Wednesday, 1 July 2015

Tai Khun တိုင်းခင်ခေါ် ဂုံရှမ်းအမည်နာမ ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသက္ကရာဇ်၃၂၇(BC-216)မှစ၍မြန်မာသက္ကရာဇ်၆၁၅အထိ တိုင်း(Tai)ခေါ်ရှမ်းလူမျိုးတို့သည် တရုတ်ပြည်အလယ်ပိုင်းမှစတင်ဆင်းသက်လာရာရေမြေရာသီဥတုကြောင့် နေထိုင်ရာဒေသပေါ်မူတည်ပြီး စကားအသုံးနှုန်းအခေါ် အဝေါ်ကွဲးလွဲးသွားကြသည်။

ဝ ကို အစိုးရတပ်မတော် တကယ်တိုက်နိုင်မှာလား

ဓါတ်ပုံ- ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် အစိုးရတပ်မတော်
(ဆောင်းပါး)
ဆောင်းပါးရှင်- ခမ်းမိဏ်းဟွမ်
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - သျှမ်းပြည်နယ်စပ် တလွှားမှာ အစိုးရတပ်မတော် နဲ့ ဝ ပြည်သွေး စည်း ညီညွှတ်ရေးတပ်တော် တို့ သစ်ပြဿနာကြောင့်တွေ့ဆုံဖြေရှင်းမှု ပြေလည်သွားပြီ။ စစ်ရေးတင်းမာ မှုပြေ လျှော့ သွားပြီ- စသဖြင့်သတင်းတွေ ထွက်နေပေမယ့် လက်တွေ့က မီးခဲပြာဖုံး ကြိမ်မီးအုန်း သလို အချင်း ချင်း လက်သီးဆုတ် အိပ်ကပ်ဖုံး အပြုံးမျက်နှာနဲ့ ဟန်ဆောင်ဆက်ဆံနေကြတယ်ဆိုရင် လည်းမှားမယ် မထင် ပါဘူး။

လွှတ်တော်အမတ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ပုဒ်မ သျှမ်းလွှတ်တော် ကိုယ်စားလှယ်ဆွေးနွေး

ဓါတ်ပုံ-ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနု
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၃၉၆ (ခ) လွှတ်တော် ကိုယ် စားလှယ်အား တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်း ပုဒ်မနှင့်ပတ်သက်၍ သင့်ေ တ်ာသည့် ရာခိုင်နှုန်းကို တိုးမြင့်ပြီး အဆိုပါပုဒ်မအား ဆက်လက် ထားရှိရန် သျှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တဦးမှ ဂျွန်လ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ် တော်အစည်းအဝေးတွင် တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။

မင်းကိုနိုင် ပြင်သစ် National Order of Merit ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရ

ပြင်သစ်နိုင်ငံက ပေးအပ်တဲ့ အမြင့်ဆုံး ဆုတံဆိပ်တခုဖြစ်တဲ့ National Order of Merit စွမ်းရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင် တဦးဖြစ်သူ ကိုမင်းကိုနိုင်ကို ချီးမြှင့် အပ်နှင်းလိုက်ပါတယ်။

KIA အဖွဲ့မှ မိုင်းထောင်နေမှုများကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ လခြမ်းတောင်အနီးတစ်ဝိုက်၌ ဇွန်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်ချက်အရ သိရသည်။

လူကို ပတ်ဝန်းကျင်မှာ ပျောက်သွားအောင် ဆွဲတဲ့ ပန်းချီ

ဆွစ်ဇာလန်မှ ပန်းချီပညာရှင် Filippo Ioco ဟာ Body painting ကို အထူးပြု တတ်မြောက်ကျွမ်းကျင်ပါ တယ်။ သူ့ရဲ့တီထွင်ဖန်တီးမှုများကို ယခုလို မြင်တွေ့ရမှာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်နိုင်ရေး သူရဦးရွှေမန်း လူမှုကွန်ရက်တွင် ရေးသားဝေမျှ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်နိုင် ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအပါအ၀င် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သားပြန်လည် သင့်မြတ်ရေးကို အထောက်အကူပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ ကသူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှခဲ့သည်။
လက်ရှိလွှတ်တော်တွင် ပုဒ်မ၄၃၆(ခ) ပြင်ဆင်နိုင်ရေးကို စ တင်ဆွေးနွေးမှုများပြုလုပ်နေပြီး ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့သော ပုဒ်မ၄၃၆ (က)ကဲ့သို့ပင် အရေးကြီးပုဒ်မများသည် ပုဒ်မ ၄၃၆ (ခ)တွင်လည်း ပါဝင်ကြောင်း ပြည်သူများအား သူရဦးရွှေမန်းက ၎င်းသုံးစွဲနေ သော ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ဇွန်လ ၃၀ ရက်တွင် အသိပေးလိုက်ခြင်းဖြစ်သည်။

မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ သမဂ္ဂ ဖွဲ့စည်း

ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်း လိုက်ကြောင်း မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံများ ကုန်ကျစရိတ်လျှော့ချနိုင်ရန် အလုပ်သမားဖယ်ရီများငှားရမ်းပေးရန် အစိုးရစီစဉ်

စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ကျစရိတ်လျှော့ချပေးနိုင်ရန် အလုပ်သမားများအတွက် ကြို/ပို့ယာဉ်(ဖယ်ရီ)များကို ဈေး နှုန်းသက်သာစွာဖြင့် ငှားရမ်းပြေး ဆွဲပေးသွားရန် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနက စီစဉ်နေကြောင်း သ တင်းရရှိသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် စက်ရုံများ ကုန်ကျမှုစရိတ်လျော့နည်းသက် သာစေရန်နှင့် အလုပ်သမားများ အား လစာတိုးပေးနိုင်ရန်ရည်ရွယ် ၍ ယင်းသို့ဖယ်ရီပေးရန် စီစဉ်နေ သည်ဟု အလုပ်ရုံ၊ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
‘‘အလုပ်ရုံတွေအတွက် ဖယ် ရီတွေလုပ်သွားဖို့ရှိတယ်။စီစဉ်နေ တယ်ပေါ့။ လောလောဆယ်တော့ စက်မှုဇုန်ဥက္ကဋ္ဌတွေဆီကနေ သ ဘောထားမှတ်ချက် တောင်းခံ ထားတယ်’’ဟု ဦးဝင်းရှိန်က ပြော သည်။

နာဂသူပုန်နှိမ်နင်းတဲ့ အောင်မြင်မှုသတင်း အိန္ဒိယအပေါ် သံသယ၀င်

မြန်မာနယ်စပ် ဖြတ်ကျော်ပြီး နာဂသူပုန်တွေကို အိန္ဒိယစစ်တပ်က တိုက်ခိုက်ခဲ့ရာမှာ သေဆုံး၊ ဒဏ်ရာ ရမှုတွေ ကြီးမားခဲ့တယ်လို့ ကြေညာခဲ့အပြီး ရက်ပေါင်းအတော်အကြာမှာပဲ အခုလို နာဂသူပုန်တွေကို အပူတပြင်း ပစ်မှတ်ထား တိုက်ခိုက်မှုမှာ အမှန်တကယ် သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ အိန္ဒိယ ထောက် လှမ်းရေး အရာရှိတဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Shaikh Azizur Rahman နယူးဒေလီမြို့ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလား အမေရိကန်အသင်း နှစ်ဂိုး ဂိုးမရှိနဲ့ ဗိုလ်လုပွဲတက်

ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားဖိုင် နယ် ပထမ အကြိုဗိုလ်ပွဲအဖြစ် အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့ ဒေသ စံတော်ချိန် အင်္ဂါနေ့က ကစားကြတာမှာ အမေရိကန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

တည်ထောင်ပြီး တစ်နှစ်ကြာချိန်အထိ အိုင်အက်စ်အဖွဲ့ အင်အားကောင်းနေ

အယ်လ်ကိုင်ဒါအဖွဲ့ ၀င်ဟောင်းများ ဖွဲ့စည်းထားသည့် အိုင်အက်စ်အဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် ၎င်းတို့ သိမ်းပိုက်ထားသော ဒေသများ၌ အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ကြောင်း ကြေညာပြီး နောက် တစ်နှစ်အကြာတွင် အမေရိကန်ဦးဆောင်သည့် စစ်ဘက်ဆိုင်ရာဖိအားများနှင့် ရင်ဆိုင် နေရသော် လည်း အင်အားအလွန် ကောင်းနေဆဲဖြစ်ကာ အဓိကမြို့ များကို ထိန်းချုပ်ထားနိုင်ဆဲဖြစ် ကြောင်း ကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောသည်။

အာရှလမ်းမကြီးပေါ်ရှိ ငွေကောက်ခံနေသည့် နယ်ခြားစောင့်ဂိတ်စခန်းတစ်ခု ပိတ်သိမ်း

အာရှလမ်းမကြီးတစ်နေရာတွင် ငွေကောက်ခံနေသည့် ဂိတ်တစ်ခု (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အာရှလမ်းမကြီးပေါ် တွင် ငွေကြေးကောက်ခံနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ လုံခြုံရေး ကင်းစခန်းတစ်ခု ကို ဇွန်လ ၃၀ ရက်မှစတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ ထွက်ခွာပေးရန် ဆန္ဒပြတောင်းဆို ====== ဆန္ဒပြအဖွဲ့နှင့် ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့ဆုံ

ဇွန်လ၃၀ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်တွေ့နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
 ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ပေးရန်နှင့် လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ထွက်ခွာပေးရန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှကျောင်းသား ၅၀ခန့်က ရန်ကုန်မြို့တွင် ကန့် ကွက်ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ ၀င်များ ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ပြပွဲတွင်ရောင်းချသည့် ပတ္တမြားကို ယူရိုရှစ်သိန်းကျော်ဖြင့် မြန်မာကုန်သည်တစ်ဦးဝယ်ယူ

