Wednesday, 25 November 2015

ရန်ကုန်-ပုဂံ ရထားပေါ်တွင် ရထားစားပွဲထိုးက နိုင်ငံခြားသူကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်

ပုဂံသို့ အလည်လာသည့် ဟောင်ကောင်သူတစ်ဦးကို ရန်ကုန်-ပုဂံရထားပေါ်တွင် ရထားစားသောက်ဆိုင် စားပွဲထိုးတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးသည့်အပေါ် အခြေခံ၍ ပြန်လည်ဆွေးနွေး ရန် ပြင်ဆင်ထားဟု တပ်ချုပ်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုပါက သူမဘက်က ဆွေးနွေးသည့်အပေါ်တွင်သာ ပြန်လည် ဆွေးနွေး ရန် ပြင်ဆင်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၀ါရှင်တန် ပို့စ် သတင်းစာအား ဖြေကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ရေး မြန်မာကြိုးပမ်းမည်

 မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအဖွဲ့မှ လွတ်မြောက်နိုင်ရန် ကုလသမဂ္ဂထံ တင်ပြ ထား ပြီး ၂၀၁၈ ခန့်တွင် ကုလ၏ စစ်ဆေးမှုကိုခံယူရမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

အာဆီယံ နည်းပညာ ထူးချွန်ဆု မြန်မာ MIT ကုမ္ပဏီ ပထမဆုံး ဆွတ်ခူး

အာဆီယံနည်းပညာထူးချွန်ဆု (eASEAN)ကို မြန်မာနိုင်ငံ ကိုယ်စားပြု၍ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာ ကုမ္ပဏီ(MIT)က ပထမဆုံးအ ကြိမ်ရရှိခဲ့ကြောင်း သတင်းရရှိ သည်။

ကျေးသီးမြို့ရှိ စစ်ရှောင်စခန်းတွင် ဒုက္ခသည်အချို့ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား

ရှမ်းပြည်နယ်ကျေးသီးမြို့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ (ဓာတ်ပုံ - တင်ဦး)
ရှမ်းပြည်နယ်တောင် ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဝ စစ် ဘေးရှောင်ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်အချို့ ၀မ်းပျက်၊၀မ်းလျှောရောဂါများ ဖြစ်ပွားနေ ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူကို ယခုအစိုးရလက်ထက် အပြီးရွေးချယ်မည်

ရခိုင်ပြည်နယ် ကျောက် ဖြူအထူးစီးပွားရေး ရင်းနှီးတည်ထောင်သူ (Developer)အဖြစ်လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီစာရင်းကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း စိစစ်ရွေးချယ်ရေး အဖွဲ့ ကပြောသည်။

ပြည်တွင်းစစ်ရပ်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများဦးဆောင်ဆန္ဒထုတ်ဖော်


စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒဖော်ထုတ်နေရကြစဉ် (ဓာတ်ပုံ − ညီညီဇော်)
ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်များအမြန် ဆုံးရပ်တန့်ရန် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများက ဦးဆောင် ၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြောင်းသတင်းရရှိသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ခါးပိုက်နှိုက်သတိထားရန် နေ့စဉ်သတိပေးနေရ

တောင်ကြီးမြို့ မီးပုံးပျံပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကာလအတွင်း တောင်ကြီးမြို့၊ မြို့မဈေးကြီး၌ပွဲတော်သို့ လာ ရောက်လည် ပတ်သည့်ဧည့်သည်များပြားနေ၍ ခါးပိုက်နှိုက်အန္တရာယ်သတိပြုရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေး နေကြောင်း မြို့မဈေးကြီးတာဝန်ခံ ဦးခင်အေးက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီ စတင်ဖွဲ့စည်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲမြင်ကွင်းတစ်ခု (ဓာတ်ပုံ − ကျော်ဇင်သန်း)
 နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီတို့မှ ကိုယ် စားလှယ် ရှစ်ဦးစီဖြင့် နိုဝင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းလိုက်သည်။

မိုင်းရှူးတွင် ဗုံးပေါက်ကွဲ နှစ်ဦးဒဏ်ရာရ

မိုင်းရှူးမြို့နယ် ခိုစုံကျေးရွာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး  အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးများ ကျဆင်းခြင်းမရှိ

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ယာဉ်ရောင်းဝယ်ရေးစခန်း၌ ရပ်နားပြသထားသော ကားများ(ဓာတ်ပုံ-နစ်ကီ)
ရွေးကောက်ပွဲကာလပြီး နောက် ကားတင်သွင်းမှု လျော့နည်းလာပြီး အရောင်းအ၀ယ် အေးနေသော်လည်း ကားဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း မော်တော်ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူများက ပြောသည်။

စာသင်ကျောင်းနှင့် ကျေးရွာလမ်း အဆင့်မြှင့်ရန် ဂျပန်အစိုးရက ကန်ဒေါ်လာ လေးသိန်းကျော် ကူညီမည်

