Wednesday, 7 January 2015

ကချင်ပြည်နယ်အတွင်း တရားမဝင် ယာဉ်နှင့် တစ်ဖက်နိုင်ငံသားများ ထပ်မံ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မံဝိန်း၊ မံတောင်၊ လောခွန်ယန် ဒေသ အတွင်း ဇန်နဝါရီ ၅ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်း ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၀ ဘီးယာဉ် ၈ စီး၊ ၆ ဘီးယာဉ် ၃ စီး၊ ဒေါင်ဖန်းယာဉ် ၁ စီး၊ ဘက်ဟိုး ၃ စီး၊ ကရိန်းယာဉ် ၂ စီး စုစုပေါင်းယာဉ် ၁၇ စီး၊ သစ်မျိုးစုံ ၂၄၀ လုံး၊ တစ်ဖက်နိုင်ငံသားကျား ၁၇ ဦးတို့အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

၅ နှစ်အတွင်း အမေရိကန်ရေနံဈေး အနိမ့်ဆုံး ကျဆင်း

Photo: ၅ နှစ်အတွင်း အမေရိကန်ရေနံဈေး အနိမ့်ဆုံး ကျဆင်း
Wednesday, January 7, 2015

အမေရိကန်ရေနံဈေးဟာ ၁ စည်ကို အမေရိကန်ဒေါ်လာ ၅၀ အောက် ကျဆင်း ခဲ့တာကြောင့် ၂၀၀၉ ဧပြီလနောက်ပိုင်း ပထမဆုံးအနိမ့်ဆုံးကို ကျဆင်းသွား ပါတယ်။

ရေနံစိမ်းဈေးနှုန်းဟာလည်း ဇန်န၀ါရီ ၅ ရက်နေ့က ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၃ အထိ ဈေးကျခဲ့တာပါ။

အမေရိကန်ရေနံရော၊ ရေနံစိမ်းပါ ၂၀၁၄ နှစ်လယ်ပိုင်းကစပြီး ဈေးတ၀က် ကျော် ပြုတ် ကျ ခဲ့ပြီး ဖြစ်ပါတယ်။

ရေနံဈေးနှုန်း အခုထက် ကမောက်ကမဖြစ်မှာကို ရေနံထုတ်လုပ်သူတွေက စိုးရိမ်နေကြပါတယ်။

ရေနံတူးဖော်ရေးနည်းပညာတွေ မြင့်လာခဲ့ပြီး အမေရိကန်ရေနံထုတ်လုပ်မှု ဟာလည်း နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးဖြစ်နေပါတယ်။

ဒါကြောင့် အမေရိကန်ပြည်နယ်တွေဖြစ်တဲ့ မြောက် ဒါကိုတာ နဲ့  ပန်ဆေးဗေး နီးယား တို့မှာ စံချိန်တင်ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ရေနံထုတ်လုပ်သူ OPEC နိုင်ငံတွေကလည်း လက်ရှိထုတ်လုပ် နှုန်း အတိုင်း မလျော့ပဲ ဆက်လက်ထုတ်လုပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ရေနံလုပ်ငန်းရင်းနှီးမြှုပ်နှံလိုသူတွေကို အကြပ်ရိုက်စေခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ BP အစ၊ Exxon Mobil အဆုံး အစုရှယ်ယာတွေလည်း တဟုန်ထိုးကျဆင်းခဲ့ရပါတယ်။

လတ်တလော ရေနံဈေးကျဆင်းမှုကို စောင့်ကြည့်နေတဲ့  အမေရိကန်အရာရှိ တွေ ကတော့ ဈေးကျမှုဟာ အမေရိကန်စီးပွားရေးကို အကျိုးကျေးဇူး ဖြစ်ထွန်း စေတယ်လို့ ပြောကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ဂျို့ရှ် အာနက်စ်က ပြောခဲ့ ပါတယ်။

ဒီဗွီဘီ
အမေရိကန်ရေနံဈေးဟာ ၁ စည်ကို အမေရိကန်ဒေါ်လာ ၅၀ အောက် ကျဆင်းခဲ့တာကြောင့် ၂၀၀၉ ဧပြီလ နောက်ပိုင်း ပထမဆုံးအနိမ့်ဆုံးကို ကျဆင်းသွားပါတယ်။

ပျားရည်၏ ဂုဏ်သတ္တိ

Photo: ပျားရည်၏ ဂုဏ်သတ္တိ
Wednesday, January 7, 2015

ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိနေတယ်ဆိုတာကို ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။ သူ့ရဲ့ကောင်းကျိုး တွေနဲ့ သင့်ရဲ့ လူနေမှု ဘ၀ကျန်းမာရေး မှာ လွန်စွာ အသုံးဝင် ပါတယ်တဲ့ ။
ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကို လှုံ့ဆော်ပေး ယုံသာ မကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့ သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုး ကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။

ကယ်လို ရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။

ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း (Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။

အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့ အသားအရည်ကို ၀င်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။ ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှားပိုအသုံးဝင်ပါတယ် ။
သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာေ၇းဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။

ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ၀မ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ၀မ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။

ပျားရည်ကို အစားအစာတွေမှာ အသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေ ကနေရရှိတဲ့ပျားရည်ကို အသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အသက်ရှုမ၀ခြင်း ၊ ဆံပင် ကျွတ် ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ၀က်ခြံနဲ့ မှိုပိုးဝင်ခြင်း စတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ 

Mg Mandalay
ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာရှိနေတယ်ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်ရအောင်။ သူ့ရဲ့ကောင်းကျိုး တွေနဲ့ သင့်ရဲ့လူနေမှု ဘ၀ကျန်းမာရေးမှာ လွန်စွာ အသုံးဝင် ပါတယ်တဲ့ ။

လက်ပံတောင်း ပဋိပက္ခ အစိုးရထုတ်ပြန်ချက် ဒေသခံများကို စော်ကားရာ ရောက်နေသည်ဟု ပုလဲအမတ် ဝေဖန်

Photo: လက်ပံတောင်း ပဋိပက္ခ အစိုးရထုတ်ပြန်ချက် ဒေသခံများကို စော်ကားရာ
ရောက်နေသည်ဟု ပုလဲအမတ် ဝေဖန်
Wednesday, January 7, 2015

 ဒေသခံ တစ်ဦး သေဆုံးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခသည် ဒေသခံ က သွေးထိုးလှုံ့ဆော်မှုများကို နားယောင်သောကြောင့်ဖြစ်သည်ဟုဆိုသော အစိုးရ၏ ထုတ်ပြန်ချက်သည် လက်ပံတောင်းဒေသခံများ ကို စော်ကားရာရောက်နေသည်ဟု ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်သည်။

“ကိုယ့်ဘက်က ဆောင်ရွက်မပေးနိုင်လို့ ပြဿနာ တွေဖြစ်ရတာကို အခြားဘက်ကို လက်ညှိုးထိုးပြီးတော့ စွပ်စွဲပြစ်တင်တာဟာ နိုင်ငံတော် အဆင့်အနေနဲ့ ဒီလို မပြောသင့်ဘူးလို့ ကျွန်မတို့မြင်တယ်။ နောက်တစ်ခု က ဒီလိုမျိုးပြောဆိုခြင်းအားဖြင့်လည်း ဒေသခံပြည်သူတွေ ကို စော်ကားတယ်လို့ မြင်တယ်” ဟု ဒေါ်ခင် စန်းလှိုင်က မဇ္ဈိမကို ပြောသည်။

စီမံကိန်းဧရိယာအတွင်း ခြံစည်းရိုးခတ်စဉ် ဖြစ်ပွားခဲ့သည့်ပဋိပက္ခမှာ သွေးထိုးလှုံ့ဆော်မှုကို ဒေသခံများ နားယောင်ခဲ့သောကြောင့်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သည့် “လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ” ၏ ဇန်န၀ါရီ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်အပေါ် ဝေဖန် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး ကော်မတီ၏ ထုတ်ပြန်ချက်တွင် “စီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးကာရံစဉ် ပြင်ပ အဖွဲ့အစည်းများနှင့် ကွန်ရက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ခဲ့သည့် ဒေသခံအချို့က တုတ်၊ ဓား၊ လေးခွများဖြင့် ပစ်ခတ်အကြမ်းဖက် ဟန့် တားနှောက်ယှက်မှုများကြောင့်” ဟု ပါရှိသည်။

“ကျွန်မလည်း တိုင်းအစိုးရကို မကြာခဏပြောပါတယ်။ ဒီကိစ်္စတွေဖြစ်လာတာဟာ ဘေးပယောဂကြောင့်၊ ဘေးက မြောက်ပင့်ပေးမှုကြောင့် ဖြစ်လာတယ်ဆိုရင် ဘာလို့ မဖော်ထုတ်တာလဲ။ ဘာလို့ အရေးမယူတာ လည်းလို့ မေးခဲ့တယ်။ ဒါပေမဲ့ တစ်ခါမှအဖြေမရခဲ့ဘူး”ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းစီမံကိန်းအပေါ် ဒေသခံများနှင့် လုံခြုံရေးများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ဒေသခံ များ၏ ဆန္ဒအစစ်အမှန် ဟုတ်၊ မဟုတ် အစိုးရက စုံစမ်းဖော် ထုတ်သင့်ပြီး “ဘေးပယောဂကြောင့်၊ ဘေး က သွေးထိုးလှုံ့ဆော်လို့ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်အနေနဲ့လည်း ဘာမှ မခိုင်မာဘူး”ဟု ၎င်းက ဝေဖန်ခဲ့သည်။

