Thursday, 16 August 2012
UNHCR ရုံးရှေ့တွင် ဆန္ဒပြသူများ တရားစွဲခံရမှု တရားလို သက်သေများကို စတင် စစ်ဆေး
ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး
(UNHCR) ရှေ့တွင် ဆန္ဒ ဖော်ထုတ် ခဲ့သူများ အနက် ၄ဦးကို
စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲထားပြီး
သြဂုတ်လ ၁၆ရက်နေ့တွင် တရားလို သက်သေကို စတင် စစ်ဆေးခဲ့ကြောင်း တရားစွဲဆို
ခံထားရသူ တစ်ဦးဖြစ်သော ဦးဝင်းခန့်က ပြောကြားသည်။
မြစ်ရေကြီးမှု အခြေအနေသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် (၁၃း၀၀) နာရီ အချိန် ထုတ်ပြန်ချက်) - မိုးဇလ
စစ်တောင်းမြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ မဒေါက်မြို့ တွင် (၁၂၀၈) စင်တီမီတာသို့  ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၃၈) စင်တီမီတာ (၄.၅-ပေခန့်) ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃) ရက် အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၁၀၇၀) စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။
လေလှိုင်းပေါ်က အသားထဲက " လောက် " အမျိုးသား သစ္စာဖောက်များ
မြန်မာနိုင်ငံဟာ “crime against humanity” ကို ကျူးလွန်ခြင်း ရှိပါသလား
OIC က ကျွန်တော်တို့ မြန်မာနိုင်ငံကို UN တင်မယ့် ခေါင်းစဉ်က
“crime against humanity” လို့ ဆိုပါတယ်။ (It described as a “crime
against humanity” the Myanmar government’s handling of minority
Muslims.)
R2P- responsibility to
protect Civilian မှာ ပါတာက (၁) genocide, (၂) war crimes, (၃) ethnic
cleansing နဲ့ (၄) crimes against humanity ဆိုပြီး ရှိပါတယ်။ crimes
against humanity က အနိမ့်ဆုံး ဆိုပါတော့။
ဌာနတွင်း မကျေနပ်မှုများကြောင့် DVB သတင်းထောက်များ သပိတ်မှောက်
ဌာနတွင်း အုပ်ချုပ်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောမကျသဖြင့် လွတ်လပ်သော ဒီမိုကရက် တစ်အသံ သတင်းဌာန၏
မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်များမှ သတင်းတစ်ပုဒ်မျှ
ရေး သား ရိုက်ကူးခြင်းမရှိဘဲ သပိတ်မှောက်လျှက်ရှိကြောင်းသိရသ ည်။
ဆီးရီးယားတွင် အစိုးရတပ်က ဗုံးကြဲတိုက်ခိုက်
ဆီးရီးယားတွင် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များက
ထိန်းချုပ်ထားသည့် မြို့တစ်မြို့ကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
လူ(၂၀)ထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ ဆီးရီးယား အစိုးရ လေတပ်မှ
တိုက်လေယာဉ်များသည် ဗုဒ္ဓဟူးနေ့က အာဇက်မြို့ကို နှစ်ကြိမ်တိုင် ဗုံးကြဲ
တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၂၀) သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့က
ပြောကြားခဲ့သည်။ ထို့အပြင် အမြောက်အမြား ဒဏ်ရာရခဲ့သလို အချို့သော
ကလေးငယ်များသည် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဟုလည်း သတင်းများက
ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ အပေါ် စတော့ ဈေးကွက် ဥပဒေနှင့် ပတ်သက်ပြီး ဂျပန်တို့ ကူညီမည်
