Wednesday, 17 April 2013

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး

အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှမရောက်၊ ဘယ်နားမှာရှိမှန်း မသိ တာလဲပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။

နံနက်နိုးကာစတွင် ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်စေ

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်
Wednesday, April 17,2013

စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ်ပွားခဲ့သည်။

စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမတစ်ဦးအား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ပတ်နမ်းအမျိုးသားအထက်တန်းကျောင်းမှ မိဘ ၃၀ တို့သည် ကျောင်းသားဖြစ်သူ စာရွက်များ ဝါးစားနေရသည့် ဗီဒီယိုပြကွက်များကို တွေ့မြင်ကြရပြီးနောက် ကျောင်းကိုအပြင်းအထန်လာရောက် ကန့်ကွက်ဆန္ဒပြမှုများပြုလုပ် ခဲ့ကြသည်ဟု ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနမှ ဘင်ဂျမင် တိုင်ဇုန်ကဆိုသည်။

ကျောင်းသူတစ်ဦးကလည်း ဆရာမသည် သူ့ကို ထိုင်ခုံဖြင့် ပစ်ပေါက်ခဲ့ဖူးကြောင်း ဖွင့်ဆိုသည်။ “ဆရာမက သမီးကို ပုစ္စာတစ်ပုဒ်မေးတယ်။ မဖြေနိုင်တော့ စာရွက်စားခိုင်းတယ်။ သမီးက မစားနိုင်ဘူးလို့ပြန်ပြောတော့ ခုံနဲ့ပေါက်တယ်” ဟု ထိုကျောင်းသူကပြောပြသည်။

ဆရာမသည် မိမိ၏လုပ်ရပ်ကြောင့် မိဘများကို တောင်းပန်ထားသော်လည်း ဌာနဆိုင်ရာ အရေးယူစုံစမ်းမှုများ ပြူလုပ်နေစဉ်အတွင်း ရာထူးမှချထားကြောင်း ပညာရေးဝန်ကြီးဌာနကဆိုသည်။
(ရွှေမောင်)မောက္ခနိုင်ငံတကာသတင်း စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ် ပွားခဲ့သည်။
စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမ တစ်ဦး အား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေး ဝန်ကြီး ဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ
Wednesday, April 17,2013
အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများက အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ရန်ဒီ စမစ်နှင့် သူ၏ဇနီးဖြစ်သူ မစ္စတီ တေလာတို့သည် သမီးဖြစ်သူ အိမ်စာလုပ်နေသည်ကိုကြည့်ပြီး ဒေါသထွက်သဖြင့် ရိုက်နှက်ဆုံးမကြသည်။ ထိုသို့ရိုက်နှက်ရာတွင် စမစ်က သမီးဖြစ်သူကို ခါးပတ်ချွတ်ကာ ရိုက်ခြင်း၊ လည်ပင်းကိုညှစ်ပြီး နံရံတွင်ကပ်ကာ မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ မိခင်ဖြစ်သူက ကြိုးဖြင့် တုတ်ကာ ရိုက်နှက်ခြင်းတို့ကို ပြုလုပ်သောကြောင့် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သည်။

သမီးဖြစ်သူသည် ကျောင်းသို့သွားသောအခါ ဒဏ်ရာများဖြင့် မြင်မကောင်းအောင် ဖြစ်နေသောကြောင့် ကျောင်းရှိ ဆရာများက စုံစမ်းပြီး ရဲကိုတိုင်ကြသည်။ ရဲများက စစ်ဆေးရာတွင် မျက်နှာ၊ ကျောနှင့် ခြေထောက် တို့တွင် ဒဏ်ရာများကို တွေ့ရှိခဲ့ကြရသည်။