ကော်မတီ၏ ထုတ်ပြန်ချက်တွင်မူ “စီမံကိန်း အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေသော လူနည်းစုအချို့မှာ အမြင် မကြည်လင်ဘဲ ပြင်ပ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ လှုံ့ဆော်မှုများကြောင့် စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် အမြဲတစေ ပြဿနာ တစ်ခုမဟုတ်တစ်ခု ဖြစ်အောင် ဖန်တီး၍ ဟန့်တားနှောက်ယှက်နေသည်” ဟုလည်း ဖော်ပြပါရှိသည်။

အဆိုပါထုတ်ပြန်ချက်အပေါ် လက်ပံတောင်းတောင် စီမံကိန်းအရေး ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေသည့် ဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေက “သွေးထိုးရအောင် ဘယ်သူကမှ အခကြေးငွေပေးထားတာ မရှိ ဘူး။ ကျွန်တော်တို့ ခံယူထားတာက ပြည်သူ့ အရေး၊ နိုင်ငံ့အရေးက ကျွန်တော်တို့ အရေးပဲ” ဟု မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဒေသခံများအပါအ၀င် နိုင်ငံအ၀န်းရှိမြို့ကြီးများတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသလို ကန့်ကွက်ခဲ့သည့် အသက်၅၀ကျော်အရွယ် ဒေသခံတောင်သူ ဒေါ်ခင်ဝင်းမှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က လုံခြုံရေးတပ် ဖွဲ့ဝင်များ၏ အကြမ်းဖက် မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ရသည်။ ဒေါ်ခင်ဝင်းသေဆုံးမှုဖြစ်ပြီးနောက် ယနေ့ထိ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်လျက်ရှိသည်။

Mizzima - News in Burmese
ဒေသခံတစ်ဦး သေဆုံးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခသည် ဒေသ ခံက သွေးထိုးလှုံ့ဆော်မှုများကို နားယောင်သောကြောင့်ဖြစ်သည်ဟုဆိုသော အစိုးရ၏ ထုတ်ပြန်ချက် သည် လက်ပံတောင်းဒေသခံများကို စော်ကားရာရောက်နေသည်ဟု ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်သည်။

မူဝါဒသစ်ကြောင့် ကားအရောင်းပြခန်းများ အကျိုးအမြတ်ဖြစ်ထွန်း

Photo: မူဝါဒသစ်ကြောင့် ကားအရောင်းပြခန်းများ အကျိုးအမြတ်ဖြစ်ထွန်း
Wednesday, January 7, 2015

ကားတင်သွင်းခွင့်ပါမစ် အသစ်ကန့်သတ်ချက်များသည် ကားလမ်းပိတ်ခြင်းကို ဖြေရှင်း သည်ထက် အရောင်းပြခန်းပိုင် ရှင်များအတွက်သာ အကျိုးဖြစ် ထွန်းစေကြောင်း  သတင်းရရှိ သည်။

ယခုနှစ်တွင် ကားသွင်းခွင့် ပါမစ်လျှောက်ရာ၌ကားပါကင် လိုအပ်ခြင်း၊ သန်းခေါင် စာရင်း ပါအိမ်ထောင်ဦးစီးဖြစ်ရမည်ဟု သတ်မှတ်ခြင်း၊ သန်းခေါင် စာရင်း မူရင်းဖြင့်သာ လျှောက်ထားနိုင် ခြင်း၊ ရဲစခန်း၊ ရပ်ကွက်ထောက်ခံ စာများလိုအပ်နေခြင်းတို့ကြောင့် တစ်ဦးချင်းကား ပါမစ်လျှောက်ရာ တွင် အခက်အခဲများဖြစ်စေသည် ဟု ကားဝယ်ရောင်းများက ပြော သည်။

‘‘ပါမစ်အသစ်မှာ ကန့်သတ် ချက်တွေအရမ်းများတယ်။ လမ်း လျှောက်ပါမစ် ခေါ်တဲ့ Free ပါမစ် ကို ရုပ်သိမ်းချင် ရုပ်သိမ်းလိုက် တာမဟုတ်ဘူး။ အခုတော့ အ ဆင့်ဆင့်  ထောက်ခံချက်တွေနဲ့ သွားရတာ ရှုပ်ထွေးနေတယ်။ ပါမစ်အများစု Showroom တွေ ပိုင်နေတော့ သူတို့တွေအလုပ် ဖြစ်မယ်လို့ထင်တယ်’’ဟု ကား ၀ယ်ရောင်းသူ  ဦးအေးကျော်က ပြောသည်။

ကားပါမစ်ဈေးမှာ ယခင်က ကျပ်နှစ်သိန်းမှ လက်ရှိတွင်  ကျပ်တစ် ဆယ့်ငါးသိန်း ထိ ဈေးပေါက် လျက်ရှိသည်။ ယင်းကဲ့သို့ ပါမစ် ဈေးမြှင့်တက်လာခြင်းကြောင့် ပါမစ်အဟောင်းများ အများအပြားကိုင်ထားသည့် ကားအရောင်း ပြခန်းပိုင်ရှင် များက အမြတ်များ စွာရရှိသည်။ ကားဝယ်သူများ သည် ပြခန်းများတွင်ဝယ်ယူ လျှင် ပါကင်ပြစရာမလိုဘဲ တင်သွင်းခွင့်ပါမစ်လျှောက်မှသာတင်ပြရမည် ဖြစ်သည်ဟု ကားဝယ်ရောင်း လုပ်သူ ကိုမင်းမင်းကပြောသည်။

သီလ၀ံ ကားဝန်ဆောင်မှု ကုမ္ပဏီ မန်နေဂျာ ဦးညီညီဇော်က လက်ရှိတွင် ၂၀၁၄ လိုင်စင်ကတ် ရပြီးသား ကားများသာ အရောင်းအ၀ယ်ဖြစ်ပြီး ကား အရောင်း အ၀ယ် အေးနေသည်ဟုဆိုသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ ဇန်န၀ါရီ ၁ရက်တွင် လိုင်စင်လျှောက်ခွင့် ပြုမည်ဟုဆိုသော် လည်း လက်ရှိ အချိန်ထိ လျှောက်ခွင့်မရသေး ကြောင်း ၎င်းကပြောသည်။

‘‘သုံးလပိုင်းအထိ စောင့် ကြည့်ရဦးမယ်။ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်က လည်း ဘယ်လို လာဦးမလဲမသိဘူး။ ဒါကြောင့်  ဒီအချိန်မှာ ပြောရခက်နေ တုန်းပဲ။ လက်ရှိအနေအထားအရတော့ Show room တွေက အခွင့်အရေး  သာနေတဲ့ သဘောရှိတယ်။ တစ် နိုင်တစ်ပိုင်ကားဝယ်ရောင်းပြု လုပ်သူတွေ အတွက်တော့ ခက်ခဲ နေတယ်’’ဟု ကားဝယ်ရောင်းပြု လုပ်သူ ဦးကရင်ကပြောသည်။

‘‘အရင်တုန်းက လူတွေက တစ်နိုင်တစ်ပိုင် လုပ်ခဲ့ကြတယ်။ အခုတံခါးဖွင့်စီးပွား စနစ်ဖြစ် လာ တယ်။ စီးပွားရေးအရ ပြိုင်ဆိုင်မှု ပါ။ စီးပွားရေးအရ နစ်နာမှုရှိတဲ့ သူကတော့ ပြောမှာပဲ’’ဟု Capi-tal Automotive ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

လက်ရှိ ကားဈေးကွက်သည် ပုံစံကျလာကာ စနစ်တကျ ရှိ လာခြင်းဖြစ်ပြီး စီးပွားရေးအရ လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိ လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘၂၀၁၅ ကစပြီး တစ်ပြေး ညီသတ်မှတ်တာပါ။ နစ်နာတဲ့ သူတွေတော့ရှိမှာပဲ။ ဒါပေမဲ့ ဥပဒေအတိုင်းတော့ လုပ်ရမှာပဲ။ ခြွင်း ချက်ထားပြန်ရင်လည်း ဒီနေရာ ကို ပြုံတိုးလာမှာဆိုးတယ်။ ဒါကြောင့် ဘယ်လိုပုံစံပဲဖြစ်ဖြစ် တစ်ပြေးညီ သတ်မှတ် ခဲ့တာပါ’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်ကပြောသည်။

7Day DAILY 

ကညနတွင် ယာဉ်နံပါတ်ယူရန် စစ်ဆေးခံနေသောကားများကို ဇန်န၀ါရီ ၆ ရက်က တွေ့ရစဉ်
ကညနတွင် ယာဉ်နံပါတ်ယူရန် စစ်ဆေးခံနေသောကားများကို ဇန်န၀ါရီ ၆ ရက်က တွေ့ရစဉ် 
ကားတင်သွင်းခွင့်ပါမစ် အသစ်ကန့်သတ်ချက်များသည် ကားလမ်းပိတ်ခြင်းကို ဖြေရှင်းသည်ထက် အရောင်း ပြခန်းပိုင် ရှင်များအတွက်သာ အကျိုးဖြစ် ထွန်းစေကြောင်း  သတင်းရရှိသည်။

ယင်လပ်ကို ထောက်ခံသူများ ဆန္ဒပြလျှင် အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

Photo: ယင်လပ်ကို ထောက်ခံသူများ ဆန္ဒပြလျှင် အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား
Wednesday, January 7, 2015

ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ် ထရာ ကို အမှုစစ်ဆေး ကြားနာ စဉ် ယင်လပ်ကို ထောက်ခံသူများက ဆန္ဒပြမှု များ ဖြစ်ပွားခဲ့လျှင် စစ်ဥပဒေဖြင့် ပြင်းပြင်း ထန်ထန်အရေးယူ ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်က ဇန်နဝါရီ ၆ ရက်တွင် သတိပေး ပြောကြား လိုက်သည်။

လာမည့် သောကြာနေ့တွင် စစ်ဘက်က ခန့်အပ်ထားသည့် အမျိုးသား ဥပဒေပြု လွှတ်တော်၌ မသမာသည့် ဆန်းစပါး အရောင်းအဝယ်ကိစ္စ တစ်ခုတွင် ယင်လပ် ပါဝင်ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး သွားမည်ဖြစ် သည်။ မေလ အတွင်းက ရာထူးမှဖယ်ရှားခံခဲ့ရသည့် ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ် ခဲ့ သည့် ယင်လပ်သည် သောကြာနေ့တွင် လွှတ်တော်သို့ လာရောက်ရမည် ဖြစ်သည်။

ထိုင်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ယင်လပ်ကို စွပ်စွဲထားသည့်ပြစ်မှု အား မဲခွဲဆုံးဖြတ်ပြီး အ တည်ဖြစ်ခဲ့ မည်ဆိုလျှင် နိုင်ငံရေးလုပ်ခွင့် ငါးနှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်သည့်အတွက် ယင်လပ်ကို ထောက်ခံသူ ရှပ်နီများ အတွက် ဆန္ဒပြမှုများဖြစ်ပွားစေရန် လှုံ့ဆော်မှုဖြစ်သွားစေနိုင်ကြောင်း ပြောကြား ကြသည်။

''ဆန္ဒပြမှုတွေမရှိစေရပါဘူး။ ဥပဒေကို မလိုက်နာဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အရေးယူ ဆောင် ရွက်မှုတွေ လုပ်ရပါလိမ့်မယ်။ စစ်အုပ်ချုပ်ရေးကာလမှာ ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှ မရှိစေရပါဘူး'' ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သတင်းထောက်များကို ပြောကြားသည်။

The Mirror Daily
ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ် ထရာ ကို အမှုစစ်ဆေး ကြားနာ စဉ် ယင်လပ်ကို ထောက်ခံသူများက ဆန္ဒပြမှု များ ဖြစ်ပွားခဲ့လျှင် စစ်ဥပဒေဖြင့် ပြင်းပြင်း ထန်ထန်အရေးယူ ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်က ဇန်နဝါရီ ၆ ရက်တွင် သတိပေး ပြောကြား လိုက်သည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

Photo: ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း
Wednesday, January 7, 2015

၁။ ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ရပ်၊ ဗုဒ္ဓဂါယာလမ်း၊ အိမ်အမှတ်(၁၄၄) တွင် ပါတီရုံးချုပ်တည်ရှိသော မြိုအမျိုးသားဒီမိုကရေစီ ပါတီ က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၆-၁- ၂ဝ၁၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။

ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ ကိုဖော်ပြပါ အတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လို က ယခုကြေညာသည့် နေ့မှစ၍ ခုနစ်ရက် အတွင်းခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ် ပါသည်။

မြ၀တီ
၁။ ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ရပ်၊ ဗုဒ္ဓဂါယာလမ်း၊ အိမ်အမှတ်(၁၄၄) တွင် ပါတီရုံးချုပ်တည်ရှိသော မြိုအမျိုးသားဒီမိုကရေစီ ပါတီ က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၆-၁- ၂ဝ၁၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။

ဂျော်ဒန်အိမ်ရှေ့မင်းသား ဖီဖာဥက္ကဋ္ဌနေရာ ၀င်ပြိုင်မည်

Photo: ဂျော်ဒန်အိမ်ရှေ့မင်းသား ဖီဖာဥက္ကဋ္ဌနေရာ ၀င်ပြိုင်မည်
Wednesday, January 7, 2015

ဂျော်ဒန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား အလီ ဘင် အယ် ဟူစိန်ဟာ ဖီဖာ ဥက္ကဋ္ဌ နေရာ အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

ဂျော်ဒန် အိမ်ရှေ့မင်းသားဟာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ မိုက်ကယ် ပလာတီနီနဲ့ လူချင်း ရင်းနှီးသူလည်းဖြစ်ပြီး နာမည်ပျက်စရာ ကိစ္စတွေ ကြုံနေရတဲ့ ဖီဖာအဖွဲ့ ရဲ့ ခေါင်းဆောင်မှု နေရာအတွက် ၀င်ပြိုင်မယ်လို့ တရားဝင် ကြေညာလိုက် ပါတယ်။

ဆပ်ဘလတ္တာခေါင်းဆောင်တဲ့ ဖီဖာအဖွဲ့မှာ နာမည်ပျက်စရာ လာဘ်ပေး လာဘ် ယူ ကိစ္စတွေ ဆက်တိုက်ပေါ်ပေါက်နေချိန်မှာ လက်ရှိ ဖီဖာ ဒုဥက္ကဋ္ဌ၊ ဂျော်ဒန်နဲ့ အနောက်အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်တဲ့ အိမ်ရှေ့မင်းသားကို လုပ်ဖော် ကိုင်ဖက်တွေက ဖီဖာ ဥက္ကဋ္ဌ အဖြစ် အရွေးခံဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် အိမ်ရှေ့မင်းသားဟာ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင် စု မှာ ပညာသင်ကြားခဲ့သူဖြစ်ပြီး အသက် ၇၈ နှစ်အရွယ် ဆပ်ဘလတ္တာ၊ ဂျာမိုနီ ချမ် ပန်နီ တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အိမ်ရှေ့မင်းသားက ဖီဖာအဖွဲ့အနေနဲ့  အရှုပ်တော်ပုံတွေကနေ လမ်းခွဲပြီး အား ကစား ကို အာရုံစိုက်ဖို့ အချိန်ရောက်ပြီလို့ ယူဆတဲ့အတွက် ဥက္ကဋ္ဌ နေရာ အတွက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရတာလို့ ပြောပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် လပေါင်းများစွာ အချိန်ယူခဲ့ရပြီး လုပ်ဖော်ကိုင်ဖက်တွေ ကို လေးစားတဲ့အနေနဲ့ သေချာ စဉ်းစားဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဒီဗွီဘီ
ဂျော်ဒန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား အလီဘင်အယ်ဟူစိန်ဟာ ဖီဖာဥက္ကဋ္ဌ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင် မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

အိုဘားမားခရီးစဉ်မတိုင်မီ အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်၌ တိုက်ပွဲများ ပြင်းထန်လာ

နှစ်နိုင်ငံနယ်စပ်ဒေသတွင် အိန္ဒိယကအရပ်သားလေးဦးကိုသတ်ဖြတ်ခဲ့ကြောင်း ပါကစ္စတန်က စွပ်စွဲလိုက်ပြီး နယ်ခြားစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယအစိုးရကလည်း ပြောကြားခဲ့ရာ အမေရိကန်သမ္မတ အိုဘားမား အလည်အပတ်ခရီးစဉ်မတိုင်မီ နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက် လာခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဆားထုတ်လုပ်မှု ဆက်လက်ကျဆင်း

Photo: ဧရာဝတီတိုင်းဒေသကြီးတွင် ဆားထုတ်လုပ်မှု ဆက်လက်ကျဆင်း
Wednesday, January 7, 2015

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစပြီး အခုအချိန်ထိ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဆားထုတ်လုပ်မှုဟာ ကျဆင်းနေတုန်းပဲလို့ တိုင်းဒေသကြီး မြန်မာ့ ဆားလုပ်ငန်းရုံး တာဝန်ရှိသူက ပြောပါတယ်။

နာဂစ်အပြီး ဆားထုတ်လုပ်မှုရာသီမှာ ဆားဧက ၃ သောင်းကျော်ကို ဆားတောင်သူ ၈၀၃ ဦး လုပ်ကိုင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ရာသ်ီမှာတော့ ဆားဧက ၁ သောင်းကျော်ကို ဆားတောင်သူ ၂၃၃ ဦးသာလုပ်ကိုင်ဖို့ လျှောက်ထားခဲ့တယ်လို့ မြန်မာ့ဆားလုပ်ငန်းရုံးက စာရင်းဇယားတွေအရ သိရပါတယ်။

ဆားလုပ်ငန်းလုပ်ကွက်တွေ လျှောက်ထားမှုမှာ ၂ နှစ်ခြားတခါဆိုသလို ဧက ၁ သောင်းနှုန်းလောက် ကျဆင်းနေတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆားအများဆုံး ထွက်ရှိတဲ့ ဒေသ တခုလည်း ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းမဖြစ်ခင်က လပွတ္တာ၊ ငပုတော၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နယ် တွေမှာ ဆားကွင်းလုပ်ငန်းများစွာ ရှိခဲ့ပါတယ်။

ဆားဈေးနှုန်းတွေဟာ အတက်အကျ မမှန်သလို အရင်းနှီးကလည်း များတာတွေ အပြင် လုပ်သားခ ဈေးကြီးတဲ့အတွက် ဆားတောင်သူတွေအနေနဲ့ ဆားလုပ်ငန်း တွေ မလုပ်တော့ဘဲ တခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်မှုတွေ များလာ တာကြောင့် ဆားလုပ်ငန်းတွေ ကျဆင်းလာရတာလို့ ဆားတောင်သူတဦးက ဆိုပါတယ်။ 

