Friday, 28 March 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Photo: တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ (၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
Friday, March 28, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၁၄ခုနှစ် (၆၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ကျင်းပသည်။ရှေးဦးစွာ ဂုဏ်ပြု ညစာစားပွဲ စတင်ကျင်းပချိန်တွင် (၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ၂၀၁၄ ခုနှစ် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပသည့် ဇေယျာသီရိဗိမာန်ဥပစာရင်ပြင်သို့ ည ၇ နာရီတွင်ရောက်ရှိလာပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သီရိပျံချီ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်းနှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့်ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး ဒေါ်အေးအေးသန်း တို့နှင့် အတူ အခမ်းအနားသို့ တက်ရောက် လာကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ကြက်ခြေနီ တပ်ဖွဲ့မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် ကျောင်း ဆရာများနှင့် ကျောင်းသားများ၊ နယ်ခြားစောင့် တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့များ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တပ်မတော်အငြိမ်းစားအရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။

(၆၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏မြ၀တီတေးဂီတ အဖွဲ့က တေးသံသာ များဖြင့် ဧည့်ခံဖြေဖျော်ကြသည်။ညစာစားပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဇေယျာသီရိဗိမာန် သဘင်ဆောင် ခန်းမ၌ မြ၀တီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ယဉ်ကျေးမှု အကပဒေသာ များဖြင့်ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၁၄ခုနှစ် (၆၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ကျင်းပ သည်။ရှေး ဦးစွာ ဂုဏ်ပြု ညစာစားပွဲ စတင်ကျင်းပချိန်တွင် (၆၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့ စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်သည်။

လျှပ်စစ်မီတာခ ပြန်လျော့ချပေးဖို့ ဆန္ဒပြ တောင်းဆို

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ လျှပ်စစ်မီတာခတိုးမြှင့် ကောက်ခံဖို့ အပေါ်ကို အခြေခံလူတန်းစားတွေအနေနဲ့ လက်မခံနိုင်တဲ့အတွက် ရန်ကုန်မြို့ ဆူးလေဘုရား တစ်ဝိုက်မှာ မနေ့တုန်း က ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ကြပါတယ်။

နှစ်သစ်ကူးပွဲတော်အကြို နေရပ်သို့ ပြန်လာကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ

Photo: နှစ်သစ်ကူးပွဲတော်အကြို နေရပ်သို့ ပြန်လာကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ
Friday, March 28, 2014

နှစ်သစ်ကူးပွဲတော်အကြို မိမိနေရပ်သို့ ပြန်လာကြသော မြန်မာ့ရွှေ့ပြောင်းလုပ်သားများ ပြည်တွင်း၌ ၀င်ငွေမရှိ၊ အသုံးစရိတ် မြင့်တက်ခြင်းကြောင့် သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာနေကြရပြီ ဖြစ်သည်။

“ဘယ်ပြန်ထွက်ချင်မလဲဗျာ။ ထိုင်းမှာ အလုပ်သွားလုပ်တာ သုံး၊ လေးနှစ်၊ ရေမကစားရတာလည်း ကြာပြီ။ သူငယ်ချင်းတွေနဲ့ ပျော်မယ်ပေါ့။ လာကတည်းက သင်္ကြန်မှာပျော်ဖို့  ကိုယ့်ရွာကို ပြန်လာတာ။ ခုက ပါတဲ့ငွေတွေ ကုန်၊ ၀င်ငွေရမယ့်အလုပ်က မရှိတော့ စိတ်မချမ်းမြေ့စွာနဲ့ သင်္ကြန်မတိုင်ခင် ပြန်သွားနေရတာပါ” ဟု မတ် ၂၆ ရက်က လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံ မဟာချိုင်သို့ ပြန်လည်ထွက်ခွာသူ ဘီလူးကျွန်းမှ ကိုမောင်မောင်က ဆိုသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲတော် နီးကပ်လာ၍ မတ်လ တတိယပတ်တွင် နေရပ်မြန်မာနိုင်ငံသို့  ပြန်လာသူ ပိုမိုများပြားလာသော်လည်း ဖေဖော်ဝါရီလအတွင်းက အကြိုပြန်လာသူများမှာ နွေရာသီ အလှူအတန်းနှင့် ပျော်ပွဲရွှင်ပွဲများကြောင့် အသုံးစရိတ် ပြတ်လပ်ကာ သင်္ကြန်ပွဲတော်နှင့် လွဲခဲ့ရပြီဖြစ်သည်။

“လာတုန်းကတော့ သင်္ကြန်ပြီးမှ ပြန်သွားဖို့ ပါ။ မိဘတွေလည်း အသက်ကြီးပြီလေ။ပွဲဆက်တွေများတော့ ပါလာတဲ့ငွေတွေက သင်္ကြန်မရောက်ခင် ကုန်သွားတယ်။ ၀င်ငွေကလည်း မရှိတော့ နေမပျော်တော့ဘူး။ တစ်နှစ်မှာ တစ်ကြိမ် ပျော်စရာအကောင်းဆုံး သင်္ကြန်ကို ကိုယ့်မြို့မှာ မနေခဲ့ရတာတော့ စိတ်မကောင်းအဖြစ်ဆုံးပါ” ဟု မော်လမြိုင် ရိုးဂိုးကျေးရွာမှ ကိုနိုင်က ဆိုသည်။

ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ယာဉ်တန်း အတက်နေ့တိုင်း ရာ၊ ထောင်ချီနေပြီး ချစ်ကြည်ရေးတံတားထိပ် (မဲဆောက်ဘက်ခြမ်း) အ၀င် (ဘတ်-၂၀) တံဆိပ်တုံး ထုရန် နေပူကျဲကျဲတွင် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းကြရသည်။ မစောင့်နိုင်သူ၊ နေပူ မခံနိုင်သူများမှာ တာဝန်ရှိသူနှင့် ချိတ်ဆက်ထားသူ (ဒေသအခေါ် တုံးပွဲစား) များထံ ဘတ် ၁၂၀၊ ၁၅၀ ပေးပြီး တံဆိပ်တုံး ထုကြရကြောင်း သိရသည်။
“တံတားပေါ်မှာ အ၀င်/အထွက် တုံးထုတာ ပုံမှန်ကြေးနဲ့ အမြန်ကြေးဆိုပြီး ရှိပါတယ်။ ကျွန်တော်ကတော့ မစောင့်နိုင်တဲ့အတွက် အမြန်တုံးနဲ့ပဲ သွားပါတယ်” ဟု မတ် ၂၆ ရက်က ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်သို့ ပြန်လည်ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မတ်၂၆ ရက်က တွေ့ရစဉ်

Eleven Media Group
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်သို့ ပြန်လည်ထွက်ခွာ မည့် မြန် မာရွှေ့ပြောင်းလုပ်သားများအား မတ်၂၆ ရက်က တွေ့ရစဉ်

နှစ်သစ်ကူးပွဲတော်အကြို မိမိနေရပ်သို့ ပြန်လာကြသော မြန်မာ့ရွှေ့ပြောင်းလုပ်သားများ ပြည်တွင်း၌ ၀င်ငွေ မရှိ၊ အသုံးစရိတ် မြင့်တက်ခြင်းကြောင့် သင်္ကြန်မတိုင်ခင် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက် ခွာနေကြရပြီ ဖြစ်သည်။

Wednesday, 26 March 2014

စစ်ကိုင်းနှင့်ချင်းတွင် သတ္တုအကျိုးတူ တူးဖော်ရန် အိန္ဒိယနိုင်ငံမှ ကမ်းလှမ်း

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ကမ်းလှမ်းလာမှုအပေါ် မတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေ သကြီး၊ ကလေးမြို့၌ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်၊ သစ်တောနှင့် သတ္တုဝန် ကြီး ဦးကျော်ငြိမ်းက The Voice သို့ ပြောကြားသည်။

စစ်သားဆိုတာ ပြည်သူထဲက ပြည်သူပဲဟုဆိုသူ ဆရာမြ သန်းစံနှင့်တွေ့ဆုံခြင်း

Photo: စစ်သားဆိုတာ ပြည်သူထဲက ပြည်သူပဲဟုဆိုသူ ဆရာမြသန်းစံနှင့်တွေ့ဆုံခြင်း
Wednesday, March 26, 2014

တပ်မတော်နေ့ နီးလာလျှင် ရုပ်သံလိုင်းများ မှ ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ် ကားကို နှစ်စဉ် ပြသလေ့ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရုံတင်စဉ်က ပရိသတ် နှစ်ခြိုက်စွာ အားပေးခဲ့ပါသည်။ တပ်မတော်သားတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ ပေါင်းစပ်ပြီး ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းကိုဖန်တီးခဲ့သူ ဆရာမြသန်းစံနှင့် တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။

► မေး ဝေလည်းမွှေး၊ ကြွေလည်းမွှေး ဇာတ်ကားကို စတင်ပြီး ဇာတ်လမ်းရေး ဖြစ်ခဲ့ပုံကို သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ကလည်း စစ်ကားရိုက်နေတဲ့ အချိန် ကိုယ်ကလည်း တပ်မတော်မှာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ဇာတ်လမ်းရေးဖြစ် သွားတာပါ။ ပထမက ဦးကျော်ဟိန်းနဲ့ရိုက်ဖို့သွားပြောတာ သိပ်အဆင်ပြေဘူး။ ဒါ့အပြင့် ကျော်ဟိန်းရဲ့သား နေရာမှာ သရုပ်ဆောင်ဖို့ ကျော်သူနဲ့ သွားညှိခဲ့တယ်။ အဆင် မပြေခဲ့ဘူး။ ဇာတ်ကားမရိုက်ခင်မှာ ဦးကျော်ဟိန်းက ပေါ်လစီဇာတ်ကားလို့ပဲထင်နေတာ။
ဒါကြောင့် ငြင်းဆန်မှုတွေများခဲ့တယ်။ အငယ်နေရာအတွက် မင်းသား ရှာနေ တဲ့အချိန်မှာ ဦးကျော်ဟိန်းက သူ့ရဲ့တူ ထင်လင်း(ဒွေး) ရှိတယ်ဆိုပြီးပြောတာနဲ့ ခေါ်ရိုက်ဖြစ်တာ။ ဒွေးကလည်း စစ်သားဆံပင် ပုံစံဖြစ်နေတယ်။ ဇာတ်လမ်းက ကိုယ့်ဘ ဝရဲ့အစိတ်အပိုင်းတချို့နဲ့ ဆက်စပ်တယ်။ အဖေနဲ့အမေ ကွဲတယ်။ ဒါကြောင့် စစ်တပ်ထဲဝင်တယ်။ ဘဝအတွေ့အကြုံတွေပေါင်း စပ်ပြီးရေးဖြစ်သွားတာ။ စစ်ကား တစ် ကားရိုက်ရင် အချိန်ယူပြီးရိုက်ရတယ်။ ရိုးရိုးကားတွေလို အချိန်အနည်းဆုံးနဲ့ ရိုက်လို့မရဘူး။

