Thursday, 15 May 2014

လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်မည်

Photo: လေယာဉ်မောင်းသင်တန်း ဖွင့်လှစ်မည်
Thursday, May 15, 2014

ဖိလစ်ပိုင်နိုင်ငံမှ FASTLINK  AVIATION TRAINING SCHOOL လေ ယာဉ်မောင်းသင်တန်းနှင့် SKYRARD (Myanmar) တို့မှ တရားဝင်ပူးပေါင်း ကာ မန္တလေးမြို့တွင် လေကြောင်းပညာရေး ဘာသာရပ် (Aviation English) နှင့် မြေပြင်သင်တန်းအတွက် အကြိုဘာသာရပ် (Ground School bridfing) ကို စတင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်းသင်တန်း ကာလမှာ ၁၃ လကြာမြင့်မည် ဖြစ်သည်။ လက်တွေ့ပျံသန်းမှုနှင့် မြေပြင် သင်တန်းများကိုလည်း ဖိလစ်ပိုင်နိုင်ငံရှိ FASTLINK လေယာဉ်မောင်း သင်တန်းကျောင်းတွင် ဆက်လက်သင်ကြားရမည်ဖြစ်ပြီး သင်တန်းကို အသက် ၁၆ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီး မည်သူမဆို၊ မျက်မှန် တပ်ဆင်သူ၊ မတပ်ဆင်သူ မည်သူမဆို တက်ရောက်နိုင်မည်ဟု သိရသည်။ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက PPL (ကိုယ်ပိုင်လေယာဉ်မောင်းလိုင်စင်)၊ CPL (ခရီးသည်တင် ယာဉ်မောင်းလိုင်စင်)၊ IR (ဒိုင်ခွက်ကြည့် ပျံသန်းခြင်း)၊ ME (အင်ဂျင်နှစ်လုံးတပ် လေယာဉ်ပျံသန်းခြင်း) များ တတ်မြောက်နိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပြီးလျင်လည်း ပျံသန်းချိန် နာရီ ၂၀၀ ရရှိ နိုင်မည်ဟု သိရသည်။
 
သင်တန်းကြေးမှာ မန္တလေးတွင် နေထိုင်စားသောက်စရိတ်၊ ဖိလစ်ပိုင်သို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ဖိလစ်ပိုင်တွင် VISA သက်တမ်းတိုးခြင်းနှင့် နေထိုင်စားသောက်စရိတ်၊ စာရွက်စာတမ်း၊ လိုင်စင်၊ စာမေးပွဲစရိတ်များ၊ သင်တန်းနှင့် မိမိနေထိုင်ရာ အကြို အပို့ အစီအစဉ်များ အလုံးစုံပါဝင်ပြီး အမေရိကန်ဒေါ်လာ ငါးသောင်း ငါးထောင်တိတိ ကျသင့်မည်ဖြစ်ကြောင်း သိရသည် ။ အသေးစိတ် အချက်အလက်များကို (မန္တလေး) ဖုန်း ၀၉-၆၅၀၃၀၄၈၊ ၀၉-၄၂၈၀၃၃၀၆၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
 
Internet Journal
ဖိလစ်ပိုင်နိုင်ငံမှ FASTLINK  AVIATION TRAINING SCHOOL လေ ယာဉ်မောင်းသင်တန်းနှင့် SKYRARD (Myanmar) တို့မှ တရားဝင်ပူးပေါင်း ကာ မန္တလေးမြို့တွင် လေကြောင်းပညာရေး ဘာသာရပ် (Aviation English) နှင့် မြေပြင်သင်တန်းအတွက် အကြိုဘာသာရပ် (Ground School bridfing) ကို စတင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်း မဝယ်မီ အညွှန်းဖတ်ရန် စားသုံးသူသမဂ္ဂ တိုက်တွန်း

စားသုံးသူ အခွင့်အရေးကို ထိရောက်စွာ ဖော်ထုတ်နိုင်ရန်နှင့် လုပ်ငန်းရှင်များ အနေနှင့် မိမိတို့ ထုတ်ကုန်ကို တာဝန်ယူမှု ရှိစေရန် ရည်ရွယ်၍ စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ ကုန်ပစ္စည်း အညွှန်းများကို ဖတ်ရန် မြန်မာ့စားသုံးသူသမဂ္ဂ ဥက္ကဋ္ဌ ဦးရန်လင်းက တိုက်တွန်း ပြောကြားသည်။
စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ အညွှန်းများကို ဦးစွာ ဖတ်သင့်ပြီး ဝယ်ပြီးပါကလည်း အညွှန်းတွင် ဖော်ပြထားသည့် အချက်အလက်နှင့် ကုန်ပစ္စည်း ညီညွတ်မှု မရှိပါက စားသုံးသူ ကာကွယ်ရေး အသင်းများနှင့် ဗဟိုအစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ အသိပေး တိုင်ကြားလိုသည်ဟု ၎င်းကဆိုသည်။ 