“တော်တော်ရက်စက်တယ်ဗျာ။ တစ်ကိုယ်လုံးလည်း အညိုအမည်းစွဲနေတယ်။ ခြေထောက်မှာဆိုရင် ကြိုးရာတွေကြောင့် သွေးခြည်တောင် ဥနေတယ်။ ပြတ်ရှဒဏ်ရာတွေကလည်း အနှံ့ပဲ” ဟု ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ယခင်က စီးကရက်မီးဖြင့်ထိုးထားသည့် ဒဏ်ရာဟောင်းများကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရဲများက လင်မယားနှစ်ယောက်ကို ဖမ်းလိုက်ပြီး ကလေးသူငယ်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြင့် အရေးယူသွားမည်ဟု ဆိုသည်။ စမစ်သည် ကာလီဖိုးနီးယားတွင် ရန်ဖြစ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးမိန့်အထုတ်ခံထားရသူ တစ်ဦး လည်းဖြစ်သည်။
မောက္ခနိုင်ငံတကာသတင်း အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများက အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်
Wednesday, April 17,2013

ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါးစီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစုတစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရ သည်။

ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ်ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။

မိသားစုလေးဦးအနက်မှ တစ်ဦးသည် အသက် ၂၁ နှစ်အရွယ်ရှိ နာလီယာ မမ်တက်ဇ်အား လည်ပင်းညှစ်နေချိန် တွင် အခြားသုံးဦးက နာလီယာကို ဖမ်းချုပ်ပေးထားကြသည်။ သူတို့က နာလီယာကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေ သည့် မကောင်းဆိုးဝါးကို ထိုနည်းဖြင့် ထွက်သွားစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။

နာလီယာကို သတ်ဖြတ်ရန် ကြိုးပမ်းနေသူများထဲတွင် ခင်ပွန်းသည် မိုဟာမက် တူဆစ် မမ်တက်ဇ် ကိုယ်တိုင် ပါဝင်ပြီး ဇနီးသည်ကို အသက်ရှူကျပ်ပြီးသေသည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။ အခြား မိသားစုဝင် သုံးဦးမှာ အသက် ၅၁ နှစ်အရွယ်ဖြစ်သည့် မိဘနှစ်ပါး ဗီယာ အူဟတ်နှင့် ဆလမာ အက်စ်လမ်အပြင် အကိုဖြစ်သူ ဟာမက် ဟတ်စန်တို့လည်း ပါဝင်ခဲ့သည်။

တရားရုံးတွင် သုံးလအကြာ အမှုကို ကြားနာခဲ့ရာတွင် နာလီယာကို မိသားစုဝင်အားလုံးက မကြည်ဖြူ မနှစ် သက်ကြကြောင်း၊ ဇနီးသည်ကို မသေမချင်း လည်ပင်းညှစ်သတ်သည်မှာ ပေါ်လွင်ထင်ရှားကြောင်း သတ်မှတ် ဆုံးဖြတ်ကြသည်။

တရားသူကြီး ကိသ်က တရားခံများကို သေဒဏ်အထိချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အဘယ်ကြောင့် သတ်ရကြောင်း ခိုင်လုံသည့် အထောက်အထားများ မရရှိသေးကြောင်း၊ စွဲချက်တင်ရာတွင်လည်း အမှုနောက် ကွယ်တွင် လူသတ်ရန် လှုံ့ဆော်သော မည်သည့်အကြောင်းအချက်များရှိနေကြောင်းကိုလည်း ရှေ့နေများက တင်ပြရန် အားနည်းနေသေးသောကြောင့် အမိန့်ချရန် ဆိုင်းငံ့ထားလိုက်သည်။

တရားရုံးက ခင်ပွန်းဖြစ်သူ ကိုယ်ခန္ဓာ ပိုလီယိုဝေဒနာခံစားရပြီး အကြောဆွဲနေသည့် မမ်တက်ဇ်၏ ထွက်ဆို ချက်ကို ကြားနာရာတွင် သူနှင့် ဇနီးဖြစ်သူတို့သည် ဇာတိဖြစ်သော ပါကစ္စတန်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇနီးသည် မကွယ်လွန်မီ ၁၄ လအလွန်က လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူ၏ဇနီး ကွယ်လွန်ချိန်တွင် သူတို့၏ ပထမဆုံးကလေး ကိုယ်ဝန် ၆ လကိုလွယ်ထားကြောင်း သိရသည်။

