Sunday, 8 February 2015

ကျောင်းသားသပိတ်ကိစ္စ ပြည်ထဲရေးဝန်ကြီး သတိပေးပြီ



ပညာရေးဥပဒေပြင်ဆင်ရေးကို အကြောင်းပြုပြီး တိုင်းပြည်မတည်ငြိ မ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာကျောင်းသား လူငယ်တွေ ကို ရှေ့တန်း တင်ပြီး ကျောင်းသားအမည်ခံသူတွေက နောက်ကွယ်က ကြိုးကိုင် သူတွေအလိုကျ ဦးဆောင်လုပ်ကိုင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီ ၇ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။
ဒီလိုအားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင် ပတ်သက်နေပြီး နောက်ကွယ်က ကြိုးကိုင်နေသူတွေမှာ အစွ န်းရောက် ဝါဒီသမားဟောင်းတွေ ပါဝင်တဲ့အကြောင်း၊သူတို့ရဲ့ သားသမီးတွေကို မျိုးဆက်သစ်အဖြစ်မွေးထုတ်ပြီး ထိပ်တိုက်ရင်ဆိုင် တဲ့နည်း တောင်း ယူတိုက်ယူတဲ့နည်းတွေ သုံးလာနေတယ်လို့ အစိုးရဝန်ကြီးရဲ့ ပြောဆိုချက်ကို အစိုးရပိုင်ရုပ်သံတွေက အထူးထုတ်လွှင့်ချက်အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။

လတ်တလောခြိမ်းခြောက်မှုမှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသားဆန္ဒပြမှုဖြစ်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ပြောကြား


ယခုအစိုးရလက်ထက်တွင် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုရှိပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့် အချိန်တွင် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ ရှိခဲ့ပါကြောင်း၊ လတ်တလောခြိမ်းခြောက်မှု အနေဖြင့် အမျိုးသားပညာရေးဥပဒေကို ကန့် ကွက်ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသား ဆန္ဒပြမှုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက မြန်မာအသံနှင့်ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းကို ဖေဖော်ဝါရီ ၇ ရက် ည ၈နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ခဲ့သည်။
“ဒီလို အမျိုးသားပညာရေးဥပဒေကို ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားအဖွဲ့တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ ကျောင်းသားမဟုတ်တော့တဲ့သူတွေ၊ အိမ်ထောင်သည်တွေတောင် ပါဝင်နေတာကို တွေ့ရှိရပါတယ်။ ဒီဖြစ်စဉ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ဖြစ်စဉ်ရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေသူထဲမှာ အစွန်းရောက်ဝါဒီသမား(ဟောင်း)တွေ ပါဝင်ပါတယ်။ သူတို့ရဲ့သားသမီးတွေကို မျိုးဆက်သစ်အဖြစ် မွေးထုတ်ပြီး ဦးဆောင်စေကာ သူတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတဲ့နည်း၊ တောင်းယူတိုက်ယူတဲ့နည်းတွေ ကျင့်သုံးလာတာတွေ့ရပါတယ်။ တစ်ခါတရံမှာလည်း နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ အားပေးအားမြှေက်ပြုလုပ်နေတာကိုလည်း တွေ့ရှိရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

ချစ်သူများနေ့အတွက် မင်္ဂလာဆောင်ပြပွဲကို MCC မှာ ကျင်းပမယ်


ချစ်သူစုံတွဲတွေ၊ လက်ထပ်ခါနီး ဇနီးမောင်နှံတွေအတွက် ရည်ရွယ်တဲ့ V Day Party & Essential Wedding Fair ကို လာမယ့် ဖေဖော်ဝါရီ ၁၄ရက်နေ့ကျရင် ရန်ကုန်မြို့မှာ နိုင်ငံကျော် ဒီဇိုင်နာတွေ၊ မိတ်ကပ်ဆရာတွေ၊ ပန်းပညာရှင်တွေရဲ့ လက်ရာတွေနဲ့ ကျင်းပဖို့ရှိတယ်လို့ ဆိုပါတယ်။
ချစ်သူစုံတွဲတွေလည်း ပျော်ရွှင်စရာ မင်္ဂလာပွဲတွေအတွက် စိတ်ကူးယဉ်နိုင်သလို လူတွေတစ်နေ့ကြုံတွေ့ရမယ့် မင်္ဂလာပွဲတွေကို အတုယူနိုင်ဖို့ တစ်နေရာတည်းမှာ ပညာရှင်တွေကစုစည်းပြီး ကျင်းပမှာဖြစ်တယ်လို့ ဓာတ်ပုံကိုအောင်က ဆိုပါတယ်။ လာကြည့်ကြတဲ့သူတွေအတွက် ဂိမ်းအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်သလို ကံစမ်းမဲတွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။