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော် သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

Photo: ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော် သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို
Thursday, May 15, 2014

လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

The Voice Weekly
လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်း တိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း

ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီးအတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန် အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။

မျိုးစောင့်ဥပဒေကို လက်မခံသည့် အဖွဲ့အစည်းများနှင့် မဘသအဖွဲ့ မန္တလေးတွင် တွေ့ဆုံ ဆွေးနွေးမည်

အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းများ အကြားတွင် အမျိုးသမီးဆိုင်ရာ အခွင့်အရေး ထိပါးသည်ဟု ဆိုကာ လက်မခံသည့် လူမှုအဖွဲ့အစည်းများ အားလုံးနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေး မြို့တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ တာဝန်ခံဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကာလ တိုးမြှင့်ပေးရန် နိုင်ငံရေး ပါတီများ တောင်းဆိုမည်

လာမည့် ပွင့်လင်းရာသီတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထားသော ကြားဖြ တ်ရွေးကောက် ပွဲတွင် မဲဆွယ်စည်းရုံးခွင့် ကာလကို တိုးမြှင့်ပေးရန်အတွက် နိုင်ငံရေးပါတီများ က ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဝင်များ က ပြောကြားသည်။

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းရှိ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ယာဉ်သွားလမ်းအကျယ် တိုးချဲ့ဖောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို မေလ ၁၄ ရက်တွင် ပြောသည်။

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ

Photo: တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ
Thursday, May 15, 2014

ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်း ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ်မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှု စတင်ဖြစ်ပွားသည့် အချိန်တွင် ကျောက်မီးသွေးတွင်း အတွင်း၌ လူ ၇၈၇ ဦး ရှိနေခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ အချိန်တိုအတွင်း အလျင်အမြန် မြင့်တက်လာခဲ့ကာ တူရကီ အစိုးရကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်မလုံလောက်သော အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားထားသဖြင့် ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသေးသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသော အခြေအနေတွင် ကျရောက်လျက် ရှိသည်။

တာဝန်ရှိသူများသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်ခဲ့သော်လည်း လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ ဖြစ်ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများထဲမှ ၈၀ ခန့်မှာ ဒဏ်ရာရရှိထားကာ ၎င်းတို့ထဲမှ လေးဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည်။

“သေဆုံးသူ အရေအတွက် ထပ်ပြီး မြင့်တက်လာမှာကို ကျွန်တော်တို့ စိုးရိမ်နေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ သူတွေထဲမှာ ဒဏ်ရာရထားတဲ့သူတွေ ပါနေလို့ပါ” လို့ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွားသော ကျောက်မီးသွေးတွင်းမှာ ဆိုမာကိုမာဟု အမည်ရသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် မိုင်းတွင်းဖြစ်ပြီး လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်မီးသွေးတွင်း လုပ်သားများ၏ မိသားစုဝင် များစွာသည် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းအနီးတွင် စုဝေးပြီး ၎င်းတို့၏ ဆွေမျိုးသားချင်းများကို စောင့်ဆိုင်းလျက် ရှိသည်။

“ကျွန်မသားကို နေ့ခင်းကတည်းက စောင့်နေတာပါ။ ခုချိန်ထိ သူ့အကြောင်း ဘာမှ မကြားရသေးပါဘူး” ဟု ကျောက်မီးသွေးတွင်း လုပ်သားတစ်ဦး၏ မိခင်ဖြစ်သူ ဆီနာအစ္စဘယ်လာက ပြောကြားသည်။

