းထားကာ သတင်းပေးဖို့ အရေးပေါ်တယ်လီဖုန်းလိုင်းတွေကိုလဲ ချထားပေးပြီးပြီလို့ သူက ပြောခဲ့ပါတယ်။

DVB
အနောက်အာဖရိကနိုင်ငံအများစုလိုပဲ ဂါနာနိုင်ငံသားတွေဟာ သူတို့နိုင်ငံကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက် မှု ရောက်လာမှာကို စိုးရိမ်နေကြလို့ သတင်းစာခေါင်းကြီးပိုင်းတွေမှာ သံသယအဖြစ်ဆုံးကိစ္စ အဖြစ် ဖော်   ပြနေ တာ ဖြစ်ပါတယ်။

သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ခံစားချက်

Photo: သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ခံစားချက်
Tuesday, April 8, 2014

သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ခံစားချက်ရွှေမှုံရတီက ဆယ်တန်းစာမေးပွဲ အတွက် ဇာတ်ကားရိုက်ကူး မှုတွေ ခဏနားခဲ့ပြီး စာမေးပွဲဖြေပြီးနောက် မှာတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပါတယ်။ ပညာရေးဘက် ကို အာရုံစိုက်ပြီး လုပ်ခဲ့ပြီး အနု ပညာဘက်ကို အခုချိန်မှာ ပိုအာရုံ စိုက်လုပ်နိုင်ပြီလို့လည်း ပြောပြတဲ့ ရွှေမှုံရတီက

" ဒီကားက ရွှေမှုံဆယ်တန်းစာမေး ပွဲဖြေပြီး ပြန်ရိုက်တာ ဒုတိယ မြောက်ဇာတ် ကားပါ။ ရွှေတံခါးဆိုတဲ့ ကောင်မလေးတစ်ယောက်၊ တံခါးဆိုတဲ့ အတိုင်းနောက်ကွယ် မှာ ဘယ်လိုတွေရှိမလဲဆိုတာပေါ့။ ပဟေဠိဝှက်တတ်တဲ့သူတစ်ယောက်၊အခု စာမေးပွဲ ပြီးပြီဆိုတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖို့ ရှိတယ်။ ပညာရေး ဘက်ကို အရင်လုပ် နေရတယ်။ အခုဒီ အနုပညာဘက်ကို ပိုပြီး အာရုံစိုက်လုပ်နိုင်တာပေါ့နော်။

သင်္ကြန်ပြီးရင် အန်ကယ်လေးနဲ့ အောင်ပန်းမှာ ရုပ်ရှင်ဇာတ် ကားကြီး ရိုက်မယ်။ ဇာတ်ကိုသေသေချာချာ မသိသေးဘူး။ နယ်တွေလည်းသွားဖို့ရှိတယ်။ ပြင်ဦး လွင်မှာ ၁လလောက် ကြာမယ်။ ဘန်ကောက်ကိုအမေတို့ နဲ့ သွားမယ်။ ကားရိုက်အတွက်လို အပ်တာလေးတွေ သွားဝယ်မယ်" လို့ ပြောပြပါတယ်။

သင်္ကြန်မှာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးထိတွေ့ခွင့်ရတဲ့အတွက် သီချင်း ဆိုဖြစ်မယ်လို့လည်း ပြောပါတယ်။ ရွှေမှုံရတီရဲ့ သင်္ကြန်မှာ သီချင်း ဆိုဖြစ်တဲ့ခံစားချက်ကလည်း " သင်္ကြန်မှာ နေပြည်တော်မြို့ တော်ဝန် မဏ္ဍပ်မှာ ရှိမယ်။ သီချင်းဆိုပြီး ပရိသတ်တွေကို ဖျော်ဖြေမယ်။ သင်္ကြန်မှာ သီချင်း ဆိုရတဲ့ခံစားချက်ကကိုယ်သီချင်းဆိုတဲ့အခါ ပရိသတ်တွေက လိုက်ဆိုတာ တအားပျော်ဖို့ကောင်းတယ်" လို့ ပြောပြခဲ့ပါတယ်။ 

Popular News
သင်္ကြန်မှာ သီချင်းဆိုရတဲ့ ရွှေမှုံရတီရဲ့ခံစားချက်ရွှေမှုံရတီက ဆယ်တန်းစာမေးပွဲ အတွက် ဇာတ်ကား ရိုက်ကူး မှုတွေ ခဏနားခဲ့ပြီး စာမေးပွဲဖြေပြီးနောက် မှာတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေ ပါတယ်။ ပညာရေးဘက် ကို အာရုံစိုက်ပြီး လုပ်ခဲ့ပြီး အနု ပညာဘက်ကို အခုချိန်မှာ ပိုအာရုံ စိုက်လုပ်နိုင်ပြီ လို့လည်း ပြောပြတဲ့ ရွှေမှုံရတီက

ကျန်းမာရေး အန္တရာယ်များ ကပ်ညိ နေနိုင်သော အသုံးအဆောင်များ

Photo: ကျန်းမာရေး အန္တရာယ်များ ကပ်ညိ နေနိုင်သော အသုံးအဆောင်များ
Tuesday, April 8, 2014