လက်ရှိ သူတို့မိသားစုသည် ဘာမင်ဟန်မြို့တွင် နေထိုင်နေကြခြင်းဖြစ်ပြီး ဘာမင်ဟန်ဘုရင့်တရားရုံး၏ အမှုရင်ဆိုင်နေခဲ့ရသည်။ အိမ်နီ;ချင်းများ၏ အပြောအရ ကွယ်လွန်သူ နာလီယာသည် ပါကစ္စတန်သို့ ခေတ္တ ပြန်သွားပြီးနောက် ပြန်ရောက်လာသည့်အခါတွင် ကိုယ်ဝန်ရှိသည်ဟုပြောသဖြင့် သံသယဖြစ်နေကြသည် ဆိုသည့်စကားမှာလည်း စဉ်းစားစရာဖြစ်သည်။

သို့သော် မိသားစုများက နာလီယာတွင် ကိုရမ်ကျမ်းတွင် ပြဆိုထားသည့် မကောင်းဆိုးဝါး ပူးကပ်နေကြောင်း ထို့ကြောင့် ထိုမကောင်းဆိုးဝါးထွက်သွားစေရန် လည်ပင်းညှစ်ရခြင်းဖြစ်ကြောင်း  ထွက်ဆိုချက်မှာလည်း လက်ခံနိုင်စရာ မရှိကြောင်း တရားရုံးက သုံးသပ်သည်။

အရှေ့တိုင်းအတွေးအခေါ်များကို မိမိတို့ အနောက်တိုင်း အနေဖြင့် နားလည်ရန်ခက်ခဲကြောင်း၊ သူတို့ နေထိုင် သည့် အဖွဲ့အစည်းအတွင်း မကောင်းဆိုးဝါးများရှိသည်ဟု ယုံကြည်လက်ခံမှုများရှိနေသည်မှာ ထင်ရှားကြောင်း၊ မိသားစုဝင်တစ်ဦးသည် နာလီယာ မကွယ်လွန်မီက မကောင်းဆိုးဝါးများကိုနှင်ထုတ်ရန် အိမ်တွင်း၌ ဆုတောင်း ဝတ်ရွတ်ပွဲများလုပ်ခဲ့သေးကြောင်း ရှေ့နေ ခရစ်တိုဖာ ဟော့တန်ကပြောကြားသည်။

ရွှေမောင်(     မောက္ခနိုင်ငံတကာသတင်း ) ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါး စီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစု တစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ် ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။

ဘော်စတွန်ဗုံးကွဲမှု ဆက်စပ်ဓာတ်ပုံ FBI ထုတ်ပြန်

ဘော်စတွန်မြို့ ပေါက်ကွဲမှုများမှာ သုံးသွားတဲ့ဗုံးတွေထဲက တခုအကြောင်းကို အမေရိကန် ထောက် လှမ်းရေးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီး

Photo: ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီး

နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ တရုတ်နိုင်ငံက Xie Qiuping ဖြစ်ပါတယ်....

သူမရဲ့ဆံပင်ဟာ 5.627 မီတာ (18 ပေ 5.54 လက်မ) ရှိပြီး ဒီအရှည်ကို 2004 ခုနှစ် မေလ 8 ရက်နေ့မှာ တိုင်းတာခဲ့တာဖြစ်ပါတယ်...

သူမဟာ အသက် 13 နှစ်အရွယ် 1973 ခုနှစ်ကတည်းက ဆံပင်ကို အရှည်ထားခဲ့တယ်လို့သိရပါတယ်...

Source: guinnessworldrecords.com
ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့တာကတော့ တရုတ်နိုင်ငံက Xie Qiuping ဖြစ် ပါတယ်....

မဟာသင်္ကြန်အတက်နေ့ညက ရန်ကုန်မြို့တွင်းရှိ အနော်ရထာလမ်းနှင့် ၁၉ လမ်းထိပ်တွင် မဏ္ဍပ်ပိတ်ပွဲကို ပျော်ရွှင်စွာဆင်နွှဲနေကြသောအနုပညာ ရှင်များနှင့် ပရိသတ်များကို တွေ့ရစဉ်။

7Day News Journal
မဟာသင်္ကြန်အတက်နေ့ညက ရန်ကုန်မြို့တွင်းရှိ အနော်ရထာလမ်းနှင့် ၁၉ လမ်းထိပ်တွင် မဏ္ဍပ်ပိတ်ပွဲကို ပျော်ရွှင်စွာဆင်နွှဲနေကြသောအနုပညာ
ရှင်များနှင့် ပရိသတ်များကို တွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
7Day News Journal