ပစ္စတိုသေနတ်တွေ ကိုင်လာတဲ့ အမျိုးသားသုံးယောက်ဆီက တရားမဝင် ယာဉ်တွေပါ ဖမ်းမိ


သထုံမြို့ သိမ်ဆိပ်-ဝီယော် ကားလမ်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၂ နာရီခွဲက ကရင်ဘက်ကနေ မောင်းလာတဲ့ မော်တော်ယာဉ် သုံးစီးကို တားဆီးစစ်ဆေးတဲ့အခါ ပစ္စတိုသေနတ် တစ်လက်၊ ကျည်ခုနစ်တောင့်နဲ့ အတူ မောင်းနှင်လာတဲ့ ယာဉ်တွေဟာ လိုင်စင်မဲ့ယာဉ်တွေ ဖြစ်နေတာကြောင့် ဖမ်းဆီး အရေးယူထားတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဆီကနေ သိရပါတယ်။
အမျိုးသားသုံးဦး မောင်းလာတဲ့ အဲဒီ ကားသုံးစီးမှာ တရားဝင်ယာဉ် ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘဲ လှိုင်းဘွဲ့မြို့မှာ နေတဲ့ အသက် ၃၃ နှစ်အရွယ် ဦးစောဖိုးလပြည့်ရဲ့ လွယ်အိတ်ထဲက Nita စာတန်းပါ သေနတ်အိတ်ထဲမှ TA & MS MIAM FL စာတန်းပါ 9MM ပစ္စတိုသေနတ်တစ်လက်၊ AP 13 9MM Luger စာတန်းပါ ကျည်ခုနစ်တောင့်ကိုပါ သိမ်းဆည်းရခဲ့တယ်လို့ သထုံမြို့မ ရဲစခန်းက အရာရှိတစ်ဦးက ပြောပါတယ်။

ကျောင်းသားလှုပ်ရှားမှုကို အစွန်းရောက်ဝါဒီများကြိုးကိုင်နေ ဟု ပြည်ထဲရေး ၀န်ကြီးပြော



လတ်တလော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေ တဲ့ ကျောင်းသားလှုပ်ရှားမှု တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေဟာ အစွန်းရောက်ဝါဒီသမား(ဟောင်း)တွေဖြစ်တယ်လို့ ပြည် ထဲရေးဝန်ကြီး ဒုဗိုလ်ချပ်ကြီး ကိုကိုက ယမန်နေ့က ပြောဆိုလိုက်ပါတယ်။ မည်သူမည်ဝါ မည်သည့် အဖွဲ့ အစည်းတွေ လို့ ထုတ်ဖော်မပြောပေမယ့်၊ ဆန္ဒဖော် ထုတ် သူကျောင်းသားတွေထဲမှာ အသက်အရွယ်ကြီးရင့်သူ၊ အိမ်ထောင်သည်တွေ ပါဝင်တယ်၊ ဒီလူတွေဟာ သူတို့ရဲ့

ချစ်သူများနေ့မှာ ပရိသတ်အတွက် လက်ဆောင်ပေးမယ့် ဖြူဖြူကျော်သိန်း



ချစ်သူများနေ့တွင် ပရိသတ်များအတွက် ယုံလိုက်စမ်း သီချင်းအမ်တီဗီကို လက်ဆောင်ပေးသည့်အနေနှင့် ယူကျု့ဘ်မှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။
‘‘Single Release အနေနဲ့ ဖြန့်ပေးမှာပါ။အဲဒီသီချင်းလေးက အချစ်သီချင်းလေးလည်းဖြစ်တယ်။ ချစ်သူများနေ့နဲ့ တိုက်ဆိုင်နေလို့ လုပ်ဖြစ်သွားတာပါ။ အမ်တီဗီကိုတော့ PhyuPhyuKyawTheinLEGACY ဆိုတဲ့ Offical ယူကျု့ဘ်စာမျက်နှာမှာ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၂နာရီမှာ တင်ပေးပါ မယ်’’ ဟု ၎င်းက ပြောသည်။ ယင်းသီချင်း အမ်တီဗီတွင် ယခုနောက်ပိုင်း ဖြူဖြူကျော်သိန်း၏ တင်ဆက်မှုများ၌ အတွေ့ရစိပ်လာသော Jade Dragon အကအဖွဲ့မှ အကသမား ထက်ဘုန်းနိုင် နှင့်အတူ စုံတွဲအကဖြင့် သရုပ်ဖော်ရိုက်ကူးထားကြောင်း ၎င်းက ပြောကြားသည်။

