Wednesday, 11 June 2014

မဟာသန္တိသုခ ကျောင်းတိုက်ပြဿနာ သာသနာရေးဝန်ကြီးဌာနက ယနေ့ရှင်းမည်

ဇွန် ၁၀ ရက်ညပိုင်းက မဟာသန္တိသုခကျောင်းရှိ သံဃာတော်များအား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် သံဃာတော်များနှင့် တာဝန်ရှိသူအချို့က လာရောက် ရှင်းလင်းဖယ်ရှားခဲ့သည်။ [ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]
မဟာသန္တိသုခကျောင်းတိုက်ကို တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အားတစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ကျောင်းတိုက်ကို ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ဖယ်ရှားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်သည်။

ဘက်ဟမ်း၏ ဘောလုံးအသင်းသစ်အတွက် ကွင်းနေရာ လျှောက်ထားမှု ငြင်းပယ်ခံရ

Photo: ဘက်ဟမ်း၏ ဘောလုံးအသင်းသစ်အတွက် ကွင်းနေရာ လျှောက်ထားမှု ငြင်းပယ်ခံရ
Wednesday, June 11, 2014

ကိုယ်ပိုင် ဘောလုံးအသင်းတစ်သင်း တည်ထောင်ရန် စိုင်းပြင်းနေသော ဒေးဗစ်ဘက်ဟမ်းသည် အသင်းပိုင်ကွင်း မြေနေရာအတွက် စိတ်ကြိုက်ရွေးချယ် လျှောက်ထားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ မီယာမီတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင်ဟောင်းဘက်ခမ်းက ဘောလုံးအသင်းတစ်သင်း တည်ထောင်သွားရန် ပြင်ဆင်လျှက် ရှိသည်။

မီယာမီရှိ ဘတ်စကက်ဘော ကွင်းကြီးတစ်ခုအနီး မြေနေရာကို ဘက်ဟမ်းက ၎င်း၏ ဘောလုံးအသင်းအတွက် အိမ်ကွင်းအဖြစ် တည်ဆောက်ရန် ရွေးချယ်ပြီး အဆိုပြုခဲ့သော်လည်း မြို့တော် အုပ်ချုပ်ရေး တာဝန်ရှိသူများက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ဘက်ဟမ်းအဆိုတင်သွင်းသော ကမ်းနားမြေကွက် နေရာသည် ဘောလုံးကွင်း ဆောက်လုပ်ရန် သင့်လျော်မှု မရှိဟု သက်ဆိုင်ရာက ပြန်ကြားခဲ့သည်။ ဘက်ဟမ်း၏ ကုမ္ပဏီဖြစ်သော Beckham Miami Unitedကမူ မိမိတို့သည် အခြားသင့်တော်မည့် နေရာသစ် တစ်ခုကို ရှာဖွေသွားမည်ဟု ကြေညာသည်။

ဘက်ဟမ်းသည် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲတွင် ပါဝင်မည့် ဘောလုံးအသင်း တစ်သင်းကို တည်ထောင်ရန်အတွက် မကြာသေးမီ လပိုင်းအတွင်း လန်ဒန်နှင့် မီယာမီ ကူးချည်သန်းချည် သွားလာနေခဲ့သည်။

စည်းမျဉ်းများအရ ဘက်ဟမ်း၏ ကုမ္ပဏသည် အားကစားကွင်း တည်ဆောက်ခွင့် နေရာတစ်ခု အတည်ပြု သတ်မှတ်ပြီးမှသာ အမေရိကန် မေဂျာလိဂ် ဘောလုံးအဖွဲ့ချုပ်ထံမှ အသင်းဝင်ခွင့် တရားဝင် ရရှိနိုငမည် ဖြစ်သည်။

အစောပိုင်းက ကမ်းနားမြေကွက် တစ်ခုကို ဘက်ဟမ်းအနေဖြင့် စိတ်ဝင်စားခဲ့သေးသော်လည်း ခရုစ်သင်္ဘောလိုင်း အချို့၏ ဆန့်ကျင်မှုများကြောင့် အဆင်မပြေခဲ့ချေ။