ဂျပန် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အတွင်း စတော့ဈေးကွက် ထူထောင်မှုတွင် ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ရေးဆွဲရာ၌အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံမှာ လာမည့် ၂၀၁၅ အကုန်တွင် ဂျပန်မှ Tokyo Stock Exchange
နှင့် Daiwa Securities Group တို့၏ အကူအညီဖြင့် စတော့ဈေးကွက် ထူထောင်ရန်
စီစဉ်ထားပြီး အဆိုပါ စီမံကိန်းမှာ ဒီမိုကရေစီ အရေး အသွင် ပြောင်းမှုတွင်
စီးပွားရေး တိုးတက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း NHKမှ ဆိုသည်။
တပ်မတော်ရှိ တပ်ရင်း တပ်ဖွဲ့အသီးသီး တွင်ကလေး စစ်သား စု ဆောင်း ထားခြင်း မရှိကြောင်းသက် ဆိုင်ရာ တပ်ရင်းမှုး၊ တပ်ရေး ဗိုလ်များ က ခံဝန်လက်မှတ်ရေး ထိုးထားရ
တပ်မတော်ရှိ
တပ်ရင်း တပ်ဖွဲ့အသီးသီးတွင်ကလေး စစ်သားစု ဆောင်းထားခြင်း မရှိကြောင်းသက်
ဆိုင်ရာ တပ်ရင်းမှုး၊ တပ်ရေးဗိုလ်များ ကခံဝန်လက်မှတ်ရေးထိုးထားရကြောင်း ILO မှတာဝန်ရှိသူ တစ်ဦး ကပြော ကြား သည်။
ရိုဟင်ဂျာအရေး ကုလသို့တင်မည်ဟု OIC ဆုံးဖြတ်
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေးအား ကုလသမဂ္ဂသို့တင်ပြသွားမည်ဟု OIC အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
“ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ ဒီကိစ္စ ( ရိုဟင်ဂျာအရေး )ကို တင်ပြသွားဖို့အစည်း အဝေးက ဆုံးဖြတ်ခဲ့ပါတယ်”ဟု OIC၏ထုတ်ပြန် ချက်တွင်ပါရှိသည်။ရိုဟင်ဂျာများ အား ထောက်ပံ့မှုများပေးအပ်ရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည် ဟု OIC က သြဂုတ်လ ( ၁၁ )ရက်ကထုတ်ပြန်ထားသည်။
ref:popular
“ပွင့်သောပန်းတိုင်း လန်းစေလို”
ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း
နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ၀င်လာသည်။ ညနေ
လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့်
တည်းခိုခန်း များရှိ ၀န်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို
မျက်လုံးချင်း မဆုံစေရ။ လိုအပ် သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။
ဧည့်သည်အကြောင်းကို အချင်းချင်း သော် လည်းကောင်း၊ အပြင်ကိုသော်လည်းကောင်း
လုံးဝမပြောရ။
မြန်မာတွေရဲ့  အသားထဲက " လောက် " သို့မဟုတ် " ဧရာဝတီ မီဒီယာ "
အခုဖော်ပြထားတဲ့ သတင်းနှစ်ခုဟာ မီဒီယာတစ်ခုတည်းက အယ်ဒီတာအဖွဲ့တစ်ခုတည်းက တာဝန်ယူပြီး အင်္ဂလိပ်နဲ့ မြန်မာ နှစ်ဘာသာနဲ့ တင်ထားတာဖြစ်ပါတယ်..။ မြန်မာလိုရေးထားတဲ့သတင်းဟာ တကယ့် သတင်းမှန်ဖြစ်ပေမယ့် အင်္ဂလိပ်လိုတင်တဲ့ သတင်းမှာ သုံးထားတဲ့ ဓာတ်ပုံ၊ နဲ့ နောက်ခံအကြောင်း အရာတွေကို သုံးသပ်ခြင်း၊ သာသာထိုးထိုးဖော်ပြခြင်း၊ ထောက်ပြထားခြင်းဟာ ဘာကိုရည်ညွှန်းနေ တယ်ဆိုတာ အားလုံးသိကြမှာပါ..။ အဲဒါကိုကြည့်ရင် ဒီမီဒီယာရဲ့ မရိုးသားမှု၊ ကောက်ကျစ်စဉ်း လဲ မှုနဲ့ ပြည်တွင်းကို သိစေချင်တာကတမျိုး၊ ကမ္ဘာကို သိစေချင်တာကတစ်မျိုး စသဖြင့် လှေနံနှစ် ဖက်နင်းထားမှုနဲ့ ဘယ်ဖက်ကို အရေးသာနေသလဲဆိုတာကို ပေါ်လွင်စေပါတယ်.။
Subscribe to:
Posts (Atom)