ကျောင်းသားစစ်စစ်များကို ယခုအချိန်ထိ အရေးယူရန် မရှိသော်လည်း ကြိုးကိုင်သူ၊ အားပေး အားမြှောက်လုပ်သော အဖွဲ့အစည်းများကို စောင့်ကြည့်ဖော်ထုတ်မည်ဟု ပြည်ထဲရေးဝန်ကြီးပြော



ဒေသအသီးသီးမှ ရန် ကုန်မြို့သို့ ဦးတည်ချီတက်လာ သော ကျောင်းသားသပိတ်စစ် ကြောင်းများတွင် ပါဝင်သည့် ကျောင်းသားစစ်စစ်များကို ယခု အချိန်အထိ တရားဥပဒေအရ အ ရေးယူရန်မရှိသော်လည်း နောက် ကွယ်မှကြိုးကိုင်လှုပ်ရှားသူများ၊ အားပေးအားမြှောက်ပြုသူများကို စောင့်ကြည့်ဖော်ထုတ်မည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကိုကိုက ပြောကြား လိုက်သည်။
‘‘ဆန္ဒထုတ်ဖော်နေတဲ့အထဲ မှာ အသက်အရွယ်ကြီးသူတွေ၊ ကျောင်းသားမဟုတ်သူတွေ၊ အိမ် ထောင်သည်တွေတောင် ပါဝင် နေတာ တွေ့ရပါတယ်။ တိုင်း ပြည် မတည်မငြိမ်ဖြစ်ပေါ်အာင်နောက်ကွယ်က ကြိုးကိုင်လှုပ်ရှား သူတွေ၊ အားပေးအားမြှောက်ပြု နေကြတဲ့သူတွေကို ဆက်လက် စောင့်ကြည့်ဖော်ထုတ်မှာ ဖြစ်ပါ တယ်’’ ဟု ၎င်းက ပြောသည်။
ယခုလ ၇ ရက်တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ် လွှင့်ခဲ့သည့် အင်တာဗျူးအစီအ စဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

ပညာရေးမှအပ အခြားလှုပ်ရှားမှုများ ဆောင်ရွက်မည်မဟုတ်ဟု ကျောင်းသား ခေါင်းဆောင်များပြော



အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ကျောင်းသား များ လမ်းလျှောက်သပိတ်မှောက် ဆန္ဒပြနေခြင်းသည် ပညာရေး တိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး အ ခြားလှုပ်ရှားမှုများကို လုံးဝဆောင် ရွက်သွားမည်မဟုတ်ကြောင်း ဒီမို ကရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီက ပြောသည်။
ဒီမိုကရေစီ ပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တို့ ပူးပေါင်းကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခု ကဲ့သို့ သတင်းမီဒီယာများအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အကြောင်းပြ၍ ဆူပူ မှုဖြစ်စေရန် နောက်ကွယ်မှ ကြိုး ကိုင်နေသူများနှင့် အားပေးအား မြှောက်ပြုနေသော နိုင်ငံရေးအ ဖွဲ့အစည်းအချို့ ရှိနေကြောင်း အ စိုးရ၏ ထုတ်ပြန်ကြေညာမှုအပေါ် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ငြင်းဆို ကန့်ကွက်လိုက်သည်။
ရန်ကုန်မြို့သို့ ချီတက်လာ သော ကျောင်းသားသပိတ်စစ် ကြောင်းများတွင်
အလုပ်သမားများ၊ လယ်သမားများနှင့် သံဃာတော်များ၏ ပူးပေါင်းဝန်းရံမှုများကို ဖိတ်ခေါ်ကြိုဆိုသော်လည်း ပညာရေးတိုက်ပွဲ ဖော်ဆောင်ရန်သာ ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ပြောသည်။

ဝိုင်းမော်ရှိ ရွှေလုပ်ကွက်တွင် တရားမ၀င် နေထိုင်သည့် တရုတ်နိုင်ငံသား၃၀ ကျော်ဖမ်းဆီး