Beckham Miami United ကုမ္ပဏီသည် ကွင်းသစ်အတွက် အမေရိကန်ဒေါ်လာသန်း ၂၅၀ အကုန်အကျခံ မြှုပ်နှံသွားရန် သဘောတူညီထားပြီး ပရိသတ် ၂၀,၀၀၀ ဝင်ဆံ့သည့် ကွင်းမျိုးကို ဆောက်လုပ်သွားဖွယ် ရှိနေသည်။

ယခုစီမံကိန်းတွင် ဘက်ဟမ်းနှင့်အတူ စီးပွားရေး စွန့်ဦးတီထွင်သူ ဆိုင်မွန်ဖူလာ၊ မိုဘိုင်းဖုန်း ဝန်ဆောင်မှု လုပ်ငန်းများဖြင့် ဘီလျံနာသူဌေး တစ်ဦးအဖြစ် ကြွယ်ဝနေသူ မာဆယ်လို ကလော်ရီတို့လည်း ပူးပေါင်းပါဝင်ကြမည် ဖြစ်သည်။

Ref: BBC
7Day DAILY
ကိုယ်ပိုင် ဘောလုံးအသင်းတစ်သင်း တည်ထောင်ရန် စိုင်းပြင်းနေသော ဒေးဗစ်ဘက်ဟမ်းသည် အသင်းပိုင် ကွင်းမြေနေရာအတွက် စိတ်ကြိုက်ရွေးချယ် လျှောက်ထားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်းသိရှိရသည်။

မြန်မာ ယူ-၁၉ အသင်း ဘာလင်မြို့နှင့် လန်ဒန်မြို့များတွင် နေထိုင်လေ့ကျင့် မည်ဖြစ်ပြီး ၀က်စ်ဟမ်း လူငယ်အသင်း အပါအ၀င် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် ညှိနှိုင်းလျက်ရှိ

Photo: မြန်မာ ယူ-၁၉ အသင်း ဘာလင်မြို့နှင့် လန်ဒန်မြို့များတွင် နေထိုင်လေ့ကျင့် မည်ဖြစ်ပြီး ၀က်စ်ဟမ်း လူငယ်အသင်း အပါအ၀င် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် ညှိနှိုင်းလျက်ရှိ
Wednesday, June 11, 2014

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများတွင် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့များတွင် လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် ယင်းနှစ်နိုင်ငံတွင် ရက် ၂၀ ကျော်ကြာ နေထိုင်၍ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် ၀က်စ်ဟမ်း လူငယ်အသင်း အပါအ၀င် အခြားဒေသခံ လူငယ်ကလပ် အသင်းများနှင့် ခြေစမ်းကစားရန် ညှိနှိုင်းလျက်ရှိပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည် လာမည့် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂၅ ရက်အထိ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားပြီး ဂျာမနီနိုင်ငံသို့ ဦးစွာသွားရောက်မည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ဥရောပခြေစမ်း ခရီးစဉ်အတွက် ပဏာမလက်ရွေးစင် ကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး အပြီးသတ် ၂၅ ဦးကို ဇွန်လစတုတ္ထပတ်တွင် ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် ဧပြီလ ကတည်းက စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲအကြို ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရယူထားနိုင်သည်။ ဂျပန် ယူ-၁၉ အသင်းကို (၁-၀)ဂိုး၊ နိုင်ဂျီးရီးယားကလပ် အာရာဖတ်အသင်းကို (၇-၁) ဂိုးတို့ဖြင့် အနိုင်ရရှိထားပြီး အင်ဒိုနီးရှားတွင် သွားရောက်ကစားခဲ့သော အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ကြောင်း သိရသည်။ 

Eleven Media Group 

မြန်မာ ယူ-၁၉ အသင်း ကစားသမားများနှင့် လက်ထောက်နည်းပြ ဦးညီညီလတ်တို့ကို လေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ်
မြန်မာ ယူ-၁၉ အသင်း ကစားသမားများနှင့် လက်ထောက်နည်းပြ ဦးညီညီလတ်တို့ကို လေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများ အတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများတွင် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့များတွင် လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်း ရွေးကောက်ပွဲကော်မရှင် စမ်းသပ်ကောက်ယူ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည့် မြို့နယ် သုံးမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း စမ်းသပ်ကောက်ယူမှု ယခုလအတွင်း စတင်ပြီ ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ညွှန်ကြားမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။