အီရန် နိုင်ငံ အရှေ့တောင်ဘက်မှာ ငလျင်ကြီးတခု လှုပ်ခါလို့ လူ အများ အပြား သေဆုံး

အီရန်နိုင်ငံ အရှေ့တောင်ဘက် ပါကစ္စတန်နယ်ခြား Khash မြို့ အနီးကို ဗဟိုပြုပြီး ပြင်းအား ၇.၈ ရှိတဲ့ မြေ ငလျင်ကြီးတခု လှုပ်ခါ သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် ရန်ပွဲဖြစ်၊ သင်္ကြန်ကာလအတွင်း လူ ၁၆ ဦးသေ၊ ၈၃ ဦး ဒဏ်ရာရ

တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ်

Photo: တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် စာရင်းကို ပရိသတ်တွေ မဲပေးရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ မဲပြိုင်နေကြပါတယ်။

မြန်မာစံတော်ချိန် ည၈း၃၀ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၆၅%)၊ လေဒီဂါဂါက (၃၅%)နဲ့ မဲအသာရနေပါတယ်။ (မဲအရေအတွက်ဟာ နောက်ဆုံးမိနစ် မဲပိတ်ချိန်အထိ အတက်အကျ အပြောင်းအလဲ ရှိနိုင်ပါတယ်။)

အခုနောက်ဆုံးအဆင့်မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂူဂယ်တည်ထောင်သူ လယ်ရီပေ့ခ်ျကို မဲအနိုင်ရခဲ့သလို၊ လေဒီဂါဂါကလည်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားကို ကျော်လွန်ခဲ့တာပါ။

တိုမ်းမဂ္ဂဇင်းက ဧပြီ ၁၇ရက်နေ့မှာ ဆယ်စုနှစ်တစ်ခုစာရဲ့ ကမ္ဘာကိုသြဇာအရှိဆုံးပုဂ္ဂိုလ် အဖြစ်ရွေးချယ်ခံရသူကို ကြေညာမှာ ဖြစ်ပါတယ်။

မြန်မာ အင်တာနက် သုံးစွဲသူတွေကြားမှာ အောက်ပါလင့်ကနေ မဲပေးဖို့ကိုလည်း အချင်းချင်းတိုက်တွန်းနေကြပါတယ်။

http://time100.time.com/2013/04/11/face-off-whos-the-most-influential/
တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် စာရင်းကို ပရိသတ်တွေမဲပေး ရာမှာ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ မဲပြိုင်နေကြပါတယ်။

Tuesday, 16 April 2013

မြန်မာ ဖုန်းလုပ်ငန်း လိုင်စင် အတွက် ကုမ္ပဏီ ၁၂ ခုကို စကာ တင်ရွေးပြီ

Photo: မြန်မာ ဖုန်းလုပ်ငန်းလိုင်စင်အတွက် ကုမ္ပဏီ ၁၂ ခုကို စကာတင်ရွေးပြီ

Tuesday, April 16, 2013

မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေ

မှာ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်နှစ်ခုထုတ်ပေးဖို့ တင်ဒါဆင့်ခေါ်လိုက်ပြီးအဲ

ဒီထဲက ကုမ္ပဏီ ၁၂ ခုကို စကာတင် ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီ တွေကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရေး

အတွက် လှုပ်ရှားသူတွေကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့မှုတွေ လုပ်တဲ့ ကုဋေကြွယ် သူဌေး George Soros နဲ့ နီးစပ်တဲ့ Digicel, အန္ဒိယနိုင်ငံက Bharti Airtel, China Mobile, ဂျပန်ရဲ့ KDDI၊ အာဖရိက MTN, စင်္ကာပူ တယ်

လီကွန်မြူနီကေးရှင်း၊ Axiata Group, Millicom International Cellular, Qatar

Telecom, Viettel Group နဲ့ နော်ဝေးရဲ့ Telenor SA တို့ ဖြစ်ကြပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့ လျောက်လွှာတွေကို ဂျွန်လ