ကျန်းမာရေး အန္တရာယ်များ ကပ်ညိ နေနိုင်သော အသုံးအဆောင်များ ဘွတ်ဖိနပ် တွေက သင့်ကို ထိခိုက် စေနိုင်သလား၊ မီးခိုး ထွက်ကြောင်း အချက်ပြစက် က သင့်ကို ဆိုးကျိုး ဖြစ်စေ နိုင်သလား။

အိပ်ခန်းထဲရှိ ဗီရို
ဘာကြောင့်လဲ - ကြာရှည်စီးထားတဲ့ ဘွတ်ဖိနပ်ကို ထည့်ထားတာကြောင့်ပါ။

လမ်းလျှောက်တဲ့အခါနဲ့ ပြေးတဲ့အ ခါတွေမှာ စီးတဲ့ ဘွတ်ဖိနပ်တွေက အချိန် ကြာလာတဲ့အခါ ခြေထောက်ကို ထိခိုက် နိုင်ခြေ များပါတယ်။ ဒါကြောင့် သင့်ဗီရိုထဲက ဘွတ်ဖိနပ်တွေက ဟောင်းနွမ်း နေပြီဆိုရင် လွှင့်ပစ်သင့်နေပါပြီ။ ယေဘု ယျအားဖြင့် ဘွတ်ဖိနပ်တစ်ရံရဲ့ သက် တမ်းက အချိန် ခြောက်လ ဒါမှမဟုတ် သွားတဲ့ခရီး မိုင် ၃၀ဝ - ၅၀ဝ လောက်ပဲ ခံပါတယ်။

အိမ်အနားတစ်ဝိုက်
လဲလှယ်လိုက်ပါ။မီးခိုးထွက်ကြောင်း သတိပေးတဲ့ စက်ကိရိယာဟာ အချိန် ၁၀ နှစ်ကျော်ပြီဆိုရင် အသစ် လဲသင့်နေပါပြီ။

မီးခိုးထွက်ကြောင်း သတိပေးစက် (Smoke Alarm) ကို အိပ်ခန်းတွေထဲ မှာ တပ်ဆင်ထားပြီး တစ်နှစ်တစ်ကြိမ် ဘက်ထရီလဲပေးဖို့ လိုပါတယ်။

ရေချိုးခန်းထဲရှိ အံဆွဲ 
လွှင့်ပစ်လိုက်ပါ ဆားရေ၊ နေကာခရင်မ်နဲ့ ဆေးဝါးတွေကို လွှင့်ပစ်သင့်ပါပြီ

အလုံပိတ်ထားတဲ့ နှာခေါင်းတွင်း ထည့်ဆားရေနဲ့ ဆေးဝါးတွေကို အစိုဓာတ်များတဲ့နေရာမှာ ထားရင် သူတို့ရဲ့ သတ်မှတ်ရက်ထက် အာနိသင်လျော့နည်း မှု မြန်တတ်ပါတယ်။ အခန်းတွင်း အပူ ချိန်မြင့်တာကြောင့် နေရောင်ကာ ခရင်မ် တွေရဲ့ အာနိသင်ကလည်း ယုတ်လျော့ တတ်တဲ့အတွက် တစ်နှစ်ကြာရင် မသုံး သင့်တော့ပါ။

ဂိုဒေါင်ထဲရှိ စင်များ
လွှင့်ပစ်လိုက်ပါ -ပိုးသတ်ဆေးတွေကို အချိန်နှစ်နှစ်ကျော်ကြာရင် လွှင့်ပစ်သင့်ပါတယ်။

ပိုးသတ်ဆေး အဟောင်းထဲက ဓာ တုပစ္စည်းတွေက ကောင်းကောင်းအလုပ် မလုပ်တော့သလို ပါကင်တွေကလည်း ဟောင်းနွမ်းပြီး မလုံတော့တာကြောင့် သင့်ကို အဆိပ်တွေနဲ့ ထိတွေ့ခံရနိုင်ခြေ များပါတယ်။  

 Good Health
ကျန်းမာရေး အန္တရာယ်များ ကပ်ညိ နေနိုင်သော အသုံးအဆောင်များ ဘွတ်ဖိနပ် တွေက သင့်ကို ထိခိုက် စေနိုင်သလား၊ မီးခိုး ထွက်ကြောင်း အချက်ပြစက် က သင့်ကို ဆိုးကျိုး ဖြစ်စေ နိုင်သလား။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများ ပြန်ကြားရေး ၀န်ကြီးဌာန ဦးဆောင်ရေးဆွဲ

Photo: ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများ ပြန်ကြားရေး ၀န်ကြီးဌာန ဦးဆောင်ရေးဆွဲ
Tuesday, April 8, 2014

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေများကို ပြန်ကြားရေး ၀န်ကြီးဌာနက ဦးဆောင်ရေးဆွဲပြီး ၄င်းတို့၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်လိုက်ကြောင်း သတင်းမီဒီယာ အသိုင်းအ၀ိုင်းက ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီ ၄ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာနရုံး၌ ပြည်တွင်းစာနယ်ဇင်း အဖွဲ့အစည်း များနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များကို ခေါ်ယူပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေများကို ဦးဆောင် ရှင်းလင်းမှုများ ပြုလုပ်ခြင်းသည် ၎င်းတို့၏ လုပ်ပိုင်ခွင့် တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သူများက ပြောဆိုကြသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ဦးဆောင် ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများတွင် မီဒီယာ လွတ် လပ် ခွင့်ကို သွယ်ဝိုက်၍ထိခိုက်နိုင်သည့် အချက်အလက်များ ပါဝင်နေသည်ဟု သတင်း မီဒီယာအရေး လှုပ်ရှားသူများကလည်း ထောက် ပြကြသည်။

