Tuesday, 12 March 2013

တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည်ဟု မပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား ။



နေပြည်တော်၊ မတ်လ ၁၂

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟု မိမိပြောကြားခဲ့ သည်ဟု သတင်းဂျာနယ်အချို့ တွင် ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုး သိမ်း က ပြောသည်။

Sim ကဒ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချပေးမည်ဆိုသည့် သတင်း မဟုတ်မှန်

 
 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်အစီရင်ခံစာအပေါ် ဆက်လက်ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်း













လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ

 

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံ ကို ခြုံငုံ စဉ်း စားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည်ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သ တင်း စာ များ၌ ဖော်ပြခဲ့ သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်


ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်

မတ် ၁၂ ရက်၊ ၂၀၁၃

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့သည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက် ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။

(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာ ဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

(ဂ) ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်မြေပြင်များကို ကွင်းဆင်း လေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက် နိုင်ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။

(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည် ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

Eleven
 
မတ် ၁၂ ရက်၊ ၂၀၁၃

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင် ၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်ေ သာ KIO ကိုယ်စားလှယ်အဖွဲ့တို့သည်၂၀၁၃ခုနှစ်မတ်လ(၁၁၊၁၂)ရက်နေ့များတွင်တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ရွှေလီမြို့ ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

Monday, 11 March 2013

ဆံပင်မှာရွှေသွင်းမယ်




နယူးဇီလန်က ပညာရှင်များ တီထွင်အောင်မြင်သွားတဲ့ အလှအပ သီအိုရီ တစ်ခု ဖြစ်ပါတယ်။ ဆံပင်မှာ တကယ်ရွှေသွင်းလို့ ရသွားပါပြီ။

၈ နှစ်သားက ၆၁ နှစ် သမီးနှင့် ဂဟေဆက်

၈ နှစ်သားက ၆၁ နှစ် သမီးနှင့် ဂဟေဆက်
Monday, March 11, 2013

ကွယ်လွန်သူ အဖိုး၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက အဖွားအရွယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက်ခဲ့ခြင်း ဖြစ်သည်။

အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့်
ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင် ၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။

ပွဲပရိတ်သတ် ၁၀၀ ရှေ့မှောက် လက်ထပ်လက်စွပ်လဲလှယ်ခဲ့ကြပြီး လူအများက ယင်းသို့ဂဟေဆက်ခြင်းကို မလိုလားကြသော်လည်း ဆိုင်ရာမိသားစုများကမူ တရားဝင်သဘောလက်ဆက်ခြင်းမဟုတ်၊ ထုံးလမ်းစဉ်လာအတိုင်း လုပ်ခြင်းဟုဆိုသည့် " ဆန်နီအဖိုးက လူလူသူသူ မင်္ဂလာမဆောင်ဘူးပဲ အနိစ္စရောက်သွားခဲ့တယ်။ သူကခု သတို့သမီးကို ချစ်တယ်လေ ဒါကြောင့် သူ့မြေးကို လက်ထပ်ခိုင်းခဲ့တာ" ဟု ၄၆ နှစ်အရွယ် ဆန်နီလီ မိခင်ကဆိုသည်။ " မိဘဘိုးဘွားတွေ လုပ်စေချင်တာ လုပ်ပေးရရိုး အစဉ်အလာ ရှိပါတယ်၊ ဒါမှ လွန်လေပြီးသူတွေ စိတ်ချမ်းသာမှာပေါ့" ဟု၎င်းက ထပ်လောင်းပြောသည် ။

သတို့သမီး၊သတို့သားတို့အနေဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစရာ မလိုကဲ့သို့ အတူတူနေထိုင်ရန်လည်း မလိုဟုဆိုသည်။ " သတို့သမီးတွင် အသက် ၂၇ နှစ်၊ ၃၇ နှစ်အတွင်းရှိ သားသမီး ၅ ဦးရှိပြီး နှစ် ၃၀ ကြာ
ပေါင်းသင်းခဲ့သည့် ခင်ပွန်းသည် ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း သိရသည်။