► မေး – ဦးကျော်ဟိန်းက အနုပညာတစ်ခုကိုလုပ်ရင် စိတ်နှစ်ပြီးလုပ်တတ်တယ်။ ဒီဇာတ်ကားမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို သိချင်ပါတယ်။

သူက ညပိုင်းတွေမှာဆိုရင်တပ်ထဲကို အမြဲရောက်လာတတ်တယ်။ အဲဒီအချိန်က တပ်မှာတကယ်ရှေ့တန်းထွက်ရမယ့် အချိန် ဖြစ်နေတယ်။ တကယ်စစ် သားတွေ ရှေ့တန်းထွက်တဲ့ အချိန်မှာ ဘယ်လိုခံစားနေရလဲဆိုတာကို လိုက်လေ့လာတယ်။
တကယ်ရှေ့တန်းထွက်တဲ့အချိန်ဖြစ်နေတဲ့အတွက် အဲဒီ ဇာတ်ရုပ်တွေ ရလိုက် တယ်။ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ ဘဝကို သေ ချာ လေ့လာခဲ့တယ်။ နောက်တစ်ခုက ရိုက်ကွင်းကိုလာရင် မာစီဒီးကားနဲ့ စစ်ဝတ်စုံအပြည့်နဲ့လာတယ်။ သူက မလုပ်ခင် သာ ကြေး(ဂျီး)များတာ။ တကယ်လုပ်ပြီဆိုရင် အပီအပြင်လုပ်တယ်။ ရိုက်ကွင်းသွားရင်လည်း စစ်ကား နောက်မှာနေတတ် တယ်။ ရှေ့ခေါင်းခန်းမှာ ထိုင်ဖို့ခေါ်ရင်လည်း ကျွန်တော်က ဒီအချိန်မှာ တပ်ကြပ်ကြီးဖိုးစည်ဖြစ်သွားပြီလို့ အမြဲပြောတယ်။ ကာရိုက်တာထဲ အပြည့်ဝင်ခံစားလိုက်တယ်။ တကယ်လည်း ဆန်အိတ်တွေဝင် ထမ်းတာမျိုး လုပ်တယ်။
အသက်အရွယ်နဲ့မမျှအောင်ကို သရုပ်ဆောင်တယ်။ သူ့ရဲ့စိတ်ထဲမှာ ပြင်ဆင်လာတာတွေက အများကြီးပဲ။ ရိုက်ကွင်းမှာလည်း သူနဲ့ ခဏခဏစကား များရတယ်။ သူ လုပ်ချင်တာတွေ တအားများတယ်။ ရန်သူအပေါ်မှာ မီးလို၊ နေလို နေရပေမယ့် ပြည်သူနဲ့ကျရင် ရေလို၊ လလို ကျင့်ရမယ်ဆိုပြီး ပြောရတယ်။ ရိုက်ကွင်းအလယ် အရော က်မှာ ဇာတ်တစ်ခုလုံးကို သဘောပေါက်သွားတယ်။ စစ်သားတစ်ယောက်ရဲ့ မိသားစုဘဝ၊ တိုင်းပြည်အတွက် ဘယ်လိုရင်းရလဲဆိုတာ သိသွားတယ်။

► မေး – အခုနောက်ပိုင်း ပရိသတ်က ရုပ်ရှင်ရုံတွေမှာစစ်ကားတွေပြန် ကြည့်ချင်နေတဲ့အပေါ် ဆရာ သုံးသပ်ပေးပါဦး။

စစ်တပ်ထဲက စစ်သားဆိုတာကလည်း ပြည်သူ ထဲ က ပြည်သူပဲလေ။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်သားတွေကလည်း ဒီအိမ်တွေထဲကပဲ ထွက်သွားတာပဲလေ။ ဒီလူတွေက သေ နတ်တွေကိုင်ပြီး တိုင်းပြည်ကိုကာကွယ်နေတယ်။
ကိုယ့်မိသားစုဝင်တွေ ဘယ်လိုနေထိုင်လဲဆိုတာကို သိချင်ကြမှာပဲ။ ဒါကသဘာဝပဲလေ။ စစ်ကား မှာ ပေါ်လစီ သိပ် များသွားရင် ပရိသတ်က သိပ်မကြိုက်ဘူး။ စစ်သားသည်လည်း လူသားပဲလေ။ ဒါကြောင့် ပရိသတ်က စိတ်ဝင်စားတာပါ။ ဒါကြောင့် စစ်ကားတွေ ရုပ်ရှင်ရုံတင်တဲ့အခါ ပရိ သတ်က အားပေးကြတာပါ။ စစ်တပ်ကိုမုန်းလားဆိုတော့ မမုန်းဘူး။ ချစ်ချင်တယ်။ ချစ်အောင်နေဖို့ကလည်း တပ်မတော်သားတွေတာဝန်ပဲလေ။

