Saturday, 14 March 2015

စက္ကန့် ၃၀အတွင်း စိတ်ဓာတ်ကြံ့ခိုင်လာအောင် လုပ်ဖို့ နည်း ( ၃ ) နည်း


စက္ကန့်အနည်းငယ်လေးအတွင်းမှာ ကိုယ့်ရဲ့စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် ဘယ်လိုလေ့ကျင့်ပေးနိုင်မလဲ၊ ဘယ်လိုတွေးခေါ်စဉ်းစားနိုင်မလဲဆိုတာ အောက်ပါအချက်ကလေးတွေနဲ့ ကြိုးစားကြည့်လိုက်ပါ။

ရွေးကောက်ပွဲ ကော်မရှင်၏ ဧည့်ခံ ကျွေးမွေးစရိတ် ကျပ်သန်းပေါင်း (၅၇၀၀) ကျော် တင်ပြမှုကို လျော့ချရန် တောင်းဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅-၂၀၁၆ ခုနှစ် အရ အသုံး ခန့်မှန်းခြေ စာရင်းတွင် ဧည့်ခံ ကျွေးမွေး စရိတ် ကျပ်သန်းပေါင်း (၅၇၀၀ ဒသမ ၈၁၁) ကျပ် တင်ပြ တောင်းခံမှုကို လျော့၍ ခွင့်ပြုပေးရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တောင်းဆို လိုက်သည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုများကြောင့် မန္တလေးတွင် ဂျစ်ကား ထုတ်လုပ်မှု ရပ်ဆိုင်း


မန္တလေးတွင် ပြည်တွင်းထုတ် ဂျစ်ကားများ ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်ကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ မော်တော်ယာဉ် စက်ပစ္စည်း များနှင့် စက်မှုလက်မှု ဖွံ့ဖြိုးရေး ဌာနမှ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောသည်။ နိုင်ငံခြားက ကားတွေ တအားဝင်လာ တာလည်း ပါမယ်။

ရင်းနှီး မြှုပ်နှံမှု ဥပဒေ (၂) ခု ပေါင်းထားသည့် ဥပဒေသစ် မေလအတွင်း ပြဋ္ဌာန်းမည်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ဥပဒေနှစ်ခု ပေါင်းထားသည့် ဥပဒေသစ်အား လာမည့် ၂၀၁၅ ခုနှစ်၊ မေလအတွင်း ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ဥပဒေသစ်မှာ နိုင်ငံသားရော၊ နိုင်ငံခြားသားရော တန်းတူ အခွင့်အရေး ရရှိတော့မှာ ဖြစ်တယ်။ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ဖို့ အတွက် ကြိုးပမ်းနေ ပါတယ် ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

ရွှေတူးဖော်၍ ပျက်စီးသည့် လယ်ယာမြေများ လျော်ကြေးငွေ အပြည့်မရသေး


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံတွင် ရွှေတူးဖော်ရေးကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများ၏ လျော်ကြေးငွေ အပြည့်အဝ မရသေးကြောင်း ဒေသခံများက ပြောသည်။

နဂါးဝင်စားသည်ဟု ဆိုသော ကလေးငယ် နှစ်ဦးအား မန်းပရဟိတ အဖွဲ့မှ အခမဲ့ ဆေးဝါး ကုသပေးမည်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အနောက်ဘက်ရှိ အလယ်ဘို ကျေးရွာတွင် နေထိုင်သော နဂါးဝင်စားသည်ဟု နာမည်ကြီး နေသည့်  ကလေးငယ် မောင်နှမ နှစ်ဦးအား မန်းပရဟိတ အဖွဲ့မှ အခမဲ့ဆေးဝါး ကုသပေးမည် ဖြစ်ကြောင်း ပန်းပျိုးသူများ အဖွဲ့ထံမှ သိရသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း (၃) ခုအား အချက်အလက်များ ကောက်ယူ