သတင်း မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် အသိအမှတ်ပြု လက်မှတ်လျှောက်ထားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ရုံးများသို့ လျှောက်ထားခိုင်းခြင်းမှာ သမားရိုးကျ မဟုတ်ကြောင်း၊ ယင်းသို့ လျှောက်ထားခွင့်ကို အသိအမှတ်ပြု လက် မှတ်ထုတ် ပေးမည့်ဌာနသို့သာ တိုက်ရိုက် လျှောက်ထားခိုင်းသင့်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်(MJN)၏ အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးနိုင်မင်းဝေက ပြောသည်။

“မြန်မာ ဂျာနယ်လစ် ကွန်ရက် အနေနဲ့က သတင်းစာ လွတ်လပ်ခွင့်အတွက် တင်ပြဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်”ဟုလည်း ၎င်းက ဆိုသည်။

ခရိုင်ရုံးတွင် အဆင့်ဆင့် လျှောက်ထားရမည့် ကိစ္စမှာ စားပွဲ အဆင့်ဆင့်သို့ ပြောင်းလျှောက်ရမည့် ပုံစံ ဖြစ်နေပြီး ခရိုင်အဆင့်က တာဝန်ခံခိုင်းခြင်းမှာ မီဒီယာကို အဆင့်နိမ့်ထားသည့် ပုံစံမျိုး ဖြစ်နေသည်ဟု သတင်းမီဒီယာ သမားများက သုံးသပ်ကြသည်။

ယင်းအပြင် မီဒီယာလုပ်ငန်း အမည်နှင့် တံဆိပ်အမှတ်အသားတို့ကို အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြပါက စကားရပ်များ ပြောင်းလဲ သတ်မှတ်သည့် ဥပဒေနှင့်အညီ ဖော်ပြရမည်ဟု ပါရှိပြီး မြန်မာဘာသာဖြင့် ဖော်ပြပါက မြန်မာစာအဖွဲ့က ထုတ်ပြန်ထားသည့် မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်းနှင့်အညီ ဖော်ပြရမည်ဟု သတ်မှတ်ထားသည်။

“ကိုယ့် သတင်းစာကို ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် နာမည်ပေးလို့ မရဘူးလား”ဟု ပြည်တွင်း သတင်းစာဆရာ တဦးက မေး ခွန်းထုတ်သည်။

ယင်းသို့ဆိုလျှင် ပြည်တွင်း၌ ဂျာနယ် ထုတ်ဝေဖြန့်ချိနေသော The Irrawaddy သတင်းဂျာနယ်ကို The Ayeyarwady သတင်းဂျာနယ်သို့ ပြောင်းလဲ သတ်မှတ်ရတော့မည်လားဟု မေးခွန်းထုတ်စရာ ဖြစ်လာကြောင်းလည်း ဆိုသည်။

ယင်းဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ဥပဒေ ၊ လုပ်ငန်း၊ နိုင်ငံသား၊ နိုင်ငံခြားသား၊ ဦးစီဌာန၊ ခရိုင်ရုံး၊ ပုံစံ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေ ထုတ်ဝေစာ တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ပြထားသော်လည်း သတင်းအေဂျင်စီ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် ကို ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။

သတင်းစာ ထုတ်ဝေခြင်းလုပ်ငန်း လျှောက်ထားပါက ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ အစုစပ်၊ အသင်းအဖွဲ့၊ ကုမ္ပဏီ ဖြစ်ပါက ရင်းနှီးမြှပ်နှံမှု အချိုးအစား၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်တို့ကို တင်ပြခိုင်းခြင်းတို့ ပါရှိသည်။

ယင်းအပြင် လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ရရှိသူ သေဆုံးခြင်း၊ လုပ်ငန်း လွှဲပြောင်းခြင်း၊ အစုရှယ်ယာ ပိုင်ဆိုင်မှု အများစု ပြောင်း လဲခြင်း ၊ လုပ်ငန်း လုပ်ကိုင်နိုင်စွမ်း မရှိခြင်း၊ လုပ်ငန်းနှင့် သက်ဆိုင်သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖျက်သိမ်းခြင်း၊ တည်ဆဲ ဥပဒေ တရပ်ရပ် အရ လုပ်ငန်း ရုပ်သိမ်းခံရလျှင် ပြန်လည် အသိမ်းခံရမည်ဟု ထည့်သွင်းပြဌာန်းလိုက်ခြင်းသည် ပြန်ကြား ရေး ဌာန၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု မီဒီယာ အသိုင်းအ၀ိုင်းက ယူဆကြောင်း ပြောသည်။