ဒီဗွီဘီ

လပွတ္တာမြို့ ဆားလုပ်ငန်းခွင်တခု (ဓာတ်ပုံ – ရိုက်တာ)
လပွတ္တာမြို့ ဆားလုပ်ငန်းခွင်တခု (ဓာတ်ပုံ – ရိုက်တာ)
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစပြီး အခုအချိန်ထိ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဆားထုတ်လုပ်မှု ဟာ ကျဆင်းနေတုန်းပဲလို့ တိုင်းဒေသကြီး မြန်မာ့ ဆားလုပ်ငန်းရုံး တာဝန်ရှိသူက ပြောပါတယ်။

တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေ ပေးရာတွင် နှစ်ရှည် ချေးပေးရန် အပြင် ငွေချေးရန်အတွက် ဘဏ်တစ်ခု အမြန်သတ်မှတ်ပေးရန် လွှတ်တော်သို့ တင်ပြ

တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေ ပေးရာတွင် နှစ်ရှည် ချေးပေးရန်အပြင် လိုအပ်ပါက ငွေချေးယူရန်အတွက် ဘဏ်တစ်ခု အမြန်ဆုံး သတ်မှတ်ပေးရန် လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပျက်ကျ AirAsia လေယာဉ်မှ အလောင်း ၂ လောင်းထပ်တွေ့

Photo: ပျက်ကျ AirAsia လေယာဉ်မှ အလောင်း ၂ လောင်းထပ်တွေ့
Wednesday, January 7, 2015

Java ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေတဲ့ AirAsia လေယာဉ် ရှာဖွေနေကြသူတွေဟာ နောက်ထပ် သေဆုံးနေသူ ရုပ်အလောင်း ၂ လောင်းကို ဆယ်ယူရရှိခဲ့ကြပါတယ်။ ရာသီဥတု ဆိုးရွားနေတာကြောင့် ရေငုတ်ပြီး ရှာဖွေရေးလုပ်ဆောင်နေကြရာမှာ နှေးကွေးနေရပါတယ်။

ပျောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ် ၈၅၀၁ AirAsia လေယာဉ်ကို Borneo ကမ်းရိုးတန်းမှာ ၁၀ ရက်ကြာ ရှာဖွေမှုတွေပြုလုပ်ခဲ့စဉ်အတွင်း လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည် စုစုပေါင်း ၁၆၂ ဦး အနက်က ရုပ်အလောင်း ၃၉ လောင်း ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်းသွားတဲ့ အင်ဂျင် ၂ လုံးတတ် A320 Airbus အမျိုးစား ခရီးသည်လေယာဉ်ဟာ အရေးပေါ် အချက်ပေးမှု တစုံတရာမပြုလုပ်ဘဲ ရေဒါစက်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ လေယာဉ်ရဲ့ ကိုယ်ထည်နဲ့ ပျံသန်းမှု အချက်လက်တွေ ထိန်းသိမ်းထားတဲ့ black boxes ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်ခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရ အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီတာဝန်ရှိသူတွေက ပြောပါတယ်။ အဓိကလေယာဉ် ကိုယ်ထည်ရှိနေရာလို့ ယူဆရတဲ့ နေရာမှာ ရေစီးအလွန်ကြမ်းနေတာကြောင့် အခက်ခဲဖြစ်နေရတယ်လို့လည်း ပြောပါတယ်။

သြစတြေးလျနိုင်ငံက မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကလည်း တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ဖို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေကို လာရောက် အကူညီပေးနေတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
Java ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေတဲ့ AirAsia လေယာဉ် ရှာဖွေနေကြသူတွေဟာ နောက်ထပ် သေဆုံးနေသူ ရုပ်အလောင်း ၂ လောင်းကို ဆယ်ယူရရှိခဲ့ကြပါတယ်။ ရာသီဥတု ဆိုးရွားနေတာကြောင့် ရေငုတ်ပြီး ရှာဖွေရေးလုပ်ဆောင်နေကြရာမှာ နှေးကွေးနေရပါတယ်။

ရန်ကုန်တွင် အိမ်ရာစီမံကိန်း ၆ ခု အကောင်အထည်ဖော်နေ

Photo: ရန်ကုန်တွင် အိမ်ရာစီမံကိန်း ၆ ခု အကောင်အထည်ဖော်နေ
Wednesday, January 7, 2015

ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနက အိမ်ရာစီမံကိန်း ၆ ခုကို အကောင်အထည် ဖော်နေပါတယ်။

ဒီစီမံကိန်း ၆ ခုက လာမယ့် ၂၀၁၆ ခုနှစ်အကုန် ပြီးစီးမှာဖြစ်ပြီး အခန်းပေါင်း ၂ သောင်းကျော် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ဒီအရေအတွက်က ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းကြီးမြင့်နေမှုအပေါ် သက်ရောက်နိုင်မှု မရှိလို့ အိမ်ခြံမြေဈေးနှုန်းက ရုတ်ချည်းပြုတ်ကျသွားနိုင်တဲ့ အလားအလာ မရှိသေးတဲ့အကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတချို့က  ထောက်ပြပြောဆို ပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့တန်ဖိုးမြင့်အိမ်ရာ အရောင်းဈေးနှုန်းက ၁ ပေ ပတ်လည် ကို ကျပ် ၄ သိန်း အထက်မှာ ရှိနေပြီး အငှားဈေးနှုန်းကတော့ ၁ ပေပတ်လည်ကို ကျပ် ၁၀၀ ကနေ ၃၀၀ အကြားမှာ ရှိပါတယ်။

ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာလိုအပ်ချက်က ၁ နှစ်ကို အခန်းပေါင်း ၂ သောင်းနဲ့ ၃ သောင်းကြားမှာ ရှိနေပါတယ်။ 

ဒီဗွီဘီ
ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဌာနက အိမ်ရာ စီမံကိန်း ၆ ခုကို အကောင်အထည် ဖော်နေပါတယ်။

ရေနည်းကာလ မရောက်မီ ဇန်န၀ါရီမှာပင် မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ ၁၂ ပေအောက်အထိ ကျဆင်း

မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်း တစ်နေရာအား ဇန်န၀ါရီ ၆ ရက်က တွေ့ရစဉ် 
ယခုနှစ် ဧရာဝတီမြစ် ရေနည်းကာလတွင် မြစ်ရေလျော့ကျမှု စောကာ ကျဆင်းမှု မြန်ခြင်းကြောင့် ဇန်န၀ါရီလ အတွင်းမှာပင် မန္တလေးမြို့ ရေနည်းမှတ်မှာ ၃၇၀ ကျော် စင်တီမီတာ (၁၂ ပေ) အောက်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အလုပ် လုပ်နိုင်သည့် အရွယ် လူလတ်ပိုင်းများတွင် ကင်ဆာဖြစ်နှုန်း မြင့်တက်လာ

Photo: အလုပ် လုပ်နိုင်သည့် အရွယ် လူလတ်ပိုင်းများတွင် ကင်ဆာဖြစ်နှုန်း မြင့်တက်လာ
Wednesday, January 7, 2015

အသက် ၃၀ မှ ၆၅ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား လူလတ်ပိုင်းများတွင် ကင်ဆာဖြစ်ပွားနှုန်းများ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှု ပုံစံများလည်း ပြောင်းလဲလာကြောင်း ကင်ဆာရောဂါ ပုံစံများ ဆေးရုံအခြေပြု ကင်ဆာရောဂါ စစ်တမ်းအရ သိရသည်။

အဆိုပါ စစ်တမ်းကို နေပြည်တော် ခုတင် (၁၀၀၀ ဆံ့) အထွေထွေရောဂါကု ဆေးရုံကြီးတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရောဂါလာရောက် စစ်ဆေးခြင်း (သို့မဟုတ်) တက်ရောက်ကုသခဲ့သည့် ကင်ဆာလူနာများ၏ ဆေးကုသမှု မှတ်တမ်းများ၊ ရောဂါဗေဒဆိုင်ရာ စစ်ဆေးချက်များ၊ ဌာနအချို့ရှိ ဆေးမှတ်တမ်းများမှ အချက်အလက်များအပေါ် မူတည်ကာ လူဦးရေ ၇၃၆ ဦးကို ယင်းဆေးရုံမှ ဆရာဝန်ကြီးများက သုတေသနစစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရရှိလာသည့် အချက်အလက်များပေါ် မူတည်ကာ ကိုယ်တိုင်ပြုလုပ်ထားသည့် ကွန်ပျူတာမှတ်တမ်း ပုံစံတွင် သိမ်းဆည်းထားပြီး လူနာတစ်ဦးချင်းစီ၏ အချက်အလက်များ၊ နေထိုင်ရာ ဒေသဆိုင်ရာ အချက်အလက်များနှင့် နိုင်ငံတကာသုံး ရောဂါဆိုင်ရာ ကုတ်နံပါတ်များဖြင့် မှတ်သားထားသော ကင်ဆာဖြစ်ပွားရာ ကိုယ်ခန္ဓာ အစိတ်အပိုင်း နေရာများကို လေ့လာထားခြင်းဖြစ်ကြောင်းနှင့် အမျိုးသား/အမျိုးသမီး အချိုးမှာ တစ်အချိုး တစ်ဒသမတစ်ဖြစ်ပြီး လူနာစုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းမှာ နေပြည်တော်နှင့် အနီးတစ်ဝိုက် မြို့နယ်များမှဖြစ်ကြောင်း သိရသည်။

