Saturday, 1 December 2012
လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ငြိနေပြီတဲ့
မကြာသေးခင်က မြန်မာ မဂ္ဂဇင်းလောကမှာ စထွက်ထွက်ခြင်း လူကြိုက်များတဲ့ လိင်ပညာပေး “ညှို့” မဂ္ဂဇင်းဟာ ခွင့်ပြုချက်တင်တုန်းက ဖက်ရှင် အသားပေးလို့ ဆိုပြီး၊ ထွက်ရှိလာတော့ လိင် အသားအပေး မဂ္ဂဇင်းဖြစ်နေလို့ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ လိုအပ်သလို အရေးယူဖို့ အတွက် ပြန်ကြားရေး ၀န်ကြီးဌာနက ရုံးစာ ထုတ်ပြန်လာပါတယ်။
မိုဘိုင်းဖုန်းအင်တာနက် သုံးစွဲခ ပြင်ဆင်မည့် အစီအစဉ် ဆက်သွယ်ရေး ပြန်စဉ်းစားမည်
ယနေ့မှစတင် ပြောင်းလဲကောက်ခံသွားမည်ဟုဆိုသည့် မိုဘိုင်းအင်တာနက်အသုံးပြုခများ ကို Dat Volume စနစ်အား ယခုနှစ် ကုန်အထိ ရွှေ့ဆိုင်း လိုက်ကြောင်း ယင်းလုပ်ငန်း၏ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
ကုလသမဂ္ဂ ဆုံးဖြတ်ချက် RNDP အပြင်းအထန် ကန့်ကွက်
ကုလသမဂ္ဂ
အထွေထွေ ညီလာခံ တွင် ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက် သော
ဆုံးဖြတ်ချက် ချရာတွင် ရိုဟင်ဂျာ မူစလင် အသုံး အနှုန်းနှင့် ၄င်းတို့အပေါ်
အကြမ်းဖက် ဖိနှိပ်နေသည်မှာ လက်ခံ နိုင်စရာ မရှိကြောင်း ဆုံးဖြတ် ခဲ့သည်ကို
ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က အပြင်းအထန် ကန့်ကွက်
ကြောင်း ထုတ်ပြန်ချက် တစ်စောင်ကို ယနေ့ ထုတ်ပြန် လိုက်သည်။
ဒီမိုကရေစီ အသွင်ပြောင်း ကာလ နောက်ပြန် ခြေလှမ်းလော
မကြာသေးခင်ကမှ တက်လာသော သတင်းများအရ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ကာ ဆန္ဒပြနေကြသည့် ရဟန်းသံဃာများနှင့် ဒေသခံ ပြည်သူလူထု ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူများက ယနေ့နံနက် လင်းအားကြီး ၃ နာရီခန့်တွင် အင်အားသုံး ဝင်ရောက် ဖြိုခွင်း လိုက်ကြောင်း သိရပါသည်။ ထိုသို့ ဖြိုခွင်းရာတွင် အင်အားပြင်း ရေပိုက်ဖြင့် ထိုးပက်ပြီးနောက် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ ထပ်ဆင့် အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သော ဖော့စဖိတ်ကြောင့် ပေါက်ကွဲ မီးလောင်မှုဖြစ်ပြီး တဲစခန်းများ မီးလောင်ခြင်း၊ ဆန္ဒပြ သံဃာတော်များနှင့် ဒေသခံများ မီးလောင်စုတ်ပြဲ ဒဏ်ရာများ ရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံ သတင်းထောက်များ ပေးပို့သော မှတ်တမ်း
ကျောက်ဖြူ ရခိုင်အိမ်ထောင်စု (၆၅) စု အိမ်ပြန်လည် ဆောက်ခွင့်မရ
“ အခု သူတို့နေတာက ကညင်တော သံဖြူကျောင်းမှာ ဖြစ်ပါတယ်။
ဘုန်းတော်ကြီးကျောင်းမှာ
Friday, 30 November 2012
သိန်း(၅၀၀)ကျော်ဆုံးရှုံးခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ
ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရုံးခဲ့သော မီးပုံးပျံတန်ဖိုးမှာ ကျပ်သိန်း (၅၀၀)ကျော် ရှိကြောင်း မီးပုံးပျံ ကျင်းပရေးကော် မတီဝင်များထံမှ သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ညဘက်လွှတ်တင်ခဲ့သော မီးပုံးပျံ အလုံးရေ
(၁၀၄)လုံးရှိပြီး ၄င်းတို့ထဲမှ အလုံးရေ (၂၀) မီးလောင်ပျက်စီး
ခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်ကမီးပုံးတွေကလည်း တော်တော်များတယ်၊မီးလောင်ဆုံးရှုံးတာကလည်း များတယ်၊ မီးပုံးတွေ မီးလောင် သွားတော့ကြ လွှတ်တဲ့သူတွေအတွက်ကတော့ ပျော်ရွှင်မှုမရကြဘူး”ဟု မီးပုံးပျံအမှတ်ပေး
“ဒီနှစ်ကမီးပုံးတွေကလည်း တော်တော်များတယ်၊မီးလောင်ဆုံးရှုံးတာကလည်း များတယ်၊ မီးပုံးတွေ မီးလောင် သွားတော့ကြ လွှတ်တဲ့သူတွေအတွက်ကတော့ ပျော်ရွှင်မှုမရကြဘူး”ဟု မီးပုံးပျံအမှတ်ပေး
မြန်မာက တရုတ်အတွက် ပို အရေးပါလာနေ
တရုတ်အစိုးရအနေနဲ့
ကမ္ဘာ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုမှု ပိုများလာပြီး