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ထားသည့် သရေခတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် ပျူမြို့ဟောင်း သုံးခုရှိ အချက်အလက် များကို ကောက်ယူ လျက်ရှိကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ထံမှ သိရသည်။ ၎င်းပျူသုံးမြို့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့တွင် ကမ္ဘာ့ အမွေအနှစ်ဝင် ခဲ့ခြင်း ဖြစ်သော်လည်း အချက်အလက်များ ပြည့်စုံခြင်း မရှိသည့် အတွက် ထပ်မံ ကောက်ယူခြင်း ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် (၂) ခုအား ကျပ်သိန်းပေါင်း (၄၀၀၀) ထောက်ပံ့

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ရေးချုပ်(ကြည်း)သည် ယခုလ (၁၃) ရက်နေ့၌ စစ်ကိုင်းမြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့ရှိ တိုင်းရင်းသား ကျောင်းသူ/သားများအတွက် ပညာသင်ကြားမှု အဆင်ပြေ စေနိုင်ရေး အတွက် ကျပ်သိန်းပေါင်း (၄၀၀၀) အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဌာနထံမှ သိရသည်။

ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း မြင့်တက်လာ

မြန်မာနိုင်ငံ၌ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းသည် လွန်ကဲ အဆင့် (၁၁) ကျော်ထိ ရောက်ရှိနေ၍ ပြည်သူများ သတိထား သွားလာရန် လိုအပ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ခရမ်းလွန် ရောင်ခြည် မြင့်တက် နေတယ် ဆိုပေမယ့် အရမ်း စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ပြည်သူတွေ နေပူထဲ ထွက်မယ် ဆိုရင်တော့ တစ်ခုခု ဆောင်းပြီးမှ ထွက်သင့်တယ် ဟု ၎င်းကပြောသည်။

ထိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး အသတ်ခံရ


ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်ထဲမှာ မြန်မာအလုပ်သမားတဦး ရေနစ်သတ်ခံရပြီး ဇနီးဖြစ်သူ မုဒိမ်း ကျင့်ခံရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

Friday, 13 March 2015

ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်မြေညီထပ် မတ် ၁၄ ပြန်ဖွင့်မည်


ဖေဖော်ဝါရီက မီး လောင်မှုဖြစ်ပွားခဲ့သော ကမ္ဘာ အေးဂမုန်းပွင့်ကုန်တိုက်၏ မြေညီ ထပ်ကို မတ်လ ၁၄ ရက်တွင် ပြန် လည် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း ယင်းကုန်တိုက်၏ မန် နေဂျာ ဦးလှမြင့်က ပြောသည်။
‘‘စနေနေ့ ပြန်ဖွင့်မှာပါ။ လောလောဆယ်တော့ မြေညီ ထပ်တစ်ထပ်ပဲ ပြန်ဖွင့်ဦးမှာပါ။ ကျန်တဲ့အထပ်တွေကတော့ ပြင် ရဦးမှာပါ’’ ဟု ၎င်းက ပြောသည်။

ဝန်ထမ်းလစာ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းတိုးထားသော်လည်း မည်မျှတိုးမည် မသိရသေး

နိုင်ငံဝန်ထမ်းများ၏ လစာငွေကို ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းတိုး ထားသော်လည်း မည်သည့်အဆင့်အား မည်မျှတိုးထားသည်ကို ဖော်ပြ ထားခြင်းမရှိကြောင်း မင်းလှမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက ပြောကြားသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၏ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာငွေ ရသုံး ဆိုင်ရာဆွေးနွေးရာတွင် ဦးမောင်တိုးက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က "ကျွန်တော် ဟိုနေ့က ပြောထားပြီးပါပြီ၊ သေချာမှ အားလုံးကို အသိပေးမှာပါ၊ နောက်ဆုံး ပိတ်ဆုံးဖြတ်တဲ့ အခါကျ အသိပေးမှာပါ’’ ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသည်။

တရားမဝင်သစ်ထုတ်လုပ်မှုများကိုထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် လိုအပ်နေဟုဆို