S.T
Ref: Dailymail online
Popular Myanmar News Journal
Monday, March 11, 2013

ကွယ်လွန်သူ အဖိုး၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ် ခဲ့ကြောင်း သိရသည်။

ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက အဖွားအရွယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက် ခဲ့ခြင်း ဖြစ်သည်။

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည် 

မတ် ၁၁ ရက်၊ ၂၀၁၃

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက် လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။
ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ်ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံ ခဲ့သည်။
ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့် တွေ့ဆုံမည်ဟု သိရသည်။
ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့သည်လည်း လူအများဆုံး ဝင်ရောက် သည့်ဆိုက်များဖြစ်သည်။
မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများတွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။
ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်းသေးသော်လည်း သတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့် မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းနည်းပညာကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့် မြန်မာ့ဈေးကွက်ကို စိတ်ဝင်စား နိုင်မည်ဖြစ်သည်။

ဧရာဝတီ
မတ် ၁၁ ရက်၊ ၂၀၁၃

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက် လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

(၃/၄) မိနစ်လောက် အချိန်ပေးပြီး ဖတ်လိုက်ပါ။"



( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက် ပါ့မယ် ။

တစ်နေ့တခြား ရွှေလိုရှားပါးလာသော “ရေ”




ရေ၏တန်ဖိုးကို ရေရှားပါးသောဒေသများ တွင် နေထိုင်ကြသူများက ပို၍သိကြပါ သည်။ အထူးသဖြင့် မိုးနည်း ပူပြင်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသည် ရေ၏ လိုအပ်ချက်ကို ပိုသိ၊ ပိုမိုခံစားကြရပြီး “ရွှေကိုမလို၊ ရေကိုလိုသည်”ဆိုသည့် ဆောင်ပုဒ်စာတန်းများ၊ ဆိုင်းဘုတ်ကြီးများကို ရေးသားစိုက်ထူ ထားကြသည်။ လွန်ခဲ့ သောနှစ် ၅၀ ခန့်က မုံရွာခရိုင်၊ အရာတော် မြို့နယ်ရှိ ကျေးရွာများသို့ လှည့်လည်ကွင်း ဆင်း ၍ စီးပွားရေးစစ်တမ်းကောက်ယူခဲ့ရာ တွင် သွားလေရာကျေးရွာတိုင်း၌ “ရွှေကိုမလို ရေကိုလိုသည်” ဆိုင်းဘုတ် များတွေ့ကြရ သည်။ တစ်ခါ ချင်းတွင်းမြစ်အနောက်ဘက် ကမ်းဒေသများရှိ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိပြန်တော့လည်း “ယနေ့အညာရွာသာယာ”ဟု တစ်ချိန်က ရေဒီယို သီချင်း စပ် ဆိုအသံလွှင့်ခဲ့ သော ရေလျှံတွင်းများ၊ မြေပေါ်သို့ ရေထောင်ပန်းအောင် ရေထွက်နေသဖြင့်
ဒေသခံကျေး ရွာသူ၊ ကျေးရွာသားများ ပျော်ကြ၊ ရွှင်ကြ၊ ၀မ်းသာကြသည်ကို ထိုစဉ်က ထုတ်ဝေသည့် “ရှေ့သို့”စာစောင်၌ တွေ့ကြရပါသေး သည်။

တရုတ်က အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် ထုတ်ပြန်၊ နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း

 
တရုတ်က အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် ထုတ်ပြန်၊ နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း
Monday, March 11, 2013

တရုတ်သည် အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး အစီအစဉ်ကို မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံများဖြင့် နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ခေါင်းဆောင်သစ်များ၏ အစိုးရ၀န်ကြီးဌာနများ၏ လုပ်ဆောင်မှုများ ထိရောက်မှုရှိစေရေးနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြောင်းအလဲပြုလုပ်မှုမှာ ၁၉၉၈ ခုနှစ်တွင် ၀န်ကြီးချုပ်
Zhu Rongji က နိုင်ငံတော်ကောင်စီကို ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး အပြောင်းအလဲပြုလုပ်မှုဖြစ်ကြောင်း သိရသည်။ အငြင်းပွားဖွယ် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ကိုင်တွယ်နေသော Family Planning Commission ကို ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးတွဲဆောင်ရွက်စေမည် ဖြစ်သည်ဟု လွှတ်တော်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ရထားပို့ဆောင်ရေး စီမံကိန်းများနှင့် ပတ်သက်လာပါက ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်မှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို မမျှော်မှန်းနိုင်သော အတိုင်းအတာအထိ ခွင့်ပြုပေးသွားမည်ဟု
အစိုးရက ကတိပေးခဲ့သည်။