၃ ရက် မတိုင်ခင် ထပ်မံပေးပို့ရမှာဖြစ်ပြီး ဂျွန်လ ၂၇ ရက်လောက်မှာတော့ ဘယ်သူ့ကို လုပ်ခွင့် လိုင်စင် ပေးမလဲဆိုတာကို မြန်မာက ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာအစိုးရက ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်သစ် နှစ်ခု ချပေးဖို့ရှိပြီး

မြန်မာနိုင်ငံမှာ လူဦးရေ ၁၀ % လောက်သာ မိုဘိုင်းဖုန်းကိုင်နိုင်သေးတဲ့

အဆင့် ရှိတဲ့အတွက် ဒီကဏ္ဍမှာ စီးပွားရေးလုပ်ဖို့ အများကြီးအခွင့်အလမ်း

ရှိတယ်လို့ ရှုမြင်နေကြတာကြောင့် လုပ်ခွင့်လိုင်စင်ရဖို့ အလုအယက်

လျောက်ထားကြတာ ဖြစ်ပါတယ်။

ABC Radio Australia

Myawady News
မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေမှာ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်နှစ်ခုထုတ်ပေးဖို့ တင်ဒါဆင့်ခေါ်လိုက်ပြီးအဲဒီထဲက ကုမ္ပဏီ ၁၂ ခုကို စကာတင် ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

ဘော်စတွန် မာရသွန် ပြိုင်ပွဲ ဗုံးပေါက် ကွဲမှု

Photo
Planet Myanmar Network

နိုင်ငံတော် သမ္မတ၏ နှစ်သစ် ဆုတောင်း

Photo: နိုင်ငံတော် သမ္မတ၏ နှစ်သစ် ဆုတောင်း

Tuesday, April 16, 2013

နှစ်သစ် မင်္ဂလာမှာ ကျွန်တော့် အနေနဲ့ ပြည်သူလူထု တစ်ရပ်လုံးကို အဓိက ပြောကြား လိုတာ ကတော့ ယခင်နှစ်က ဒီမိုကရေစီ အရေး ကြိုးပမ်းမှု ဖြစ်စဉ် နှင့်အတူ လူမှုရေး အထင်အမြင် လွဲမှား မှုတွေကနေ တစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်း ကွဲမှုတွေ၊ ပဋိပက္ခ ဖြစ်မှုတွေနဲ့ မတည်

ငြိမ်မှု တွေဆိုတဲ့ အမည်းစက်တွေကို အတာ သင်္ကြန်ရေနဲ့ ဆေးကြော သန့်

စင်ပြီး မင်္ဂလာရှိတဲ့ ကိစ္စ ရပ်တွေ၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေ၊ တည်ငြိမ်အေး ချမ်းရေးကို ဦးတည်တဲ့ ကိစ္စ ရပ်တွေနဲ့ ပြည့်လွမ်းနေတဲ့ မြန်မာနိုင်ငံ အဖြစ် လာမယ့်နှစ်သစ်မှာ မြင်တွေ့ လိုပါတယ်။

မြ၀တီ

သံချပ် သစ်တွေ နဲ့ မြန်မာ သင်္ကြန်

Photo: သံချပ်သစ်တွေနဲ့ မြန်မာသင်္ကြန်

Tuesday, April 16, 2013

ဒီနှစ်သင်္ကြန်မှာတော့ လုံခြုံရေးအတွက် အစောပိုင်းတုန်းက စိုးရိမ်မှုတချို့ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်တဲ့အကြောင်း ရေကစားပွဲတော်ကို ဆင်နွှဲသူတွေက ပြောကြပါတယ်။ ရိုးရာအစဉ်အလာအတိုင်း ရေကစားတာတွေ၊ အလှူအတန်း လုပ်တာတွေကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပနေကြတာ ဖြစ်ပါတယ်။ သင်္ကြန်အကြတ်နေ့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

ဒီနေ့ မဟာသင်္ကြန် အကြတ်နေ့မှာတော့ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်လက် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင်လည်း ကမ္ဘာအေးဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ကန်တော်ကြီး နဲ့ အင်းလျားကန်တ၀ိုက်မှာ ရေပက်ခံကားတွေ၊ မဏ္ဍပ်တွေနဲ့ သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြတာပါ။