ထုတ်ဝေလျက် ရှိသည့် သတင်းစာ၊ ဂျာနယ်များကို အဖိုးအခလွတ် ခရိုင်ရုံးများသို့ ပေးပို့ရမည့် ထည့်သွင်း ပြဌာန်းချက်သည် ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းစာ၊ ဂျာနယ် ၊ မဂ္ဂဇင်းများ ၀ယ်ယူရန်ပင် ဘတ်ဂျက် အခက်အခဲ ဖြစ်နေပြီလားဟုလည်း ၎င်းတို့က ပြောဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲသော အဆိုပါ ပြဌာန်းချက်များကို သတင်းမီဒီယာ သမားများက မကြိုက်နှစ်သက်ပါက အကြံပြုနိုင်သော်လည်း အဆုံးအဖြတ်ပေးမည်မှာ လွှတ်တော်သာဖြစ်ကြောင်း နေပြည်တော်တွင် မီဒီယာသမားများနှင့် တွေ့ဆုံစဉ် ပြန်ကြား ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း သိရသည်။

ဧရာဝတီ

မီဒီယာ လွတ်လပ်ခွင့် ရရှိရေး အတွက် ၂၀၁၂ ခုနှစ်အတွင်းက ဆန္ဒဖော်ထုတ်နေကြသော သတင်းမီဒီယာ သမားများ ( ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
မီဒီယာ လွတ်လပ်ခွင့် ရရှိရေး အတွက် ၂၀၁၂ ခုနှစ်အတွင်းက ဆန္ဒဖော်ထုတ်နေကြသော သတင်းမီဒီယာ သမားများ ( ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၏ နောက်ဆက်တွဲ နည်းဥပဒေများကို ပြန်ကြားရေး ၀န်ကြီး ဌာနက ဦးဆောင်ရေးဆွဲပြီး ၄င်းတို့၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်လိုက်ကြောင်း သတင်းမီဒီယာ အသိုင်းအ၀ိုင်း က ပြောသည်။

ချမ်းမြသာစည်မြို့နယ်၊အုံးအင်းကွင်းအမှတ်(၄၁၁)လယ်မြေများအဓ္ဓမ သိမ်းယူခြင်း၊ဒေါ်မြမြအေး အား ပုဒ်မ ၁၅၂ ဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် ဆန်းအောင် က ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊အုံးအင်းကွင်းအမှတ်(၄၁၁)ရှိ လယ်မြေများအား မန္တလေး မြို့တော်စည်ပင်သာယာမှ အဓ္ဓမသိမ်းယူခဲ့သလို ဒေါ်မြမြအေးအား ပုဒ်မ (၁၅၂)ဖြင့် တရားစွဲဆိုခြင်းများမှ ဥပဒေအားလေးစားလိုက်နာခြင်းမရှိကြောင်း ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် ဆန်း အောင် က ရှင်းလင်းပြောကြားသည်။

ရေသန့်ပေးခြင်းဖြင့် ကလေးသောင်းဂဏန်းကို ကယ်ပါ ၀မ်းပျက် ၀မ်းလျှောကြောင့် တစ်နှစ်လျှင် ငါးနှစ်အောက်ကလေး သေဆုံးမှု တစ်သောင်းကျော်

Photo: ရေသန့်ပေးခြင်းဖြင့် ကလေးသောင်းဂဏန်းကို ကယ်ပါ ၀မ်းပျက် ၀မ်းလျှောကြောင့် တစ်နှစ်လျှင် ငါးနှစ်အောက်ကလေး သေဆုံးမှု တစ်သောင်းကျော်
Tuesday, April 8, 2014

မတ်လပိုင်းမှစ၍ အပူချိန် မြင့်တက်လာမှုနှင့်အတူ ကလေးသူငယ်များ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျက်ရှိပြီး အများစု မှာ ရေရှားပါးပြီး ရေသန့် မရရှိသေးသော အရပ်ဒေသများ မှဖြစ်သည်။ ရေပြဿနာကို အစိုးရအနေဖြင့် ကောင်းစွာကိုင်တွယ် ဖြေရှင်းပေးနိုင်မှု အားနည်းနေသလို လူမှုအဖွဲ့အစည်းအသီးသီးက လှူဒါန်းရာ၌လည်း ရေရှည်စီမံကိန်းမဖြစ်ခြင်းကြောင့် ထိရောက်မှုမရှိဘဲ ရေပြဿနာအခက်အခဲမှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ဒေသခံများ ခံစားနေကြရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးရှိ ရေရှားပါးသော အရပ်ဒေသများ၌ ကလေးသူငယ်များ ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသကဲ့သို့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်၊ ကျေးရွာများ၌လည်း အဆိုပါရောဂါများ ဖြစ်ပွားနေကြောင်း နိုင်ငံပိုင် သတင်းစာအချို့၏ ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် တစ်နှစ်လျှင် ကလေးသူငယ်ပေါင်း ၁၂,၀၀၀ ခန့်မှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးနေကြပြီး ငါးနှစ်အောက် ကလေးသူငယ်များ သေဆုံးမှု၏ ဒုတိယအများဆုံးမှာလည်း ၎င်းရောဂါကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သတင်းထုတ်ပြန်ထားသည်။