တရုတ်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် Family Planning Commission တို့မှာ အထူးသဖြင့်နာမည်အပျက်ဆုံး ဖြစ်နေပြီး
ပြုပြင်ပြောင်းလဲ မှုများ အလျင်အမြန်ပြုလုပ်ရန် လူထုက လိုလားနေသည်။

တရုတ်သည် ပင်လယ်ပိုင်နက် အငြင်းပွားမှုပြဿနာများနှင့် ပတ်သက်ပြီး အိမ်နီးချင်း ဂျပန်အပါအ၀င် အရှေ့တောင်အာရှရှိ အမေရိကန် မဟာမိတ်နိုင်ငံအချို့တို့နှင့် အငြင်းပွားမှုများ မြင့်တက်နေခဲ့ရာ ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့များ၊ အကောက်ခွန်ရဲများ၊ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေး အဖွဲ့များအား ထိန်းချုပ်ညွှန်ကြားနိုင်သည့် အခွင့်အာဏာကို National Oceanic Adminstration ထံ ပေးအပ်ခဲ့သည်။

မီဒီယာကဏ္ဍ စောင့်ကြည့်မှု၌ General Administration of Press and Publication နှင့် State Administration of Radio, Film and Television အဖွဲ့နှစ်ခုတို့ကိုလည်း ပူးပေါင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် မာကိုင်က ပြောကြားခဲ့သည်။

ဓာတ်ပုံ - တရုတ်ပြည်သူ့ကွန်ဂရက် ဖွင့်ပွဲတွင် ၀န်ကြီးချုပ်ဝမ်ကျားပေါင်က
နောက်ဆုံးအစီရင်ခံစာကို မတ် ၅ ရက်က ဖတ်ကြားစဉ် (AFP)

Ref:BBC;Reuters
Eleven Media Group
Monday, March 11, 2013

တရုတ်သည် အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး အစီအစဉ်ကို မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အကျင့်ပျက် ခြစားမှု အရှုပ်တော်ပုံများဖြင့် နာမည်ပျက်နေသော ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဖျက်သိမ်း ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။

ဆေးကျောင်းသူလေးကို မုဒိန်းကျင့်ခဲ့သောအဖွဲ့ခေါင်းဆောင် ထောင်တွင်းကြိုးစွဲချသေဆုံး။