ဝိုင်းမော်မြို့နယ် ညောင်ပင်သာ ကျေးရွာအနီး ဂျိန်းဖောမြေ ရွှေသတ္တုတူးဖော် ရေး ကုမ္ပဏီလီမိတက်လုပ်ကွက် တွင် တရားမ၀င် ၀င်ရောက်လာ သော တရုတ်နိုင်ငံသား ၃၆ ဦးကို ၀ိုင်းမော်မြို့နယ်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၀ိုင်းမော်ရဲစခန်းမှ သတင်းရရှိ သည်။
ထိုတရုတ်နိုင်ငံသားများတွင် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ပြီး ၂၀၁၅ ဖေဖော် ၀ါရီ ၆ ရက်၌ ထိုဒေသတွင် နယ် မြေရှင်းလင်းနေသည့် နယ်မြေခံ တပ်ရင်းများက ဖမ်းဆီးကာ ၀ိုင်း မော်မြို့မရဲစခန်းသို့ အပ်နှံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံ တင်ဦးစီးဌာနရုံးတွင် စစ်ဆေးနေ ကြောင်း ၀ိုင်းမော်ရဲစခန်းမှ သတင်း ရရှိသည်။
‘‘ဘာမှ မသိသေးဘူး။ စစ် ဆေးတုန်းပဲ ရှိသေးတယ်’’ ဟု ၀ိုင်းမော်မြို့ လူဝင်ကြီးကြပ်ရေး နှင့် မှတ်ပုံတင်ဦးစီးဌာနရုံးမှ ဦးစီး မှူးက ဆိုသည်။

လေးပွင့်ဆိုင် အမြန်ဆုံး ပြုလုပ်ပေးရန် ကျောင်းသားများတောင်းဆို



လေးပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ပေးရန် သပိတ် မှောက်ကျောင်းသားများက တောင်းဆိုလိုက်သည်။
‘‘လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ပေးဖို့ တောင်းဆိုတယ်။ ဒါကို ကျွန်တော်တို့ ကျောင်းသားထုက လက်ခံတယ်။ လိုချင်တယ်။ ကျွန်တော်တို့လိုချင် တဲ့ ပထမ ၁၁ ချက်ကို မဆွေးနွေး ရသေးဘူး။ မူဘောင်ကိုးချက်မှာ တင် ရပ်နေတယ်။ ဒါကို ကြည့် ခြင်းအားဖြင့် အစိုးရက ကျောင်း သားထုကို လမ်းပေါ် ရောက် အောင်လုပ်နေတာ။ မရောက် ရောက်အောင် ပြုလုပ်နေတာလို့ ထင်တယ်။ ဒီလိုကျောင်းသားတွေ လမ်းပေါ်မရောက်စေချင်ဘူးဆို ရင် ဆွေးနွေးပွဲကို ပြုလုပ်ပေးပါ။ တောင်းဆိုတဲ့အချက်တွေကို လိုက်လျောပါ’’ဟု ဗကသကျောင်းသားဥက္ကဋ္ဌ ကျော်ကိုကိုက ပြောကြားသည်။
သို့သော် ဖေဖော်ဝါရီ ၃ ရက်တွင်ပြုလုပ်မည့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ရက်နောက်ပိုင်းတွင် လေးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ရန် အစိုးရနှင့်NNER တို့ ဖေဖော်ဝါရီ ၆ ရက်တွင် အကြိုညှိနှိုင်း ဆွေးနွေးနေသည်။
‘‘သပိတ်တိုက်ပွဲတွေမရှိစေ ချင်ဘူးဆိုရင် ဆွေးနွေးပွဲကို လက် ခံပေးရမယ်။ လိုက်လျောပေးရ မယ်။ အစိုးရက ကတိမတည်ခဲ့လို့ တခြားကျောင်းသားတွေကလည်း လမ်းလျှောက်ချီတက်ရတာဖြစ် တယ်။ ကျောင်းသားတွေအဆင် ပြေအေးချမ်းစွာ စာသင်နေတာ မြင်ချင်တယ်ဆိုရင် ဆွေးနွေးပွဲကို လိုက်လျောပေးရမယ်’’ ဟု ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် ဖွင့်ပွဲ ပြည်သူသောင်းနှင့်ချီ တက်ရောက်



ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်ပွဲကို နတ်မောက်မြို့ တွင် ဖေဖော်ဝါရီ ၇ ရက်က စတင် ကျင်းပဖွင့်လှစ်ခဲ့ရာ အနယ်နယ် အရပ်ရပ်မှ ပြည်သူသောင်းနှင့်ချီ ၍ တက်ရောက်ဂါရ၀ပြုခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းမွေး ဖွားရာဇာတိမြို့ဖြစ်သော နတ် မောက်မြို့တွင် ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့်ပွဲကို ဖေဖော်ဝါရီ ၇ ရက် မှ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့အထိ သီတင်းတစ်ပတ် တိုင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ဧည့်သည့် တစ်သိန်းကျော် လာရောက်မည် ဟု ခန့်မှန်းကြောင်း ဗိုလ်ချုပ်ရာ ပြည့်ဗဟို ကော်မတီက ပြောကြား သည်။
ဗိုလ်ချုပ်ရာပြည့်ပွဲသို့ အနယ် နယ်အရပ်ရပ်မှ တက်ရောက်လာ သော ပြည်သူများအား နံနက်ပိုင်း တွင် ပဲပြုတ်နှင့်နံပြားလှူဒါန်းခဲ့ကြပြီး ယနေ့ဖွင့်ပွဲမှစ၍ ဗိုလ်ချုပ်၏ မွေးနေ့ရောက်သည်အထိ ရက်သတ္တ တစ်ပတ်လုံး လှူဒါန်းကျွေးမွေးမည်ဖြစ်သည်။
၇ ရက်တိုင်တိုင်ကျင်းပမည့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင် ဆန်းနှစ်(၁၀၀)ပြည့်ပွဲတွင် လာ ရောက်ကြသော အနယ်နယ်အ ရပ်ရပ်မှဧည့်သည်များအား နတ် မောက်မြို့တွင်နေထိုင်တည်းခို ရန် တည်းခိုခန်းမရှိခြင်းကြောင့် ယင်းကိစ္စများ အဆင်ပြေစေရန် ဗိုလ်ချုပ်ရာပြည့် ဗဟိုကော်မတီက တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း ကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။

လုံခြုံရေးစိတ်မချရ၍ သပိတ်မှောက် ကျောင်းသားများ ကိုးပင်ရွာတွင် ညအိပ်မည့် အစီအစဉ်ပြောင်းလဲ


မန္တလေးမှရန်ကုန်သို့ ခရီးရှည်လမ်းလျှောက်နေသော သပိတ်မှောက်ကျောင်းသားများ သည် ဖေဖော်ဝါရီ ၇ ရက်ညတွင် ကိုးပင်ကျေးရွာ၌တည်းခိုရန်စီစဉ် ထားသော်လည်း လုံခြုံရေး စိတ် မချရသဖြင့် အောင်လံမြို့သို့ သွားရောက်တည်းခိုခဲ့ကြသည်။
ဖေဖော်ဝါရီ ၇ ရက်က ဆတ်သွားကျေးရွာမှထွက်ခွာလာသော သပိတ်မှောက်ကျောင်းသားများသည် ကိုးပင်ရွာ၌ တည်းခိုရန် စီစဉ်ထားသော်လည်း သပိတ်မှောက်ကျောင်းသားများကို စောင့်ကြည့်နေသော ရဲတပ်ဖွဲ့များ ရှိနေသောကြောင့် လုံခြုံရေးစိတ်မချရ၍ ကိုးပင်ရွာနှင့် ၃၁ မိုင်ဝေးသော အောင်လံမြို့သို့ ကားဖြင့် သွားရောက်ခဲ့ကြောင်း သပိတ် စစ်ကြောင်းနှင့်အတူလိုက်လံသတင်းယူနေသည့် 7 Day သတင်းထောက်က သတင်းပေးပို့သည်။

ဝှိုက်ကတ်ကိစ္စ ဆန္ဒဖော်ထုတ်ပွဲရွှေ့ဆိုင်းသော်လည်း တောင်းဆိုချက်နှစ်ချက် မလိုက်လျောလျှင် တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြမည်


ယာယီသက်သေခံကတ် ပြား (White Card)မဲပေးခွင့်ပြုခြင်းကိုကန့်ကွက်ကြောင်း ဆန္ဒထုတ် ဖော်ပွဲအစီအစဉ်ကို ခေတ္တဆိုင်းငံ့ ထားသော်လည်း တောင်းဆိုထား သည့် အချက်နှစ်ချက်ကို အစိုးရ မလိုက်လျောပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း ဝှိုက်ကတ် ဆန့်ကျင်ရေးကော်မတီ (WCC) မှသတင်းရရှိသည်။
မူလက ဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၈ ရက် တွင် ပြုလုပ်သွားရန် စီစဉ်ထား သည်။ သို့သော် ဖေဖော်ဝါရီ ၅ ရက်က သာသနာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊သမ္မတရုံးဒုတိယဝန်ကြီးဦးကျော် ကျော်ဝင်းနှင့် လဝကညွှန်ကြား ရေးမှူးချုပ်ဦးမောင်မောင်သန်း တို့ ပါဝင်သောအဖွဲ့က မကွေး ဆရာတော်အပါအဝင်ရဟန်းသံ ဃာတော်များ၊ WCC တို့နှင့် အင်းစိန်ရွာမကျောင်း၌ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့သည်။

