Wednesday, 18 November 2015

ရန်ကုန်မြို့တော် စည်ပင်က ကွမ်းတံတွေး ထွေးသည့် အိပ်များ ရောင်းချ

စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေး အစဉ်တစ်ခုအနေဖြင့် ကွမ်းတံတွေး ထွေးသည့် အိပ်များကို ရောင်းချပေးလျှက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော် က ပြောသည်။

လုံခြုံရေးကြောင့် ဘောလုံးပွဲ ဖျက်လိုက်ရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး ဥရောပနိုင်ငံတွေမှာ သတိအနေ အထား တပ်လှန့်ထားရာမှာ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့မှာ အင်္ဂါနေ့ညက ကျင်းပမယ့် ဂျာမနီနဲ့ နယ်သာလန် နိုင်ငံတကာ ချစ်ကြည်ရေး ဘောလုံးပွဲကို လုံခြုံရေး စိုးရိမ်ရတာကြောင့် မကျင်းပဖြစ်ဘဲ ရွှေ့ဆိုင်းလိုက် ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးJoint Implementing Coordinating Meetings (JICM) ဒုတိယနေ့ ကျင်းပပြုလုပ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးJoint Implementing Coordinating Meetings (JICM) ဒုတိယနေ့ ကို နေပြည်တော် Horizon Lake View hotel တွင် နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် ၉ နာရီ တွင် ကျင်းပပြုလုပ် လျက်ရှိကြောင်းသိရသည်။

စမ်းချောင်းရဲစခန်းရှေ့တွင် ရမ်းကားခဲ့သည့် ဘာသာရေးဆရာအမှု ဒီဇင်ဘာလဆန်း အပြီးသတ်လျှောက်လဲချက်တင်မည်

စမ်းချောင်းရဲစခန်းရှေ့ တွင် ရမ်းကားခဲ့မှုကြောင့် တရားစွဲ ဆိုခံထားရသည့် ဘာသာရေး ဆရာ ဦးခင်မောင်မြင့် အမှုကို ဒီဇင် ဘာ ၁ ရက်၌ စမ်းချောင်းမြို့ နယ်တရားရုံးတွင် အပြီးသတ်လျှောက်လဲချက် တင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းမီဒီယာကောင်စီသစ် လုပ်ငန်းတာဝန်လွှဲပြောင်းရေးတွေ့ဆုံပွဲ နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည်

အသစ်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီထံသို့ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးရန်  နိုဝင်ဘာ ၂၅ ရက်တွင် လက်ရှိစာနယ်ဇင်းကောင်စီနှင့် သတင်းမီဒီယာကောင်စီတို့ တွေ့ ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အမြန်လမ်းတွင် အိမ်စီးကားနှင့်လိုက်ထရပ်ယာဉ်တိုက်မိ၊ ခရီးသည် ကိုးဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် နိုဝင်ဘာ ၁၇ ရက် နံနက်၌ အိမ်စီးယာဉ်က လိုက်ထရပ်ယာဉ်ကို နောက်မှဝင်ရောက် တိုက်မိခဲ့သည့်အတွက် အသက် (၃) နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး လူကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်တိုက်မှု၌ ပါဝင်ကူညီသူတစ်ဦးက ပြောသည်။

လုံခြုံရေးစိုးရိမ်မှုများကြောင့် ဘယ်လ်ဂျီယံနှင့် စပိန်ပွဲ ဖျက်သိမ်း

ပါရီမြို့တွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘရပ်ဆဲလ်မြို့၌ကျင်းပရန် စီစဉ်ထားသော ဘယ်လ်ဂျီယံ နှင့် စပိန် ခြေစမ်းပွဲကို လုံခြုံရေးစိုးရိမ်မှု များကြောင့် ဖျက်သိမ်းခဲ့သည်။

ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးအပြီး ခေတ္တတွေ့ဆုံ

 နိုဝင်ဘာ ၁၇ ရက်တွင် ပြုလုပ်သော လွှတ်တော်အ စည်းအဝေးများအပြီး မွန်းလွဲ ၂ နာရီခန့်၌ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။တွေ့ဆုံမှုသည် သာမန်တွေ့ ဆုံမှုသာဖြစ်ပြီး သာကြောင်း၊ မာ ကြောင်းသာပြောဆိုခဲ့ကာ နောင် လာမည့် လွှတ်တော်အသစ်နှင့် ဆိုင်သည့် မည်သည့်ကိစ္စရပ်ကိုမျှ ပြောဆိုခြင်းမရှိခဲ့ကြောင်း အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က ပြောသည်။