ဆေးကျောင်းသူလေးကို မုဒိန်းကျင့်ခဲ့သောအဖွဲ့ခေါင်းဆောင် ထောင်တွင်းကြိုးစွဲချသေဆုံး။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အသက်၂၃နှစ်အရွယ်ဆေးကျောင်းသူလေးကို နာရီခွဲကျော်ကြာ အုပ်စုဖြင့် အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သော အဖွဲ့ခေါင်းဆောင်အသက်၃၅နှစ်အရွယ်ရှိ ရမ်ဆင်းသည် လုံခြုံရေးတင်းကျပ်လှသောသီဟ်ာအကျဉ်းထောင်အတွင်းတွင် ဝတ်ဆင်ထားသော အကျီ်ကိုအသုံးပြုပြီး ကြိုးစွဲချသေဆုံးသည်မှာမှန်ကန်ကြောင်း သူ၏ ရှေ့နေမှအတည်ပြုပြောဆိုခဲ့သည်။
 ရုပ်ရှင်မှပြန်လာသော ဆေးကျောင်းသူအားအုပ်စုဖြင့် အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ရန်ကြိုးစားသည့်အပြင် ဆေးကျောင်းသူနှင့်အဖေါ်ဖြစ်ပါလာသူအမျိုးသားကိုလည်းသတ်ဖြတ်ရန်ကြိုးစားမှု၊ပြန်ပေးဆွဲမှု စသောအမှုတွဲများဖြင့် တရားစွဲဆိုခံထားရပြိး စစ်ဆေးမှုများတဝက်အရောက်တွင် အဖွဲ့ခေါင်းဆောင်ရမ်ဆင်းမိမိကိုယ်ကိုသတ်သေခဲ့ခြင်းဖြစ်သည်။ နောက်ပါ၎ယောက်အားလုံခြုံရေးတိုးမြှင့်ထားပြီး တရားစီရင်နိုင်အတွက်ဆက်လက်ဆောင်ရွက်မည်ဟု ရဲအရာရှိမှပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် နေ့စဉ်မိနစ်၂၀ ခန့်တွင် အမျိုးသမီးတဦးကျ အဓမ္မပြုကျင့်ခံနေရသောတိုင်းပြည်ဖြစ်နေသောကြောင့် အဓမ္မပြုကျင့်သောတရားခံကိုသေဒါဏ်စီရင်ပေးရန် တောင်းဆိုနေကြသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အသက်၂၃နှစ်အရွယ်ဆေးကျောင်းသူလေးကို နာရီခွဲကျော်ကြာ အုပ်စုဖြင့် အကြိမ်ကြိမ် အဓမ္မပြု ကျင့်ခဲ့သော အဖွဲ့ခေါင်းဆောင်အသက်၃၅နှစ်အရွယ်ရှိ ရမ်ဆင်းသည် လုံခြုံရေးတင်းကျပ်လှသောသီဟ်ာအကျဉ်းထောင်အတွင်း တွင် ဝတ်ဆင်ထားသော အကျီ်ကိုအသုံးပြုပြီး ကြိုးစွဲချသေဆုံးသည်မှာမှန်ကန်ကြောင်း သူ၏ ရှေ့နေမှအတည်ပြုပြောဆိုခဲ့သည်။

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု ဓာတ်ပုံများ

 

 အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့သည်တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင်ကာတွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ 

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ


အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ
====================================

Sunday, March 10, 2013

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက်
၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့
ရုတ်တ ရက်ကြုံခဲ့ရပါတယ်။

ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။

အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ
သေသွားခဲ့မိတယ်။

အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ
ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။

အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။

ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက်
နေအိမ်တွေကနေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့
ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။

ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။

REF: AFP
The Myanmar Post
Re-Post By ACM 10-3-2013
Credit to >> Myanmar Online News
Sunday, March 10, 2013

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ ရုတ်တ ရက်ကြုံခဲ့ရပါတယ်။

လှည်းတန်း ခုံးကျော် တံတား စီမံကိန်း လုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီး၊ မတ် ၃၁ ရက် နောက်ဆုံး ထား၍ ပြီးစီးအောင် ဆောင်ရွက်ရမည်

လှည်းတန်း ခုံးကျော် တံတား စီမံကိန်း လုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီး၊ မတ် ၃၁ ရက် နောက်ဆုံး ထား၍ ပြီးစီးအောင် ဆောင်ရွက်ရမည်

ယမန်နေ့ ညနေ ၄ နာရီက သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့သည် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံ ခုံးကျော်တံတား စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ လှည်းတန်းလမ်းဆုံ ခုံးကျော်တံတား စီမံကိန်း ယာယီ ရှင်းလင်းဆောင်၌ ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဇော်နိုင်က စီမံကိန်း ဆိုင်ရာ အချက်အလက်များ၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် စက် ယန္တရားများ အသုံးပြုမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက်ရေး၊ လှည်းတန်းခုံးကျော် တံတားအား မတ် ၃၁ ရက် နောက်ဆုံးထား ပြီးစီးအောင် ဆောင်ရွက်ရေး တို့ကို မှာကြားသည်။

