Monday, 22 April 2013

မိချောင်း ခဲထားရာ ကနေ ပြန်လွတ်လာသူ ဖိုးကံကောင်း


၂၂.၀၄.၂၀၁၃

မိချောင်း ခဲထားရာ ကနေ ပြန်လွတ်လာသူ ဖိုးကံကောင်း

ပြင်သစ်အမျိုးသား တဦး ဟာ သြစတြေးလျ မြောက်ပိုင်း ကမ်းခြေ တခုမှာ ရေးကူးနေတဲ့ အချိန် ရေငံပိုင်း ကျက်စားတဲ့ မိချောင်း တကောင် ကိုက်တာကို ခံရပြီးနောက် မိချောင်းက သူ့ခေါင်းကို  ပါးစပ်ထဲမှာ ခဲထားတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ကံကောင်းစွာဖြင့် သူ့ဟာ ပြန်ပြီး ရုန်းထွက်နိုင်ခဲ့ပြီး အသက်မသေဘဲ လွတ်မြောက်လာပါတယ်။

ယိုအန် ဂလာရန် ဆိုသူ အသက် ၂၉ နှစ်အရွယ်က သူဟာ အရမ်းကို ကံကောင်းခဲ့ပါတယ် လို့ ပြောပါတယ်။ 
သူဟာ Nhulunbuy  တောမြို့လေးရဲ့ ကမ်းခြေ ကနေ သူ့လှေ ရှိရာကို ရေကူးသွားတဲ့ အချိန်မှာ အရှည် ၈ ပေလောက်ရှိမယ့် မိချောင်းက သူ့ကို လာကိုက်ပြီး ခေါင်းကို ခဲထား လိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မိချောင်းဟာ လှိမ့်ပြီး သူ့ကို ရေနက်ပိုင်း ဆွဲခေါ်ဖို့ လုပ်နေတဲ့အချိန်မှာ မစ္စတာ ဂလာရန်ဟာ အဆက်မပြတ် မိချောင်းကို ပြန်ထိုးခဲ့ပြီးနောက် ကံကောင်း စွာဖြင့် ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ပြင်သစ်အမျိုးသား တဦး ဟာ သြစတြေးလျ မြောက်ပိုင်း ကမ်းခြေ တခုမှာ ရေးကူးနေတဲ့ အချိန် ရေငံပိုင်း ကျက်စားတဲ့ မိချောင်း တကောင် ကိုက်တာကို ခံရပြီးနောက် မိချောင်းက သူ့ခေါင်းကို ပါးစပ်ထဲမှာ ခဲထားတာ ဖြစ်ပါတယ်။

Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ

Photo: Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ
Monday ,April22 ,2013

နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့်

အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင် များသုံး POS ပစ္စည်းများလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Taiwan နိုင်ငံမှ တင်သွင်းသော BIRCH Brand အမည်ဖြင့် POS နှင့် ဆက်စပ် သုံးရသော  Barcode Label Printer, Thermal & Dot Matrix Receipt Printer, Barcode Laser Scanner၊ ယင်းတို့၏ ဆက်စပ်ပစ္စည်း များအား  မှန်ကန်သော ဈေးနှုန်းများဖြင့်   ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း  သိရသည်။

POS ပစ္စည်းများ အနေဖြင့် Gun Type Barcode Scanner တွင် Auto Sensor, Liner Image CCD, Long Range CCD, CCD Scanner များကို လည်းကောင်း၊ Barcode Printer တွင် Barcode Label Printer, Receipt Printer (Doxtmatrix/ Thermal) များကို လည်းကောင်း၊  POS Cash Drawer, 15" Touch Screen USB Hub နှင့် POS Display များကိုလည်း ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Market အရောင်းဆိုင်များတွင် မရှိမဖြစ် ထားရှိရမည့် Digital Video Recorder (DVR) လုံခြုံရေး ကင်မရာ ဖမ်းစက်နှင့် CCTV လုံခြုံရေး ကင်မရာ များကိုလည်း ဆိုင်အ ရောက် လိုက်လံ တပ်ဆင်ကာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့  ဗိုလ်ချုပ် လမ်းမပေါ်ရှိ Smart Computer ဆိုင်များမှ သိရသည်။