လေဆိပ်နှင့် ကမ်းရိုးတန်းများတွင် Mobile Team များ ထားရှိမည်

တရားမ၀င် ကုန်ပစ္စည်းကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုအဖွဲ့ (Mobile team) က တရားမ၀င် ကုန် သွယ်မှု တားဆီး စစ်ဆေးခြင်းလုပ်ငန်းများကို ဇွန်လမှစတင်၍ လေဆိပ်များနှင့် ကမ်းရိုးတန်း ဒေသများတွင် ပါ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်ဟု တရားမ၀င်ကုန်ပစ္စည်း ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ဇွန်လ ၁၀ ရက်တွင် မဇ်္ဈိမကို ပြောသည်။ 

ရဲဝန်ထမ်းများ အရေအတွက် လိုအပ်ချက်၏ ထက်ဝက်သာရှိ

ပြည်သူလူထုကို လုံခြုံစေရန်လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားက မမျှတဘဲ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ပေးနိုင်ရန် လက်ရှိတစ်နိုင်ငံလုံး ရဲအင်အားအတိုင်း နောက်ထပ်ခန့်ထားရန် လိုအပ်လျက်ရှိပြီး ရဲတပ်သားသစ်များ ခန့်အပ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြောသည်။

၂၀၁၄၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် KNU ပါဝင်မည်မဟုတ်

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် အမျိုးသားရေးကို ဦးဆောင်သော အဖွဲ့အစည်းဖြစ်သည့်အတွက် လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ဟု KNU ၏ ဗဟိုကော်မတီဝင် ဖဒိုစောကွယ်ထူးဝင်းက ဇွန်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ 

သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိမှုတွင် သစ်ခွနှင့် သင်းခွေချပ် အများဆုံးဖြစ်

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း သစ်တောဦးစီးဌာနက ဖမ်းဆီးရရှိမှုများအနက် သင်းခွေချပ်နှင့် သစ်ခွ ဖမ်းဆီးမှုမှာ အများဆုံးဖြစ်သည်ဟု ဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် မြင်လိုဟု တရုတ်ပြောကြား

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝသော နိုင်ငံအဖြစ် မြင်တွေ့လိုကြောင်း တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လျူကျင်းမင်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ 

အီရတ်ဒုတိယအကြီးဆုံးမြို့ စစ်သွေးကြွတွေသိမ်းပိုက်

Photo: အီရတ်ဒုတိယအကြီးဆုံးမြို့ စစ်သွေးကြွတွေသိမ်းပိုက်
Wednesday, June 11, 2014

အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Mosul မြို့ကို ဆူနီမူဆလင် အစွန်းရောက် စစ်သွေးကြွတွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရှီယာမူဆလင်တွေဦးဆောင်တဲ့ အီရတ်အစိုးရအတွက် မထင်မှတ်ဘဲ အငိုက်မိသွားစေခဲ့ပါတယ်။
 
အီရန်နိုင်ငံဟာ ခက်ခဲတဲ့ အခြေအနေတခုမှာ ကျရောက်နေတယ်လို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပြောကြားခဲ့ပြီး၊ အရေးပေါ်အခြေအနေ ကြေညာနိုင်ဖို့ အရေးပေါ် လွှတ်တော် ခေါ်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Baghdad မြို့တော်ရဲ့ မြောက်ဘက် မိုင် ၂၀၀ ကျော် ဝေးတဲ့နေရာမှာ တည်ရှိတဲ့ Mosul မြို့ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ အီရတ်လုံခြုံရေး လုံးဝ ပျက်ပြားသွားပြီလို့ အီရတ်စစ်တပ် တပ်မှူးကြီးတယောက်က ဖော်ပြပြောဆိုခဲ့ ပါတယ်။
 