ယင်းနောက် တံတား ချဉ်းကပ်လမ်း လုပ်ငန်း၊ တံတားကြမ်းခင်း ကွန်ကရစ်လောင်းခြင်း လုပ်ငန်းနှင့် တံတားဘေး ဝဲယာ လက်တန်းများ ဆောင်ရွက် ပြီးစီးမှုများကို ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တံတားပေါ် မှ ဖြတ်သန်း ကြည့်ရှု စစ်ဆေး ခဲ့ကြ သည်။

လှည်းတန် ခုံးကျော်တံတား တည်ဆောက်မှုမှာ ယနေ့အထိ ၉၅ ရာခိုင်နှုန်း ပြီးစီးမှု ရှိပြီဖြစ် ကြောင်းနှင့် မတ် ၃၁ ရက်မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

http://bit.ly/YaFPOy
မြ၀တီ

ယမန်နေ့ ညနေ ၄ နာရီက သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ကမာ ရွတ်မြို့နယ် လှည်းတန်း လမ်းဆုံ ခုံးကျော်တံတား စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နိုင်ငံနှင့် သြစတြေးလျဓနသဟာယ နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေးခရီးများ သွားရောက်မည်



နေပြည်တော် မတ် ၁၀

နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီးနှင့် သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင်းဘရိုက်စ် တို့၏ ဖိတ်ကြား ချက် အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နယူးဇီလန်နိုင်ငံနှင့် သြစတြေးလျ ဓနသဟာယ နိုင်ငံများသို့ မကြာမီကာလအတွင်း တရားဝင် ချစ်ကြည်ရေးခရီးများ သွားရောက်မည် ဖြစ်သည်။
 

ကိုကာကိုလာ-COCALA~

ကိုကာကိုလာ-COCALA~
(ကိုကာကိုလာသောက်သုံးခြင်းက ဦးနှောက်၏ အဆင့်ဆင့် လုပ်ဆောင်ချက်ကို မြင့်တင်ပေးပြီး ဦးနှောက်လုပ်ဆောင်ချက် ကို မြန်ဆန်စေကြောင်း အမေရိကန် ကျန်းမာရေး သုတေသီမှ ထုတ်ဖော်ပြောကြားခဲ့သည်)

အရွယ်ရောက်ပြီး လူ ၉၀ ကို နေ့စဉ် ကိုကာကိုလာဓာတ်၉၉၀ မီလီဂရမ်၊ ၅၂၀ မီလီဂရမ်၊ ၄၅ မီလီဂရမ် အသီးသီးပါဝင်သော ဖျော်ရည်များကို ၈ ပတ်ကြာ တိုက်ကျွေး စစ်တမ်းကောက်၍ ရရှိလာသော အဖြေဖြစ်ကြောင်း သိရသည်။

Cognitive function ဟုခေါ်သော ဦးနှောက်၏ အဆင့်ဆင့် လုပ်ဆောင်ချက်ကို မြင့်တင်ပေးပြီး Executive function , working memory, short-term memory, long term episode memory,စဉ်းစားမှုမြန်နှုန်း၊Globalcognitionအစရှိသဖြင့်ဦးနှောက်၏လုပ်ဆောင်ချက်များ မြင့်တက်လာကြောင်း သိရသည်။

အမြင့်ဆုံး ၉၉၀ မီလီဂရမ် သောက်သုံးသူက လုပ်ဆောင်ချက်ပိုမိုမြင်များပြီး ဟိုမိုးခုခံအား၊ သွေးဖိအား၊ အောက်စီဂျင်ဖိအား စသည်များက ကိုကာကိုလာဓာတ် Level အနည်းငယ်သာ သောက်သုံးသူများ ထက် မြင့်မား ကြောင်း သိရသည်။

“ကယ်လိုရီ ထိန်းချုပ်ထားတဲ့၊ သဘာဝ ၊ သင့်တင့်မျှတသော လူတစ်ဦးစာ ကိုကာကိုလာသောက်သုံးခြင်းမျိုးသာ Cognitive function ကို မြင့်တင်ပေးပါတယ်။ သတ်မှတ်ထားတဲ့ အမြင့်ဆုံး Level ထက်ပိုသောက်ရင်တော့ ဘေးထွက်ဆိုးကျိုးကို ဦးတည်နိုင်ပါတယ်” ဟု အီတလီ L’Aquila တက္ကသိုလ်မှပရော်ဖက်ဆာ Giovambattista မှ ပြောကြားသည်။