 မြ၀တီ
နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market များ အများအပြား ဖွင့်လှစ် လာသည်နှင့် အမျှ Market များနှင့် ဆက်စပ်မှုရှိသော အရောင်းဆိုင်များသုံး POS ပစ္စည်း များလည်း ရောင်းအား တက်လာသည်ကို တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”

Photo: “ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ”
Monday ,April22 ,2013

အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက သံသယတရားခံ ညီအစ်ကို နှစ်ဦးကို ကြိုးကိုင် ကူညီခဲ့သည်ဟု ယူဆရသော အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းကို FBIက ဖြန့်ကျက် လေ့လာနေခြင်း ဖြစ်သည်။

ရဲများက တာမာလန်ဆာနေ့ဗ်နှင့် ဇိုခါဆာနေ့ဗ်တို့ ညီအစ်ကို နှစ်ဦးသည် ပြင်းထန်ဆိုးရွားလှသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရကြောင်း အလေးအနက် ယုံကြည်ထားသည်။

FBI အေးဂျင့်ပေါင်း (၁၀၀၀)ကျော်တို့သည် တနင်္ဂနွေနေ့ ညပိုင်းက စတင်ကာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို ရှာဖွေနေပြီး မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ 

FBIနှင့် နီးစပ်သူ တစ်ဦးက "အဖွဲ့အစည်းအနေနဲ့ ခုကိစ္စကို ဒီညီအစ်ကို နှစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဘယ်လိုမှ မယုံပါဘူး။ ဖောက်ခွဲခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက အဆင့်အတန်း မြင့်လွန်းတယ်။ ဒီလက်နက်မျိုး ဘယ်လိုလုပ်တယ် ဆိုတာကို Googleကနေတော့ သူတို့ညီအစ်ကို ရှာတွေ့မယ်ပုံ မပေါ်ဘူး"ဟု ပြောကြားခဲ့သည်။

၎င်းကပင် "ပြောရရင် ဖန်တီးမှုက ခေတ်ရှေ့ပြေးလွန်းတယ်။ တစ်ယောက်ယောက်က ဒီကျွမ်းကျင်မှုမျိုးကို သူတို့ညီအစ်ကိုဆီ မျှဝေခဲ့ပုံပဲ။ အေးဂျင့်တွေကတော့ အဖွဲ့ဝင် (၁၂)ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းဟာ သူတို့လုပ်ဆောင်မယ့် အကြမ်းဖက်ကိစ္စ အထမြောက်လာမယ့် နေ့မျိုးကို နှစ်တော်တော်ကြာအောင် အချိန်ယူ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆထားတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ 

Planet Myanmar Network
အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိကသံသယတရားခံ

နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၃ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး

Photo: တရုတ်နိုင်ငံငလျှင်ကြောင့် အနည်းဆုံး လူ၂၀၀ကျော်သေဆုံး
Monday ,April22 ,2013

တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့မြေငလျှင်ဟာ ပြင်းအား ၇ ရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းမှာရှိတဲ့ Sichaun ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Sichaun ပြည်နယ်ထဲမှာရှိတဲ့ လူရှန်နဲ့ လောင်မင် မြို့တွေဟာ ငလျှင်ဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရပြီး အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက ငလျှင်ဒဏ်ခံခဲ့ရသူတွေကို ကူညီကယ်ဆယ်နေကြပြီး အခုဆိုရင် ငလျှင်ဒဏ်ပြင်းထန်ဆုံးခံခဲ့ရတဲ့ နေရာတွေဖြစ်တဲ့ Baoxing မြို့ကို ရောက်ရှိနေပြီးလို့လည်း သိရပါတယ်။ ငလျှင်ဒဏ်ကြောင့် မြေပြိုတာတွေ လျှပ်စစ်မီးပျက်စီးတာတွေကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက တချို့နေရာတွေကို ခြေလျှင်နဲ့ သွားရောက်ကူညီရတယ်လို့ဆိုပါတယ်။