အမေရိကန်ပြည်ထောင်စုက အဲ့ဒီ နိုင်ငံတွေအပေါ် မှီခိုမှု လျော့ပါးသွားတာမို့
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအ
ပေါ်
ဗျူဟာမြောက် အားထားရမှု ကြီးမား လာလိမ့်မယ်လို့ လာမယ့် ဆယ်စုနှစ် ၂ စုအတွင်း
ရေနံထုတ်လုပ်မှုနဲ့ သုံးစွဲမှု အလားအလာဆိုင်ရာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ
(International Energy Agency – IEA)ရဲ့အကဲဖြတ်ချက် အသစ် ထဲမှာ
ရေးသားထား
အချိုမှုန့်လျှော့စားဖို့လိုလာပြီ
နှလုံးစသည့် ကုသရခက်သော ရောဂါများတစ်နှစ်ထက်တစ်နှစ်
တိုးပွားလာ ကြောင်း ပြောပြခဲ့သည်။
တကယ်တော့ ကျွန်တော့်အထင်ပြော ရရင် ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်၌ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်နေ သူတွေ၊ ဆီးချို၊ သွေးချိုသွေးတိုးစွဲကပ်နေသူတွေ ကို တွေ့မြင်ရပါပြီ။ ယင်းကဲ့သို့ဖြစ်ရခြင်း

မြန်မာအသင်း၏ အုပ်စုနောက်ဆုံး ပွဲစဉ်ကို မြောင်တောင် ကွင်းအစား ဆူပါချလာဆိုင်း ကွင်းသို့ပြောင်းရွှေ့ ကျင်းပမည်
ဆူဇူကီး ဖလား အုပ်စုပွဲစဉ်များ၏ နောက်ဆုံးပွဲများကို တစ်ပြိုင်ထဲ
ကျင်းပရန် စီစဉ်ထားရာ မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနှင့် ယှဉ်ပြိုင် ကစား ရမည့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို ယခင်ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့သည့် ရာဇမင်္ဂလာ ကွင်းတွင် ယှဉ်ပြိုင်ရမည် မဟုတ်ဘဲ ကွင်းပြောင်း၍ ကစားရမည်ဖြစ်သည်။
မူလက အဆိုပါ ပွဲစဉ်ကို ထိုင်းပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် မြောင်တောင် ယူနိုက်တက် အသင်းပိုင် SCG ကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ယခုအခါ များပြားစွာ လာရောက် အားပေးနေသည့် မြန်မာအသင်း ပရိသတ်များအတွက် ရည်ရွယ်ကာ

မြန်မာနိုင်ငံလုံး ဆိုင်ရာ သင်းလုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကြီးကို ၄ ရက်တာ ကျင်းပပြုလုပ် သွားမည်
လ ၄ ရက်နေ့ မှ ၇ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ်
သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့က Central Hotel မှာ
ကျင်းပပြုလုပ် ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဲ့ဒီ
ပြပွဲကြီးမှာ ပန်းချီ၊ ပန်းပု အပါအ၀င် ပန်း ၁၀ မျိုး ပညာရှင်များမှ ပညာရပ် ၁
ခုချင်းစီ အလိုက် ပြခန်းများ ပြသမှုတွေ အပြင် လာရောက်
ဗီယက်နမ်- မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီလက်မှတ်ရေးထိုး
ဗီယက်နမ်-
မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုဝင်ဘာ ၃၀ ရက်နေ့၌ သဘော တူညီမှု လက်မှတ်ရေး ထိုးခဲ့သည်။
အဆိုပါ သဘော တူညီမှုကို မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဗီယက်နမ်ကုန်သည်ကြီးများ အသင်းနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း တို့ကြား ရေးထိုး ခဲ့ခြင်း ဖြစ်သည်။
SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်
တွက်
SE-ME-WE-5ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့်
ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက်
ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း
ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3
နေရာမှာ အစား
စပိန် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေး အခြေ အနေ များကြောင့် အလုပ် လက်မဲ့နှုန်း မြှင့်တက်မည်
စပိန် နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် လာမည့် ၂ဝ၁၃ ခု နှစ်တွင် ၂၆ ဒသမ ၉ ရာခိုင်နှုန်း အထိ မြင့်တက် လာနိုင်ကြောင်း နိုဝင်ဘာလ ၂၇
ရက် နေ့တွင် ထုတ်ပြန် ခဲ့သည့် ''စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့'' (OECD) ၏ အစီရင် ခံစာအရ သိရှိရပါ သည်။