မေး – အခုနောက်ဆုံးရိုက်ကူးခဲ့တဲ့ အသက်ထက်မြတ်တဲ့ဂုဏ် ဇာတ်ကားအကြောင်း သိချင်ပါတယ်။

ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်နဲ့ ပြန်တိုင်ပင်ဖြစ်တယ်။ ” ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ကိုပဲ ပြန်လည်ဆန်းသစ်ဖို့ပါ။ ဇာတ်လမ်း ပြန်တည်ဆောက်ခဲ့တယ်။
အရင် ကားတုန်းက ဒွေးက နှစ်ကိုယ်ခွဲမဟုတ်ဘူး။ ဒီကားမှာ ကလေး (၂) ယောက်ထားလိုက်မယ်။ တစ်ယောက်က တပ်ကြပ်ကြီးဖိုးစည်နဲ့ အနီးကပ်နေပေမယ့် အရင် တုန်းက ဖခင်က အရင်သိတာ၊ အခုသားဘက်က ပြန်သိတာ။
အကုန်လုံးပြောင်းပြန်ဇာတ်လမ်း ပြန်လုပ်ထားတယ်။ အခု မော်ဒန်တပ်မတော်က ဘယ်လိုပုံစံသွားနေ လဲဆို တာကို သွားလေ့လာပြီး ရိုက်ကူးထားတယ်။ ဒီဇာတ်ကားက ” ဝေလည်းမွှေးကြွေလည်းမွှေး” ဇာတ်ကားပြီး ၁၈ နှစ်ကြာမှ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကား ရိုက်ဖို့ နယ်ကိုစသွားတော့ ထူးထူးခြားခြားဖြစ်တာက အရင်တုန်းက သရုပ်ဆောင်ခဲ့တဲ့တင့်တင့်ထွန်းက ကားပေါ်ပါလာ တယ်။ ဝေလည်းမွှေး ကြွေ လည်းမွှေး ကို ပြန် ဆန်း စစ်တဲ့အချိန်သူ့နဲ့တွေ့တော့ အံ့သြသွားတယ်။ ။

Popular Journal
တပ်မတော်နေ့ နီးလာလျှင် ရုပ်သံလိုင်းများ မှ ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ဇာတ် ကားကို နှစ်စဉ် ပြသလေ့ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရုံတင်စဉ်က ပရိသတ် နှစ်ခြိုက်စွာ အားပေးခဲ့ ပါသည်။ တပ်မတော်သားတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေ နဲ့ ပေါင်းစပ်ပြီး ဝေ လည်းမွှေး၊ ကြွေ လည်းမွှေး ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းကိုဖန်တီးခဲ့သူ ဆရာမြသန်းစံနှင့် တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။

ယာဉ်ထိန်းရဲများကို အရေးယူပေးရန် ပြည်မြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ယာဉ်စည်း ကမ်းကို အကြောင်းပြု၍ တရားဥပဒေမဲ့ CB ဘဏ်သို့ ငွေ ၅၀၀၀ ကျပ် သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို တရားဥပဒေအရ အရေးယူပေးရန်ဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အခွန်မှရငွေ ယမန်နှစ်ထက် ၃၆ရာခိုင်နှုန်း တိုးမြှင့်လာမည်ဟု လျာထား

၂၀၁၄-၁၅ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ၏ အခွန်အကောက်ရငွေ စုစုပေါင်းမှာ ကျပ် ၄၈၉၀ ဒသမ ၅၈၀ ဘီလီယံ လျာ ထားရာ ယမန်နှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၊ အခွန်အကောက်ရငွေပေါင်း ကျပ် ၃၅၈၇ ဒသမ ၉၃၂ ဘီလီယံဖြစ်သဖြင့် ယခုနှစ်သည် ၃၆ ဒသမ ၃၁ ရာခိုင်နှုန်း တိုးမြှင့်လာသည် ဟု ဘဏ္ဍာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောသည်။

"နိုင်ငံခြားဘာသာ စကားဖြင့် သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ် စိုက်ထူက ဒဏ်ငွေ ဆယ်သိန်း ဆောင်ရမည်"

သင်္ကြန်မဏ္ဍပ်များတွင် နိုင်ငံခြား ဘာသာ စကားများဖြင့် ဆိုင်းဘုတ်စိုက်ထူလျှင် ဒဏ်ကြေးငွေကျပ် ၁ဝ သိန်းကောက် ခံသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အ စိုးရအဖွဲ့က စည်းကမ်းချက်သတ်မှတ်ထားသည်။
မဏ္ဍပ်များအား မြန်မာအမည်ဖြင့် လျှောက်ထားသူတို့ကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး မဏ္ဍပ်တွင် လျှောက် ထားသည့် အမည်အစား အမည်ပြောင်း လဲစိုက်ထူ ပါက ဒဏ်ကြေးကျပ် ၁ဝ သိန်း ကောက်ခံ မည်ဖြစ်ပြီး ယင်း ဒဏ်ကြေးကို အာမခံ ကြေး တင်သွင်းငွေမှ ဖြတ်တောက်ထားမည် ဟု သိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် တပ်မတော် ဆက်ရှိနေဖို့လိုဟု သမ္မတ ဦးသိန်းစိန်ပြော

Photo: ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် တပ်မတော် ဆက်ရှိနေဖို့လိုဟု သမ္မတ ဦးသိန်းစိန်ပြော
Wednesday, March 26, 2014

သမ္မတဦးသိန်းစိန်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီးပြီး နိုင်ငံရေးပြဿနာများ အဖြေရှာရာသည့် စားပွဲဝိုင်းတွင်လည်း တပ်မတော် ဆက်လက် တည်ရှိနေရန် လိုအပ် ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ သက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောဆိုစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး တပ်မတော်သည် ကာကွယ်ရေး၊ လုံခြုံရေး အတွက်သာမက ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများ အဖြေရှာရာတွင် မဖြစ်မနေ ရှိနေရန် လိုအပ်သည်ဟု ပြောဆိုသည်။