ကူးတို့ဆိပ်ရပ်ကွက်တွင် ဂက်စ်ပိုက်လိုင်းယိုစိမ့်ရာမှ မီးလောင်မှု ဖြစ်ပွား

မင်္ဂလာတောင်ညွန့်မြို့ နယ် ကူးတို့ဆိပ်ရပ်ကွက်ရှိ ဆိပ်ကမ်းမြို့နယ် မိသားစုရဲရိပ်သာဝင်းအတွင်း နှစ်လက်မ အရွယ် ဂက်စ်ပိုက်လိုင်း ဆွေးမြည့်ပေါက်ပြဲရာမှ ယိုစိမ့်လာသည့် ဓာတ်ငွေ့များမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲမှူးသိန်းအောင် က ပြောသည်။

ချင်းတွင်းရေကြောင်းသွားခရီးသည်ရေယာဉ်များ နိုဝင်ဘာ ၁၅ရက်မှစ၍ ညအချိန်မပြေးဆွဲတော့

ချင်းတွင်းမြစ်အတွင်း သွားလာနေသော ရေယာဉ်တစ်စီး(ဓာတ်ပုံ-မျိုးမင်းဦး)
မုံရွာမြို့အခြေပြုပြေးဆွဲ နေသော ချင်းတွင်းရေကြောင်း သွားခရီးသည်တင်ရေယာဉ်များ ဘေးအန္တရာယ် ကင်းဝေးစေရန် နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ညအချိန်ပြေးဆွဲခြင်းမရှိဘဲ ညအိပ်စခန်းများ ဖွင့်လှစ်ထားရှိ သည့် မြို့ရွာများတွင် ရပ်နားလျက်ရှိကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုများအယူခံပါက ကော်မရှင်ဆုံးဖြတ်ချက်သာအပြီးအပြတ်ဖြစ်မည်

ရွေးကောက်ပွဲရလဒ်အ တွက် တိုင်ကြားလာမည့် ကန့် ကွက်လွှာများကို ကော်မရှင်အဖွဲ့ ၀င် တစ်ဦးနှင့် ဥပဒေပညာရှင် နှစ်ဦးတို့ဖြင့် ခုံရုံးဖွဲ့စစ်ဆေးမည် ဖြစ်ပြီး ခုံရုံး၏အဆုံးအဖြတ်ကို မကျေနပ်ပါက ခုံရုံးက ဆုံးဖြတ် ပြီး ၁၅ ရက်အတွင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ အယူခံဝင်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒီချုပ်ပါဝင်လာမည် ယုံကြည်ကြောင်း ဖဒိုစောကွယ်ထူးဝင်းပြော

 ရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှာ အစိုးရသစ်ဖွဲ့ ခွင့်ရရှိနေပြီး ၎င်းအစိုးရ သစ်သည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်လာမည်ဟု ယုံ ကြည်ကြောင်း ကရင်အမျိုးသား အစည်းအရုံးအ ထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ဒုတိယအကြိမ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယခင်နှစ်ထက် လုံခြုံရေးနှစ်ဆတိုးမြှင့်ထား

နိုဝင်ဘာ ၁၇ ရက်က တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင် လုံခြုံရေးအတွက်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့တို့လေ့ကျင့်နေကြစဉ်(ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း)
ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအ တွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ချထားကြောင်း တောင် ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုင်းဆိုင်ဝမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်လာမည့် ဆောက်လုပ်ဆဲကွန်ဒို၌ မီးလောင်

မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက်၊ ပါရမီလမ်းနှင့်ဦးထွန်းငြိမ်းလမ်းထောင့်ရှိ ဆောက်လက်စ Diamond Inya Palace မီးလောင်နေသည်ကို နိုဝင်ဘာ ၁၇ ရက်နံနက်က တွေ့ရစဉ် (ဓာတ်ပုံ − မောင်သိန်း(ဒဿနိက))
မြန်မာနိုင်ငံတွင် အမြင့် ဆုံးကွန်ဒိုအဖြစ်ဆောက်လုပ် လျက်ရှိသော Diamond Inya Palace ကွန်ဒိုအထပ် ၂၀ ကျော်၌ နိုဝင်ဘာ ၁၇ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လေးနာရီခန့်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

Tuesday, 17 November 2015

"အမြန်လမ်းတွင် လိုက်ထရပ်ယာဉ်နှင့် အိမ်စီးကားတစ်ီးတိုက်မှု ဖြစ်ပွား ကလေးငယ်တစ်ဦး သေဆုံး"

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယနေ့ နံနက်ပိုင်းက အိမ်စီးကားတစ်စီး လိုက်ထ ရက်ကားကို နောက်မှဝင်ရောက်တိုက်မိ မှု ဖြစ်ပွားခဲ့ပြီး အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ယာဉ်တိုက်မှုတွင် ပါဝင်ကူညီသူတစ်ဦး ကပြောသည်။