အခုနှစ် ရန်ကုန်သင်္ကြန်မှာတော့ အသံချပ်ထိုးတာတွေ၊ သင်္ကြန် အလှပြကားတွေနဲ့ ရေပက်ခံသူတွေ မနှစ်ကထက် ပိုပြီးစည်ကားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ သင်္ကြန်ပွဲ ဆင်နွှဲနေတဲ့ ဘလော့ဂါ နေဘုန်းလတ်က ပြောပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ မြို့အတော်များများမှာ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ အခုတော့ ရေကစားပွဲတွေဟာ အေးအေးချမ်းချမ်း ရှိတယ်လို့လည်း သူကပြောပါတယ်။

“အေးအေးချမ်းချမ်းပါပဲ။ ဘာမှ ပြဿနာမရှိပါဘူး။ နည်းနည်းပါးပါး မူးတာ ပြုတာလောက်ပါပဲ။ ဒီပုံစံတွေကတော့ အရင်လိုပါပဲ။ သင်္ကြန်မတိုင်ခင်ကတော့ ကောလဟာလမျိုးစုံ ထွက်ထားတော့ အားလုံး ကြောက်နေကြတာ၊ တခုခုဖြစ်မှာကို အရမ်း စိုးရိမ်နေကြတယ်ဆိုပေမဲ့ အခုအချိန်ထိတော့ ဘာမှ ထူးထူးခြားခြားတော့ မဖြစ်သေးပါဘူး။ ကျနော်ကတော့ သင်္ကန်းကျွန်း မြို့နယ်ရုံးရှေ့မှာ မဏ္ဍပ်ထိုးပြီးတော့ နေ့တိုင်း စတုဒီသာ ကျွေး တယ်ဗျာ။ တချို့ သံချပ်အဖွဲ့လေးတွေလည်း တော်တော်များများ တွေ့ရတယ်။ ၈၈ မျိုးဆက်ကလုပ်တဲ့ ‘မျိုးဆက်ဆိုတဲ့ သံချပ်အဖွဲ့’ တွေလည်း ကားလေးတွေနဲ့ သွားပြီးတော့ အရင်ပုံစံပေါ့။ အရင်တုန်းက နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒီသံချပ်ကို ပြန်ပြီးတော့ ဖော်ထုတ်နေတာ တွေ့ရတယ်ခင်ဗျ”

ရန်ကုန်မြို့က နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် တဦးလည်းဖြစ်တဲ့ ဦးကျော်သူကတော့ အကြတ်နေ့မှာ အလှူဒါန အစီအစဉ်တွေ လုပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အရင်တုန်းက သတင်းမီဒီယာတွေ တင်းကျပ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ရိုးရာသင်္ကြန်သံချပ်တွေဟာလည်း ကန့်သတ်ခံရလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ လွတ်လပ်ခွင့်တချို့ ရလာတာနဲ့အမျှ သံချပ် အစီအစဉ်တွေလည်း စလုပ်ဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

“နောက် ဒီနှစ်ကတော့ ကျနော်တို့ ပထမဆုံး သင်္ကြန် သံချပ်ပေါ့။ ကျနော်တို့ နာရေးကူညီ မှုအသင်း (ရန်ကုန်) ရဲ့ “ပေးဆပ်သူများ” သံချပ်အဖွဲ့ ကျနော်တို့ စထွက်တယ်။ ပြည်သူလူထုထဲကို”

