၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သင့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သော (၆) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် အချက်သုံးချက်ကို ပြောကြားခဲ့သည် ဒုတိယအချက်အနေဖြင့် မြန်မာ့အရေးကို ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုရေးအတွက် မှတ်ကျောက်အတင်ခံမယ့်အချိန် ဖြစ်ပါတယ်။ နောက်နှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သင့်ပါတယ်။
ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ် ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။