တရုတ်အစိုးရရုပ်မြင်သံကြားသတင်းက ကူညီကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ အခုဆိုရင် ငလျှင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ Baoxing မြို့ကို ခြေလျှင်နဲ့ရောက်ရှိနေပြီးလို့ ဖော်ပြထားပေမယ့် ဆက်သွယ်ရေးလုပ်ငန်းတွေထိခိုက်ထား တာတွေကြောင့် ပုံတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးလို့ ဆိုပါတယ်။

ကူညီ ကယ်ဆယ်ရေးအတွက် စစ်သားပေါင်း တစ်သောင်းခုနှစ်ထောင်နဲ့ ရဲတွေကိုလည်း ပို့ထားတယ်လို့သိရပါတယ်။

ABC radioaustralia
တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ်

Photo: မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကွန်ပြူတာကဏ္ဍမှာ အိန္ဒိယက ကူညီမယ် 
Monday ,April22 ,2013

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်အောင် ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု လမ်း စ တွေ ဖြစ်ပေါ် ပြီးနောက် နိုင်ငံတကာက မြန်မာနိုင်ငံမှာ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်နေချိန်မှာပဲ အိန္ဒိယ နိုင်ငံကလည်း ဝင်ရောက် လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ S Ramdorai က ကိုယ်တိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ဟိန္ဒူစတန်ထိုင်းမ်စ် သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုပါ ကူညီမှာဖြစ်သလို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖာလာစေ့စိုက်ပျိုးမှု တိုးတက်အောင် ပူးပေါင်း လုပ်ဆောင်ကြဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စွမ်းရည်ဖွံ့ဖြိုးမှုလုပ်ငန်း လုပ်နိုင်ဖို့အတွက် အိန္ဒိယ-မြန်မာ စက်မှုဆိုင်ရာ သင်တန်းစင်တာကို ပုခုက္ကူမြို့မှာ ဖွင့်လှစ်ပြီး မြင်းခြံမြို့မှာလည်း ဖွင့်လှစ်ဖို့ ရှိကြောင်းသိရပါတယ်။

အဲ့ဒါ့အပြင် အင်္ဂလိပ်စာသင်တန်းကျောင်းတွေ၊ ကွန်ပြုတာဆိုင်ရာစင်တာတွေလည်း ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

ABC radioaustralia အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ စွမ်းရည်မြင့်တင်ရေးနဲ့ ကွန်ပြူတာဆိုင်ရာတွေမှာ တိုးတက်အောင် ကူညီဆောင်ရွက်သွားမယ် လို့ သိရပါတယ်။

အရက်သောက်၊ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်တဲ့ ပုသိမ်၊ ချောင်းသာမြို့နယ်ထဲက ဗိုလ်ဗိုလ်ကျော် ကိုယ့်နှမကို ကိုယ်အဓမ္မပြုကျင့်သတဲ့

ဘိန်း၊ ကင်း၊ ကစော်၊ လှော်စာ၊ အရက်ဆိုတဲ့ မူးယစ်ထုံထိုင်းစေတဲ့ အရာတွေ ကို အလွန်အကျွံ သုံးစွဲမှီဝဲ တတ် သူဟာ လူစိတ်ပျောက်ပြီး ခွေးစိတ်ရောက်ရှိ တတ်ကြောင်းကို ပုသိမ်၊ ချောင်းသာမြို့နယ်၊......ရပ်ကွက်ဖြစ် ရပ်က သတိပြုဆင်ခြင် သင်ခန်းစာထုတ်ယူ စရာကောင်း တဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုပါရစေ။

ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား

Photo: ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား
Monday ,April22 ,2013