“နိုင်ငံရေးဖြစ်ရပ်တွေ၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီးပါတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရအုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနိှုင်းအဖြေရှာတဲ့စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ပြည်တွင်း ငြိမ်းချမ်းရေး တိုးတက်ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုကြောင့် အနာဂတ်တွင် သက်ရောက် နိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုး အလားအလာများကို ထည့်သွင်း စဉ်းစားသုံးသပ်ရန် အရေးကြီးကြောင်းပြောဆိုသည်။

“ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာ လေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း ၁၂ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှု ဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှု တွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်´´ ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။

အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်အကြား ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုများရှိသကဲ့သို့ မအောင်မြင်မှုများလည်းရှိကြောင်း၊ လုပ်နိုင်တာများရှိသကဲ့သို့ မလုပ်နိုင်သည်များလည်းရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလာဒ်များ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အတိုက်အခံများကိုလည်း လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး နိုင်ငံရေးယဉ်ကျေးမှုသစ်တရပ် ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

“အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်´´ဟု ဦးသိန်းစိန်က ဆိုသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသည် ယခင် စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီးနောက် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင်အာဏာ လွှဲပြောင်းရယူခဲ့သည်။

ဧရာဝတီ

သမ္မတဦးသိန်းစိန် သမ္မတသက်တမ်း ၃ နှစ်ပြည့် လွှတ်တော်တွင် မိန့်ခွန်းပြောပြီးနောက် သူရဦးရွှေမန်းနှင့်အတူ လွှတ်တော်မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
သမ္မတဦးသိန်းစိန် သမ္မတသက်တမ်း ၃ နှစ်ပြည့် လွှတ်တော်တွင် မိန့်ခွန်းပြောပြီးနောက် သူရဦးရွှေမန်းနှင့်အတူ လွှတ်တော်မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတဦးသိန်းစိန်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီးပြီး နိုင်ငံရေးပြဿနာများ အဖြေရှာရာသည့် စားပွဲဝိုင်းတွင်လည်း တပ်မတော် ဆက် လက် တည်ရှိနေရန် လိုအပ် ကြောင်း ပြောဆိုလိုက်သည်။

လာမယ့်နှစ် အခွန် ၃၆ ရာခိုင်နှုန်း တိုးကောက်မည်

Photo: လာမယ့်နှစ် အခွန် ၃၆ ရာခိုင်နှုန်း တိုးကောက်မည်
Wednesday, March 26, 2014

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် လက်ရှိ ဘဏ္ဍာရေးနှစ်ကထက် အခွန်က ၀င်ငွေ ၃၆ ရာခိုင်နှုန်း ပိုရအောင် ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

မတ် ၂၅ ရက်နေ့က လုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ “၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” ရှင်းလင်းစဉ် သူက ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အခု ဘဏ္ဍာရေးနှစ်မှာ အခွန်ကနေ ကျပ်ငွေ ၃ ဒဿမ၊ ၅ ထရီလီယံကျော် ရခဲ့ပါတယ်။

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဆိုရင် ကျပ်ငွေ ၄ ဒဿမ၊ ၉ ထရီလီယံနီးပါး ရအောင် ကောက်မယ်လို့ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကောက်ခံနိုင်ခဲ့ရင် လက်ရှိ အခွန်နဲ့ ဂျီဒီပီ အချိုး ၆ ဒဿမ၊ ၁ ရာခိုင်နှုန်း ရှိရာကနေ လာမယ့်နှစ်မှာ ၇ ဒဿမ၊ ၄ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

DVB 
လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် လက်ရှိ ဘဏ္ဍာရေးနှစ်ကထက် အခွန်က ၀င်ငွေ ၃၆ ရာခိုင်နှုန်း ပိုရအောင် ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

မောင်တောနယ်စပ် လေယာဉ်ကွင်းရွာရှိ ဘင်္ဂါလီနေအိမ်မှ သေနတ် တစ်လက်နှင့် ကျည်ဆန်များ ထပ်မံဖမ်းဆီးရမိ

မောင်တောနယ်စပ် အလယ် သံကျော် ကညင်တန်းကျေးရွာ အုပ်စုချောင်း အတွင်း ရှိ စက်လှေပေါ် မှ သေနတ်တစ်လက်နှင့် ကျည်ဆန် ကိုးတောင့် မတ် ၁၄၊ ၁၅ ရက်က ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေး မှုများပြုလုပ်လျက် ရှိရာ မောင်တောနယ်စပ် အလယ် သံကျော်အုပ်စု လေယာဉ်ကွင်းကျေးရွာရှိ ဘင်္ဂါလီ နေအိမ် smist or welson ငါးချက်ပေါက် ဆုံ လည်သေနတ်တစ်လက်နှင့် ၃၉ အမျိုးအစား နိုင်ငံ ခြား ကျည်ဆန်တစ်တောင့်ကို မတ် ၁၉ ရက်မွန်းလွဲ ပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မ ရဲစခန်းမှ သိရသည်။

ပုဂံရှေးဟောင်းဇုန်ရှိ ဟိုတယ်၊ တည်းခိုခန်း တည်ဆောက်မှု ရပ်ဆိုင်းထားရန်သတိပေး

ပုဂံရှေးဟောင်းဇုန်အတွင်းရှိ ဆောက် လက်စ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၂၈ လုံးအား လုပ်ငန်းများရပ် ဆိုင်းထားရန် သတိပေးထားသည်ဟု ပုဂံမြို့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦး ကမဇ္ဈိမ ကိုပြောသည်။