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်အတွင်း ဘုန်းချောင်း၊ မော်လိုက်နှင့် နတ်တံ ခါးချောင်းဖျားဒေသများတွင် တရား မဝင်သစ်နှင့် အုတ်ထင်းများ ထုတ် လုပ်နေခြင်းကြောင့် ကျေးလက် လမ်းများပျက်စီးမှု ကြီးမားလျက်ရှိ ရာ ယင်းတရားမဝင်သစ်ထုတ်လုပ် မှုများ၊ အုတ်ထင်းအဖြစ် ထုတ်လုပ် နေသည့် ထင်းကားများကို ထိရောက် စွာ အရေးယူဆောင်ရွက်ရန် လိုအပ် နေကြောင်း ကလေးမြို့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ တာ ဝန်ရှိသူ ဦးဝင်းက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွင် မြန်မာ့ ထွက်ကုန်ဈေးကွက်အား နိုင်သားတို့ စီမံခန့်ခွဲမှုအောက်ထားရန် လွှတ်တော်အတည်ပြု

အိမ်နီးချင်း နိုင်ငံများနှင့် မြန်မာ့ ထွက်ကုန်ပစ္စည်းများ နယ်စပ်ကုန်သွယ်ရေး စခန်းတို့၌ ရောင်းချရာတွင် ကုန်ဈေးနှုန်းကို မြန်မာနိုင်ငံသားများကသာလျှင် စီမံခန့်ခွဲခွင့်ပြုနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို တင်သွင်းရာ ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။
အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက “နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် မြန်မာ့ ကုန်ပစ္စည်းဈေးကွက် ကို မြန်မာနိုင်ငံသားများ၏ လက်ဝယ် ထိန်းချုပ်ထားရှိနိုင်အောင် အခြေအနေပေးသော နယ်စပ်ကုန်သွယ်ရေး စခန်းများကို ဦးစားပေးအဆင့်သတ်မှတ်လျက် အဆင့်ဆင့် စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်ပြပါတယ်” ဟု ပြောသည်။

ပုဂံ သရပါတံခါး ထိန်းသိမ်းရေး အတွက် ကားဖြတ်သန်းခွင့် ပိတ်

ပုဂံ၏ ပြယုဂ်တခုဖြစ်သည့် သရပါတံခါးသည် နေ့စဉ်ယာဉ်များ ဖြတ်သန်း သွားလာနေမှုကြောင့် အက်ကွဲမှုများဖြစ်လာသည့်အတွက် ကားကြီး များဖြတ်သန်းခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာနက ပြောသည်။

အစိုးရပါးမ၀သေးသော မြန်မာအစိုးရ

ကုန်းဘောင်မင်းဆက်ဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ရှင်ဘုရင်သည် မိမိ၏ မြစ်တော် စကြာမင်းသားလေး ဖွားမြင်လာသည့် အခါ ချစ်မြတ်နိုးလှသဖြင့် ဧယင်ကျူး ခမည်းပေးစရာ မြပုခက်ပြုလုပ်ပေး ချင်သောကြောင့် (မြေးတော်လေးအတွက် မွေးနေ့လက်ဆောင်ပြိုင်ကား၊ ဟယ်လီကော်ပတာဝယ်ပေးခြင်း စသည့် ယနေ့ခေတ်အခြေအနေများနှင့် ခိုင်းနှိုင်းနိုင်ပါသည်။) ကုန်ကျမည့်ငွေ အသပြာရှစ်သိန်းကို သဿမေဓ အခွန်တော်မှ ကျခံသုံးစွဲရန် ညီလာခံတွင် အမိန့်တော်ချမှတ်ခဲ့၏။ သက်ဦး ဆံပိုင်ဘုရင်၏အမိန့်ကို မည်သူမှ စောဒကမတက်ဝံ့ခဲ့သော်လည်း ညီလာခံ စဲ၍ ဘုရင်ကြီး နန်းတော်ဆောင်ပြန်ချိန်တွင် ပညာရှိအမတ်ကြီးဦးပေါ်ဦး က အခြားသော ၀န်ကြီး၊ မှူးမတ်ကြီးများအား ငါတို့၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမ၀သေးကြောင်း ဝေဖန်ပြောဆိုခဲ့ပါသည်။

ဧည့်စာရင်းမှုဖြင့် ဖမ်းဆီးခဲ့သည့် ကျောင်းသားများကို ပဲခူးတိုင်း အစိုးရထံ လွှဲပြောင်း