နေပြည်တော်ကျောက်မျက်ပြပွဲသို့ လာရောက်သည့် ကုန်သည်များ ကျောက်များကို ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ−နန်းအောင်)
နေပြည်တော်တွင်  ကျင်းပနေသည့်(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ပြပွဲ၌အခြေ ခံဈေးအမြင့်ဆုံး ယူရိုငွေ ခြောက် သိန်းဖြင့် တင်ရောင်းချခဲ့သည့် ပတ္တမြားကို ယူရိုရှစ်သိန်းကျော် ဖြင့် ပြည်တွင်းရတနာ ကုန်သည် တစ်ဦးက   ၀ယ်ယူသွားကြောင်း ကျောက်မျက်ပြပွဲ  ကျင်းပရေး ကော်မတီမှ သတင်းရရှိသည်။

လားရှိုးတွင် နေအိမ်တစ်လုံးမီးလောင်ရာမှ သားအမိနှစ်ဦးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ (၁)ရပ်ကွက်ရှိ အိမ်တစ်လုံးတွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်း တိုင်မှတစ် ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ထဲတွင် ရှိနေသည့် သားအမိနှစ် ဦးစလုံး မီးလောင်သေဆုံး သွားကြောင်း  သတင်းရရှိသည်။

KFC ဆိုင်ခွဲစတင်ဖွင့်လှစ်သည့်နေ့တွင် ၀ယ်ယူအားပေးသူများပြား၍ လူဦးရေအကန့်အသတ်ဖြင့်ရောင်းချရ

KFC ဆိုင်ရှေ့တွင် တန်းစီနေသူများကိုတွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းချမ်း)  
မြန်မာနိုင်ငံတွင် ပထမ ဆုံးဖွင့်လှစ်သည့်    အမေရိကန် တံဆိပ်  KFC  ကြက်ကြော်ဆိုင် သည် စတင်ဖွင့် လှစ်သည့် နေ့၌ပင် ၀ယ်ယူအားပေး သူများပြားခဲ့သဖြင့်ဆိုင်တံခါးများပိတ်၍ အလှည့်ကျစနစ်ဖြင့် လူဦးရေ ကန့်သတ် ရောင်းချခဲ့ရကြောင်း သတင်းရရှိသည်။

အမျိုးသမီးများကို အိုင်အက်စ်တို့ ပထမဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို ခေါင်းဖြတ် ကွပ်မျက်မှုများ ပြုလုပ်နေပြီဟု သတင်းရရှိသည်။
ဆီးရီးယားတွင် အိုင်အက်စ်တို့သည် အနည်းဆုံး အမျိုးသမီး နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် ကမ္ဘာကျော် အစွန်းရောက် အကြမ်းဖက်သမားများသည် ယခင်က ၎င်းတို့၏ ရန်သူသုံ့ပန်းများနှင့် ဖမ်းဆီးထားသည့် ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်သည် အမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် ရက်ရက်စက်စက် သတ်ဖြတ်လာခြင်းဟု သိရသည်။

ပါလက်စတိုင်းသားဟု သံသယရှိသူတစ်ဦး ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံသားလေးဦး ဒဏ်ရာရ

ပါလက်စတိုင်းသား ဟု သံသယရှိသူတစ်ဦးက ကား ဖြင့် ဖြတ်မောင်းစဉ် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သိမ်းပိုက် ထားသော အနောက်ဘက်ကမ်း ခြေဒေသတွင် အစ္စရေးတို့ ဆောက်လုပ်ထားသည့် အိမ်ရာတစ်ခုအနီး၌ အစ္စရေးနိုင်ငံသားများ အုပ်စုတစ်ခုကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်ဘက်ကပြောသည်။
ဒဏ်ရာဆိုးဆိုးရွားရွား ရရှိ ထားသူတစ်ဦး အပါအ၀င် အ သက် (၂၀) ကျော်အရွယ် လူလေးဦးအား ဆေးကုသပေးနေရသည်ဟု အစ္စရေးလူနာတင်ယာဉ်ဌာန ပြောရေးဆိုခွင့်ရှိသူ မာဂန်ဒေးဗစ်အဒွမ်က ပြောသည်။

ဂျပန် ကျည်ဆန်ရထားပေါ် မိမိကိုယ်ကို မီးရှို့သူ တစ်ဦးနှင့် အခြားခရီးသည် တစ်ဦး သေဆုံး

ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထား တစ်စီးပေါ်၌ လူတစ်ဦး မိမိကိုယ်ကို  မီးရှို့သတ်သေခဲ့ရာ ၎င်းနှင့်အတူ အခြား ခရီးသည် တစ်ဦးပါ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃၀ ရက် ဖြစ်စဉ်တွင် ရှင်ကန်ဆန် ကျည်ဆန်ရထားကိုပါ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ လူတစ်ဦးသည် မိမိကိုယ်ကို ဆီလောင်းပြီး မီးတင်ရှို့ခဲ့ရာမှ ပတ်ဝန်းကျင်ကို မီးကူးစက်ခဲ့ခြင်းဟု သိရသည်။