ပျောက်ဆုံးနေသေးသော မိုင်းလုပ်သားများ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ အာရမ်အန်ဇာကလည်း သူ့အနေနှင့် ယခင်ကလည်း လုပ်ငန်းခွင် အန္တရာယ်ကြောင့် သူငယ်ချင်းများ ဆုံးရှုံးခဲ့ရဖူးသော်လည်း ယခုလောက် ကြီးမားသည့် ဆုံးရှုံးမှုမျိုးနှင့် တစ်ခါမျှ ရင်မဆိုင်ဖူးကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မီးသတ်အရာရှိများသည် မြေအောက် နှစ်မိုင်ခန့်တွင် ပိတ်မိနေသူများနှင့် ကျောက်မီးသွေးတွင်း ဝင်ပေါက်မှ လေးမိုင်ခန့်တွင် ပိတ်မိနေသူများထံ လေကောင်းလေသန့်များ ပို့လွှတ်ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ဆိုမာကိုမာ ကုမ္ပဏီကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းမှာ လုံခြုံရေး အစီအမံများ အမြင့်ဆုံးအဆင့် ဆောင်ရွက်ထားသော မိုင်းတွင်းဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ကုမ္ပဏီရဲ့ လုပ်သားအချို့ဟာ ဒီကြေကွဲစရာ မတော်တဆ ဖြစ်ရပ်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ လုံခြုံရေး အစီအမံတွေနဲ့ စစ်ဆေးမှုတွေ အမြင့်ဆုံး လုပ်ဆောင်နေတဲ့ကြားက အခုလို မတော်တဆမှု ဖြစ်သွားခဲ့ရတာပါ။ ဒါပေမဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို ကျွန်တော်တို့ အချိန်မဆိုင်းဘဲ လုပ်ဆောင်ခဲ့ပါတယ်” ဟုလည်း အဆိုပါ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

သို့ရာတွင် အလုပ်သမားနှင့် လူမှုလုံခြုံရေး ဝန်ကြီးကမူ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မိုင်းတွင်းကို မတ်လ ၁၇ ရက်နေ့က စစ်ဆေးပြီးနောက်ပိုင်း ထပ်မံ စစ်ဆေးထားခြင်း မရှိကြောင်းနှင့် လုံခြုံရေး အစီအမံများမှာလည်း ပေါ့လျော့လွန်းကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မိုင်းလုပ်သားတစ်ဦး ဖြစ်သူ အုတ်ခ်တေးဘာရင်ကလည်း ထိုမိုင်းတွင်းတွင် အလုပ်သမားအတွက် မည်သည့် ဘေးကင်းလုံခြုံရေး အစီအမံမျှ လုပ်ဆောင်ထားခြင်း မရှိဟု ပြောကြားခဲ့သည်။

တူရကီနိုင်ငံ၏ အဆိုးရွားဆုံး မိုင်းတွင်း ပေါက်ကွဲမှုမှာ ၁၉၉၂ ခုနှစ်က ဇွန်ဂူဒက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပြီး အလုပ်သမား ၂၇၆ ဦးခန့် သေဆုံးခဲ့သည်။

The Voice Weekly
ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်း ရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု တွင် သေ ဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ် မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်


မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်

Photo: နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်
Thursday, May 15, 2014 

အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲအဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။

တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ်သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။

မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။

နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly
အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းေ ဆာင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန် မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

ရန်ကုန်မြို့ အခြေခံပညာ ကျောင်းအချို့ ဝင်ခွင့် ကျပ် ၁၀ သိန်းနီးပါးအထိ ပေး ရကြောင်း သတင်းထွက်ပေါ်

ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ကျောင်းဖွင့်ရာသီ ရန်ကုန်မြို့တော်ရှိ နာမည်ကြီး အခြေခံ ပညာ ကျောင်း အချို့တွင် ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တစ်ဆင့် ခံ ဝန်ဆောင်ပေးသူများကို ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးရကြောင်း အဆိုပါ ပညာရေး အသိုင်း အဝိုင်းက စုံစမ်းသိရှိရသည်။

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး တရုတ်ကူညီဆောင်ရွက်မည်

Photo: မြန်မာပြည်တွင်း ငြိမ်းချမ်းရေး တရုတ်ကူညီဆောင်ရွက်မည်
Thursday, May 15, 2014

  မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စား လှယ်တွေ နဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံမှု အတွင်း မြန်မာနိုင်ငံမှာ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိဖို့ တရုတ်နိုင်ငံက အကူအညီပေးမှာ ဖြစ်တဲ့အကြောင်း တရုတ်အစိုးရ ကိုယ်စားလှယ်က ကတိပြု လိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်တို့ ဒီကနေ့ မနက်က ပထမဆုံးအကြိမ်ဖြစ် သီးသန့်တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT က အဖွဲ့ဝင် ၁၀ ယောက်လောက်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အာရှရေးရာ အထူးသံတမန်အဖွဲ့က မစ္စတာ ၀မ်ယင်ဖန်းနဲ့ ရုံးအဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက် ၉ နာရီလောက်မှာ မြစ်ကြီးနားမြို့က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရုံးမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရ ကိုယ်စားလှယ်နဲ့ အဓိက ဆွေးနွေးတာတွေကို NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုလို ပြောပါတယ်။

“သူ့ဘက်ကတော့ ကျနော်တို့နိုင်ငံမှာ မြန်မြန်အေးချမ်းစေချင်တယ်ဆိုတဲ့ အကြောင်းတွေပေါ့ဗျာ။ သူတို့ဘက်က အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီ ချင်တယ်။ ဒီ မြန်မာပြည်ရဲ့ အေးချမ်းမှုက သူတို့ရဲ့ အကျိုးစီးပွားနဲ့လည်း ဆက်စပ်မှု ရှိတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ။ အဲ့ဒီမှာ အပစ်အခတ် ရပ်စဲရေးကို မြန်မြန် ဖြစ်စေချင်တယ်ဆိုတဲ့ အကြောင်းပေါ့လေ။ သူကတော့ အဲ့လို တိုက်တွန်းတာပါ။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ရဲ့ အခက်အခဲ၊ ကျနော်တို့ရဲ့ အခြေခံရပ်တည်ချက်၊ ကျနော်တို့ရဲ့အမြင်၊ နောက် ဒီညှိနှိုင်းတဲ့နေရာမှာ ဘာတွေ အခက်အခဲ ရှိသလဲဆိုတဲ့ဟာတွေကိုလည်း ကျနော်တို့ကို တင်ပြပါတယ်။”

မြန်မာပြည်ငြိမ်းချမ်းရေးအတွက်လည်း မြန်မာအစိုးရဘက်ကို ညှိနှိုင်း ဆောင် ရွက်ပေးသွားမယ်လို့ ပြောဆိုကြောင်း နိုင်ဟံသာက အခုလို ဆက်ပြောပါတယ်။

“သူတို့လည်း အတတ်နိုင်ဆုံး ကြိုးစားပေးမယ်။ အခုလိုမျိုး ကျနော်တို့နဲ့ ဆွေးနွေး တဲ့နေရာမှာ ကျနော်တို့ရဲ့ အခြေခံ သဘောထားအမြင်တွေ သူရပြီးတော့ သူက နေပြည်တော်ကို သွားပြီးတော့မှ သက်ဆိုင်ရာ ဒီ ထိပ်သီးခေါင်းဆောင်တွေနဲ့ပေါ့ဗျာ အစိုးရရော၊ တပ်မတော်ရော အဲ့ဒီ အရေးကြီးတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံပြီးတော့မှ သူလည်း တိုက်တွန်းနိုင်တဲ့ အပိုင်းကပေါ့ဗျာ။ သူလည်း တိုက်တွန်းဆွေးနွေးပေးမယ်လို့ အဲ့လိုတော့ ပြောပါတယ်။”

လတ်တလောဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကိုလည်း တရုတ်အစိုးရက ကူညီဖို့ကို စဉ်းစားဆောင်ရွက်မှာဖြစ်ကြောင်းလည်း တရုတ်ကိုယ်စားလှယ်ဘက် ပြောဆိုပါတယ်။ တရုတ်နိုင်ငံဘက်က အခုလို ပါဝင် ဆောင်ရွက်လာတဲ့ အပေါ်မှာတော့ နိုင်ဟံသာက အခုလို သုံးသပ်ပါတယ်။