တိုင်းဒေသကြီးသုံးခုတွင် စာသင်ကျောင်းများဆောက်လုပ်ရေးနှင့် ကျေးရွာလမ်းမြှင့်တင် ရေးစီမံကိန်းသုံးခု အတွက် ဂျပန်နိုင်ငံက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ လေးသိန်းကျော် ထောက်ပံ့ကူညီမည် ဖြစ် ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၀ါရှင်တန်ပို့စ်သတင်းစာမှ Elizabeth Weymouth တို့၏ အင်တာဗျူး မေး/ဖြေ

မေး - အာဏာလွှဲပြောင်းပေးရေး ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်အချိန် တွေ့မှာပါလဲ။
ဖြေ - ဒီဇင်ဘာလထဲမှာပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ တွေ့ဆုံမှာပါ။

ညှဉ်းပန်းနှိပ်စက်ခံရသော ကလေးငယ်၏မိသားစုအား ကျပ်သိန်း ၁၀၀ ပေး၍ အမှုပိတ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်ဟုဆို

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ နေသကဲ့သို့ ‘အမျိုးသားလွှတ် တော် တပ်မတော်သားကိုယ်စား လှယ်၏ နေအိမ်မှ ညှဉ်းပန်းနှိပ် စက်ခံရသော ကလေးငယ်၏မိခင် အား ကျပ်သိန်း ၁၀၀ ပေးကာ အမှုပိတ်သိမ်းခဲ့သည် ဆိုခြင်း မှာ မ ဟုတ်မှန်ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော် ထွဋ်က ပြောသည်။

Monday, 23 November 2015

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိက ဆောင်ရွက်နေပြီး ဥရောပ၊ အမေရိက နိုင်ငံများနှင့် ကုန်သွယ်မှု နည်းပါးနေ

အီးယူအသိအမှတ်ပြု ရေထွက်ပစ္စည်းစက်ရုံတစ်ရုံမှ ပြည်ပတင်ပို့မည့် ရေထွက်ပစ္စည်းများကို ပြုပြင် ထုတ် လုပ်နေသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အာရှနိုင်ငံများနှင့် အဓိကဆောင်ရွက်နေပြီး ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံများနှင့် ကုန်သွယ်မှုမှာ နည်းပါးနေသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ နောက်လိုက်များအား ခရီးသွားများနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် အသိပေး ညွှန်ကြားထား

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ခရီးသည်တင်များနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် သတိပေး ညွှန်ကြားထားကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။

အစိုးရသစ် အမျိုးသားရေး ရပ်တည်ချက်ကို စောင့်ကြည့်ရန် ဒေါ်ခင်ဝိုင်းကြည် တိုက်တွန်း

အမျိုးသားရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် နောင်တက်လာမည် အစိုးရအသစ်၏ ရပ်တည်၍ ဦးတည် ချက်များကို လုပ်ဆောင်ချက်များကို ပြည်သူများ အနေဖြင့် ဒေါ်င်ဝိုင်းကြည်က ယမန်နေ့က ပြုလုပ် သော အစည်းအဝေးပွဲတွင် ပြောသည်။

ခြိမ်းခြောက်၍ ရွှေပါဗြုံးများ ခိုးယူမှုဖြင့် ရွာသား (၁၀၀) ကျော်အား အမှုဖွင့်

မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက်ကျေးရွာရှိ ရွာသူ/သား (၁၀၀) ကျော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သတ္တုတွင်း အင်ဂျင်နီယာရုံး၊ ငါးမိုင်ကျေးရွာမှ ပြန်လည် လုပ်ကိုင်ခွင့်ပြုမိန့် ရရှိထားသည့် မြန်မာရူဘီ အင်တာပရိုက် ကုမဏီ၏ လုပ်ကွက် အတွင်းရှိ ရွှေပါဗြုံးမြေများအား တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြိမ်းခြောက်၍ သယ်ဆောင်ခိုးယူမှုဖြင့် အမှုဖွင့် အရေးယူမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်တပ်ဖွဲ့မူးရုံးက သိရသည်။

IS အကြမ်းဖက်အဖွဲ့အား အချိန်တိုအတွင်း အနိုင်ရရှိရန် မဖြစ်နိုင်ဟုဆို

အစ္စလာမ်နိုင်ငံတော်(IS) အကြမ်းဖက် အဖွဲ့အပေါ် မြန်မြန်ဆန်ဆန်နှင့် အောင်ပွဲခံနိုင်မည် မဟုတ်ကြောင်း ပြင်သစ်စစ်ဦးစီးချုပ် ပီရီဒီဗီလီယာစ်က တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

ကိုယ်နဲ့ ပြတ်သွားတဲ့ ရည်းစားဟောင်းကို ဘလော့စရာမလိုဘဲ ရှောင်နိုင်မယ့် tool အသစ်တွေကို Facebook စတင်မိတ်ဆက်

နိုဝင်ဘာ ၁၉ ရက်နေ့ ၊ ကြာသပတေးနေ့ မှာ Facebook ဟာ ကိုယ်နဲ့ ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းကို Facebook ပေါ်မှာရှောင်နိုင်မယ့် tool အသစ်တွေကို စတင်ကြေငြာခဲ့ပါတယ်။