စစ်တမ်းပြုလုပ်ရာတွင် အသက်အငယ်ဆုံးမှာ ခြောက်နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၈၈ နှစ်အထိ သုတေသနပြုလုပ်ခဲ့ပြီး ရောဂါဖြစ်ပွားမှု အများဆုံးနှင့် အမြင့်ဆုံး အသက်အရွယ်မှာ ၅၅ မှ ၅၉ နှစ်ကြား အရွယ်များ ဖြစ်ကြောင်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားသူများကို လေ့လာရာတွင် အများစုမှာ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားဖြစ်သည့် အသက် ၃၀ မှ ၆၅ နှစ်ကြား လူလတ်ပိုင်းများမှာ အများဆုံးဖြစ်နေကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာငါးမျိုးမှာ အဆုတ် (၁၉ ဒသမ ၆ ရာခိုင်နှုန်း)၊ အသည်း (၁၃ ဒသမ ၉ ရာခိုင်နှုန်း)၊ ခံတွင်း(၁၀ ဒသမ ၈ ရာခိုင်နှုန်း)၊ အစာအိမ် (၇ ဒသမ ၁ ရာခိုင်နှုန်း)၊ အသံအိုးကင်ဆာ (၆ ဒသမ ၂၅ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်းနှင့် အမျိုးသမီးများတွင် ရင်သား( ၂၄ ဒသမ ၇ ရာခိုင်နှုန်း)၊ သားအိမ်ခေါင်း (၁၄ ဒသမ ၁ ရာခိုင်နှုန်း)၊ မမျိုးဥကင်ဆာ(၇ ဒသမ ၆ ရာခိုင်နှုန်း)၊ အစာအိမ် (၆ ဒသမ ၅ ရာခိုင်နှုန်း)၊ အဆုတ် (၆ ဒသမ ၅ ရာခိုင်နှုန်း) တို့ ဖြစ်ကြောင်း သိရသည်။

“ဒီစစ်တမ်းကို နေပြည်တော်ဆေးရုံက ကင်ဆာရောဂါကု ဌာနမှပဲ လုပ်ခဲ့ပြီး အဓိက သိစေချင်တာက အလုပ်လုပ်နိုင်တဲ့ အရွယ်တွေမှာ ကင်ဆာဖြစ်နှုန်းတွေက အရင်ကထက်စာရင် များလာတာကို ထောက်ပြချင်တာပါ။ ဒီလိုအရွယ်တွေမှာ ရောဂါဖြစ်တာ များလာတော့ လူ့အရင်းအမြစ်ကို အများကြီး ထိခိုက်စေတယ်။ နောက်တစ်ခုက ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ လူဦးရေ တစ်သန်းမှာ ကင်ဆာဓာတ်ရောင်ခြည် ကုသရေးစက် အနည်းဆုံး တစ်လုံးကနေ သုံးလုံးကြားရှိရမယ်လို့ သတ်မှတ်ထားပေမယ့် ကျွန်တော့်ဆီမှာက တစ်လုံးပဲ ရှိနေတော့ ကုသရေးပိုင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ အခု ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ရောင်ခြည် ကုသတာချည်းပဲ တစ်နေ့ကို လူဦးရေ ၁၅၀ လောက် ကုနေရတာပါ” ဟု ယင်းစစ်တမ်းတွင် ပါဝင်လုပ်ဆောင်ခဲ့သူ နေပြည်တော် ခုတင် (၁၀၀၀ ဆံ့) ဆေးရုံမှ ဒေါက်တာကောင်းမြတ်ရွှေက ပြောပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေ လူဦးရေ တစ်သိန်းတွင် ကင်ဆာဖြစ်ပွားသူ  ၁၅၀ ခန့်ရှိနေပြီး မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုများအရ လူဦးရေ သုံးသန်းအထက်တွင် ရှိနေကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group 

ရွှေရောင်နှင်း ဆီကင်ဆာဖောင်ဒေးရှင်းမှ ဆရာဝန်များက ရင်သားကင်ဆာ စစ်ဆေးနည်း စနစ်အား သရုပ်ပြ စစ်ဆေးပေးနေစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
ရွှေရောင်နှင်း ဆီကင်ဆာဖောင်ဒေးရှင်းမှ ဆရာဝန်များက ရင်သားကင်ဆာ စစ်ဆေးနည်း စနစ်အား သရုပ်ပြ စစ်ဆေးပေးနေစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်) 
အသက် ၃၀ မှ ၆၅ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား လူလတ်ပိုင်းများတွင် ကင်ဆာ ဖြစ်ပွားနှုန်းများ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှု ပုံစံများလည်း ပြောင်းလဲလာကြောင်း ကင်ဆာရောဂါ ပုံစံများ ဆေးရုံအခြေပြု ကင်ဆာရောဂါ စစ်တမ်းအရ သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခွင့်ပြု

Photo: ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခွင့်ပြု 
Wednesday, January 7, 2015

၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်ဆောင်ရွက်ခွင့် ပြုထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇန်နဝါရီ ၆ ရက်က The Daily Eleven သို့ ပြောကြားသည်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုပြီးသည့်နောက်ပိုင်း ကိုယ်စားလှယ်လောင်းမှ မဲဆွယ်စည်းရုံးခြင်းအား ရေတိုစည်းရုံးခြင်းဟု သတ်မှတ်ထားပြီး ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်အား နှစ်လ သတ်မှတ်ပေးမည်ဖြစ်ကာ အဆိုပါကာလ မတိုင်မီ မဲဆွယ်စည်းရုံးမှု အနေဖြင့် ပါတီအား မဲပေးရန် စည်းရုံးခြင်း၊ ပါတီဝင်များအား စည်းရုံးခြင်းအား ရေရှည်စည်းရုံးခြင်းအဖြစ် ကော်မရှင်က သတ်မှတ်ထားခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ မတိုင်မီ ကြိုတင်စည်းရုံးခြင်း ပြုလုပ်ရန် မိမိတို့၏ သက်ဆိုင်ရာ ပါတီရုံးချုပ်၊ ရုံးခွဲများတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ အဆင့်တူ ကော်မရှင်အဖွဲ့ခွဲများတွင် အသိပေး၍ ဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း အခြား ပြင်ပနေရာတွင် ဆောင်ရွက်ပါက လုပ်ထုံးလုပ်နည်း ဥပဒေများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေများနှင့် အညီ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်ဖြစ်သည်။

“ကျွန်တော်တို့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာ၊ တစ်ဦးတစ်ယောက် ပိုင်တဲ့နေရာ၊ ဌာနဆိုင်ရာတို့တွေမှာ ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်တဲ့ ဥပမာ အိမ်တစ်အိမ်မှာ စည်းရုံးရေး ဆင်းမယ်ဆိုရင် အိမ်ရှင်ကို ခွင့်တောင်းရမယ်။ ဒီရပ်ကွက်ထဲမှာ စည်းရုံးရေး ဆင်းချင်တယ်ဆိုရင် ဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ဆီမှာ ခွင့်ပြုချက်ယူရမယ်။ ပြီးလို့ရှိရင် ဒီလို ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ကော်မရှင်ကို အသိပေးရမယ်။ ဒါမှမဟုတ် သူတို့ ကွင်းတွေထဲမှာ ဘာတွေထဲမှာ ဟောပြောမယ်ဆိုရင်လည်း သက်ဆိုင်ရာ ငြိမ်းစုစီဥပဒေနဲ့အညီ အဲဒီလို ဆောင်ရွက်ပါလို့ ပြောထားတယ်။ ရေရှည် မဲဆွယ်စည်းရုံးမှု သဘောမျိုးပေါ့ဗျာ။ အခု ပါတီတွေက လုပ်နေကြပြီလေ။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒက ဒါတွေပါ။ ကျွန်တော်တို့ တိုင်းပြည်ကို ကောင်းအောင်လုပ်ပါမယ်။ မဲပေးပါပေါ့ဗျာ။ ကျွန်တော်တို့ကို မဲပေးပါလို့ပဲ ပြောလို့ ရသေးတယ်လေ။ ဘယ်နေရာမှာ ဘယ်သူ့ကို ပေးပါလို့ ပြောလို့ မရသေးဘူးလေ။ အဲဒါမျိုးကို ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်လို့ ရပါတယ်” ဟု ဦးသောင်းလှိုင်က ပြောကြားသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်စာဖြင့် အသိပေး ကြေညာချက်ကို ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားသည်။

Eleven Media Group  

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကော့မှူး မြို့နယ် ၌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ကော့မှူးမြို့နယ်၌ ဒေါ်အောင်ဆန်း စုကြည် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ်
၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်ဆောင်ရွက်ခွင့် ပြုထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဇန်နဝါရီ ၆ ရက်က The Daily Eleven သို့ ပြောကြားသည်။

မြို့တော်ခန်းမ၀င်ပေါက် ပိတ်ဆို့ဆန္ဒပြခဲ့သူ ၁၄ ဦးကို ရုံးထုတ်စစ်ဆေး

Photo: မြို့တော်ခန်းမ၀င်ပေါက် ပိတ်ဆို့ဆန္ဒပြခဲ့သူ ၁၄ ဦးကို ရုံးထုတ်စစ်ဆေး
Wednesday, January 7, 2015

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ၁၂ ရက်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့တဲ့ အတွက် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ တရားလို ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။

တရားလို ၂ ဦးကို စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲခံရသူ ၁၄ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလိုပြော ပါတယ်။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာနမှူး ဦးမောင်မောင်ဇော် ကို စစ်ဆေးပါတယ်၊ ထူးခြားချက်ကတော့ မိကျောင်းကန်ကလူတွေက တံခါးအပေါက်ဝမှာ ထိုင်တဲ့အခါတုန်းက သူတို့ကဆောင်းဘောက်တွေနဲ့ မြူးမြူးကြွကြွ တီးလုံးတွေဖွင့်တယ်၊ ဂျာနယ်တွေနဲ့ ပြည်သူတွေ သိရှိချက်ကို ဆန့်ကျင်ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာနမှူး ဦးမောင်မောင်ဇော်က အဲ့ဒါကို သူမသိပါဘူးလို့ ဗြောင်ကြီးကိုပြောသွားတယ်"

မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို တရားမဝင် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ တရားမဝင်စုဝေးမှု ပုဒ်မ ၁၄၃၊ မတရားတားဆီး ကန့်ကွက်မှု ပုဒ် ၃၄၁ တို့နဲ့ မြို့တော်စည်ပင်သာယာဦးစီးဌာနက စီမံဌာနမှူး ဦးမောင်မောင်ဇော်နဲ့ ကျောက်တံတားမြို့နယ် ဒုတိယရဲမှူး ဦးတင်လှတို့က တရားစွဲထားတာဖြစ်ပါ တယ်။

တရားစွဲခံရသူ ၁၄ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပိတ်ဆို့ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို ဒီလ ၁၆ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ၁၂ ရက်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့တဲ့ အတွက် ပုဒ်မ ၃ ခုနဲ့ တရား စွဲခံထားရတဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ တရားလို ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။

ပါတီစွဲကင်းမှသာ ဒီရွေးကောက်ပွဲ ဖြစ်စဉ်မှာ CSOs အနေနဲ့ ပါဝင်သင့်တယ်

Photo: ပါတီစွဲကင်းမှသာ ဒီရွေးကောက်ပွဲ ဖြစ်စဉ်မှာ CSOs အနေနဲ့ ပါဝင်သင့်တယ်
Wednesday, January 7, 2015

ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီကျု၏ ဖိတ်ကြားချက်အရ ခရိုအေးရှား နိုင်ငံသားတဦးဖြစ်သူ Mr.Vladimir Pran က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံရှိ လူထုအခြေပြု အဖွဲ့အစည်းများ CSOs များကို ၎င်း၏ နိုင်ငံတကာ အတွေ့အကြုံများအား မျှဝေပို့ချခဲ့သည်။ Mr.Vladimir Pran သည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံရှိသည့် ပညာရှင်တဦး ဖြစ်ပြီး ဇာဂရက် တက္ကသိုလ် (Zagreb University) မှ မဟာဝိဇ္ဇာဘွဲ့ (နိုင်ငံရေးသိပ္ပံ) ရရှိခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲ စောင့်ကြည့်ရေး၊ ဒီမိုကရေစီရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများတွင် အနှစ်၂၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသူ တဦးလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် CSOs ၏ အခန်းကဏ္ဍ၊ ပါဝင်ရမည့် အဖွဲ့အစည်းများ၊ ရှိရမည့် အရည်အချင်း၊ စံနှုန်း သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဇူးဇူးက Mr.Vladimir Pran နှင့် တွေ့ဆုံမေးမြန်းထားချက်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး။           ။ ရွေးကောက်ပွဲတွေမှာ လူထုအခြေပြု အဖွဲ့အစည်းများ (CSOs) တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲ။

ဖြေ။           ။ ရွေးကောက်ပွဲတွေကို CSOs တွေက စောင့်ကြည့်ပြီး အစီရင်ခံစာတွေ ထုတ်ပြီးတော့  ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိ၊ မရှိ စောင့်ကြည့်တဲ့ အခန်းကဏ္ဍမှာလည်း ပါဝင်နိုင်တယ်။ မဲပေးကြမယ့် ပြည်သူတွေကိုလည်း မဲဆန္ဒရှင် ပညာပေးရေး (Voter Education) တွေမှာလည်း CSOs တွေက ရွေးကောက်ပွဲဆိုင်ရာ အသိပညာတွေ ရအောင် လုပ်ပေးနိုင်တဲ့အတွက် သူတို့ကဏ္ဍက တော်တော်လေး အရေးပါပါတယ်။

မေး။           ။ ရွေးကောက်ပွဲတွေမှာ ပါဝင်မယ့် CSOs တွေ အနေနဲ့ အဓိက ဘယ်လို အရည်အချင်းမျိုးတွေ ရှိထားသင့်ပါလဲ။

ဖြေ။           ။ သူတို့ အနေနဲ့ ပထမဆုံး နိုင်ငံတကာက ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ စံနှုန်းတွေ၊ သတ်မှတ်ချက်တွေ ဘာတွေ ရှိလဲဆိုတာ သိဖို့လိုတယ်။ အဲဒါတွေ အပေါ်မှာ အခြေခံပြီးတော့မှ ကိုယ့်တိုင်းပြည်မှာဆိုရင် ဘယ်လိုပုံစံလေးတွေ ကျင့်သုံးလို့ရမယ် ဆိုတာတွေကို ချိန်ထိုးပြီး CSOs တွေက စောင့်ကြည့် ပေးရမယ်။

CSOs တွေ အနေနဲ့က ဒီမိုကရေစီ ကူးပြောင်းရေး လမ်းစဉ်မှာ တဖက်တလမ်းကနေ ပါဝင်မြှင့်တင် ပေးနေတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ကိုယ်တိုင် ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာကိုယ် ပညာဆည်းပူးထားဖို့ လိုမယ်၊ သိအောင်တတ်အောင် လုပ်ထားဖို့လည်း လိုမယ်။

နောက်တချက်က ပါတီစွဲ ကင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ နိုင်ငံရေးပါတီ တခုအပေါ်မှာ ပံ့ပိုးချင်တယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ ပါစရာ မလိုဘူး။ အဲဒီ ပါတီသွားပြီး ပါတီရဲ့လှုပ်ရှားမှုတွေမှာ ၀င်ရောက် လှုပ်ရှားလို့ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ သူတို့ဟာ ပါတီစွဲကင်းမှသာ ဒီရွေးကောက်ပွဲ ဖြစ်စဉ်မှာ CSOs အနေနဲ့ ပါဝင်သင့်တယ်။

နောက်တခုက သူတို့ဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အစိုးရကိုပဲ ပွင့်လင်းမြင်သာဖို့ ပြောနေတာ မဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်လည်း ပွင့်လင်းမြင်သာဖို့ လိုတယ်။ သူတို့ရဲ့ အစီရင်ခံစာ တင်တာတွေ၊ ထောက်ပြတာတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ပြီး မလုပ်ရဘူး။ အားလုံး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ တင်ပြရမယ်၊ ထောက်ပြရမယ်။ ပြီးတော့ သူတို့အဖွဲ့အစည်း အတွင်းထဲမှာ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုတယ်။ ငွေရေးကြေးရေးက အစ တခြားထောက်ပံ့ရေး ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ရှိရမယ်။

မေး။           ။ မြန်မာနိုင်ငံက CSOs တွေဟာ စစ်အစိုးရကို ဆန့်ကျင်နေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေ များတာကြောင့် ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ဘက်လိုက်မှုကင်းတဲ့ သူတွေ ဖြစ်နိုင်ပါ့မလား။

ဖြေ။           ။ အရင်ခေတ်က စစ်အစိုးရကို ဆန့်ကျင်ခဲ့တာပေါ့။ အဲဒီ Background ရှိခဲ့တယ် ဆိုပေမယ့်လည်း သူတို့ လိုချင်တာက ဘာလဲ။ ဒီမိုကရေစီ နိုင်ငံတခု လိုချင်တယ် ဆိုရင်တော့ အခု လောလောဆယ် သူတို့လုပ်နေတဲ့ အလုပ်က ပါတီစွဲကင်းပြီး လုပ်ရမယ်။ ဒီလိုမှ သူတို့အနေနဲ့ မစွန့်လွှတ်နိုင်ဘဲနဲ့ ပါတီအတွက် လုပ်နေတာမျိုးတော့ မဖြစ်သင့်ဘူး။

ကျနော့် အတွေ့အကြုံနဲ့ ပြောရမယ်ဆိုရင် ကျနော်ဟာလည်း နိုင်ငံရေး ပါတီတခုမှာ ၅ နှစ် လုပ်ခဲ့ဖူးတယ်။ အဲဒီကနေ ထွက်ပြီး NGO မှာ ၀င်ပြီး ရွေးကောက်ပွဲ လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်ခဲ့တယ်။ နိုင်ငံရေးပါတီမှာ လုပ်ခဲ့တာတွေ အားလုံးကို ယူမလာဘူး။ ခုလောလောဆယ် ဒီမှာ ပါတီစွဲ ကင်းကင်းနဲ့ လုပ်တယ်။

အဓိကက ဒီမှာလုပ်ပေးနေတာ အားလုံးက လူတွေအနေနဲ့ ဒီမိုကရေစီ နည်းလမ်းတွေဟာ ဘာတွေလဲ၊ ဒီမိုကရေစီ အလေ့အကျင့်ဆိုတာ ဘာတွေလဲ၊ အဲဒါတွေ အသိပညာ ပေးတယ်။ ရွေးကောက်ပွဲမှာ ဆိုရင်လည်း လူတိုင်း လူတိုင်းဟာ မဲပေးခွင့် ရှိရမယ်၊ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ဖို့ စာရင်းသွင်းခွင့် ရှိရမယ် ဆိုတာတွေကို ပါတီစွဲ ကင်းကင်းနဲ့ လုပ်နေတာ၊ အသိပညာ ပေးနေတာပါပဲ။