“တရုတ်ပြည်ဆိုတာက ဒီကမ္ဘာမှာလည်း အင်အားကြီး နိုင်ငံတခုဖြစ်တယ်။ အာရှမှာလည်း အင်အားကြီးနိုင်ငံဖြစ်တယ်။ ကျနော်တို့နိုင်ငံနဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ နောက် ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီးပွားရေးလုပ်ငန်းတွေကလည်း တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အနေအထားမျိုးမှာ ကနေ့ ကျနော်တို့နိုင်ငံရဲ့ ဒီအေးချမ်းဖို့ပေါ့ဗျာ ဒီငြိမ်းချမ်းရေး ရနိုင်ဖို့အတွက်ကို တရုတ်ပြည်ကနေ အခုလို ပါဝင်ပြီးတော့မှ ကူညီတယ်၊ တိုက်တွန်းတယ်၊ နည်းလမ်းရှာတယ် ဆိုတဲ့အပေါ်မှာတော့ အများကြီးကို အလားအလားအားဖြင့်တော့ ကောင်းတယ်လို့ ကျနော် မြင်တယ်ခင်ဗျ။”

NCCT အဖွဲ့ဟာ မနက်ဖြန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်မှာတော့ လတ်တလော ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့ KIO ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နည်းလမ်းရှာ ဆွေးနွေးသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အင်္ဂါနေ့ကတော့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေမယ့် ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ ဆွေးနွေးခဲ့သလို၊ နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့အတွက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ပူးပေါင်းဖွဲ့စည်းဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားက မကြာခင်က တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားကနေ ဆွေးနွေးကျင်းပနိုင်တဲ့အတွက် ကြိုဆိုကြောင်း သဘောထား ထုတ်ပြန်ပါတယ်။ ပဋိပက္ခဖြေရှင်းရေး ပူးတွဲကော်မတီ ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာ အပါအ၀င် ပဋိပက္ခကို လျှော့ချဖို့ ရည်ရွယ်တဲ့ အရင် သဘောတူညီချက်တွေအပေါ် နှစ်ဘက်စလုံးက သန္ဓိဋ္ဌာန်ခိုင်မာတဲ့အပေါ် အထူးအကြံပေးပုဂ္ဂိုလ်က အားတက်မိကြောင်း ပြောပါတယ်။

နောက်ထပ်ပဋိပက္ခ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တရပ်ရပြီး နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖို့ အဆက်မပြတ်နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားကြပါလို့လည်း မစ္စတာ နမ်ဘီးယား က သက်ဆိုင်သူ အားလုံးကို တိုက်တွန်းထားပါတယ်။

ဗွီအိုအေမြန်မာပိုင်း

မေလ ၁၃ ရက် ၂၀၁၄ အင်္ဂါနေ့က မြစ်ကြီးနားမြို့မှာ KIO နဲ့ ၀န်ကြီး ဦးအောင်မင်းတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးစဉ်
မေလ ၁၃ ရက် ၂၀၁၄ အင်္ဂါနေ့က မြစ်ကြီးနားမြို့မှာ KIO နဲ့ ၀န်ကြီး ဦးအောင်မင်းတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးစဉ်
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ် ကြီး နားမြို့မှာ တွေ့ဆုံမှု အတွင်း မြန်မာနိုင်ငံမှာ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိဖို့ တရုတ်နိုင်ငံက အကူ အညီပေးမှာ ဖြစ်တဲ့အကြောင်း တရုတ်အစိုးရ ကိုယ်စားလှယ်က ကတိပြု လိုက်ပါတယ်။

ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ နေပြည်တော်- ရန်ကုန် ခရီးစဉ် ပိတ်သိမ်း

Photo: ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ နေပြည်တော်- ရန်ကုန် ခရီးစဉ် ပိတ်သိမ်း
Thursday, May 15, 2014 