ဘုရားစေတီပုံများပါရှိသော  ထမီပိတ်စများအား ယုဇနပလာဇာ  ရှိမေခလာသိန်း (သမီး) အထည် မျိုးစုံလက်လီလက်ကားရောင်းဝယ်  ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ်စေမှုဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ်နေ မဥမ္မာ   နှင့် သူငယ်ချင်းများသည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ယုဇနပလာဇာရှိမေခလာသိန်း (သမီး) အထည်မျိုးစုံလက်လီလက်  ကားရောင်းဝယ်ရေးဆိုင်တွင် ထမီ ပိတ်စများကြည့်နေစဉ်အရောင်း မိန်းကလေးတစ်ယောက်မှ ဘုရား စေတီပုံများပါရှိသော ပိတ်စအား တစ်ထည်လျှင် ၃၅၀၀ ဖြင့် ရောင်းချ၍ မဥမ္မာမှ တစ်ထည် ၀ယ်ယူခဲ့ကာရင်းနှီးသူကိုအောင် ငြိမ်းကျော်နှင့် ကိုဝင်းကြိုင်တို့အား  ပြသရာကိုဝင်းကြိုင်နှင့် တိုဟောင် ငြိမ်းကျော်တို့မှ မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ဘုရားစေတီပုံများပါရှိသော  ထမီးပိတ်စနှစ်ထည်ဝယ်ယူ၍ မင်္ဂလာတောင်ညွန့်ရဲစခန်းသို့သွား ရောက်တိုင်ကြားရာရဲစခန်းမှ သက်သေခံပစ္စည်းကအဖြစ် ထမီ  ပိတ်စနှင့် ဟောင်များအား သိမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းနောက်မြို့နယ်မှူး စခန်း မှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ  မဥမ္မာကိုဝင်းကြိုင်ကိုအောင်ငြိမ်း ကျော်တို့သည်မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ မတွေ့ရှိ၍ မဥမ္မာမှ ဆိုင်ထဲသို့ဝင် ရောက်ပြီး ရှာဖွေတော့မှ ဘုရား စေတီပုံများပါရှိသော ထမီ (၇) ထည်အား ထပ်မံတွေ့ရှိကြောင်း သိရှိရသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ မဥမ္မာကိုအောင်ငြိမ်းကျော်၊ ကိုဝင်းကြိုင်တို့မှ ဆရာတော်ဦးဝီ ရသူထံဖုန်းဆက်လျှောက်ထားရာ မှ ဆရာတော်မှ ရန်ကုန်ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်တွင်ရှိသော  ဆရာတော်ဦးကေသရနှင့် ဦးပါမောက္ခတို့ထံသို့သွားရောက် လျှောက်ထားခိုင်းရာမှဦးကေသရ နှင့် ဆရာတော် (၇) ပါး (ယောင်္ကျား+ မိန်းမ) (၁၀) ယောက်တို့သည်။ မင်္ဂလာတောင် ညွန့်ရဲစခန်းသို့ ၁၄.၄.၂၀၁၃ ရက်နေ့တွင် သွားရောက်ပြီး မြို့နယ်မှူးစခန်းမှူးတို့နှင့် တွေ့ဆုံ ၍ အကြိုအကြောင်းမေးမြန်ရာ မြို့နယ်မှူးမှ တမင်ရည်ရွယ်ချက် နဲ့ လုပ်တာမဟုတ်ကြောင်း လျှောက်ထားရာဆရာတော်ဦးကေ သရမှ မြို့နယ်မှူးလျှောက်ထား သော စကားအားလက်မခံကြောင်း  မနောကံဆိုကာဘုရားမှတစ်ပါး ကြိုမသိကြောင်း ဒီစကားကိုလက် မခံကြောင်း ပြောကြား၍ ဆက်လက်ပြီး မြို့နယ်မှူးမှ ထမီ စတွင် ဘုရားစေတီပုံများပါရှိပြီး ရောင်းချခြင်းမှာဘယ်သူမှာ နစ်နာ  သွားသလဲဟုပြောကြားခြင်းကြောင့်  ဆရာတော် (၇) ပါးနှင့် လူပုဂ်္ဂိုလ်  (၁၀) ယောက်မှ မကျေမနပ်ဖြစ် နေ၍ ထေရ၀ါဒဓမ္မကုန်ရက်ဥပဒေ  ရေးရာအကြံပေးဦးအေးပိုင်မှ ဥပဒေအရပြုလုပ်ရန်ဆရာတော် များအားလျှောက်ထားပြီး ပြန်လာ  ခဲ့ကြောင်း ဆရာတော်နှင့် ထေရ ၀ါဒဓမ္မကုန်ရန်ဥပဒေရေးရာအကြံ ပေးဦးအေးပိုင်တို့မှပြောကြား၍ သိရှိရသည်။
ဆက်လက်၍ဆရာတော် ဦးကေသရမှမိန့်ကြားရာတွင် ဘုရားစေတီပုံများပါရှိသော ထမီ တစ်ကွင်းတွင်အပေါ်နားတွင် စေတီရဆူပါရှိပြီး ဟောက်နားတွင်  စေတီ (၇) ဆူပါရှိကြောင်း အပြာ ရောင်ခံဘုရားစေတီပုံများပါရှိသော  ထမီးစအားဗန်မော်ဆရာတော် သို့သိရှိရန်အတွက် ဆက်ကပ်ခဲ့ ကြောင်း မိန့်ကြား၍သိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ ၁၁.၄. ၂၀၁၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ သော်လည်း ရဲစခန်းမှအမှုဖွင့် အရေးယူခြင်းမရှိပဲ။ ၁၄.၄.၂၀၁၃ ရက်နေ့ကြမှ မေခလာသိန်း (သမီး) ဆိုင်ပိုင်ရှင်ကျော်လှိုင်သိန်း အား (ပ) ၂၅၆/၁၃ ပုဒ်မ ၂၉၅ ဖြင့် ရဲမှတရားလိုပြုလုပ်၍ အမှု ဖွင့်ထားကြောင်း အမှုစစ်မှာစခန်း မှူးသက်နိုင်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးဝင်းအောင်နီမှပြောပြ ၍ သိရသည်။
ရဲစခန်းမှသက်သေအဖြစ် သိမ်းဆည်းထားသော ပိတ်စများ  မှာ ထမီးရသည်စာအသင့်ဖြတ် တောက်ပီးဖြစ်သော ပိတ်စများ  ဖြစ်ကြောင်း သိရသည်။
 
