မွန်ပြည်နယ်နှင့်ရန်ကုန်မြို့တွင် အမြဲနေထိုင်သော အထက်တန်းကျောင်းသား များအား ပညာသင်ဆု၂၀၀ ကို SCG Sharing Dream ကုမ္ပဏီမှပေးအပ် မည်ဖြစ်ကာ အောက်တိုဘာလ ၁၂ရက်အထိ လျှောက် ထားနိုင် မည်ဟု အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ Mr. Chana Poomee က ပြောသည်။
Friday, 11 October 2013
ပြန်ပေးဆွဲ ခံရသူ လစ်ဗျား ဝန်ကြီးချုပ် ပြန်လွတ်
![]() |
| Libya ဝန်ကြီးချုပ် Ali Zeidan |
လစ်ဗျား ဝန်ကြီးချုပ် Ali Zeidan ဟာ ထရီပိုလီမြို့တော်မှာရှိတဲ့ အစိုးရဌာနချုပ်ရှိရာ ကို ဘေးကင်း စွာနဲ့ပြန်ရောက်လာပါပြီ။ သူ့ကို အရင် သူပုန်စစ်သွေးကြွတွေက နာရီပေါင်းများစွာ သူ့ကို ထိန်းသိမ်း ထားပြီးနောက် ပြန်လွှတ်ပေး လိုက်တာပါ။ သေနက်သမားတွေဟာ Mr.Zeidan ကို ကြာသာပတေးနေ့ အစောပိုင်းတုန်းက သူနေထိုင်ရာထရီပိုလီမြို့ကနေ ဖမ်းဆီးသွားပြီး၊ ၆ နာရီကြာ ထိန်းသိမ်းခဲ့ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့ သဘော တူညီချက် အသစ်များ လက်မှတ် ရေးထိုး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့မှ ကိုယ်စားလှယ် များသည် ဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက် လာကြသူများ၏ ရှေ့မှောက်၌ လက်မှတ်ရေး ထိုးခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
အမေရိကန် ဘဏ္ဍာရေး အကြပ်အတည်း ညှိုနှိုင်းမှု အလားအလာကောင်း

အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးတွေမပျက်မကွက် ပေးဆပ်နိုင်ရေးအတွက် ရန်ပုံငွေ ကန့်သတ်ထား တာထက် တိုးပြီးသတ်မှတ်ရေး အလားအလာရှိတဲ့ လှုပ်ရှားမှုတွေ ကြာသပတေးနေ့က တွေ့ခဲ့ရပါ တယ်။ အောက်လွှတ်တော် Republican အမတ်တွေက ရန်ပုံငွေ ကန့်သတ်ချက်ကို သီတင်း ၆ ပတ် စာ တိုးပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီကမ်းလှမ်းချက် အသေးစိတ်မှာ ဘယ်အချက်တွေ ပါဝင်သလဲ ဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်

ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရာချီပြီး တည်ရှိနေတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်း တွေမှာ အစဉ်အလာအရ မြန် မာ ဘုန်းတော်ကြီးတွေပဲ ကျောင်းထိုင် ဖြစ်ခဲ့ရာက ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ထိုင်းအစိုးရက ထိုင်းတနိုင်ငံလုံးက ဘုန်းတော်ကြီးကျောင်းတွေမှာ ထိုင်းနိုင်ငံက သံဃာတွေပဲ ကျောင်းထိုင် ဖြစ်ရမယ် ဆိုတာကြောင့် ထိုင်းနိုင် ငံရောက် မြန်မာကျောင်းထိုင် ဘုန်းတော်ကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။
သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်
![]() |
| သမ္မတဟောင်း မူရှာရက်ဖ် |
ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်းခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။
ကွာလာလမ်ပူမြို့ရှိ မြန်မာ ရတနာကုန်သည် တစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ
![]() |
| ဓားပြတိုက်ခဲ့သည့် ပစ္စည်းများအား မလေးရှား ရဲများက ပြသနေစဉ် (Photo-The Star Online) |
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာ ကုန်သည်တစ်ဦး၏ နေအိမ်သို့ ဓားပြတိုက်ခိုက် သူများ အား ရဲများက ဖမ်းမိလိုက်ကြောင်း သိရသည်။
သည်နှစ်ဝါကျွတ်မှာ နန်းဆန်တဲ့မင်္ဂလာပွဲတွေ ပိုတွေ့ရဖို့ရှိ
ရန်ကုန်၊ အောက်တိုဘာ ၄-သည်နှစ်ဝါကျွတ် မှာ မင်္ဂလာဆောင်မယ့်သူတွေအနေနဲ့ စု လျားရစ်ပတ်ပွဲကို နန်းဆန်ဆန်လုပ်လာဖို့ ရှိပြီး အခမ်းအနားပြင်ဆင်မှုတွေကလည်း အရင်ကထက် ပိုပြီးဆန်းသစ်လာမယ်လို့ မင်္ဂလာပွဲစီစဉ်သူအချို့ထံက သိရတယ်။
ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်
ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားပေါ် တောင်ဘက်မုဒ်ရှိ ဗေဒင်ဟောခန်းအနီးတွင်(၁၀.၁၀.၂၀၁၃)နေ့ နံနက် (၄း၀၀) အချိန်ခန့်က မုဒိန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
Thursday, 10 October 2013
လူထုဆန္ဒကောက်ခံမှု ၄၅ ရက်အပြီးဆိုတာ ပုံပြင်လား? တကယ်လား ?
မြန်မာနိုင်ငံဟာ
ပြည်နယ် (၇) ပြည်နယ်၊ တိုင်းဒေသကြီး (၇) တိုင်းနဲ့ ဖွဲ့စည်းထားပြီး ကချင်၊ ကယား၊ကရင်၊
ချင်း၊ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုး မှီတင်းနေထိုင်ရာ
ပြည်ထောင်စုကြီး ဖြစ်ပါတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ပေါင်းများ စွာ၌ နေထိုင်သော
တိုင်းရင်းသားလူမျိုးပေါင်းဟာ သန်း (၆၀) ရှိပါတယ်။ ဓလေ့စရိုက်၊ ဘာသာစကား ကွဲပြားပြီး
လူသူအရောက်အပေါက်နည်းတဲ့ ဝေးလံ သီခေါင်တဲ့ အစွန်အဖျားဒေသတွေမှာလည်း တိုင်းရင်းသားတွေ
နေထိုင်ကြပါတယ်။
မြန်မာကျပ် သိန်း ၄၀ ကျော်တန် ရွှေအစစ် HTC One

ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ HTC One ဖုန်းကို တကယ် ထုတ်လုပ် ရောင်း ချနေ ပါပြီ။ ဗြိတိန်နိုင်ငံက ဇိမ်ခံပစ္စည်း အလှဆင် ကုမ္မဏီ တစ်ခုနဲ့ ပါတနာ ဖွဲ့ပြီး HTC One တွေကို ရွှေဖုန်း ဖြစ်အောင် ဖန်တီးလိုက်ခြင်း ပါ။
မသေနိုင်သော သတ္တဝါ - Immortal Jellyfish

ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။
KNPP နယ်မြေမှ တပ်မတော် စစ်ကြောင်းများ ဆုတ်ခွာလျှင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ထိုးမည်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည် မဟုတ်ဟု ကြေညာထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ထိန်းချုပ် နယ်မြေများ အတွင်းရှိ တပ်မတော် စစ်ကြောင်းများ ဆုတ်ခွာပေးပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီးရယ် က ပြောကြားသည်။
လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားဖွယ်ရှိ

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ရှိနေပေမဲ့၊ လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားရဖွယ်ရှိ တယ် လို့  UPI သတင်းက ဖေါ်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရဖို့ ကုလကိုယ်စားလှယ် တောင်းဆို

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စား လှယ် Tomas Ojea Quintana က မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။
အလုပ်သမားဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အမျိုးသားလွှတ်တော် တွင် ဆွေးနွေးမည်
မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ခန့်ရှိသော လုပ်သားထုများအတွက် တိကျခိုင်မာသည့် အလုပ်သမား ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
“ ဒေါ်လာ ၁၁ ဘီလျံ ရှင်းတမ်း ”

အခုတလော ပြည်သူတွေကြားထဲမှာရော အစိုးရအဖွဲ့ဝင် နိုင်ငံရေးသမားတွေ နဲ့ လွှတ်တော် အမတ်တွေ ကြားထဲမှာပါ ရေပန်းအစားဆုံး သတင်းတစ်ခုကတော့ “ ဒေါ်လာ ၁၁ ဘီလျံ ” ပြသနာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ၁၂ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း သတင်းစာ မှာ “ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများဇ။် နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာ အကောင့်န် ၅ ခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစိုးရအပေါ် စွတ်စွဲထားတဲ့ သတင်းတစ်ပုဒ် စတင် ဖော်ပြခဲ့ပြီးနောက် ဒီ သတင်း ဂယက် အကြီးအကျယ် ရိုက်ခတ်သွားခဲ့ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံက ထမ်းဆောင်ချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်က ပြုလုပ် ခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားသည်။
မိုးစက်ဝိုင်အကြောင်း တရုတ်သတင်းတွေမှာလည်း ဖော်ပြနေ

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး တရုတ် သတင်းမီဒီယာတွေ က ဖော်ပြနေကြပါတယ်။
တရားရုံးများ စောင့်ကြည့်မည့် အဖွဲ့တွင် မီဒီယာသမားကို အတွင်းရေးမှူး အဖြစ် ခန့်ရန် ဥပဒေကြမ်းတွင် ထည့်သွင်း

တရားစီရင်ရေးတွင် အဂတိလိုက်စားမှု ရှိ မရှိနှင့် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စောင့်ကြည့်နိုင်ရန် ဖွဲ့စည်းမည့် တရား ရုံး စောင့်ကြည့်ရေး ကော်မတီတွင် သတင်းမီဒီယာသမား တစ်ဦးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်မည့် ပုဒ်မတစ်ခုကို တရားရုံးများ စောင့်ကြည့်ရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။
Subscribe to:
Posts (Atom)