Mosul မြို့ဟာ စစ်သွေးကြွတွေရဲ့ လက်ထဲမှာရောက်နေပြီလို့ အီရတ်အစိုးရ တာဝန်ရှိသူ တယောက်ကလည်း ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ အီရတ်စစ်သားတွေက လက်နက်တွေထားပြီး ထွက်ပြေးခဲ့ကြောင်း၊ စစ်တပ်စခန်းချထားတဲ့ နေရာတွေအပြင် Mosul လေဆိပ်ကိုလည်း အကြမ်းဖက်သမားတွေက သိမ်းပိုက်လိုက်တယ်လို့ အီရတ်လွှတ်တော်ဥက္ကဌ Osama al-Nujaifi ကလည်း ပြောပါတယ်။
 
RPG လက်နက်ကြီးတွေ လေယာဉ်ပစ် လက်နက်တွေနဲ့ တိုက်ခိုက်သူတွေ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုတ်လာတဲ့ အီရတ်စစ်သားတွေက ရန်သူ့လက်ထဲ မရောက်အောင် လက်နက်တိုက်တွေကို မီးရှို့ခဲ့ကြပါတယ်။
 
al-Qaida အဖွဲ့ခွဲတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ထိန်းနိုင်အောင် ကြိုးစားနေရတဲ့ အီရတ်အစိုးရအတွက် အခု Mosul မြို့ တိုက်ခိုက် သိမ်းပိုက်ခံရတာဟာ အထိနာမှုကြီးတခု ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Mosul မြို့ကို ဆူနီမူဆလင် အစွန်းရောက် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရှီယာမူဆလင်တွေဦးဆောင်တဲ့ အီရတ်အစိုးရ အတွက် မထင် မှတ်ဘဲ အငိုက်မိသွားစေခဲ့ပါတယ်။

နိုင်ငံခြားဘဏ် ၁၀ခု ဖွင့်ခွင့် ယခုနှစ်မကုန်ခင် ရွေးချယ်မည်

နိုင်ငံခြားဘဏ် ၄၂ ခု တို့၏ ရုံးခွဲများရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး ဘဏ်ဖွင့်ခွင့် ရရေးအတွက် ကြိုးပမ်းနေ ချိန် တွင် ဇွန်လဆန်းမှစ၍ ဘဏ်ဖွင့်ခွင့်လျှောက်လွှာများ စတင်လက်ခံနေကြောင်းနှင့် နိုင်ငံခြားဘဏ် ၁၀ ခုကို ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဇွန်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများ ညအချိန် ၀င်ရောက်စီးနင်း၍ ချိပ်ပိတ်

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃ နာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာ ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တာဝန်စာတမ်းပါ လက်ပတ်အနီပတ်သူများ ပါဝင်၍ ဇွန် ၁၀ ရက် ည ၁၀ ခန့်မှ ၀င်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားပြည်နယ်များတွင် PR စနစ်ကျင့်သုံးပါက လူထုဆန္ဒထုတ်ဖော် ၍ ဆန့်ကျင်မည်ဟု NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများ ထုတ်ပြန်

တိုင်းရင်းသားပြည်နယ်များတွင် ရွေးကောက်ပွဲစနစ်အား PR စနစ်ကျင့်သုံးပါက လူထုဆန္ဒထုတ်ဖော်၍ ဆန့်ကျင် ဆောင်ရွက်သင့်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေး ရှင်း (NBF) အဖွဲ့ဝင်တိုင်းရင်းသားပါတီများ၏ သဘောထားအမြင်များကို ထုတ်ပြန်ခဲ့သည်။ 

ထောင်ဒဏ်ကိုးနှစ်ကျော်မှ ငါးနှစ်အထိ လျှော့ပေါ့ကျခံစေရန် အမိန့်ချမှတ် ခံရသည့် သရုပ်ဆောင်မေဇွန်အမှုကို ပြင်ဆင်ပေးရန် တိုင်းဥပဒေအရာရှိက ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်သွင်း

Photo: ထောင်ဒဏ်ကိုးနှစ်ကျော်မှ ငါးနှစ်အထိ လျှော့ပေါ့ကျခံစေရန် အမိန့်ချမှတ် ခံရသည့် သရုပ်ဆောင်မေဇွန်အမှုကို ပြင်ဆင်ပေးရန် တိုင်းဥပဒေအရာရှိက ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်သွင်း
Wednesday, June 11, 2014