စမတ်ဖုန်းမရှိတဲ့ နေ့တစ်နေ့ ရဲ့ ကောင်းကျိုး ( ၅ ) သွယ်

လူမှု မီဒီယာ တွေဟာ ယနေ့ခေတ် လူနေမှု ဘ၀တွေကို အကြီးအကျယ် လွှမ်းမိုးထားပါတယ်။ လူတွေဟာ လူမှု မီဒီယာကို စွဲလန်းမှုကြောင့် နေ့စဉ် အချိန်နာရီတွေထဲမှာ စမတ်ဖုန်းသုံးစွဲချိန်ကို ပါ ထည့်သွင်းထားရပါတယ်။ အကယ်၍ ကျွန်ုပ်တို့သာ စမတ်ဖုန်းနဲ့ တစ်နေကုန် ဝေးကွာနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဒါကို Elite Daily ဆိုတဲ့ ၀က်ဘ်ဆိုက်က အခုလို အကောင်းမြင် ရှုထောင့်ကနေ ဖော်ပြပေးထားပါတယ်။

ကြောင်ချစ်သူတွေက ခွေးချစ်သူတွေထက် ဥာဏ်ပိုကောင်းကြောင်း သိပ္ပံပညာက ဆို

ကြောင်တွေဟာ လှပပြီး ၊ချစ်စရာကောင်းတဲ့ သတ္တ၀ါလေးတွေပါ။ ကြောင်ချစ်သူ တစ်ယောက်ဟာ သူမွေးထားတဲ့ကြောင်လေးရဲ့ စရိုက် လက္ခဏာတွေလိုပဲ အလားတူ စရိုက်လေးတွေ ရှိတတ်ကြပါတယ်။သိပ္ပံနည်းကျလေ့လာမှုတွေအရ ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက် ဥာဏ်ရည်ပိုင်းဆိုင်ရာ ပိုကောင်းမွန်ပြီး တခြားကောင်းမွန်တဲ့ လက္ခဏာလေးတွေလည်း ရှိပါတယ်။

IS ကို အပြုတ်တိုက်ပစ်မယ်လို့ ပြင်သစ်သမ္မတ ကတိပေး

ပြီးခဲ့တဲ့ သောကြာ နေ့က ပဲရစ်မြို့တော် အတိုက်အခိုက် ခံခဲ့ရပြီးတဲ့ နောက် အခုဆို ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို အမြစ်ပြတ် ချေမှုန်း ပစ်မယ် ဆိုပြီး ကတိပေး ပြောကြား လာပါတယ်။

ရွေးကောက်မခံရသည့် အမတ်များ ဒီမိုကရေစီနည်းမကျစွာ ဥပဒေပြုနိုင်ခွင့် နှစ်လကျော်ကြာ ရှိနေဆဲဖြစ်

ရွေးကောက်ပွဲတွင် မရှုမလှရှုံးနိမ့်ခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နောက်ထပ်အချိန် နှစ်လခွဲကြာ လွှတ်တော်တွင်း လူများစုအဖြစ် ဥပဒေပြုနိုင်ခွင့် ရှိနေသေးဆဲဖြစ်ရာ လုပ်ငန်းကိစ္စရပ်များအပေါ် ခြယ်လှယ်ထားနိုင်စွမ်း ရှိနေဆဲဖြစ်သည်။

May Flower Mining မှ လုပ်ကိုင်ခွင့် ရရှိထားသော ဘန်းချောင်းကျောက်မီးသွေး စီမံကိန်း၌ ထိုင်းလုပ်သားများ အသုံးပြုနေမှုကို အရေးယူပေးရန် ဒေသခံများ တိုင်ကြား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးကျေးရွာ အနီးရှိ ကျောက်မီးသွေး စီမံကိန်းကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးကျေးရွာ အနီး၌ May Flower Mining Enterprises Co.,Ltd မှ လုပ်ကိုင်နေသော ဧက ၂၁၀၀ အကျယ်ရှိ ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းတွင် နိုဝင်ဘာ ၈ ရက်မှစ၍ တရားဝင်လုပ်ကိုင်ခွင့် ဗီဇာ မရှိဘဲ ထိုင်းနိုင်ငံသားအချို့ လာရောက် လုပ်ကိုင်နေသောကြောင့် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူဖြေရှင်းပေးရန် ထားဝယ်မြို့နယ် လ၀က ဦးစီးမှူးထံသို့ ဒေသခံများက နိုဝင်ဘာ ၁၆ ရက်က စာပေးပို့ တိုင်ကြားထားကြောင်း သိရသည်။