နေပြည်တော်မှ ရန်ကုန်သို့ မေ၁၂ရက် ညနေ ၆နာရီက နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ဦး တင်ဆောင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ်သည် ည ၆နာရီ ၄၅မိနစ်တွင် အရှိန် မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို စတင် တိုက်မိပြီး ဝက်လက် မီးရထား ခုံးကျော် တံတားထိပ်ကို ထပ်မံ တိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။ ယာဉ်ပေါ်၌ ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး အပါအဝင် ခရီးသည် အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၁၇ဦး၊ စုစုပေါင်း ၄၆ဦးပါရှိသည့် အနက် အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး လေးဦး၊ စုစု ပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး နေပြည်တော် ခုတင် - ၁ဝဝဝ ဆေးရုံကြီး၌ အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၂ ဦး၊ လယ်ဝေး မြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသား နှစ်ဦး၊ အမျိုး သမီး တစ်ဦး၊ ပေါင်းအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ဦး၊ စုစုပေါင်း ၃၁ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူ ပို့ဆောင်ရေး၌ စနစ်တကျ ကြီးကြပ်ရန် အားနည်း ခဲ့ခြင်းကြောင့် ရာဇာမင်း ခရီး သည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်- နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့မှ ၂ဝ၁၄ခုနှစ် မေ ၁၅ရက်မှ စတင်၍ ပိတ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
နေပြည်တော်မှ ရန်ကုန်သို့ မေ၁၂ရက် ညနေ ၆နာရီက နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ဦး တင်ဆောင် ထွက်ခွာလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ် သည် ည ၆နာရီ ၄၅မိနစ်တွင် အရှိန် မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို စတင် တိုက်မိပြီး ဝက်လက် မီးရထား ခုံးကျော် တံတားထိပ်ကို ထပ်မံ တိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။ ယာဉ်ပေါ်၌ ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး အပါအဝင် ခရီးသည် အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၁၇ဦး၊ စုစုပေါင်း ၄၆ဦးပါရှိသည့် အနက် အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး လေးဦး၊ စုစု ပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး နေပြည်တော် ခုတင် - ၁ဝဝဝ ဆေးရုံကြီး၌ အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၂ ဦး၊ လယ်ဝေး မြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ ပေါင်း အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ဦး၊ စုစုပေါင်း ၃၁ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

အမေရိကန်ကို ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် တရုတ် စီစဉ်နေ

Photo: အမေရိကန်ကို ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် တရုတ် စီစဉ်နေ
Thursday, May 15, 2014

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြား လေယာဉ်ပျံမစီးဘဲ ခရီးသွား လာနိုင်မည်ဆိုသည့် စိတ်ကူးမှာ လူတိုင်းအတွက် ရယ်စရာသက်သက်ဟု ထင်နိုင်ပေသည်။ သို့သော် တရုတ်နိုင်ငံ အနေဖြင့် ထိုသို့ ခရီးသွား လာနိုင်ကြော င်း အနာဂတ်ကာလတွင် သက်သေပြလာနိုင်ဖွယ်ရှိနေသည်။ Beijing Times က မေလ ၈ ရက်တွင် ဖော်ပြခဲ့သော သတင်းအရ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းသစ်တစ်ခု တည်ဆောက်သွားရန် အလေးအနက် စဉ်းစားစီစဉ်နေကြောင်း သိရသည်။

ဘေဂျင်းအစိုးရက လက်ရှိ စဉ်းစားထားသည့် အဆိုပါ မြန်နှုန်းမြင့် ရထား လမ်းကြောင်းမှာ တရုတ် အရှေ့မြောက်ပိုင်းဒေသမှ စတင်ပြီး ဆိုက်ဘီးရီးယား ကို ဖြတ်သန်းကာ ဆိုက်ဘီးရီးယားနှင့် အမေရိကန်ပြည်ထောင်စု ၏ အလက်စကာပြည်နယ်ကို ပိုင်းခြားထားသော ဘာရင်းရေလက်ကြားသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ဘာရင်းရေလက်ကြားတွင် မြေအောက် ဥမင်လှိုဏ်ခေါင်းတစ်ခု တည်ဆောက်ကာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း၍ ရုရှားနှင့် အလက်စကာသို့ ရောက်ရှိမည်ဖြစ်သည်။ ဆက်လက်၍ ရထားလမ်းကြောင်းမှာ ကနေဒါကို ဖြတ်သန်းသွားပြီးနောက် အမေရိကန်သို့ ရောက်ရှိမည်ဟု စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံက စီစဉ်ထားသည့် အဆိုပါ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းတွင် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်သည့် အပိုင်းမှာ ဘာရင်းရေလက်ကြား ကို ဖြတ်သန်းနိုင်ရန်အတွက် ပင်လယ်သမုဒ္ဒရာရေအောက် ဥမင်လှိုဏ်ခေါင်း ဖောက်လုပ်ရမည်လုပ်ငန်း ဖြစ်သည်။ တွက်ချက်မှုများအရ ဘာရင်းရေလက်ကြားကို ဖြတ်သန်းမည့် ဥမင်လှိုဏ်ခေါင်းမှာ ၁၂၅ မိုင်ရှည်လျားမည်ဖြစ်ရာ လှိုဏ်ခေါင်းဖောက်လုပ်ရေး ဆောင်ရွက်မည့် အင်ဂျင်နီယာများအတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်။ ဘာရင်းရေလက်ကြားဖြတ် ဥမင်လှိုဏ်ခေါင်းမှာ ဗြိတိန်နှင့်ပြင်သစ်ကို ဆက်သွယ်ထားသော Channel ဥမင်လှိုဏ်ခေါင်းထက် ၄ ဆ ပိုမိုရှည်လျားမည် ဖြစ်သည်။