‘‘ကလေးက ငါးလသားပဲ ရှိသေးတယ်။ နို့ဘူးထဲကိုရောတဲ့ရေ မသန့်လို့ ၀မ်းပျက်ဝမ်းလျှောဖြစ်တာလို့ ဆရာဝန်က ပြောတယ်’’ ဟု လှိုင်သာယာမြို့နယ်ရှိ ရွှေ လင်ပန်းရွာ၊ ၁၅ ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ကလေးမိခင် မစောမွန်မွန်အေးကဆိုသည်။
အိမ်ထောင်စုပေါင်း ငါးသောင်းကျော်နေထိုင်သည့် လှိုင်သာယာမြို့နယ်တွင် ခုတင်အလုံး ၂၀ ၀န်းကျင်ရှိသော ဆေးရုံအဆောက်အအုံထဲ၌ ၎င်း၏ ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးအား ဇွန်းဖြင့်ရေတိုက်နေရင်း ပြောပြနေခြင်းဖြစ်သည်။

ရေကောင်းရေသန့်မရရှိမှု နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်း၊ အစားအစာမသန့်ရှင်းမှုများက ၀မ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းများဖြစ်၍ ယင်းရောဂါဖြစ်ပွားပါက ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်း၊ အာဟာရ ချို့တဲ့ခြင်းများ ဖြစ်ပွားစေပြီး အသက်ပင် ဆုံးရှုံးနိုင်သည်။

‘‘ကလေးသူငယ်တွေက အရည်ခန်းခြောက်မှုဒဏ်ကို ခံနိုင်ရည်အားနည်းတဲ့အတွက် သေဆုံးမှု ပိုများတာပါ။ အများစုကတော့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေမသန့်တာတွေကြောင့်မို့ အဖြစ်များတယ်။ ပြီးတော့ လသားကလေးတွေဆိုရင် နို့ဖျော်တဲ့ရေ မသန့်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်’’ ဟု မြောက်ဒဂုံမြို့နယ်မှ အထွေထွေရောဂါကု ဒေါက်တာအောင်အောင်က ပြောသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်က လေးသူငယ်ပေါင်း တစ်သန်းကျော်မှာ ၀မ်းပျက်ဝမ်းလျှော ရောဂါကြောင့် အသက်ဆုံးရှုံးနေရပြီး ကလေးသူငယ် ၂၀၀ ဦး လျှင် တစ်ဦးနှုန်း အသက်ဆုံးရှုံး နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

‘‘NGO အကြီးကြီးတွေလို စီမံကိန်းတွေဆွဲပြီးတော့တော့ မလှူနိုင်ဘူးပေါ့။ ရေရှားတဲ့နေရာတွေကို လှူဒါန်းနိုင်အောင်တော့ ကြိုးစားနေပါတယ်။ မနှစ်ကနေစပြီး ရေလှူတာ။ အလှူရှင်တွေစုပေါင်းစပ်ပေါင်းလှူကြတဲ့သဘောပါ။ ဒီတော့ အင်န်ဂျီအိုတွေလိုတော့ ရေရှည်စီမံကိန်းဆွဲပြီး မလှူနိုင်သေးဘူးပေါ့’’ဟု ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ မသက်သက်အောင်ကပြောသည်။

ယခုရက်ပိုင်းအတွင်း အသက်ငါးနှစ်အောက်ကလေးငယ်များ ၀မ်းပျက်ဝမ်းလျှောဖြစ်၍ ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး ဆေးရုံမှဆင်းသွားသူဦးရေမှာ ခြောက်ဦးခန့်ရှိသော်လည်း နောက်ထပ် ထပ်မံ၍ ၁၀ ဦးခန့်မှာ အဆိုပါ ရောဂါဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိလာကြောင်းနှင့် ဖြစ်ပွားရာအရပ်ဒေသများမှာ ရေရှားပါးသော အရပ်ဒေသများဖြစ်သော ဒလ၊ မှော်ဘီ၊ ပဲခူး၊ ကွမ်းခြံကုန်းဘက်မှဖြစ်ကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

‘‘အသက်ငါးနှစ်အောက်နဲ့အထက် ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆေးရုံမှာ လာပြကြတယ်။ အဓိက က ရေမသန့်ရှင်းမှုရယ်၊ မသန့်ရှင်းတဲ့အစားအစာတွေ စားတာကြောင့်ဖြစ်တာများတယ်’’ ဟု အဆိုပါဆေးရုံမှ ကလေးဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများ၏ ဖြစ်ရပ်များကဲ့သို့ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာ များ၌လည်း နှစ်စဉ်နှစ်တိုင်း ကြုံ တွေ့လာရသော ရေအခက်အခဲမှာ ယခုထက်တိုင် ခံစားနေရဆဲ ဖြစ်ကာ အစိုးရမှလည်း ထိရောက်စွာ လုပ်ကိုင်ပေးနိုင်မှု မရှိသေးကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဒေသခံများကဆိုသည်။
‘‘စည်ပင်က စီမံကိန်းဆွဲပြီး လုပ်နေပေမယ့် အလှည့်ကျစနစ်နဲ့ သွားနေတော့ ရွာတွေကို တော်တော်မရောက်နိုင်ဘူး။ မထိရောက်ဘူးဖြစ်နေတယ်။ ပရဟိတရေလှူတဲ့အဖွဲ့တွေ ရှိပေမယ့်လည်း သူတို့က အမြဲမလှူနိုင်ဘူး။ ဒီမှာက နိစ္စဓူဝ ရေက အမြဲလိုအပ်နေတာ’’ ဟု ကျောက်ပန်းတောင်းမြို့နယ်မှ ရေကိစ္စ အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း ၃၆၀ ကျော် ထဲမှ ကျေးရွာ ၇၀ ခန့်မှာ နေ့စဉ် သောက်သုံးရေ လိုအပ်ချက်များ ရှိနေပြီး ယခုကဲ့သို့ အပူရှိန်မြင့်မားနေချိန်တွင် ရေပြဿနာ စတင်ကြုံတွေ့နေရပြီး ရေသန့်မရရှိခြင်း၏ အကျိုးဆက်အဖြစ် ယင်းကျေးရွာများရှိ အသက် ငါးနှစ်အောက် ကလေးများမှာ ၀မ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