အဆိုပါ ခန့်မှန်းချက် အရ စပိန် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေး အခြေအနေ များကြောင့် လူဦးရေ ၆
အဆိုပါ ခန့်မှန်းချက် အရ စပိန် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေး အခြေအနေ များကြောင့် လူဦးရေ ၆
iPhone 5 ကိုအဆင့်မြင့် ဒီဂျစ်တယ် ကင်မရာအဖြစ် ပြောင်းလဲပေးမည့် i.am+ ကာဗာ
အမေရိကန် ဟစ်ပ်ဟော့အဆိုတော့ will.i.am နဲ့ ပူးပေါင်းလို့ ဗြိတိန်က foto-sosho ကုမ္မဏီက ကုန်ပစ္စည်းအသစ် တစ်ခု ထုတ်လုပ်ထားပါတယ်။ သာမန် အိုင်ဖုန်း တစ်လုံးကို 14 megapixel ရှိတဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ် ကင်မရာ အဖြစ်သို့ ပြောင်းလဲပေးမယ့် ဟန်းဆက်ကာဗာ ဖြစ်ပါတယ်။
Facebook က Android ကို ပြောင်းလဲ သုံးစွဲရန် တိုက်တွန်း
လူမှုကွန်ရက် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Facebook သည် ၄င်းတို့ ဖန်တီး ထားသော ပိုစတာ များကို အသုံးပြုကာ ဝန်ထမ်း များအား ၄င်းတို့၏
iPhones များအစား Android devices များကို ပြောင်းလဲ သုံးစွဲရန်
တိုက်တွန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ
ကတည်း က Facebook မှာ ၄င်းတို့၏ဝန်ထမ်း များအား iPhones များကိုစွန့်လွှတ် ပြီး Android devices များကိုသုံးစွဲရန် တိုက်တွန်းမှု အပြင်
အမိန့်ပေးမှုများ ပါရှိခဲ့သည်ဟု သတင်းများကဖော် ပြခဲ့ကြပြီးနောက်တွင်
အဆိုပါလူမှု ကွန်ယက်ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Facebook မှာ၎င်းတို့၏ စည်း ရုံးလှုပ်ရှားမှုကို ပိုမိုအရှိန်မြှင့်ဆောင်
ကုမ္ပဏီနှင့် စီးပွားရေး လုပ်ငန်းများ မှတ်ပုံတင် ထုတ်ပေးမှုမှာ လုပ်ငန်း လိုင်စင်ပေါင်း သုံးသောင်းကျော် ရှိသွားပြီဖြစ်
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက် တွေအရ ၂၀၁၂ ခုနှစ်
၁၀ လပိုင်း အကုန် ထိ ကုမ္ပဏီနှင့် စီးပွားရေး လုပ်ငန်း များအတွက် ကုမ္ပဏီ
လုပ်ငန်းများ မှတ်ပုံတင် ထုတ်ပေးမှုဟာ စုစုပေါင်း သုံးသောင်း
ကျော်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထုတ်ပေးရာမှာ မြန်မာ
ကုမ္ပဏီများ အနေနဲ့ စုစုပေါင်း နှစ်သောင်း ရှစ်ထောင့် လေးရာ ကျော်ရှိပြီး
နိုင်ငံခြား ကုမ္ပဏီနဲ့ ကုမ္ပဏီခွဲ များဟာ စုစုပေါင်း တစ်ထောင့် လေးရာ
ရှစ်ဆယ် ကျော်ရှိတာ ဖြစ်ပါတယ်။ဒါ့အပြင် လုပ်ငန်းရှင် များမှ
Patnership အနေနဲ့ လုပ်ဆောင်တဲ့ ကုမ္ပဏီ တစ်ထောင့် ခုနစ်ဆယ် ကျော်ရှိပြီး
ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ Joint Venture စနစ် နဲ့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်တဲ့ ကုမ္ပဏီ ၇၂ ခုနဲ့ Associate အနေနဲ့ တွဲဖက် လုပ်ဆောင်မယ့် ကုမ္ပဏီ ၅၅ ခုရှိတာ
ဖြစ်ပါ တယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့အမေရိကန် ဒေါ်လာ သန်းပေါင်း(၄၁၁၁.၈၉၀)သန်းရှိပြီး နိုင်ငံပေါင်း (၃၂)နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်း လုပ်ငန်းရှင် များမှ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ မြန်မာငွေ ကျပ်သန်းပေါင်း တစ်သန်း ကိုးသိန်းကျော် ကိုလည်း ရင်းနှီးမြှုပ်နှံ ထားတယ်လို့ သိရပါတယ်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု တွေထဲမှာ တရုတ်နိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒုတိယ အဆင့်နဲ့ ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အများဆုံး အနေနဲ့ ရေအား လျှပ်စစ် လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု မှာတော့
ဆောက်လုပ်ရေး လုပ်ငန်းမှာ အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV - 4

Subscribe to:
Posts (Atom)