အရိန္ဒမာ (ဘိုကလေး)
HotNewsWeekly

ဘုရားစေတီပုံများပါရှိသော ထမီပိတ်စများအား ယုဇနပလာဇာ ရှိမေခလာသိန်း (သမီး) အထည် မျိုးစုံလက်လီ လက်ကားရောင်းဝယ် ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ်စေမှုဖြင့် အမှု ဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ သို့ရာတွင် တက်ရောက်မည့် ရက်အတိအကျကိုမူ ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ (၂၂) ကြိမ်မြောက်

၁၅ဝဝ တန် ဖုန်းငွေ ဖြည့်ကတ်များ မည်သည့် နေရာတွင် မဆိုဝယ်ယူနိုင်

ငွေကျပ် ၁၅ဝဝ တန် CDMA-800 MHz ဖုန်းဆင်းကတ်များကို တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီး၏ စီစဉ်မှုဖြင့် ဧပြီ ၂၄ ရက်၌ ပထမ အသုတ်ရောင်းချ ပေးတော့ မည်ဖြစ်သည်။

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ရှိ

Photo: ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ရှိ
Monday ,April22 ,2013

"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသည HIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ်ရာတွင် ပျားအဆိပ်သည် အရေးပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများ ဖြစ်အောင် သိပ္ပံ ပညာရှင်များက ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေဆုံးခဲ့သည်ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုးသမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက်တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြား ခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ်ကို အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ် ပိုးများ မျိုးပွားခြင်းကို ဟန့်တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက်ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည်ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။ ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်သော နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