‘‘၁၅ ရက်လောက်တော့ရှိပြီ။ ကလေးတွေ ဆေးရုံရောက်နေကြတယ်။ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကြားက ကျေးရွာတွေမှာ ရေမသန့်လို့ ၀မ်းပျက်ဝမ်းလျှောတာတွေဖြစ်နေတာ။ ရေမသန့်တာကြောင့်ရယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ နည်းတာ ကြောင့်လည်းပါမယ်။ ရွာတွေမှာ ငါးနှစ်အောက်ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်’’ ဟု ကျောက်ပန်းတောင်းမြို့နယ် မှ ဒေါက်တာဇော်မင်းလတ်က ဆိုသည်။
ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့အစည်းများမှ အရပ်ဒေသများသို့ နှစ်စဉ်လှူဒါန်းကြသော်လည်း ယင်းရေရှားပါးရာ အရပ်ဒေသအနှံ့သို့ မရောက်ရှိခြင်း နှင့် လှူဒါန်းရာ၌လည်း နှစ်ရှည် စီမံကိန်းများရေးဆွဲ၍ မပြုလုပ်ကြခြင်းကြောင့် ထိုအရပ်ဒေသများ၌ ရေပြဿနာ ပြေလည်ခြင်းမရှိ၊ ထိရောက်မှုမရှိကြောင်း ဆေးပညာအသိုင်းအ၀ိုင်းမှ ပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။

‘‘လှူတယ်ဆိုတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရေရှည် ဖြစ်ဖို့တော့ လိုတယ်။ စီမံကိန်းတွေဆွဲပြီး စီမံကိန်း ကာလအထိပဲ လုပ်မယ်။ ဘာမှထပ်မလုပ်ဘူးဆိုရင် နဂိုလို ပြန်ဖြစ်မှာပဲ’’ ဟု ကလေးသူငယ်ရှင်သန်မှုနှင့် ဖွံ့ဖြိုးမှုဌာန (ယူနီဆက်-မြန်မာ) မှ အာဟာရပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က ပြောသည်။
ထို့ပြင် နိုင်ငံတော်အစိုးရကလွှတ်တော်ကိုယ်စားလှယ်များကို ဒေသတွင်းလိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် တစ်မြို့နယ်လျှင် သိန်းတစ်ထောင်ကျပ်နှုန်းဖြင့် ချထားပေးသော်လည်း ဦးစားပေးလုပ်ငန်းများအဖြစ် ကျောင်းခြံစည်းရိုးများ ပြုပြင်ခြင်း၊ လမ်းသာယာရေးပြုလုပ်ခြင်းများသာ လုပ်ကိုင်ကြပြီး တကယ်လိုအပ်နေသည့် ရေပြဿနာကိုမူ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဟု လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်နေပြည်သူတစ်ဦးက ဝေဖန်သည်။

‘‘သိန်းတစ်ထောင်ထဲကမှ ရေလိုအပ်ချက်များနေတဲ့ နေရာတွေမှာ ရေကန်လေးကန်နဲ့ စက်ရေတွင်းတူးတာတွေတော့ လုပ်လိုက်တယ်။ ဒါပေမဲ့ လူဦးရေများတော့ ရပ်ကွက်တွေရဲ့ ရေလိုအပ်ချက်ကိုတော့ ပြည့်မီအောင် ဖြည့်မပေးနိုင်သေးဘူး။ လွှတ်တော်မှာ တင်ထားတယ်။ ၂၀၁၅ ရောက်ရင်တော့ ရေသန့်တွေ ဖြန့်ဖြူးပေးနိုင်မှာပါ’’ ဟု လှိုင်သာယာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ယင်းမြို့နယ်ရှိ အ၀ီစိတွင်းရေများမှာ သံဓာတ်များ လွန်ကဲနေ၍ ချက်ပြုတ်စားသောက်ရန်မသင့်သော ရေများဖြစ်သောကြောင့် အခြေခံလူတန်းစားများသော ယင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရက စီမံကိန်းများရေးဆွဲပြီး ရေသန့်ရရှိရေး ဆောင်ရွက်ပေးသင့်သည်ဟု ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။

‘‘ကလေးတွေ ၀မ်းလျှောတာ မပြောနဲ့၊ ရေက ဖြူနေတဲ့အ၀တ်တောင် လျှော်ရင်ဝါသွားတယ်။ ရေချိုးပြီးရင် ခန္ဓာကိုယ်တွေ ယားကျန်ခဲ့တယ်။ ရေသန့်ဝယ်သုံးရရင်လည်း မိသားစုများတော့ မသက်သာဘူး။ ဒါတွကို အစိုးရက မှ မလုပ်ပေးဘူးဆိုရင် ဘယ်သူလုပ်ပေးတော့မှာလဲ’’ ဟု လှိုင်သာယာမြို့နယ် ပင်လုံဈေးအနီးတွင် နေထိုင်သူ ဦးသန်းထွဋ်က ဆိုသည်။