ဧည့်စာရင်း မတိုင်သည့် ပြစ်ချက်ဖြင့် ယမန်နေ့ ညပိုင်းက ရန်ကုန်တိုင်း အလုံမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးခြင်း ခံထားရသူ သပိတ်ကျောင်းသား ၄ ဦးအနက် ၃ ဦးကို ပဲခူးတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ယနေ့ နံနက်ပိုင်းတွင် အမှု လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“ညတုန်းက ဧည့်စာရင်းစစ်တော့ သူတို့က ဧည့်စာရင်း တိုင်ထားတာ မရှိတဲ့အတွက် ခဏ ခေါ်စစ်တာပါ။ အခု အိမ်ရှင် သတင်းထောက် တယောက်နဲ့ ထက်ညီညီအောင်ကို လွှတ်ပေးပြီးပါပြီ။ ကျန်တဲ့ ၃ ယောက်ကတော့ လက်ပံတန်းကိစ္စနဲ့ ဆက်နွှယ်နေတဲ့အတွက် ပဲခူးတိုင်းကို လွဲပေးလိုက်ပါပြီ။ ဘယ်ပုဒ်မတွေနဲ့ ဘယ်လို အရေးယူမယ် ဆိုတာကိုတော့ သူတို့ ဆက်လက် စစ်ဆေးမှာပါ” ဟု အလုံမြို့နယ် ရဲမှူး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်းပေးအပ်လိုက်သည့် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်) အဖွဲ့ဝင် ၃ ဦးမှာ ကိုသီဟ၀င်းတင်၊ ကိုမိုးထက်နေနှင့် မဟန်နီဦးတို့ ဖြစ်ကြောင်း သိရသည်။

တစ်ကျော့ပြန် ဖုန်ကြားရှင်နဲ့ တရားခံ စိုင်းလင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တစ်ကျော့ပြန်တိုက်ခိုက်လာသော ဖုန်ကြားရှင် ကိစ္စနှင့် ပတ်သက်၍ နောက် ကွယ်ကနေ ကူညီထောက်ပံ့ပေးသူရှိနေသည်ဟု အားလုံးက ယူဆနေကြပါ သည်။ မှန်ပါသည်။ ဖုန်ကြားရှင်သည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသမှ ပျောက်ကွယ်သွားပြီး ယခု ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ဗြုန်းစားကြီး ပြန်လည်ပေါ်ပေါက်လာခြင်းမှာ သမရိုးကျတော့ မဟုတ်ပေ။ ဖုန်ကြားရှင်အား အစစ အရာရာ ပံ့ပိုးကူညီခဲ့သူကတော့ သမက်ဖြစ်သူ NDAA ဥက္ကဌ ဦးစိုင်းလင်း သာဖြစ်ပါသည်။

ကေအိုင်အေ၊ သမ္မတနှင့် ကာချုပ်တို့ မတွေ့ဖြစ်တော့ဘူးလား

ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ၊ သမ္မတ ဦးသိန်းစိန် နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မတ် လ ၁၂ ရက်တွင် တွေ့ဆုံရန် လျာထားထားသော်လည်း မတွေ့ဆုံဖြစ်သေးဘဲ ဖြစ်နေသည်။ယင်းအပြင် လာမည့် မတ်လ ၁၆ရက်တွင် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် ဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်တွင် ကျင်းပမည် ဖြစ်သည်။ ထိုကိစ္စများနှင့် ပတ်သက်၍ ကေအိုင်အို မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ် ဖော်ပြလိုက်သည်။

ကျောင်းသားသပိတ်ကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် မလုပ်ရန် ဦးဝီရသူဆို

အခြားအဖွဲ့အစည်းများကလည်း အကြမ်းဖက် သပိတ်ဖြိုခွဲခြင်းကို ကန့်ကွက်

ရန်ကုန် (မဇ္ဈိမ)။ ။ ကျောင်းသားသပိတ်ကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင်မလုပ်ရန် အမျိုးဘာသာ စောင့်ရှောက်ရေး ဆရာတော် ဦးဝီရသူက မတ် ၁၂ ရက်က ထုတ်ပြန်ချက်ထုတ် တောင်းဆို လိုက်ပြီး အခြားအဖွဲ့အစည်းများကလည်း အကြမ်းဖက် သပိတ်ဖြိုခွဲခြင်းကို ကန့်ကွက်သည်ဟု ထုတ်ပြန်ချက်ထုတ်သည်။