Myawady news

"melittin" အမည်ရှိ ပျားအဆိပ်တစ်မျိုးသည် HIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်းကျင်ရှိ အခြားဆဲလ် များကို ထိခိုက်စေခြင်းမရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ် ရာတွင် ပျားအဆိပ်သည် အရေးပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

ဘော်စတွန် ဗုံးဖောက်ခွဲမှု သံသယရှိသူမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ

ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူ Dzhokhar Tsarnaev သည် ဒဏ်ရာရရှိလျက် အဖမ်းခံရပြီးနောက် ဆေးရုံတက်နေရကာ ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်သော မေးခွန်းများကို မဖြေနိုင်သည်အထိ အခြေအနေဆိုးရွားနေကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ

Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက်ဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲအရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ်လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊
 
အခင်းဖြစ်တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေနဲ့ ပြန့်ကြဲနေခဲ့ပြီး Tsarnaev ညီအစ်ကို ခိုးသွားတယ်ဆိုတဲ့ကားထဲမှာ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်း တခုကို ရဲကရှာတွေ့တယ်လို့ ရဲမှူးကြီးကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့မှုအတွင်း အသက် ၂၆ နှစ်အရွယ် Tamerlan သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူ့ညီ Dzhokhar ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် Dzhokhar ဟာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဆေးကုသခံနေရဆဲဖြစ်ပါတယ်။ ဒဏ်ရာနဲ့ ဆေးအရှိန်တွေကြောင့် လောလောဆယ် စကားပြောနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ သူ့ကုတ်ပိုးနဲ့ လည်ပင်းတဝိုက်မှာ သေနတ်ဒဏ်ရာတခု ရထားတယ်လို့ ဘော်စတွန်မြို့တော်ဝန် Thomas Menino က ABC ရုပ်သံကိုပြောခဲ့ပါတယ်။
 
ဒီဒဏ်ရာဟာ သူ့ဖာသာသူလုပ်လို့ရတဲ့ ဒဏ်ရာဖြစ်ကောင်းဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ Dzhokhar Tsarnaev ရဲ့ အခြေအနေတိုးတက်လာရင် မေးမြန်းစစ်ဆေးဖို့ FBI အကြမ်းဖက်မှုတန်ပြန်ရေး အထူးကျွမ်းကျင်သူတယောက်က အသင့်ရှိနေပါတယ်။ 

http://burmese.voanews.com/content/boston-bombing-04-21-13/1646091.html  

ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက် ဟာ နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲ အရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ် လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ် မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊

ဆိုရှယ်လစ် ဘောဂဗေဒ အငွေ့အသက်မကုန်သည့် ရပ်ကွက်အတွင်းမှ ဖုန်းကတ်မဲနှိုက်ပွဲများ ကျင်းပ

4.22.3
မှတ်ပုံတင်၊ သန်းခေါင်စာရင်းများပြကာ ကျပ် ၁၅၀၀ တန်ဖုန်း Sim Card တစ်ကတ်အတွက် ရပ်ကွက်နေ ပြည်သူများ အချိန်ပေး စောင့်ဆိုင်းဒုက္ခခံရသော ဖုန်းကတ်မဲနှိုက်ပွဲများ စတင်နေပြီဖြစ်သည်။
မဲနှိုက် ရောင်းချသည့် စနစ်အပေါ် သံသယရှိသဖြင့် ရပ်ကွက်နေ ပြည်သူများက တိုင်ကြားမှုများလည်း ရှိနေသည်။

အမရပူရမြို့နယ် လင်းဇင်းကုန်း သုဿာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိဟုသိရ

4.22.5
ပြန်လည်တူးဖော်မှုများ ပြုလုပ်လျက်ရှိသော ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူအား တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်း ရပ်ကွက်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏

Sunday, 21 April 2013

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြင်ဆင်ပြောင်းလဲစရာ အကြောင်းမရှိ

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မဆလအစိုးရလက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ သဘောထား ကို ကောက်ယူပြီး ရေးဆွဲခဲ့တယ်။

မုံရွာတွင် ဖုန်းကတ်များမဲနှိုက်

Photo: မုံရွာတွင် ဖုန်းကတ်များမဲနှိုက်
Sunday, April 21, 2013

မုံရွာမြို့တွင် ဖုန်းကတ်လျှောက်ထားသူ ၅၅၀၀ခန့် ရှိသည့်အနက် ဖုန်းအလုံးရေ ၃၆၀၀ ကို ယနေ့ ဧပြီလ၂၁ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ မူလတန်း ကလေးငယ်များက မဲနှိုက်ရွေးချယ်ပေး ခဲ့သည်။
TheVoiceWeekly
မုံရွာမြို့တွင် ဖုန်းကတ်လျှောက်ထားသူ ၅၅၀၀ခန့် ရှိသည့်အနက် ဖုန်းအလုံးရေ ၃၆၀၀ ကို ယနေ့ ဧပြီလ၂၁ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ မူလတန်း ကလေးငယ်များက မဲနှိုက်ရွေးချယ်ပေး ခဲ့သည်။

TheVoiceWeekly

အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ်

Photo: အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ်
Sunday, April 21, 2013

မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။

အမည်မဖော်လိုသည့် တောင်ကိုရီးယား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် အရှေ့ဘက် ကမ်းခြေ ဒေသသို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ပြောဆိုခဲ့မှုကို ယင်းသတင်းဌာနက ကိုးကားခဲ့ခြင်းဟု သိရှိရသည်။ ယင်းလှုပ်ရှားမှုသည် နောက်ထပ် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အလားအလာဟုလည်း ယူဆစရာ ရှိနေသည်။ တောင်ကိုရီးယား စစ်ဘက်မှ ဖမ်းယူရရှိသည့် ဂြိုဟ်တု ပုံရိပ်များအရ တာတို စကာ့ဒ်ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

လတ်တလောတွင် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဆက်လက် တည်ရှိနေသလို တောင်ကိုရီးယားနှင့် စစ်မဟာမိတ်တို့၏ ပြုံယမ်း၏ ရန်လိုသော လှုပ်ရှားမှုတိုင်းကို သတိနှင့် စောင့်ကြည့်နေသည်။ လေ့လာသူများက မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်တပ်ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ဖြစ်သော ဧပြီလ (၂၅)ရက်နေ့တွင် တစ်စုံတစ်ရာ ထူးထူးခြားခြား လုပ်ဆောင်မှု ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။
Source: EuroNews
planet myanmar network
မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရ

Photo: မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရ
Sunday, April 21, 2013


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup Asia Oceania Zone Group(IV) 2013 တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ပြိုင်ပွဲကို ဧပြီလ (၂၂) ရက်မှ (၂၈) ရက်အထိ ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်ကွင်းတွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး အိမ်ရှင်မြန်မာအသင်း အပါအ၀င် ဘာရိန်း၊ ကာဇက်စတန်၊ အီရတ်၊ ကာဂျစ္စတန်၊ ကာတာ၊ ဆော်ဒီ၊ တာမင်နစ္စတန်၊ ဂျော်ဒန်၊ စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားခဲ့သည်။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးလေးနိုင်က “အခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း အများစုက အရှေ့အလယ်ပိုင်းက အသင်းတွေ ပါဝင်တာကြောင့် ဒီပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ကိုလည်း နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် (ITF) ကိုလည်း အကြောင်းကြားခဲ့ပါတယ်။ ပြိုင်ပွဲရွှေ့ဆိုင်းဖို့ကို ITF က လက်ခံပေမယ့် လုံခြုံရေးစိတ်ချရမယ့် အချိန်မှာ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိဖို့ကတော့ မသေချာတော့ပါဘူး။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံကို ITF ကပဲ ထပ်မံရွေးချယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ယင်းပြိုင်ပွဲကို ပြီးခဲ့သည့်ဧပြီလ (၁၃) ရက်နေ့က ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့အပြင် ဧပြီလ(၂၉)ရက်မှ မေလ(၅)ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup ပြိုင်ပွဲ Group(III) ကိုလည်း အလားတူ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
Eleven Media Group
Davis Cup ပြိုင်ပွဲကျင်းပမည့် အကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် တာဝန်ရှိသူများ
Davis Cup ပြိုင်ပွဲကျင်းပမည့် အကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် တာဝန်ရှိသူများ
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup Asia Oceania Zone Group(IV) 2013 တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ရှေးဟောင်း ရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်