ကိုကာကိုလာတွင် ပါဝင်သော Phosphoric acid, Sucrose, Caffeine ဓာတ်တို့ကို အခြား လက်ဖက်ရည်၊ ကော်ဖီ၊ စပျစ်သီး၊ စပျစ်ဝိုင်၊ ပန်းသီး၊ ကိုကာကိုလာ အရသာပါ အခြားအစားအစာများ၊ ချိုချဉ်၊ သကြားလုံး တို့မှာ တွေ့မြင် ရမည် ဖြစ်သည်။

အတိတ်မေ့ရောဂါကိုပါ ကာကွယ်ပေးပြီး ခန္ဓာကိုယ်အတွင်းအပြင် လုပ်ဆောင်ချက်တိုင်းကို တုန့်ပြန်မှုပေးသော ဦးနှောက်သွေးဆဲလ်-Neuron များကို ကာကွယ်ပေးသည်။ ဆိုလိုရင်းမှာ ဦးနှောက်သွေးကြောစီးဆင်းမှုကို မြင့်တင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
Myawady News

ZinYawNews
(ကိုကာကိုလာသောက်သုံးခြင်းက ဦးနှောက်၏ အဆင့်ဆင့် လုပ်ဆောင်ချက်ကို မြင့်တင်ပေးပြီး ဦးနှောက်လုပ်ဆောင်ချက် ကို မြန်ဆန်စေကြောင်း အမေရိကန် ကျန်းမာရေး သုတေသီမှ ထုတ်ဖော်ပြောကြားခဲ့သည်)

အရွယ်ရောက်ပြီး လူ ၉၀ ကို နေ့စဉ် ကိုကာကိုလာဓာတ်၉၉၀ မီလီဂရမ်၊ ၅၂၀ မီလီဂရမ်၊ ၄၅ မီလီဂရမ် အသီးသီး ပါဝင်ေ သာ ဖျော်ရည်များကို ၈ ပတ်ကြာ တိုက်ကျွေး စစ်တမ်းကောက်၍ ရရှိလာသော အဖြေဖြစ်ကြောင်း သိရသည်။

KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်လင့်


Monday, March 11, 2013

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြားတရုတ်နိုင်ငံ ရွှေလီမှာပြုလုပ်မယ့်ဒီကနေ့ ဆွေးနွေး ပွဲဟာ ဒေသငြိမ်းချမ်းရေးအတွက် ဖြစ်မလာရင်တောင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး အဆင့်အထိ ဖြစ် လာဖို့ မြန်မာအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ မနေ့ကတော့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စား လှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါ တယ်။

သင် မသိသေးတဲ့ စင်ကာပူနိုင်ငံရဲ့ ထူခြားတဲ့ အကြောင်း ၁၀ ချက်


 
 ကျနော်လက်ရှိ နေထိုင်နေတဲ့စင်ကာပူနိုင်ငံဆိုတာ ၁၉၆၅ခုနှစ်မှာမလေးရှားနိုင်ငံကနေခွဲထွက်ခဲ့တဲ့ ကျွန်းနိုင် ငံ ပိစိလေးပေါ့။ ဒါပေမယ့် သူက First World Country လို့ခေါ်တဲ့ အလွန်အမင်း ချမ်းသာတဲ့ ကမ္ဘာ့ ပထမ တန်းစား နိုင်ငံထဲမှာပါတယ်။ ဒါကတော့ လူတိုင်းလိုလို သိမှာပါ။ ဒါပေမယ့် လူတိုင်းလိုလို မသိသေးတဲ့ စင်ကာ ပူနိုင်ငံရဲ့ ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒါကို ဗဟုသုတ အလို့ငှာ အပျင်းပြေစေကြောင်း အလို့ငှာ အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