မျိုးစောင့် ဥပဒေ အဆိုပြုချက်ကို HRW ဝေဖန်

လွှတ်တော်တွင် တင်ပြ ဆွေးနွေးမှု မပြီးပြတ်သေးသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းနှင့် ပတ်သက်သည့် မျိုးစောင့်ဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့(HRW) က ဝေဖန်လိုက်သည်။

၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် တရုတ်ပို့မည့် အဆိပ်ပြင်းမြွေကောင်ရေ ၃၀၀ နီးပါးနှင့် ကျောက်စိမ်းတုံးများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မတ်လ ၂၄ ရက်နေ့ တစ်ရက်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် အဆိပ်ပြင်း မြွေအကောင်ရေ ၃၀၀ နီးပါးနှင့် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း အုန်းချောမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးစောင့်ဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့်အရေးကိုပိုမိုဖော်ဆောင်ရာရောက်ဟုဆို

Photo: အမျိုးစောင့်ဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့်အရေးကိုပိုမိုဖော်ဆောင်ရာရောက်ဟုဆို

မတ်လ ၂၆ ရက် ၂၀၁၄ ခုနှစ်
နေထက်ဝေ၊ လင်းလင်းရန်ကုန်

အမျိုးစောင့်ဥပဒေ (အရပ်ခေါ်) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်း ညှိခြင်းဆိုင်ရာဥပဒေစသည့်ဥပဒေ များပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့် အရေးကို ပိုမိုဖော်ဆောင်ရာရောက် ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ယမန်နေ့တွင်ပြောကြားသည်။

''ကျွန်တော်တို့ဘာသာဝင်တွေ အနေနဲ့ ဥပဒေဆိုတာ မလိုခဲ့ပါဘူး။ သို့သော်လည်း အခြားဘာသာတွေ နဲ့ယှဉ်လာတဲ့အခါကျတော့ အခြား ဘာသာမှာ ဥပဒေတွေပြဋ္ဌာန်းထား ပြီး ကျွန်တော်တို့ဘာသာတွေမှာ
ပြဋ္ဌာန်းထားခြင်းမရှိတဲ့အတွက် တချို့နေရာတွေမှာ ကိုးကွယ်မှုနဲ့ ပတ်သက်လို့လွတ်လပ်စွာကိုးကွယ် မှုမရှိဘဲ ဘာသာကူးပြောင်းရတဲ့ ဟာလေးတွေ ရှိလာတဲ့အခါမှာ ဥပမာ-အခြားဘာသာကိုယူတဲ့အခါ သူဘာသာကို လိုက်သွားရတဲ့သူ တွေ၊ အဲ့ဒီလိုလိုက်သွားရလျှင်သော် လည်းကောင်း၊ မလိုက်ဘူးဆိုရင် လဲ သူရဲ့အမွေခံခွင့်တွေထိ ဆုံးရှုံး တာတွေရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘာသာရေးနဲ့ပတ်သက် 
လို့လဲပဲ အမျိုးဘာသာသာသနာ တစ်ခုတည်းအတွက်တင်မဟုတ်ပါ ဘူး၊ ဘာသာကူးပြောင်းတာတွေနဲ့ ပတ်သက်လို့သာသနာရေးဝန်ကြီး ဌာနက ဥပဒေပြဋ္ဌာန်းပေးနိုင်မှု သည် လိုအပ်နေပြီလို့သုံးသပ်ရရှိပါ တယ်။ ပြည်သူတွေရဲ့၊ ဗုဒ္ဓဘာသာ ဝင်တွေရဲ့လိုအပ်ချက်ဖြစ်တဲ့အတွက်
ကြောင့် တောင်းဆိုလာတာလဲဖြစ် တယ်။ တကယ်လဲပဲ ကျွန်တော် တို့က လွတ်လပ်စွာယုံကြည်ကိုး ကွယ်မှုရှိစေချင်တဲ့အတွက် ဥပဒေ ဆိုတာလဲရှိဖိုလို့တယ်။ ဥပဒေ ပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့် အရေးကိုလဲပိုဖော်ဆောင်ရာရောက် ပါတယ်''ဟု ¤င်းကဆိုသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးကအမျိုးစောင့်ဥပဒေမရှိလျှင် လူ့အခွင့်အရေးဆိုပြီး ရှေ့တန်းတင် လာသူတို့ကြောင့်ယုံကြည်ကိုးကွယ် မှုများကို ထိခိုက်လာနိုင်ကြောင်း၊ ဥပဒေရှိသည်ဆိုလျှင် လူ့အခွင့် အရေးဖော်ဆောင်သည့်အခါတွင် မျှမျှတတ ဆောင်ရွက်နိုင်သည့် အတွက် လုပ်သင့်သည့်အတိုင်း အတာတစ်ခုအထိ ဥပဒေပြဋ္ဌာန်း နိုင်ရန် အားလုံးကသဘောတူပြီး ရေးဆွဲဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတက ဖေဖော် ဝါရီလ၂၅ရက်နေ့စွဲဖြင့်ဥပဒေပြဋ္ဌာန်း ပေးရေး လွှတ်တော်နာယကထံသို့ စာပို့ခဲ့သည့် ဥပဒေလေးခုအနက် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက်ဥပဒေပညာရှင် များ၊ဘာသာရပ်ကျွမ်းကျင်သူများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းကျွမ်း ကျင်သူများပါဝင်သည့်ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းဆောင် ရွက်လျက်ရှိသည်။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကြမ်းတို့သည် ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ဆက်နွှယ်သက် ဆိုင်သဖြင့် ယင်းကတာဝန်ယူရေး ဆွဲရန် သီးခြားမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ ပြည်ထောင်စုလွှတ်တော်မှ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