အကယ်၍ ဒီက အဖွဲ့ဝင်တွေက ပါတီစွဲ တခုခုနဲ့ ဘက်လိုက်တယ် ဆိုရင်တော့ လူတွေက စောင့်ကြည့်နေတာပေါ့။ ဒီအဖွဲ့ကတော့ အလယ်ကနေရမှာကို ဟိုဘက်က လိုက်တယ်လို့ မြင်သွားရင် သူတို့ လုပ်ငန်းစဉ် မအောင်မြင်ဘူး ဆိုရမယ်။

မေး။           ။ ရွေးကောက်ပွဲမှာ CSOs တွေ တရားဝင် လေ့လာ စောင့်ကြည့်နိုင်ဖို့ အတွက် ဘာတွေ လိုအပ်ပါလဲ။

ဖြေ။           ။ လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေမှာက စောင့်ကြည့်တဲ့ သူတွေအတွက် ဘာဥပဒေမှ မရှိသေးပါဘူး။ လောလောဆယ် လိုအပ်ချက်အရ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီရွေးကောက်ပွဲမှာ စောင့်ကြည့်တဲ့သူတွေ ပါဝင်ဖို့အတွက် ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပေးဖို့တော့ လိုအပ်နေပါတယ်။ ပါဝင်မယ့် CSOs တွေကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က အသိအမှတ်ပြု ပေးထားဖို့ လိုတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ စနစ်မှာဆိုရင် တာဝန်များစွာ ရှိတာက ရွေးကောက်ပွဲ ကော်မရှင်ပေါ့။ ဥပဒေ ပြုတာကအစ အများကြီး တာဝန်ရှိပါတယ်။ နိုင်ငံတကာကနေ လာရောက် စောင့်ကြည့်မယ့်သူတွေကိုတော့ အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့သာလျှင် လာလို့ ရပါတယ်။ အစိုးရက မဖိတ်ဘူးဆိုရင် လာလို့ မရပါဘူးပေါ့။

မေး။           ။ နိုင်ငံတကာမှာရော ရွေးကောက်ပွဲမှာ ပါဝင်မယ့် CSOs တွေကို ဘယ်လို အသိအမှတ် ပြုပေးထားပါလဲ။

ဖြေ။           ။ များသောအားဖြင့် ပါဝင်မယ့် CSOs တွေက သွားလျှောက်ရတာပေါ့။ ပုံစံက အမျိုးမျိုး ရှိတယ်။ ဥပမာ – ခရိုအေးရှားမှာတော့ စောင့်ကြည့်ဖို့ ပါဝင်လိုတဲ့ CSOs တွေက သွားလျှောက် ရတာပေါ့။ တချက်ပဲ။ လာလျှောက်တဲ့ CSOs  တွေဟာ နိုင်ငံရေးပါတီ တခုခုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုရင် မပေးဘူး။ အဲဒါကလွဲလို့ တခြားအချက်တွေ သိပ်ပြီး မကြည့်ဘူး။ နိုင်ငံရေး ပါတီတွေနဲ့ ဆက်နွယ်မှု မရှိတဲ့ CSOs တွေကို Observer အနေနဲ့ အသိအမှတ်ပြုလွှာ ပေးပါတယ်။ ဘယ်အဖွဲ့အစည်းမဆို လျှောက်လွှာတင်လို့ ရပါတယ်။

မေး။           ။ နိုင်ငံတကာက CSOs တွေဟာ ရွေးကောက်ပွဲမှာ အဓိကအားဖြင့် ဘယ်လိုနေရာတွေမှာ ပါဝင်ကြပါလဲ။

ဖြေ။           ။ ရွေးကောက်ပွဲ စောင့်ကြည့်ရာမှာ အဓိက ပါဝင်ကြတယ်။ နောက်တခုက Voter Mobilization လို့ခေါ်တဲ့ မဲဆန္ဒပေးမယ့် ပြည်သူတရပ်လုံး အရွေ့ရှိလာအောင်၊ မဲပေးဖို့ ဆန္ဒတွေ ဖြစ်လာအောင်၊ ဘယ်သူ့ကို ပေးရမယ်ဆိုတဲ့ အသိတွေ ရှိလာအောင်၊ မဲရုံကိုသွားပြီး မဲပေးချင်တဲ့စိတ် ဖြစ်လာအောင် မဲဆန္ဒရှင်တွေကို ဆော်သြပေး ရတာပေါ့နော်။ မဲရုံကိုလာဖို့ အခက်အခဲ ရှိသူတွေကိုလည်း ရအောင် ပို့ပေးတယ်၊ ဘယ်လို မဲပေးရမယ်ဆိုတာ မသိတဲ့သူတွေကို မဲပေးပုံ ပေးနည်းလေးတွေ ဒါတွေကို Voter Education ပေါ့။ အဲဒီကဏ္ဍတွေမှာ ပါဝင်ကြပါတယ်။

မေး။           ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘာတွေ လိုအပ်ပါလဲ။

ဖြေ။           ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အချက် ၁၆ ချက် ရှိတယ်။ အဲဒီထဲကမှ အားလုံး ပါဝင်ခွင့် ရတာတို့၊ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ရှိတာတို့၊ တရားဥပဒေ စိုးမိုးမှု ရှိတာတို့ ဒါလေးတွေက အခြေခံ မူလေးတွေပေါ့။ ဒါတွေက နိုင်ငံတကာ အားလုံးက စုပေါင်းပြီး ယေဘုယျ သဘောတူထားတဲ့ မူတွေပဲ။ ဒါတွေလုပ်ဖို့ လိုတာပေါ့။

မေး။           ။ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ ရွေးကောက်ပွဲမှာ ပါဝင်မယ့် မြန်မာနိုင်ငံက CSOs တွေကို ဘာများ အကြံဥာဏ် ပေးချင်ပါလဲ။

ဖြေ။           ။ ပထမဆုံး အချက်က CSOs တွေအနေနဲ့ ကိုယ့်ဘာသာကိုယ် ၀မ်းစာပြည့်အောင် ဖြည့်ပါ။ နိုင်ငံတကာ စံတွေကို သိထားအောင် လုပ်ဖို့ လိုပါတယ်။ ဒုတိယ အချက်က ပါတီစွဲကင်းဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲကြီးဟာ အများက အသိအမှတ်ပြုတဲ့၊ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ CSOs တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အတွက် ပါတီစွဲကင်းမှသာ အများက လက်ခံနိုင်မှာပါ။

မေး။           ။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပေါ်ရော ဘယ်လို မြင်ပါလဲ။

ဖြေ။           ။ ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲအတွက် လုပ်ဖို့ အဆင့်တွေက အများကြီး ရှိပါသေးတယ်။ ဥပမာ- မဲဆန္ဒရှင် စာရင်း ပြုစုတာ ဆိုရင်လည်း မပြီးသေးဘူး။ အရေးကြီးဆုံး အချက်။ နောက်တခုက Observer တွေ အတွက်လည်း ဥပဒေတွေ၊ နည်းဥပဒေတွေ မရှိသေးဘူး။ အဲဒါတွေ လုပ်စရာ ရှိနေသေးတဲ့အတွက် အခုချိန်ကတော့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် အချိန်တနှစ် အတွင်းမှာတော့ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ free and fair ဖြစ်လိမ့်မယ်လို့လည်း ယူဆပါတယ်။

နောက်ပြီး ပြောချင်တာ တခုက လူတွေ မေ့နေတဲ့ အချက်လေးပေါ့။ မဲဆန္ဒရှင်စာရင်း ပြုစုတာပါ။ ဒါကို လူတိုင်းက သိပ်အရေးမကြီးဘူးလို့ ထင်နေကြတယ်။ အဲဒါ အရေးကြီးဆုံးပါပဲ။ လောလောဆယ် ရွေးကောက်ပွဲ ကော်မရှင်က ဒါကို လုပ်နေတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ပြုလုပ်နေတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းမှာ CSOs တွေအနေနဲ့က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါရလိမ့်မယ်။ ပိုမိုပြည့်စုံတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ဖို့ပေါ့။

ဧရာဝတီ

Mr.Vladimir Pran (ဓာတ်ပုံ – တင်ထက်ပိုင် / ဧရာဝတီ)
Mr.Vladimir Pran (ဓာတ်ပုံ – တင်ထက်ပိုင် / ဧရာဝတီ)
ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီကျု၏ ဖိတ်ကြားချက်အရ ခရိုအေးရှား နိုင်ငံသားတဦးဖြစ်သူ Mr.Vladimir Pran က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံရှိ လူထုအခြေပြု အဖွဲ့အစည်းများ CSOs များကို ၎င်း၏ နိုင်ငံတကာ အတွေ့အကြုံများအား မျှဝေပို့ချခဲ့သည်။ Mr.Vladimir Pran သည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံရှိသည့် ပညာရှင်တဦး ဖြစ်ပြီး ဇာဂရက် တက္ကသိုလ် (Zagreb University) မှ မဟာဝိဇ္ဇာဘွဲ့ (နိုင်ငံရေးသိပ္ပံ) ရရှိခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲ စောင့်ကြည့်ရေး၊ ဒီမိုကရေစီရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများတွင် အနှစ်၂၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရှိသူ တဦးလည်း ဖြစ်သည်။

စီးတီးအက်ဖ်အမ် ပေးတဲ့ဆုကို မျှော်မှန်းမထားဘဲ ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ ၀ိုင်းစု

Photo: စီးတီးအက်ဖ်အမ် ပေးတဲ့ဆုကို မျှော်မှန်းမထားဘဲ ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ ၀ိုင်းစု
Wednesday, January 7, 2015

