လက်ပံတောင်းတောင် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး မြို့ခံနိုင်ငံရေး အင်အားစုများနှင့် ဒေသခံများ မုံရွာမြို့အတွင်း ဇန်န၀ါရီ ၆ ရက်က ဆန္ဒထုတ်ဖော်စဉ်
သတင်းဆောင်းပါး
လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေယာလျော်ကြေးအဖြစ် ဒေသခံများကို မြန်မာဝမ်ပေါင်က အမေရိကန်ဒေါ်လာ ၁ဝ သန်းကျော် (ကျပ် ၁ဝ၇၉၆၆ ဒသမ ၉၂) ပေးလျော်ထားမှုမှာ လက်ပံတောင်း တောင် စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ကျော်ကို နှစ်ပေါင်း ၃ဝ အထိ နှစ်စဉ်ရရှိနေပြီး စီမံကိန်း ပထမကာလတွင်ပင် အမေရိကန်ဒေါ်လာ သန်း ၆ဝဝဝ ခန့် ရရှိနေသည့် အစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့၏ အကျိုးအမြတ်များနှင့် နှိုင်းယှဉ်မည်ဆိုပါက အဆမတန် နည်းပါးနေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာကြောင်း သိရသည်။