Sunday, 2 September 2012

မင်းသား ကင်ဒေါင်ဝတ်ခ် စစ်မှုထမ်းပြီ

တောင်ကိုရီးယား မင်းသားချော ကင်ဒေါင်ဝတ်ခ် သည် သြဂုတ် ၃ဝ ရက်မှစတင်၍ စစ်မှု ထမ်းပြီ ဖြစ်ကြောင်း သိ ရသည်။ ကင်ဒေါင်ဝတ်ခ် သည် Chungnam Nonsan တပ်မတော် လေ့ ကျင့်ရေး ကျောင်း တွင် သီတင်းပတ် လေးပတ်မျှ စစ်ရေးလေ့ ကျင့် ရမည်ဖြစ်ပြီး ဆိုးလ်မြို့ရှိ ပြည်သူ့ ဆက်ဆံရေး ရဲတပ်မ ဌာနတွင် နှစ်နှစ်ကြာ တာဝန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

မင်းသား ကင်ဒေါင်ဝတ်ခ် စစ်မှုထမ်းပြီ

တောင်ကိုရီးယား မင်းသားချော ကင်ဒေါင်ဝတ်ခ် သည် သြဂုတ် ၃ဝ ရက်မှစတင်၍ စစ်မှု ထမ်းပြီ ဖြစ်ကြောင်း သိ ရသည်။ ကင်ဒေါင်ဝတ်ခ် သည် Chungnam Nonsan တပ်မတော် လေ့ ကျင့်ရေး ကျောင်း တွင် သီတင်းပတ် လေးပတ်မျှ စစ်ရေးလေ့ ကျင့် ရမည်ဖြစ်ပြီး ဆိုးလ်မြို့ရှိ ပြည်သူ့ ဆက်ဆံရေး ရဲတပ်မ ဌာနတွင် နှစ်နှစ်ကြာ တာဝန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးတွင် ခိုးကူးခွေများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်နိုင်ခဲ့

ရန်ကုန်တိုင်း၊ ဗဟန်မြို့နယ်၊ ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးခမ်းမကြီးထဲတွင် မြန်မာသီချင်း၊မြန်မာ ဇာတ်ကား၊မြန်မာ အငြိမ့်၊ ပြဇာတ်များကို ခိုးကူးပြီး စည်းမဲ့၊ ကမ်းမဲ့ရောင်း ချဖြန့်ဖြူးနေ တာနဲ့ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ် ၂၉ - ရက် နေ့လည် ၁း၀၀ နာရီကနေ ၃း၃၀ ထိ ပြုလုပ်ခဲ့ကြသည်။

""ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ""

ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာ မရှိ- တိုင်းရင်းသားလဲ မဟုတ်-အမေရိကပြည်ထောင်စု မှာ ပြောပြီအမေရိကြ ပည်ထောင်စုအစိုးရက ( Managing Media and Rupblic ) အစီ အစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။ 

သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် ABSDF ဗဟိုဥက္ကဌဟောင်းများ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်

      ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပ မှ ပြန်လည် ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီ လမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ဝန်ကြီးကလင်တန်နဲ့ ပစိဖိတ်ခေါင်းဆောင်များ ကျား-မ တန်းတူညီရေးဆွေးနွေး

ပစိဖိတ်တောင်ပိုင်း ကျွန်းစု နိုင်ငံတွေထဲက Cook Islands ရဲ့ မြို့တော် Rarotonga မှာ ပစိဖိတ်ကျွန်းစု ၁၆ နိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပစိဖိတ် ဒေသမှာ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ကျားမ မခွဲခြားဘဲ တန်းတူညီမျှ ရှိရေးကို တောင်းဆိုလိုက်ပါတယ်။

မြန်မာအမည်တပ်၍ တရုတ်နိုင်ငံထုတ် တားမြစ်ပျားရည် ပြည်ပတင်ပို့ရန် စီစဉ်


တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့တင်ပို့လျက်ရှိသည့် တားမြစ်ဆေးဝါးများပါရှိသည့် တရုတ်ပျားရည်များ ကို မြန်မာအမည်တပ်၍ အခြားပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် တရုတ်နိုင်ငံ မှဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့မှ ပြည်ပနှင့် ပူးပေါင်းကာ သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ အတွက် ကိုရီးယား ကုမ္ပဏီ တစ်ခုနဲ့ MoU နားလည်မှု စာချွန်လွှာ ရေးထိုး ထားတယ်လို့ သိရပါတယ်။