7Day News Journal

သန်ဆန်ခါခြားနေသည့် ကလေးငယ်နှစ်ဦး ကြင်ကြင် နာနာဖြင့် ရေတိုက်နေသည်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်း ကူးတို့သင်္ဘောပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
သန်ဆန်ခါခြားနေသည့် ကလေးငယ်နှစ်ဦး ကြင်ကြင် နာနာဖြင့် ရေတိုက်နေသည်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်း ကူးတို့သင်္ဘောပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

မတ်လပိုင်းမှစ၍ အပူချိန် မြင့်တက်လာမှုနှင့်အတူ ကလေးသူငယ်များ ၀မ်းပျက်ဝမ်းလျှော ရောဂါ များ ဖြစ် ပွားလျက်ရှိပြီး အများစု မှာ ရေရှားပါးပြီး ရေသန့် မရရှိသေးသော အရပ်ဒေသများ မှဖြစ်သည်။ ရေပြဿနာကို အစိုးရအနေဖြင့် ကောင်းစွာကိုင်တွယ် ဖြေရှင်းပေးနိုင်မှု အားနည်းနေသလို လူမှုအဖွဲ့အစည်းအသီးသီးက လှူဒါန်းရာ၌လည်း ရေရှည်စီမံကိန်းမဖြစ်ခြင်းကြောင့် ထိရောက်မှုမရှိဘဲ ရေပြဿနာ အခက်အခဲ မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို ဒေသခံများ ခံစားနေကြရခြင်းဖြစ်သည်။

နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့ အရှက်အကြောက်တရား ဘေးချိတ်ထားရမလား?

Photo: နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့ အရှက်အကြောက်တရား ဘေးချိတ် ထားရမလား?
Tuesday, April 8, 2014

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် စာတတ်မြောက်ရေး အတွက် ပြည်သူများထံသို့ စည်းရုံးရေးဆင်းရာတွင်အခက်အခဲ များကြုံတွေ့နေရကြောင်း စည်းရုံးရေးဆင်းသူများထံက သိရသည်။

စာသင်ပေးရန် စည်းရုံးရေးဆင်းရာတွင် ဒေသခံအချို့မှာအသက်အရွယ်ကြီးပြီဖြစ်သောကြောင့် စာပြန်လည်သင်ယူရမည်ကို ရှက်ကြောက်နေခြင်း ၊စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသဖြင့် မအားလပ်သူများ ရှိနေသောကြောင့်စည်းရုံးရန် အခက်အခဲဖြစ်နေခြင်းဖြစ်သည်။

“တချို့ဆိုစာတစ်လုံးမှ မတတ်ဘူး စာကိုလည်း တကယ်သင်ချင်တယ် ဆင်းရဲတော့စားဝတ်နေရေး အတွက် အလုပ်လုပ်နေရတယ် အဲ့ဒါဆိုရင် ကျွန်တော်တို့အဖွဲ့တွေကသူတို့အလုပ်တွေကို ၀ိုင်းကူ လုပ်ပေးနေရတာတွေ ရှိတယ် တချို့ဆိုရင် သားနဲ့အမေနှစ်ယောက်လုံး စာမတတ်ဘူးအမေကသားနဲ့ အတူတူရှက်လို့ စာမသင်ချင် အဲ့ဒါမျိုးတွေ အများကြီးကြုံတွေ့ရတယ်”ဟုမြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် စည်းရုံးရေးဆင်းသူ ကိုမင်းသုခကပြောသည်။

၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း (၂၉)ခုမှ ရပ်ကွက် ကျေးရွာပေါင်း (၁၁၆၃) နေရာ၊ သင်ယူမည့်သူ(၄၆၄၇၉) ဦးတို့ကို ၂၀၁၄ ခုနှစ် ဧပြီ (၁)ရက်မှ မေလ ၁၅ ရက်အထိသင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“နိုင်ငံတော်ဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံသားတိုင်စာတတ်ဖို့ လိုတယ်။လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် မျှော်မှန်ပြီးလုပ်ဆောင်နေတာပါ။ ဒီလိုအစီအစဉ်တွေကို ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက စတင်လုပ်ဆောင်နေတာပါ အဲ့ဒါကြောင့်ပြည်သူတွေ ဘက်ကလည်းစာတတ်ကြဖို့အတွက်မရှက်မကြောက် ပါဝင်ဆောင်ရွက် စေချင်ပါတယ်”ဟု စာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာနဥက္ကဌ ဦးသန်းဦးက ပြောသည်။

၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ လူထုလှုပ်ရှားမှု အသွင်ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအခမ်းအနားဖွင့်ပွဲကိုဧပြီလ(၆)ရက် တွင် ပြည်နယ်နှင့်တိုင်းအားလုံး၌တစ်ပြိုင်နက်တည်းကျင်းပပြုလုပ်ခဲ့သည်။