အိမ်အကူမလေးတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ထောင်ဒဏ်ကိုးနှစ်ကျော် ချမှတ်ခံခဲ့ရသည့် သရုပ်ဆောင်မေဇွန် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံး တွင် ပြစ်ဒဏ်လျှော့ပေါ့သည့် အယူခံ အောင်မြင်ခဲ့မှုအား ပြင်ဆင်ပေးရန် ရန်ကုန်တိုင်းဥပဒေအရာရှိက နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်သွင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

သရုပ်ဆောင်မေဇွန်၏ အယူခံဝင်မှုအား တိုင်းတရားရုံးမှ ထောင်ဒဏ်ငါးနှစ် လျော့ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီးနောက် တိုင်းဥပဒေအရာရှိက ယင်းပြစ်ဒဏ် လျှော့ပေါ့မှု အယူခံအား ပြင်ဆင်ပေးရန် နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မေဇွန်က လူသတ်မှုနဲ့ ၂၀၁၃ ခုနှစ်အတွင်းက ထောင်ဒဏ်ကိုးနှစ်လေးလ ချမှတ်ခံခဲ့ရတယ်။ သူ့အနေနဲ့ ဒီပြစ်ဒဏ်ကို တိုင်းတရားရုံးမှာ အယူခံဝင်ခဲ့တယ်။ တိုင်းတရားရုံးက သူ့ရဲ့အယူခံကို လက်ခံစစ်ဆေးပြီးတော့ ပြစ်ဒဏ်ငါးနှစ် လျှော့ချခဲ့ပါတယ်။ ပြစ်ဒဏ်လျှော့ချခဲ့မှုအပေါ် ပြင်ဆင်ပေးဖို့ တိုင်းဥပဒေအရာရှိက နေပြည်တော် ဥပဒေရုံးချုပ်ကို တင်သွင်းထားတယ်လို့လည်း သိရပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းကြည်က ဇွန် ၁၀ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

ထို့အပြင် သရုပ်ဆောင်မေဇွန် အယူခံဝင် အောင်မြင်မှုကို ဇူလိုင် ၇ ရက်တွင် အင်းစိန်ထောင်အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထောင်ပိုင်ကြီး ဦးကျော်ဌေးက ပြောပြခဲ့ခြင်းဖြစ်ပြီး အသေးစိတ် သိလိုသည်များကို ဇူလိုင် ၁၀ ရက်တွင် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိခဲ့ပေ။

သရုပ်ဆောင်မေဇွန်ကို အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး(၃)က ၂၀၁၃ ခုနှစ် ဇွန် ၂၀ ရက်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကိုးနှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ်တစ်လတို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေဇွန်မှာ MRTV-4 က ရိုက်ကူးသည့် Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်ညက ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် အိမ်ဖော်မလေးတစ်ဦး သေဆုံးမှု နှင့်ပတ်သက်ပြီး တရားစွဲဆိုခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆေးမှတ်တမ်းများအရ သေဆုံးခဲ့သည့် အိမ်အကူမလေး မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့၌ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ဖျံ၊ ယာလက်ကောက် ၀တ်နှင့်ဝဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကာ သေဆုံးပြီး ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အမိန့်ချမှတ်ခဲ့သည့် တရားရုံးမှတ်တမ်းများအရ သိရသည်။ 

Eleven Media Group 

သရုပ်ဆောင်မေဇွန်ကို ၂၀၁၃ ခုနှစ် ဇွန်၂၀ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
သရုပ်ဆောင်မေဇွန်ကို ၂၀၁၃ ခုနှစ် ဇွန်၂၀ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အိမ်အကူမလေးတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ထောင်ဒဏ်ကိုးနှစ်ကျော် ချမှတ်ခံခဲ့ရသည့် သရုပ်ဆောင် မေဇွန် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံး တွင် ပြစ်ဒဏ်လျှော့ပေါ့သည့် အယူခံ အောင်မြင်ခဲ့မှုအား ပြင်ဆင်ပေးရန် ရန်ကုန်တိုင်းဥပဒေအရာရှိက နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်သွင်း ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ရတနာပုံတယ်လီပို့ မှ GSM SIM Card များ ၀န်ဆောင်မှုအပြည့်ဖြင့် အကန့်အသတ်မရှိ အလကားပေးတော့မည်