သင်္ကြန်ရိုးရာ ရေကစားပွဲတွေကို နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ မန္တလေးမှာလည်း အကြတ်နေ့ကို မြို့ခံတွေ ဆက်ကျင်းပနေကြတာပါ။ ထူးထူးခြားခြား ဆိုသလို နိုင်ငံရေးပါတီတွေပါ ပါဝင်လာတာ တွေ့ရတယ်လို့လည်း မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“မန္တလေးသင်္ကြန်ကတော့ ထုံးစံအတိုင်းပဲ ကျုံးဘေးမှာပဲ တိုးကြတာပေါ့လေ။ တောင်ဘက်ကျုံးနဲ့ အရှေ့ဘက်ကျုံးမှာပဲ ပြန်ပြီး တိုးကြတာပေါ့။ အနောက်ဘက် ကျုံးဆိုတာကလည်း မဏ္ဍပ်က ၃ ခုလောက်ပဲ ရှိတာ၊ မြောက်ဘက်ကျုံးမှာဆိုရင် မဏ္ဍပ်တခုမှကို မရှိဘူး ဒီနှစ်သင်္ကြန်မှာ။ အထူးသဖြင့် လည်တဲ့ပတ်တဲ့သူတွေကတော့ တောင်ဘက်ကျုံးရယ်၊ အရှေ့ဘက်ကျုံးရယ်ကို အဓိကထားပြီး ပျော်ကြတယ်။ မြို့ထဲမှာတော့ မဏ္ဍပ်က ကျနော်တွေ့သလောက်တော့ ဘယ်နေရာမှ မရှိဘူးဗျ။ မြို့ထဲမှာ အထူးသဖြင့် လမ်း ၈၀ တို့၊ ၈၂၊ ၈၃၊ ၈၄ လမ်းတွေမှာတော့ အလှပြယာဉ်တွေလည်း မရှိဘူး။ ရေပက် မဏ္ဍပ်တွေလည်း မရှိတဲ့အခါကျတော့ ရေပက်ခံထွက်တဲ့ သူ တော်တော်များများ ကတော့ ကျုံးမှာ ၀င်တိုးကြတာပေါ့လေ။ မန္တလေးသင်္ကြန်မှာ ဒီနှစ်မှာ ထူးထူးခြားခြား တွေ့ရတာကတော့ NLD ပါတီတခုပဲ အလှပြကား ထွက်နိုင်တာ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ပါတီတွေကတော့ အလှပြကား ထွက်နိုင်တာ မတွေ့ရဘူးခင်ဗျ။ ဒါကတော့ ၂၀၁၃ မှာ ထူးထူးခြားခြားဆိုရင်တော့ နိုင်ငံရေး ပါတီတွေမှာ ပထမဆုံးထွက်တဲ့ ကားလို့ ပြောလို့ရပါတယ်ခင်ဗျ။ ချမ်းအေးသာဇံ မြို့နယ်ကနေ ‘ချမ်းအေးမောင်’ ဆိုတဲ့ နာမည်နဲ့ ထွက်တာပါခင်ဗျာ။”

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ သမ္မတ ဦးသိန်းစိန် မိသားစု အပါအ၀င် အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းတွေကလည်း ပါဝင်ဆင်နွှဲတဲ့အကြောင်း အစိုးရပိုင် သတင်းတွေက ဖော်ပြပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအတွက် ပူပန်မှုတွေ ရှိခဲ့တဲ့အတွက်လည်း အာဏာပိုင်တွေကတော့ လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ(မြန်မာဌာန)
ဒီနှစ်သင်္ကြန်မှာတော့ လုံခြုံရေးအတွက် အစောပိုင်းတုန်းက စိုးရိမ်မှုတချို့ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်တဲ့အကြောင်း ရေကစားပွဲတော်ကို ဆင်နွှဲသူတွေက ပြောကြပါတယ်။

မြန်မာ့ အပြောင်း အလဲ တိုးတက် မှုအဖြစ် ၀န်ကြီး ကယ်ရီ ရှုမြင်

Photo: မြန်မာ့အပြောင်းအလဲ တိုးတက်မှုအဖြစ် ၀န်ကြီးကယ်ရီ ရှုမြင်

Tuesday, April 16, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာအစိုးရတို့ လက်တွဲပြီး ဆောင်ရွက်နေတဲ့အပေါ် အားရကျေနပ်မိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။

ဆယ်စုနှစ် ၂ ခုလောက် ထိန်းသိမ်းခံရာက လွတ်မြောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ အရင်က စစ်တပ်အရာရှိတွေ ပါဝင်ဖွဲ့စည်းထားတဲ့ လွှတ်တော်တို့ အတူလက်တွဲ လုပ်ကိုင်နေကြတာကို တွေ့ရတဲ့အကြောင်း၊ အာရှ ၃ နိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် ဂျပန်နိုင်ငံမှာ ရောက်ရှိနေစဉ် ၀န်ကြီး ကယ်ရီ က ပြောဆိုလိုက်တာပါ။