''ကျွန်တော်တို့ကအမျိုးဘာသာ သာသနာဆိုတာသူ့ရဲ့မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို၊ သူ့အမျိုးသူ့ ဘာသာနဲ့ပတ်သက်လို့ သူတို့ရဲ့ ဘာသာရေးထုံးတမ်းစဉ်လာအရ ခံစားမှုတွေ၊ အခွင့်အရေးတွေရှိပြီး သားဖြစ်ပါတယ်။ အထူးသဖြင့် သူတို့က ဥပဒေတောင်ပြဋ္ဌာန်းထား ပါတယ်။ ဒါလဲပဲ နိုင်ငံတကာရဲ့ ဘာသာရေးဆိုင်ရာကိစ္စများကိုလေ့ လာကြည့်ရင်သိနိုင်ပါတယ်။ အဲ့ဒီ တော့ ကျွန်တော်တို့ဆီမှာ အဓိက ဘာဖြစ်နေလဲဆိုတော့ ဘာသာကူး ပြောင်းခြင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိ ရင် ကျွန်တော်တို့ကတိတိကျကျ မရှိသေးဘူးဖြစ်နေတယ်။

ဥပဒေ ရေးဆွဲပြီးရင်လဲ အားလုံးကအကြိမ် ကြိမ်ဆွေးနွေးပြီး ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ပြီးမှလုပ်သင့်တယ်လို့ အားလုံးကို ဘာသာရေးဆိုင်ရာနဲ့ ပတ်သက်ပြီးအမျိုးဘာသာသာသနာ နဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း တင်ပြတာ ဖြစ်ပါတယ်''ဟုပြည်ထောင်စု ဝန်ကြီးဦးဆန်းဆင့်ကပြောသည်။

Myawady News
အမျိုးစောင့်ဥပဒေ (အရပ်ခေါ်) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ် ထိမ်းမြား ခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်း ညှိခြင်းဆိုင်ရာဥပဒေစသည့်ဥပဒေ များပြဋ္ဌာန်းခြင်းအားဖြင့် လူ့အခွင့် အရေးကို ပိုမိုဖော်ဆောင် ရာရောက် ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ယမန်နေ့တွင်ပြောကြား သည်။

မြို့နယ်အဆင့် NLD လူငယ်ညီလာခံများ ဧပြီ ၁၁ရက် အပြီး ကျင်းပမည်

မြို့နယ်အဆင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လူငယ်ညီလာခံများကို လာမည့် ဧပြီ၁၁ရက်တွင် အပြီး ကျင်းပသွားမည်ဟု NLD လူငယ်ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မတ်လ၂၄တွင် ပြောသည်။
မြို့နယ်အဆင့် လူငယ်ညီလာခံများ ကျင်းပကာ လူငယ်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းကို ဖေဖော် ၀ါရီလအတွင်းကစပြီး မြို့နယ်အနှံ့တွင် လုပ်ဆောင်နေခြင်းဖြစ်ကာလာမည့် ဧပြီလတွင် အပြီး

ညပိုင်းစီမံချက်ဖြင့် ဖမ်းဆီးရာ သောက်စားပြီး မောင်းနှင်ပါက လိုင်စင်သုံးလပိတ်မည်

မန္တလေးမြို့အတွင်း စည်းကမ်းပျက် ယာဉ်များကို ပူးပေါင်း စစ်ဆေးရေး အဖွဲ့နှင့် စစ်ဆေးရာ၌ အရက်သေစာ သောက်စား ကာ မောင်းနှင်သည်ကို တွေ့ရှိလျှင် လိုင်စင်အနည်းဆုံး သုံးလပိတ်ပြီး ထိရောက်သော ပြစ် ဒဏ်များ ချမှတ်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက မတ်လ၂၅ရက်တွင် မဇ်္ဈိမကို ပြောသည်။
“အရက်သေစာ သောက်စား မောင်းနှင်ရင် အနည်းဆုံး လိုင်စင်သုံးလ ပိတ်မယ်။ ဒဏ်ငွေကို ထိထိရောက် ရောက်ပေးဆောင် စေမှာဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

“ SSA(၀မ်ဟိုင်း) အဖွဲ့မှ အပြစ်မဲ့ ဒေသခံ ပြည်သူတစ်ဦးအား ဖမ်းဆီး သတ်ဖြတ်”


“ SSA(၀မ်ဟိုင်း) အဖွဲ့မှ အပြစ်မဲ့ ဒေသခံ ပြည်သူတစ်ဦးအား ဖမ်းဆီး သတ်ဖြတ်”

26.3.2014

ပြီးခဲ့တဲ အပတ်ထဲမှာ မူဆယ်မြို့နယ်က သဲကျင်းမှာ လုပ်ကိုင်နေတဲ့ ဒေသခံ ရွာသားတစ်ယောက်ကို SSA(၀မ်ဟိုင်း) အဖွဲ့က  လာရောက်ဖမ်းဆီး သွားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ် ဆိုတာ မသိရဘဲ မိသားစုတွေက လိုက်လံရှာဖွေရာမှာ အလောင်းကိုဘဲ ရှာတွေ့ခဲ့တယ်လို့ သေဆုံးသူ၏ မိသားစုဝင် တစ်ဦးထံမှ သိရပါသည်။