နိုင်ငံ တကာတွင် ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံတကာ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁-၁-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်သစ် ၅ နိုင်ငံဖြစ်သည့် အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ မော်ရိုကို၊ ပါကစ္စတန်နှင့် တိုဂိုနိုင်ငံ တို့သည် ၎င်းတို့၏ ၂ နှစ်တာ သက်တမ်းကို စတင်ထမ်းဆောင်သည်။

၁၃-၈-၂ဝ၁၂ ရက်။ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Organization of Islamic Cooperation-OIC) ဝင် နိုင်ငံခြားရေး ဝန်ကြီးများသည် ဆီးရီးယား နိုင်ငံအား အဖွဲ့ဝင် အဖြစ် မှဆိုင်းငံ့ထားရန် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပြုသည်။

၂၆-၈-၂ဝ၁၂ ရက်။ NATO တပ်ဖွဲ့သည် အာဖဂန် နစ္စတန် နိုင်ငံရှိ ညွန့်ပေါင်း တပ်ဖွဲ့ဝင် များအား လျှော့ချမှု တစ်စိတ် တစ်ဒေသ အဖြစ် အခြေစိုက်စခန်း ၂ဝ၂ ခုအား ပိတ်သိမ်းခဲ့ပြီး အာဖဂန် အစိုးရ ထံသို့ လွှဲပြောင်းပေးသည်။

၂၈-၈-၂ဝ၁၂ ရက်။ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ (Non-Aligned Movement-NAM) အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများသည် အီရန်နိုင်ငံ တီဟီရန် မြို့တော်တွင် ကျင်းပ ပြုလုပ်သော ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။

၁၇-၉-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် လိုက်ဘေးရီးယားရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်အား နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်း တိုးမြှင့် သည်။

၁၉-၉-၂ဝ၁၂ ရက်။ စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့ (Collective Security Treaty Organization-CSTO အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော အာမေးနီးယား၊ ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ တာဂျစ် ကစ္စတန်၊ ကာဂျက်စတန် နိုင်ငံတို့သည် ၎င်းတို့၏ အရေးပေါ် အခြေအနေ ပူးပေါင်း တုံ့ပြန်ရေး အဖွဲ့ (Collective Rapid Reaction Force- CRRF) ၏ စွမ်းပကားကို မြှင့်တင်ရန် ရည်ရွယ်၍ "Cooperation-2012" ဟု အမည် ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို အာမေးနီးယား နိုင်ငံတွင် ပြုလုပ်သည်။

၉-၁ဝ-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အာဖဂန် နစ္စတန်ရှိ နိုင်ငံတကာ တပ်ဖွဲ့များ၏ တာဝန်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးရေး ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်သည်။

၁ဝ-၁၂-၂ဝ၁၂ ရက်။ ကမ္ဘာ့ ကုန်သွယ်ရေး (WTO)၏ အထွေထွေ ကောင်စီ တာဂျစ်ကစ္စတန် နိုင်ငံအား အဖွဲ့ဝင် အဖြစ် အတည်ပြုသည်။

၁၂-၁၂-၂ဝ၁၂ ရက်။ NATO တပ်ဖွဲ့သည် ကာကွယ်ရေး အသုံးစရိတ် လျှော့ချရေးနှင့် အထူး တပ်ဖွဲ့များ ပိုမိုညှိနှိုင်း ဆောင်ရွက် နိုင်စေရေးတို့ အတွက် ပူးပေါင်း စစ်ဆင်ရေး နည်းလမ်းများ ဖွံ့ဖြိုးတိုးတက် စေခြင်းနှင့် ပူးတွဲ လေ့ကျင့်ခြင်း တို့ဖြင့် ၎င်းတို့၏ စွမ်းရည်ကို ဆက်လက် တိုးမြှင့် နိုင်စေရေး စွမ်းဆောင် ပေးနိုင်မည့် ၎င်း၏ အထူး တပ်ဖွဲ့များ ဆိုင်ရာ ဌာနချုပ်သစ် တစ်ရပ်ကို ဘယ်လ်ဂျီယံ နိုင်ငံ Mons မြို့တွင် ထူထောင် ဖွင့်လှစ်သည်။

http://bit.ly/YQMYUo
၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံတကာ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-