Photo: ရတနာပုံတယ်လီပို့ မှ GSM SIM Card များ ၀န်ဆောင်မှုအပြည့်ဖြင့် အကန့်အသတ်မရှိ အလကားပေးတော့မည်
Wednesday, June 11, 2014

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ကသိရသည်။ 

ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။ 

“အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆက်လက်ပြောသည်။ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချထားပေးနိုင် မယ်လို့ မျှော်မှန်း ထားပါတယ်။ 

ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေး မှာဖြစ်ပါတယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။ ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။ 

ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။

မြဝတီ
မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင် ကုမ္ပဏီအနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့က သိရ သည်။ 

တူဖြစ်သူခိုးယူလာသည့် မိန်းကလေးကို ဦးလေးက အဓမ္မပြုကျင့်

တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် မိန်းကလေး တစ်ဦးက ၎င်း၏ရည်းစားဖြင့် ခိုးရာလိုက်ပြေးလာစဉ်  ရည်းစားဖြစ်သူ၏ ဦးလေးက အဓမ္မပြုကျင့် သည့် 
ဖြစ် စဉ် တစ်ခု ဇွန်လ ၈ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

မယ်စကြ၀ဠာပြိုင်ပွဲအတွက် ထိုင်းအလှမယ် Facebook ၌ ယင်လက်အစိုးရအဖွဲ့ကို ထောက်ခံသူများအား ကွပ်မျက်သင့်ဟု မှတ်ချက်ရေးမိသောကြောင့် သရဖူ စွန့်လွှတ်လိုက်ရ

ထိုင်းအလှမယ် ၀ီလုရီဒိသာယာဘတ် သတင်းစာရှင်းလင်းပွဲ၌ ငိုကြွေးနေစဉ် (Photo:AFP)
မယ်စကြ၀ဠာပြိုင်ပွဲဝင်ရန် ထိုင်းအလှမယ်အဖြစ် ရွေးချယ်ခံထားရသည့် ၀ီလုရီဒိသာယာဘတ် (၂၂ နှစ်) သည် ဖြုတ်ချခံလိုက်ရသော ယင်လက်အစိုးရအဖွဲ့အား ထောက်ခံသူများကို ကွပ်မျက်သင့်ကြောင်း တောင်းဆိုခဲ့သည်ဟု လူမှုရေး မီဒီယာတစ်ခုတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇွန် ၉ ရက်တွင် ထိုင်းအလှမယ်သရဖူကို စွန့်လွှတ်လိုက်ကြောင်း သိရသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာဆောင်ရွက်ရန် သမ္မတတိုက်တွန်း

နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား လမ်းညွှန်မှာကြားခြင်း မိန့်ခွန်းပြောကြားရာတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာ ဆောင်ရွက် သွားရန် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြား သွားခဲ့ သည်။

ယူကရိန်းနိုင်ငံက သံချပ်ကာကား မြန်မာပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်

Photo: ယူကရိန်းနိုင်ငံက သံချပ်ကာကား မြန်မာပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်
Wednesday, June 11, 2014

 ယူကရိန်းနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာကျော် BTR-3U အမျိုးအစား သံချပ်ကာကားတွေကို မြန်မာနိုင်ငံမှာ အခုအခါ တပ်ဆင်ထုတ်လုပ်နေပြီလို့ နိုင်ငံတကာ ကာကွယ်ရေးကဏ္ဍ သတင်းတွေတင်ပြတဲ့ Army Recognition အင်တာနက်စာမျက်နှာက ရေးသားဖေါ်ပြထားပါတယ်။

အဲဒီ သံချပ်ကာကားတွေဟာ တပ်စိတ်တစ်စိတ်လောက်ကို တစ်နေရာကတစ်နေရာ လုံလုံခြုံခြုံ သယ်ဆောင်သွားနိုင်တဲ့ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ် အမျိုးအစားဖြစ်ပြီး စက်ကလေးသေနတ်တွေ တပ်ဆင်ထားပါတယ်။

မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့ ၁၀ နှစ်ကာလမှာ အဲဒီ BTR-3U သံချပ်ကာကားမျိုး ၁၀ စီးကို ဝယ်ယူ အသုံးပြုခဲ့ပြီး၊ အခုနောက်ပိုင်းမှာ ပြည်ပက အစိတ်အပိုင်းတွေမှာယူပြီး ပြည်တွင်းမှာတင် တပ်ဆင်ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ စက်သေနတ်ကြီးတွေ ဒုံးကျည်လက်နက်တွေ တပ်ဆင်ထားတဲ့ MAV အမျိုးအစား သံချပ်ကာယာဉ်အမျိုးမျိုးကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနပိုင်စက်ရုံတွေမှာ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

RFA Burmese
ယူကရိန်းနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာကျော် BTR-3U အမျိုးအစား သံချပ်ကာကားတွေကို မြန်မာနိုင်ငံမှာ အခုအခါ တပ်ဆင်ထုတ်လုပ်နေပြီလို့ နိုင်ငံတကာ ကာကွယ်ရေးကဏ္ဍ သတင်းတွေတင်ပြတဲ့ Army Recognition အင်တာနက်စာမျက်နှာက ရေးသားဖေါ်ပြထားပါတယ်။

စီတန်းလှည့်လည်ခွင့် ဥပဒေ ပြင်ပြီ

Photo: စီတန်းလှည့်လည်ခွင့် ဥပဒေ ပြင်ပြီ
Wednesday, June 11, 2014

 ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင် ထားတဲ့အထိုင်း အမျိုးသား လွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေမှာလည်း ကန့်သတ်ချက်တွေ ရှိနေတုန်း ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေမှာ ပါတဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ တောင်းဆိုမှု တွေရှိခဲ့ပေမဲ့ အခု ပြင်ဆင်ချက်မှာ လုံးဝ ဖြုတ်ပေး လိုက် တာ မဟုတ်ပါဘူး။

အခု ပြင်ဆင်ချက်အရ ပုဒ် ၁၈ မှာ ပါတဲ့ အရင်တုန်းက ကြိုတင် ခွင့်ပြုချက် ပြီးမှ စီတန်းလှည့်လည်ခွင့် ရမှာ ဖြစ်ပေမဲ့ ရှိပေမယ့် အခု ပြင်ဆင်ချက်အရ ခွင့်ပြုချက် ယူစရာမလိုတော့ဘဲ အကြောင်းကြားစာကိုသာ ပေးပို့ရမှာ ဖြစ်ပါတယ်။

အကြောင်းမကြားပဲ ဆန္ဒပြရင်တော့ ထောင်ဒဏ်တွေ ရှိနေတုန်းပဲလို့ စီတန်း လှည့်လည်ခွင့် ဥပဒေကို ဆွေးနွေးခဲ့ဖူးသူ ပြည်သူ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ပြောပါတယ်။

ထောင်ဒဏ် အစား ငွေဒဏ်ကိုသာ ချမှတ်ဖို့ဆိုတဲ့ ပြင်ဆင်ချက် ထည့်သွင်းဖို့ လွှတ်တော်မှာ သူတင်သွင်းခဲ့တာ ရှုံးခဲ့တယ်လို့ လည်း ဦးခိုင်မောင်ရီက ပြောပါတယ်။

လွှတ်တော် နှစ်ရပ်စလုံးက သဘောတူလိုက်ပြီ ဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုတဲ့ သဘော သက်ရောက်သွားတဲ့ အတွက်မကြာခင်မှာ ဥပဒေ တရပ် ပြဌာန်း တော့မှာဖြစ်ပါတယ်။

သမ္မတက ဥပဒေအဖြစ် ကြေညာခဲ့ပြီးလို့ နည်းဥပဒေ ရေးဆွဲတဲ့အခါ ဘယ်လို အကန့်အသတ်တွေ ထပ်ရှိလာဦးမလဲ ဆိုတာ လေ့လာသူတွေက စောင့်ကြည့်နေကြ ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေအရ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ အရေးယူခံရသူတွေ အများအပြား ရှိခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ထားတဲ့အထိုင်း အမျိုးသားလွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။