ဒီကနေ့ မြန်မာနိုင်ငံ ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့ ဒီမိုကရေစီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆိုရင် စိတ်ကူးယဉ် တွေးကြည့်လို့တောင် မရနိုင်တဲ့ ဖြစ်ရပ်လို့လည်း တိုကျိုစက်မှုတက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုကိစ္စတွေကို ဆွေးနွေး အဖြေရှာ နိုင်ဖို့အတွက် အာရှဒေသ ၃ နိုင်ငံခရီး သွားရောက်နေရာမှာ နောက်ဆုံးအဖြစ်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာပါ။

ဂျပန်နိုင်ငံမတိုင်ခင် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အစမှာ တုန်းကတော့ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံမှာ ကျရောက်တဲ့ အတာသင်္ကြန် ကာလအတွက် ၀န်ကြီး ကယ်ရီ က နှုတ်ခွန်းဆက် အမှာစကား ပါးခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ(မြန်မာဌာန)
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာအစိုးရတို့ လက်တွဲပြီး ဆောင်ရွက်နေတဲ့အပေါ် အားရကျေနပ်မိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။

ကျိုတိုတ က္ကသိုလ် မှာ ဒေါ်စု မိန့်ခွ န်းပြော မည်

Photo: ကျိုတိုတက္ကသိုလ်မှာ ဒေါ်စု မိန့်ခွန်းပြောမည်

Monday, April 15, 2013

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်

ဆန်းစုကြည်ဟာ ကျိုတို တက္ကသိုလ်မှာ ဒီကနေ့ တနင်္လာနေ့မှာ မိန့်ခွန်းပြော

မှာဖြစ်ပါတယ်။ 1985 ခုနှစ်ကနေ 1986 ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ဧည့်ပညာ

ရှင်အဖြစ် နေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ Kyoto မြို့ကို တနင်္ဂနွေနေ့ထဲက ရောက်ရှိနေတာဖြစ်ပါတယ်။

Tokyo မြို့တော်ကနေKyoto မြို့ကို ရထားနဲ့ရောက်လာတဲ့ ဒေါ်အောင်

ဆန်းစုကြည်ကို ဘူတာရုံမှာ သူ့ကိုလာရောက်ကြိုဆိုသူတွေအပြင် ကမ္ဘာ

လှည့်ခရီးသွားတွေကပါ သြဘာပေး နှုတ်ဆက်ကြတယ်လို့ ဂျပန်သ

တင်းတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူပညာလေ့လာ

ခဲ့တဲ့ ကျိုတို တက္ကသိုလ်အပြင် ယုကိုးကု တက္ကသိုလ်မှာလဲ မိန့်ခွန်းပြော

မှာဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာတော့Kyoto မြို့မှာရှိတဲ့ မြန်မာမိသားစုတွေ

နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့NLD ကသတင်းထုတ်ပြန်ထားပါတယ်။ တနင်္ဂနွေနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Katsuragawa မြစ်ကရေ

အားနဲ့ လျှပ်စစ်ဓါတ်အားထုတ်တဲ့ အသေးစားရေအားလျှပ်စစ်စက်ရုံတခုကို သွားရောက်လေ့လာခဲ့ပါတယ်။

အင်္ဂါနေ့ကျရင်တော့ Tokyo မြို့မှာ ဂျပန် Diet လွှတ်တော်ကို သွားရောက်လေ့

လာဖို့ရှိပြီး၊ အထက်လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဖို့ရှိပါတယ်၊ April လ ၁၉ ရက်နေ့အထိဂျပန်နိုင်ငံမှာ နေထိုင်မဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba၊ ဝန်ကြီးချုပ် Shinzo Abe တို့နဲ့လဲတွေ့ဆုံဖို့ရှိပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ၇က်၊ ၂၀၁၃)

VOA
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတို တက္ကသိုလ်မှာ ဒီကနေ့ တနင်္လာနေ့မှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။