“ဗ” အက္ခရာယာဉ်များ စက်တင်ဘာ ၅ ရက်တွင် စတင်လက်ခံမည်

နိုင်ငံတော် အစိုးရသည် ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း စီမံချက်ကို ၁၁.၉.၂၀၁၁ ရက်နေ့တွင် ပထမအကြိမ်အဖြစ် နိုင်ငံပိုင် သတင်းစာများ၌ သတင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဆောင်ရွက်လျက်ရှိပါသည်။

သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအထိတိုးမြှင့်၍ ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်း

အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်တိုက်ပြု လုပ်နေသ ည့် နိုင်ငံတော် သမ္မတကြီး က နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနကို ခြောက်ခုအထိ တိုးချဲ့ဖွဲ့စည်းလိုက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန များကို ၃၆ ခုအထိ တိုးမြှင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားခဲ့သည်။

Saturday, 1 September 2012

ဖားကန့်မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ

ဖားကန့်မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ

1 Sep 2012(သစ်ထူးလွင်)

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ KIA အဖွဲ့မှ အဓမ္မခြိမ်းခြောက်ဆက်ကြေးကောက်ခံမှုတွေရှိနေ ကြောင်း သိရပါတယ်။ လက်ရှိ KIA ရင်း ၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်းကျော်နေပြီလို့ သိရ ပါတယ်။
ကုမ္ပဏီအကြီးအသေး ဈေးဆိုင်မျိုးစုံ ကွမ်းယာဆိုင်မကျန် ကုမ္ပဏီမရှိတဲ့ အရောင်းအ၀ယ်သမား နောက်ဆုံးပွဲစားမကျန် အကုန်လုံး KIA ကို ဆက်ကြေးပေးရကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောပြတယ်။
``KIA က စာနဲ့လှမ်းခေါ်တယ် ဘယ်လောက်ပေးပါဆို ပေးရတယ် တွေ့လား မင်းထက် ချမ်းသားတဲ့ကောင် တွေတောင်  ၆ ပေါက်ထဲ ထည့်ထားတာ မင်းတို့က ငါတို့အဖွဲ့အစည်းကို မလေးစားတာလား ပေးလဲပေးရတယ်၊ အချိန်းခြောက်လဲ ခံရတယ်´´ ကိုယ်တိုင် ဆက်ကြေးသွားဆောင်ခဲ့ရတဲ့ ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။
ဖားကန့်မြို့နယ် ဆန်ခါရွာ အစိုးရစစ်တပ် ဂိတ်ဖြတ် ၁ ဖာလုံသာသာလောက်မှာရှိတဲ့ နယ်ခြားချောင်းကူးတံတား ကျော် လိုက်ရင် သူ KIA နယ်ထဲရောက်ရှိပြီး အဲ့ဒီနားက KIA စခန်းမှာ ဖားကန့်မြို့ ပြည်သူတွေ ဆက်ကြေးသွား ဆောင်ရတယ်လို့ ဆိုပါတယ်။
တဖက်ခြမ်းမှာရှိတဲ့ KIA စခန်းကို ပိုက်ဆံတွေ သိန်းပေါင်းများစွာ ဒီဆန်ခါစစ်တပ်ဂိတ်ကို ဖြတ်ပြီး သွားပေးတာကို အစစ်အဆေးမရှိ ဒီတိုင်း လွှတ်ပေးနေတာ ဘယ်လိုသဘောလဲဆိုတာ နိုင်ငံတော်အစိုးရရဲ့ သဘောကို လုံးဝ နားမလည်ဘူး၊ KIA ဆက်သွယ်မှု ၁၇/၁ ဖမ်းကြေးဆိုရင် ဖားကန့်တစ်နယ်လုံး ထောင်ချလိုက်ရုံဘဲရှိတယ်၊ နိုင်ငံတော် အစိုးရဟာ ဖားကန့်လူထုကို ပစ်ထားသလို ခံစားရကြောင်း ဖားကန့်မြို့ခံက Myanmar News Now ကို ပြောပြပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ KIA အဖွဲ့မှ အဓမ္မခြိမ်းခြောက်ဆက်ကြေးကောက်ခံမှုတွေရှိနေ ကြောင်း သိရပါ တယ်။ လက်ရှိ KIA ရင်း ၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်းကျော်နေပြီလို့ သိရ ပါတယ်။