Photo: ရှေးဟောင်း ရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်
Sunday, April 21, 2013

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို  ပြတိုက်တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း  စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။
(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)

(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)

ခုလို စီစဉ်ရာမှာ သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာက တာဝန်ရှိသူတွေသာမက ဘင်္ဂလာဒေခ်ျ့ စစ်တပ်နဲ့ ရေတပ်က အရာရှိတွေလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

၇၂ ပေထိရှည်ပြီး ၂၃ ပေ အကျယ်ရှိတဲ့ အဲဒီ လှေကြီးကို Kuakata မြို့မှာ ပြတိုက် တစ်ခု ဖွင့်လှစ်ပြီး  ပြသ ထားမယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရေတပ် အရာရှိတွေကတော့ လှေကြီးကို ပြောင်းရွှေ့ရေးအတွက် နည်းလမ်းတွေကို ရှာကြံနေကြတယ်လို့ ပြောပါတယ်။

ခုလို လှေကြီးကို ပြတိုက်ပြုလုပ်ပြီး ပြသထားခြင်းဖြင့် အဲဒီဒေသမှာ လာရောက် လည်ပတ်သူတွေ တိုးပွား လာနိုင်တဲ့ အတွက် ခရီးသွား လုပ်ငန်းဟာ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီရှေးဟောင်း လှေကြီး လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က (ရခိုင် အခေါ် အ၀ကျွန်းဒေသ) ဘင်္ဂလာဒေခ်ျ့ အခေါ်  Kuakata ဒေသ ပင်လယ် ကမ်းစပ် သဲသောင်ပြင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လှေကြီးကို ရခိုင်ပြည်က ထွက်ပြေးလာတဲ့ ရှေးလူကြီးတွေ အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီအများက ယူဆထားကြပါတယ်။

Rakhine-ancient-boat-in-bangladesh-2

၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်းက ၀င်ရောက် သိမ်းပိုက်ပြီးနောက် စစ်ဘေး စစ်းဒဏ်ကြောင့် ရမ်းဗြဲနဲ့ မာန်အောင်ဘက်က ထောင်သောင်းချီတဲ့ ရခိုင်လူမျိုးတွေဟာ လှေကြီးတွေကို အသုံးပြု ထွက်ပြေး လာခဲ့ကြပြီး  အဲဒီ အ၀ကျွန်း ဒေသကို တည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် အများစုက ပြည်တော်ပြန်သွားခဲ့ကြပေမယ့် လက်ရှိကာလအထိ အ၀ကျွန်းဒေသမှာ ရခိုင်ရွာပေါင်း (၅၀) နီးပါးခန့် တည်ရှိနေပါသေးတယ်။ ရခိုင်လူမျိုးတွေ ရောက်တုန်းက အဲဒီ ဒေသဟာ တောကြီးမျက်မည်း ဖြစ်ပြီး လူသူနေတဲ့ အရပ် မဟုတ်ဘူးလို့ ရှေ့မှီ နောက်မှီအ၀ကျွန်းဒေသက လူကြီးတွေက ပြောပါတယ်။
narinjara

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို ပြတိုက် တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။