‘‘အာဘွား’’ဒီဗီဒီကို ၂၀၁၄ နိုဝင်ဘာက ဖြန့်ချိခဲ့ခြင်းဖြစ်သောကြောင့် စီးတီးအက်ဖ်အမ်၏ အရောင်းရဆုံးစတီရီယို အမျိုးသမီးအဆိုရှင်ဆုရရှိရန် မမျှော်လင့်ခဲ့ကြောင်း ၀ိုင်းစုခိုင် သိန်းကပြောသည်။

‘‘ဒီဆုကို ၀ိုင်းစုမမှန်းထား ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၁ လပိုင်း ၁ ရက်နေ့ကမှ ဒီအခွေ ကို ထုတ်တာ။ ဆုပေးဖို့စာရင်း ပိတ်တာက ၃၀ ရက်ဆိုတော့ မ ထင်ထားဘူး။ ကျန်တဲ့အခွေအ ကုန်လုံးကအရင်ထုတ်ထားတာ။ တစ်နှစ်တာအတွက်ကို ၀ိုင်းစုက တစ်လတည်းဖြစ်နေတယ်။ ဒါပေ မဲ့ တစ်လအတွင်းမှာ တစ်ဟုန် ထိုးအားပေးခဲ့တဲ့ ပရိသတ်တွေ ကို ကျေးဇူးတင်ပါတယ်’’ဟု City FM (၁၃)နှစ်ပြည့်တွင် ၂၀၁၄ တစ်နှစ် တာအတွင်း အရောင်းရ ဆုံးစတီရီယိုအမျိုးသမီးအဆိုရှင် ဆုရရှိသူ ၀ိုင်းစုခိုင်သိန်းကပြောသည်။ယင်းဆုသည် ၎င်းအတွက် စီးတီးအက်ဖ်အမ်မှ ချီးမြှင့်သည့် ဆုငါးဆုမြောက်ဖြစ်ပြီး အာဘွားစီဒီနှင့် ဒီဗီဒီနှစ်ခုစလုံးအရောင်းရဆုံးတေးစီးရီးဆု ရရှိခဲ့သောကြောင့် ပရိသတ်များကို ကျေးဇူး တင်ကြောင်း ၎င်းကဆိုသည်။

‘‘ပရိသတ်တွေအားပေးလို့ ဆုတွေ ရလာတာနဲ့ အမျှ ၀ိုင်းစု အတွက်ပိုပြီးတာဝန်ကြီးလာပါ တယ်။ နောက်လုပ်မယ့် အခွေ တွေကိုလည်း ဒီထက်မကကောင်း အောင် တတ်နိုင်သမျှ ကြိုးစားပါ မယ်’’ဟု ၎င်းကပြောသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို မတ်လ ၂၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နေရာကို ရွေးချယ်ဆဲဖြစ်သည်။

7Day DAILY 

ဓာတ်ပုံ - ဇွဲဉာဏ်
ဓာတ်ပုံ - ဇွဲဉာဏ်
‘‘အာဘွား’’ဒီဗီဒီကို ၂၀၁၄ နိုဝင်ဘာက ဖြန့်ချိခဲ့ခြင်းဖြစ်သောကြောင့် စီးတီးအက်ဖ်အမ်၏ အရောင်းရဆုံး စတီရီယို အမျိုးသမီးအဆိုရှင်ဆုရရှိရန် မမျှော်လင့်ခဲ့ကြောင်း ၀ိုင်းစုခိုင် သိန်းကပြောသည်။

တပ်မတော်က အခြေခံဥပဒေပြင်ရေး လုံးဝလက်မခံဟု မပြောကြောင်း ကာချုပ်ဆို

Photo: တပ်မတော်က အခြေခံဥပဒေပြင်ရေး လုံးဝလက်မခံဟု မပြောကြောင်း ကာချုပ်ဆို
Wednesday, January 7, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရာတွင် ဥပဒေ၌ ဖော်ပြထားသည့် ပြင်ဆင်ရန် အ ချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည်ဖြစ်ပြီး တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကို လုံးဝလက်မခံဟု မပြောကြောင်းတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၅ ရက်က ပြင်သစ် သံအမတ်ကြီး၊ ကိုယ်စားလှယ် အဖွဲ့တို့နှင့် တွေ့ဆုံစဉ် ကာကွယ် ရေးဦးစီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သံအမတ်ကြီးက မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပဋိပက္ခပြ ဿနာ၊ ငြိမ်းချမ်းရေးနှင့် အပစ်အ ခတ်ရပ်စဲရေးဆွေးနွေးမှု အခြေအ နေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားတို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေခိုင်မာရန် လိုအပ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရန်မှာ အခြေခံဥပဒေအခန်း (၁၂) တွင် ဖော်ပြထားသည့် ပြင်ဆင်ရန်အကြောင်း အချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံရေးအကျပ်အ တည်းကိုလည်း ဥပဒေနှင့်အညီ အပြုသဘောဆောင် သည့် တွေ့ဆုံ ဆွေးနွေးမှုများဖြင့် ဖြေရှင်းနေ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၊ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ရောက် ကတည်းက တိုင်းရင်းသားအရေး၊ အယူဝါဒအရေး၊ ဘာသာရေးနှင့်လူပုဂ္ဂိုလ်အရေးအယူအဆကွဲပြားမှုများကြောင့် ပေါ်ပေါက် လာခြင်းဖြစ်ပြီး အလွန်ရှုပ်ထွေးကြောင်းနှင့် လက်ရှိတွင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားခြောက်ချက်ကို အလေးထားလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း ကာချုပ်ကပြောကြားသည်။

သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည်တောင်းဆိုသည့် လေးပွင့် ဆိုင်တွေ့ဆုံမှု၊ ပြည်ထောင်စု လွှတ်တော်က အရေးကြီးအဆို တင်အတည်ပြုထားသည့် တိုင်း ရင်းသားကိုယ်စားလှယ်တစ်ဦးပါ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို ကာကွယ်ရေး ဦးစီးချုပ်က လက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တို့က တိုင်းရင်းသား လူမျိုးစုအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များပါဝင် သော ၁၂ ပွင့်ဆိုင်တွေ့ဆုံရေးပြုလုပ်ရန် အဆိုပြုတိုက်တွန်းထား သည်။

နိုင်ငံရေးအကျပ်အတည်း ကို ဖြေရှင်းရန် အပြုသဘော ဆောင်သည့် တွေ့ဆုံ မှုများဖြင့် ဖြေရှင်းဆွေးနွေးနေကြောင်း ကာချုပ်က ပြောကြားသော်လည်း သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည့် ပထမဆုံးအကြိမ် နိုင်ငံရေးအစုအ ဖွဲ့ ငါးဖွဲ့ (၁၄ ပွင့်ဆိုင်)တွေ့ဆုံမှု မှာမူ အစိုးရက ဟန်ပြသက်သက် ပြုလုပ်ခဲ့ခြင်း သာ ဖြစ်ပြီး တကယ့် အကျပ်အတည်း ပြဿနာများ ကို ထင်ဟပ်ဖြေရှင်းနိုင်ခြင်း မရှိ ကြောင်းတက်ရောက်ခဲ့သူအများစုက သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွက် အဖြစ်သင့်ဆုံးမှာ နိုင်ငံရေးတွင် အဓိကကျသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး နိုင်ငံ ရေးအကျပ်အတည်းကို ၀ိုင်းဝန်း အဖြေရှာခြင်းသာဖြစ်ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

‘‘လွှတ်တော်ပြန်စတဲ့အခါ မှာ ဒီခြေဥပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ကိစ္စအတွက် သမ္မတက သ၀ဏ် လွှာပါးရတော့မယ်။ ခန့်မှန်းရသ လောက်တော့ အခြေခံဥပဒေမှာ လွှတ်တော်အတွင်း အများစုနေ ရာယူထားတဲ့ သူတွေ လိုလားတဲ့ ပုဒ်မတွေသာ ပြင်ဆင်နိုင်ပြီး ကျန် တဲ့ ၄၃၆ အပါအ၀င် ပြည်သူလို လားတဲ့ ဥပဒေတွေကတော့ ပြင် နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါ ကြောင့် တွေ့ဆုံဆွေးနွေးမှုကနေ အဖြေတစ်ခုထွက်လာရင် လူထု ကလည်း ဒီအဖြေကို စောင့်ဆိုင်း ဖို့ စိတ်ရှည်လိမ့်မယ်လို့ မြင်တယ်’’ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကကျပြီး အရေးကြီးသည့် ပုဒ်မများ ပြင်ဆင် လိုပါက ပြည်ထောင်စုလွှတ်တော်၌ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရရှိမှသာ လူထုဆန္ဒခံယူပွဲကျင်းပ၍ ပြင်ဆင်နိုင်သည်ဆိုသည့် ပုဒ်မ ၄၃၆ ကြောင့် လွှတ်တော် အတွင်း ၂၅ ရာခိုင်နှုန်းရှိနေသော တပ်မတော်သားကိုယ် စားလှယ် အနည်းဆုံးတစ်ဦး၏ ထောက်ခံမှု ရရှိရန်လိုအပ်သည်။ သို့သော် ထိုပုဒ်မကို မပြင်လို ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ပြည် ထောင်စုလွှတ်တော်တွင် ဆန္ဒပြု ခဲ့ပြီး ဖြစ်သည်

7Day DAILY
ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရာတွင် ဥပဒေ၌ ဖော်ပြထားသည့် ပြင်ဆင်ရန် အ ချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည်ဖြစ်ပြီး တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကို လုံးဝလက်မခံဟု မပြောကြောင်းတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။