သေဆုံးသူမှာ စိုင်းယီ့ဆာ အသက် ၄၅ နှစ်ဖြစ်ပြီး မူစယ်မြို့ နယ် ကောင်းနောင် ရပ်ကွက်မှာနေထိုင်ကာ သဲကျင်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက် ဖြစ်ပါတယ်။

 “မတ်လ ၁၆ ရက်နေ့ညနေပိုင်းက လူ ၅ ယောက် သူအိမ်ကို လာပြီး ဖမ်းခေါ်သွားတာ တွေ့ပါတယ်။ အဲဒီ ၅ ယောက်ဟာ ဘယ်သူတွေလဲဆိုတာ သူ့မိသားစုကလည်း သေချာမသိပေမယ့်  သျှမ်းစစ်သားတွေဆိုတာတော့ သိတယ်လို့ ပြောပါတယ်။ သူတို့တွေဟာ သျှမ်းစကားဘဲ ပြောပါတယ်။ သူအဲဒီညက အိမ်ပြန်မရောက်လို့ နောက်တနေ့သူ့မိသားစု ကလိုက်ရှာတော့ လည်း မတွေ့ဘူး။ ၁၉ ရက်နေ့မှ သူသဲသွားကျင်းတဲ့နေရာရဲ့ အရှေ့မြောက် ဘက်၁မိုင်လောက်အကွာမှာသူ့အလောင်းကိုသွားတွေ့တယ်။ ခေါင်းမှာသေ
နတ် ဒဏ်ရာ တချက်၊ လက်မှာတချက် မှန်ပြီး သေဆုံးနေပါပြီ ”လို့ ဆွေးမျိုးတော်စပ်သူ တစ်ဦးက ပြောပါတယ်။

စိုင်းယီဆာဟာ  ကျနော်တို့ ရပ်ကွက်ထဲမှာ လူကောင်းတစ်ယောက်ပါ ။ သားတစ်ယောက် ၊သမီး တစ်ယောက် ရှိပါတယ်။ ဘယ်သူနဲ့မှ ခိုက်ရန် မရှိခဲ့ဖူးပါဘူး။ သူမိသားစုကတော့ အခုလို အပြစ်မဲ့ အသတ်ခံရပေ မယ့်လည်း ကြောက်လန့်ကာ ၊ ရုံးပြင် ကနား မသွားချင်လို့ဆိုပြီး ဘယ်သူဆီကိုမှ  တိုင်ကြား အမှုဖွင့်တာမျိုး မလုပ်ခဲ့ပါဘူးလို့  မြို့ခံတစ်ဦး က ပြောပါတယ်။

အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက်ကို ခုလိုရက်ရက်စက်စက် သတ်သွားတာ ဥပဒေမဲ့ ရမ်းကားတဲ့ လုပ်ရပ်ပါ ။ သေနတ်တွေနဲ့ အုပ်စုဖွဲ့ပြီး လာခေါ်တာ ဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုကဆိုတာ သေချာပါ တယ် ။ စိုင်းယီဆာရဲ့ မိသားစုက ကြောက်လို့မပြောရဲပေမယ့် SSA(၀မ်ဟိုင်း) အဖွဲ့က ဆိုတာ ဒေသခံ အားလုံးလိုလို သိကြပါတယ်။ မတရား အသတ်ခံရတဲ့ စိုင်းယီဆာအတွက် အမှုမှန်ပေါ်ပေါက်အောင် လုပ်စရာရှိတာ လုပ်သွားမှာပါလို့ မှုဆယ်မြို့ခံ ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးက ပြောကြား သွားခဲ့ပါတယ်။

နန်းလောင်ခမ်း
ပြီးခဲ့တဲ အပတ်ထဲမှာ မူဆယ်မြို့နယ်က သဲကျင်းမှာ လုပ်ကိုင်နေတဲ့ ဒေသခံ ရွာသားတစ်ယောက်ကို SSA(၀မ်ဟိုင်း) အဖွဲ့က လာရောက်ဖမ်းဆီး သွားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ် ဆိုတာ မသိရဘဲ မိသားစုတွေက လိုက်လံရှာဖွေရာမှာ အလောင်းကိုဘဲ ရှာတွေ့ခဲ့တယ်လို့ သေဆုံးသူ၏ မိသားစုဝင် တစ်ဦးထံမှ သိရပါသည်။

ရာခိုင်နှုန်း ၆၀ ခန့်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ တစ်ယူနစ် ကုန်ကျစရိတ် ကျပ် ၂၀ ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

မြန်မာတစ်နိုင်ငံလုံးသို့ ဖြန်ဖြူးနေသော လျှပ်စစ်ဓာတ်အားများအနက် ရေအားလျှပ်စစ်မှ ရာခိုင်နှုန်း ၆၀ ခန့် ထုတ်လုပ်နေပြီး လျှပ်စစ်ဓာတ်အား ဈေးနှုန်း၏ အရင်းမှာ တစ်ယူနစ် ကျပ် ၂၀ ရှိကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက မတ် ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် တွင် ပြောကြားချက်အရ သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုမှုတွေ စိပ်လာ

စစ်အစိုးရ လက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အခု ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံ ဒေသအတော်များများမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။