KNU ကိုယ်စားလှယ်များ တတိယအကြိမ်ဆွေးနွေးရန်ထွက်ခွာ။

၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၈၈

မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီရေးဆွဲထားသော ဂစ်တာကို လေလံဆွဲယူတာ ဖြစ်ပါတယ်။ အခုအခါ အဆိုပါ ဂစ်တာကို လေလံစတင်နေပြီးဖြစ်ပြီး ၈ သိန်း ၈ သောင်းနဲ့ လေလံစတင်ကာ (၁) သိန်း ၂၀ (၂) သိန်း ၅၀ (၃) သိန်း (၄) ၈၈ သိန်း (၅) ကိုဝင်းနိုင်မှ သိန်း ၁၀၀ (၆) ကိုဇော်စိုးအောင် ၁၀၈ သိန်း ၈ သောင်း ၈ ထောင် (၇) ၁၈၈ သိန်း ၈ သောင်း ၈ ထောင် (၈) ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၂၀၈ သိန်း (၉) Sky Net မှ ၂၈၈ သိန်း ၈ သောင်း ၈ ထောင် (၁၀) ဦးဇော်ဇော်မှ သိန်း ၃၀၀ တိတိ (၁၁) ၃၈၈ သိန်း ၈ ထောင် (၁၂) ဦးဇော်ဇော်မှ သိန်း ၄၀၈ သိန်း (၁၃) Sky Net ရုပ်သံမှ ၄၈၈ သိန်း (၁၄) ဦးဇော်ဇော်မှ သိန်း ၅၀၀ (၁၅) SKY Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားပါပြီ။

ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း

သြစတြေးလျနိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံ ထုတ်ကားများတွင် အဆုတ်ကင်ဆာဖြစ်စေသော Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြုထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံထားကြောင်း စက်မှုဝန်ကြီး ဌာနမှ ရုံးအဖွဲ့မှူး ဦးသွင်မြင့်မောင်က ပြောကြားသည်။

ကိုမိုးသီးဇွန်နှင့်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ၊ ရွှေတိဂုံဘုရား ဖူးမြော် (ရုပ်သံ)




အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်

လွန်ခဲ့သည့် အနှစ် ၅၀ ကျော် မြန်မာ့ပညာရေးစနစ်သည် အရှေ့တောင်အာရှတွင် ထိပ်ပိုင်းတစ်နေရာဝယ် ရှိခဲ့သော်လည်း ယခုအချိန်တွင် စင်္ကာပူ၊ မလေးရှား၊ ထိုင်း တို့နောက်ရောက်နေ၍ မြန်မာ့ပညာရေးမှာ အောက်ကျနောက်ကျ ဖြစ်နေရကြောင်း ကုန်သည် စက်မှုအသင်းချုပ် လစဉ် ဟောပြောပွဲတွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ဒေါက်တာဦးသိန်းက “အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေး စနစ်"ဟူသည့်ခေါင်းစဉ်ဖြင့် ယနေ့ ဟောပြောခဲ့သည်။

လှည်းတန်း ခုံးကျော်တံတား ၂၀၁၃ သင်္ကြန် မတိုင်မီ ပြီးမည်မှန်း

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့ရှိ လမ်းမကြီး ငါးလမ်း ဆုံရာ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ကားလမ်း ခုံးကျော်တံတားတစင်း တည်ဆောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ ဧပြီလ သင်္ကြန်မတိုင်ခင် ပြီးစီးမည်ဟု မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံလိုသော်လည်း ဥပဒေသစ် ဒိန်းမတ် ဘဝင်မကျသေး

ရန်ကုန် (မဇ္ဈိမ)။            ။ ဒိန်းမတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား ရှိလှသော်လည်း ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အပေါ် အားမလိုအားမရဖြစ်နေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး Mr. Mikael Hemniti Winther က ပြောဆိုလိုက်သည်။

နာမည်ပျက်စာရင်းနှင့် စောင့်ကြည့်စာရင်းများ ဆက်ရှိနေဦးမည်

ရန်ကုန်မြို့ သို့ ရောက်ရှိလာသော ABSDF
 ဥက္ကဌ ဟောင်း ကိုမိုးသီးဇွန်
နာမည်ပျက်စာရင်း(Black List)များ ထပ်မံ ပယ်ဖျက်ပေးသွား မည် ဖြစ်သော်လည်း ယင်းစာရင်း ဆက်လက် ရှိနေဦးမည်ဖြစ် ပြီး စောင့်ကြည့် (Watch List) စာရင်းများ လည်း ရှိနေဦး မည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီကို ပြော သည်။

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး လာမည်


ကနေဒါ ကုန်သွယ်ရေးဝန်ကြီး အက်ဒ်ဖတ်စ်ဟာ လာမယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကနေဒါအခြေစိုက် သတင်းတွေအရ သိရပါတယ်။