မင်းအောင်မြင်(မြစ်မခ)
Ma Kha Media Group 
 မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် စာတတ်မြောက်ရေးအတွက် ပြည်သူများထံသို့ စည်းရုံးရေး ဆင်းရာတွင်အခက်အခဲ များကြုံတွေ့နေရကြောင်း စည်းရုံးရေးဆင်းသူများထံက သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ဂျာမနီနှင့်ပြင်သစ် ခရီးစဉ် စတင်တော့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများသို့ ဧပြီ ၉ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ၇ ရက်ကြာ သွားရောက် လည်ပတ်မည် ဖြစ်သည်။ ဂျာမနီ သမ္မတ၏ ဖိတ်ကြား ချက် အရ ဂျာမနီသို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း ဂျာမနီ အစိုးရ အရာရှိ များနှင့် တွေ့

ချစ်သူဟောင်းများကို လက်စားချေသည့်နည်းလမ်း ကိတ်အပ်တန် အကြံပြု

Photo: ချစ်သူဟောင်းများကို လက်စားချေသည့်နည်းလမ်း ကိတ်အပ်တန် အကြံပြု
Tuesday, April 8, 2014

Sports Illustrated မော်ဒယ်လ် တစ်ဦးဖြစ်သည့် ကိတ်သည် မကြာသေးမီ လပိုင်းများက ယူကရိန်း အကပညာရှင် မက်စ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့ပြီး ထို့နောက်တွင် ယခင်ချစ်သူဟောင်း ဘေ့စ်ဘော အားကစားသမား ဂျက်စတင် ဗာလန်ဒါနှင့် ခေတ္တခဏ ပြန်တွဲဖြစ်ခဲ့သည်

မိမိအပေါ် လိမ်လည်လှည့်ဖျားခဲ့သည့် ချစ်သူဟောင်းများအပေါ် အကောင်းဆုံး လက်စားချေနည်းသည် ဘဝကို ပျော်ရွှင်စွာ နေထိုင်ခြင်းပင်ဖြစ်ကြောင်း ကိတ်အပ်တန်က သူမ၏ ခံယူချက်ကို ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၂၁)နှစ်ရှိ အမေရိကန် မော်ဒယ်လ်က အမျိုးသမီးများ အနေဖြင့် မိမိကို မရိုးသားခဲ့သည့် ချစ်သူဟောင်းကို လက်စားချေရာတွင် အခြားနည်းလမ်းများကို ရွေးချယ်ရန်ထက် ကိုယ့်ဘဝကိုယ် စိုပြေသာယာအောင် ဖန်တီးခြင်းကိုသာ လက်တွေ့ ကျင့်သုံးသင့်ကြောင်း အကြံပြုခဲ့သည်။

Sports Illustrated မော်ဒယ်လ် တစ်ဦးဖြစ်သည့် ကိတ်သည် မကြာသေးမီ လပိုင်းများက ယူကရိန်း အကပညာရှင် မက်စ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့ပြီး ထို့နောက်တွင် ယခင်ချစ်သူဟောင်း ဘေ့စ်ဘော အားကစားသမား ဂျက်စတင် ဗာလန်ဒါနှင့် ခေတ္တခဏ ပြန်တွဲဖြစ်ခဲ့သည်။ ကိတ်က “သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်ကို အကောင်းဆုံး လက်စားချေဖို့ ဆိုတာကတော့ ကိုယ့်ဘဝကိုယ် ပျော်ပျော်ကြီး ဖြတ်သန်းပြီး အဲဒီလို လူစားမျိုးအတွက် တစ်စက္ကန့်လေးတောင် အလဟဿ အချိန်ကုန် မခံဖို့ပဲလို့ ကျွန်မကတော့ ခံယူထားပါတယ်”ဟု ဆိုသည်။

သူမက “ကျွန်မအနေနဲ့ အဲဒီလို အခြေအနေမျိုး ကြုံလာတဲ့အခါ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ကျွန်မ လုပ်နိုင်တဲ့ အရာဆိုလို့လည်း ဒါပဲရှိမယ်လေ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သူမက ဘဝတွင် များများစားစား အပူအပင် မထားတတ်ဟုလည်း ပြောကြားခဲ့သေးသည်။ ကိတ်က “ကျွန်မက ကိစ္စတိုင်းကို အများကြီး လိုက်စိုးရိမ်နေတတ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မကိုယ်ကိုယ် ဒီလိုနည်းလမ်းမျိုးကနေ မရှုမြင် မချဉ်းကပ်ချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်၊ ကိုယ့်ရဲ့ ပင်ကိုအလေ့အထတွေကို အာရုံပြုထားတယ်။ တစ်နေ့ချင်းစီ ကျွန်မရဲ့ ပုံမှန်လုပ်ဆောင်မှုတွေနဲ့ ဖြတ်သန်းတယ်။ စိတ်ပူစရာတွေ များများစားစား မရှိဘူးဆိုရင် ဘဝက သိပ်ကို ကောင်းမွန်ပါတယ်”ဟုလည်း သုံးသပ်သွားခဲ့သည်။

Planet Myanmar Network 
 Sports Illustrated မော်ဒယ်လ် တစ်ဦးဖြစ်သည့် ကိတ်သည် မကြာသေးမီ လပိုင်းများက ယူကရိန်း အက ပညာရှင် မက်စ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့ပြီး ထို့နောက်တွင် ယခင်ချစ် သူဟောင်း ဘေ့စ်ဘော အားကစားသမား ဂျက်စတင် ဗာလန်ဒါနှင့် ခေတ္တခဏ ပြန်တွဲဖြစ်ခဲ့သည်။