(၇)မှတ်အသာစီးရထားတယ်ဆိုတာ ဘာမှမဟုတ်သေးဘူး (မော်ရင်ဟို)



ယမန်နေ့က ချဲလ်ဆီးအသင်းသည် အက်စတန်ဗီလာ အသင်းကို အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းက ဟာလ်းစီးတီး အသင်းကို သရေ ကျသွားခဲ့တာ ကြောင့် အမှတ်ကွာဟမှု (၇)မှတ်ထိရှိသွား ခဲ့သည်။ ထိုမျှ အထိ ကွာဟ သွားသော် လည်း စပယ်ရှယ်ဝမ်း,က ထို(၇)မှတ်သည် ဘာမျှ မဟုတ်ကြောင်းနှင့် အချိန် မရွေးအပြောင်း အလဲ ဖြစ်သွားနိုင်ကြောင်း ဆိုလိုက်သည်။
“အခြားလိဒ်တွေမှာဆိုရင် ဒီကွာဟမှုဟာ ပြောင်မြောက်မှု တစ်ခုဖြစ်နေ လိမ့်မယ်၊ ဒီမှာတော့ (၇)မှတ်ဟာ ဘာမှ မဟုတ်ဘူး”

Thursday, 5 February 2015

ပြည်ခိုင်ဖြိုးအမည်တပ် မြို့ရွာဆိုင်းဘုတ်များအား ပြန်ဖြုတ်ပေးမည်ဟု ပါတီဗဟိုကော်မတီဝင် ကတိပြု

မြို့နယ်၊ ကျေးရွာအမည်များ တွင် ပြည်ခိုင်ဖြိုးမြို့ရွာဟုရေးသားစိုက် ထူထားသော ဆိုင်းဘုတ်များကို ပြန် လည်ဖြုတ်သိမ်းပေးမည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသာဝင်းက ပြော ကြားသည်။

ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်းဆုံး ဒုတိယမြို့အဖြစ် ပုဂံမြို့ သတ်မှတ်ခံရ

ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်း ဆုံးဒုတိယမြို့အဖြစ် ပုဂံမြို့အား သတ်မှတ် လိုက်ကြောင်း Wanderlust Travel Magazine ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Huawei ကုမ္ပဏီ၏ စမတ်ဖုန်းရောင်းရငွေ ၂၀၁၄ အတွင်း သုံးဆယ်ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံ၏စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Hu-awei သည် ၂၀၁၄ အတွင်း ၀င်ငွေ သုံးဆယ် ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကုမ္ပဏီသက်တမ်းတစ်လျှောက်တွင် စမတ်ဖုန်းရောင်းချခြင်းမှ ကန်ဒေါ်လာ ၁၂ ဘီလီယံကျော်အထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေကို သတင်းထုတ်ပြန်သည်။

ကမ္ဘာ့လူကြိုက်အများဆုံး ပုဂ္ဂိုလ်များစာရင်း ဒေါ်စုပါဝင်

၂၀၁၅ ခုနှစ်အတွက် မြတ်နိုးစရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြတယ်လို့ ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်ပါတယ်။

တိုင်ဝမ်လေယာဉ်ပျက်ကျမှု အနည်းဆုံး လူ၂၅ ဦးသေဆုံး

တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ် ရေး လုပ်သားတွေဟာ ၀န်ချည်စက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။ ဒီလေယာဉ် ပျက်ကျမှုအတွင်း လူပေါင်း ၂၅ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၂၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

IS အစွန်းရောက်နှိမ်နင်းမှု ဂျော်ဒန်မဆုတ်မနစ် လုပ်ဆောင်မည်

ဂျော်ဒန် တိုက်လေယာဉ်မှူးကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ရက်ရက်စက်စက် သတ်ဖြတ် ခဲ့တဲ့အတွက် ဒီစစ်သွေးကြွတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းမယ်လို့ ဂျော်ဒန်ဘုရင် Abdullah က ကတိ ပေး ကြုံးဝါးလိုက်ပါတယ်။