တရုတ်နိုင်ငံက စီစဉ်ထားသော အမေရိကန်ပြည်ထောင်စုနှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းမှာ စုစုပေါင်း မိုင် ၈,၁၀၀ ရှည်လျားမည်ဖြစ်ကြောင်းThe Guardian သတင်းစာတွင် ဖော်ပြသည်။ လက်ရှိတွင် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို တရုတ်-ရုရှား-ကနေဒါ-အမေရိက (China-Russia-Canada-America) ရထားလမ်းအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းတွင် ပျမ်းမျှ တစ်နာရီလျင် မိုင် ၂၂၀ နှုန်း ခုတ်မောင်းသော ရထားဖြင့် သွားမည်ဆိုပါက ခရီးစဉ် အစအဆုံး ၂ ရက်ကြာမြင့်မည်ဖြစ်သည်။ China Daily သတင်းစာတွင် ဖော်ပြမှုအရ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံက အကုန်အကျခံ တည်ဆောက်သွားမည်ဟုဆိုသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးချေ။

ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေး မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရုရှားမှာ နှစ်အတန်ကြာကတည်းက ယခုစီမံကိန်းကို စဉ်းစားနေခဲ့ကြောင်း Chinese Academy of Engineering မှ ဝမ်မင်ရှုက ပြောကြားသည်။ တရုတ်နိုင်ငံက စီစဉ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာ ရှိနေသေးသည်။ ရထားလမ်း ဖောက်လုပ်မှု ကျွမ်းကျင်သူများက ယခုစီမံကိန်းကို အားပေးထောက်ခံကြောင်း ပြောကြားမှုများ မရှိသေးသလို အမေရိကန် သို့မဟုတ် ကနေဒါကလည်း ရထားလမ်းနှင့် ပတ်သက်၍ အကြံပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိ မရှိ မသေချာကြောင်း The Guardian သတင်းစာက ပြောကြားသည်။

Beijing Times သတင်းစာ၏အဆိုအရ တရုတ်နှင့် အမေရိကန် ဆက်သွယ်မည့် ရထားလမ်း တည်ဆောက်ရေးမှာ ဘေဂျင်းအစိုးရက ရည်မှန်းထားသည့် အနာဂတ် ရထားလမ်းစီမံကိန်းကြီး ၄ ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ အခြား စီမံကိန်းကြီး ၃ ခုတွင် တရုတ်နှင့် လန်ဒန်ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် အီရန်၊ တူရကီတို့ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် စင်္ကာပူကို ဆက်သွယ်မည့် ရထားလမ်း စီမံကိန်းတို့ ဖြစ်သည်။ တရုတ်-လန်ဒန် ရထားလမ်းမှာ ပဲရစ်၊ ဘာလင်နှင့် မော်စကိုမြို့တွင် ခေတ္တရပ်နားမည်ဖြစ်သည်။ အလားတူပင် တရုတ်-စင်္ကာပူ ရထားလမ်းကြောင်းမှာလည်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှား နိုင်ငံများတွင် ခေတ္တဝင်ရောက်ရပ်နားမည့် အစီအစဉ်များပါဝင်ကြောင်း သိရှိရသည်။

Planet Myanmar Network
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြား လေယာဉ်ပျံမစီးဘဲ ခရီးသွား လာနိုင်မည်ဆိုသည့် စိတ်ကူး မှာ လူတိုင်းအတွက် ရယ်စရာသက်သက်ဟု ထင်နိုင်ပေသည်။ သို့သော် တရုတ်နိုင်ငံ အနေဖြင့် ထိုသို့ ခရီး သွား လာနိုင်ကြော င်း အနာဂတ်ကာလတွင် သက်သေပြလာနိုင်ဖွယ်ရှိနေသည်။ Beijing Times က မေလ ၈ ရက်တွင် ဖော်ပြခဲ့သော သတင်းအရ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက် သွယ် မည့် မြန်နှုန်းမြင့် ရထားလမ်းသစ်တစ်ခု တည်ဆောက်သွားရန် အလေးအနက် စဉ်းစား စီစဉ်နေကြောင်း သိရသည်။

ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ

Photo: ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ
Thursday, May 15, 2014

 ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ ဆိုးလ်အနီးရှိ တောတောင်ထူထပ်ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု

မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ၏ ကျူးကျော်မှုကို တောင်ကိုရီးယား ရှုတ်ချပြစ်တင်နေသည့် အတောအတွင်းမှာပင် နောက်ထပ် လေယာဉ်ငယ် တစ်စင်းကို ဆိုးလ်မြို့တော်အနီး၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ဆိုးလ်အနီးရှိ တောတောင်ထူထပ်ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ မတ်လနှင့် ဧပြီလတို့ အတွင်းကလည်း မြောက်ကိုရီးယားထံမှ လွှတ်တင်လိုက်သည်ဟု ယူဆရသည့် အလားတူ မောင်းသူမဲ့ လေယာဉ်လေးများကို သိမ်းဆည်းရမိခဲ့သည်။ အပျော်တမ်း တောလမ်းခရီး လမ်းလျှောက်ထွက်သူ တစ်ဦးက ယင်းယာဉ်ငယ်ကို တွေ့ရှိကာ ရဲများထံ သတင်းပေးခဲ့ပြီး စစ်တပ်က သွားရောက် သိမ်းယူခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းကို စစ်ဆေးနေဆဲဖြစ်ပြီး ယခင်သိမ်းဆည်းရမိသည့် မောင်းသူမဲ့ လေယာဉ်ငယ်များနျင့် အရောင်အသွေး တူညီကြောင်း ပြောကြားထားသည်။ တောင်ကိုရီးယား ထောက်လှမ်းရေးများ၏ အဆိုအရ ယင်းလေယာဉ်ငယ်လေးများတွင် ဒီဂျစ်တယ် ကင်မရာများ တပ်ဆင်ထားပြီး စစ်မဲ့ဇုန်အနီးရှိ တောင်ကိုရီးယား စစ်စခန်းများကို ဝေဟင်မှ မှတ်တမ်းယူ ဓာတ်ပုံရိုက်ရန် လွှတ်တင်လိုက်ခြင်းဟု ယူဆရကြောင်း သိရှိရသည်။ ထို့အပြင် တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီး နေထိုင်ရာ အိမ်ပြာတော်နှင့် အခြားသော အစိုးရရုံးများကို ထောက်လှမ်းရန်လည်း ယင်းယာဉ်ငယ်များကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ယုံကြည်ထားသည်။

 Planet Myanmar Network
ဆိုးလ်မြို့အနီးတွင် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ် ထပ်မံတွေ့ရှိ ဆိုးလ်အနီးရှိ တောတောင်ထူ ထပ် ရာ နေရာတွင် မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျနေသည်ကို သိမ်းဆည်းနိုင် ခဲ့ကြော င်း တောင် ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု

ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ကယ်ဆယ်နိုင်ခြင်းမရှိဘဲ ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦး လွတ်မြောက်နေ

ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ပြန်လည် ကယ် ဆယ်နိုင်ခြင်း မရှိသေးသည့်အပြင် လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသော ၁၆ ဦးမှာလည်း ထွက်ပြေး လွတ်မြောက်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

Wednesday, 14 May 2014

တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း လက်ရှိထက် နှစ်ဆပိုမည်ဟုဆို

Photo: တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း လက်ရှိထက် နှစ်ဆပိုမည်ဟုဆို
Wednesday, May 14, 2014

တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုပါက လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက် နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second) ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။

မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲပါက အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်ချင်း ဆက်သွယ်ရန် Fiber Cable များတပ်ဆင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲမယ်ဆိုရင် 2G နဲ့ရော 3G နဲ့ပါ သုံးလို့ရမယ်” ဟု Mr. Petter Furberg က မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော် စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ပြုလုပ်သည့် Net Monday အခမ်းအနားတွင် ပြောကြားသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုနေသူများမှာမူ မည်သည့် မြန်နှုန်းဖြင့် သုံးစွဲနေရသည်ကို မသိရဘဲ တစ်ခါတစ်ရံ 1 Kbps (Kilo Byte pre Second) အောက်အထိ ကျဆင်းကြောင်း သုံးစွဲသူများထံမှ သိရသည်။

“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ 1 Mbp ဆိုတာကတော့ တော်တော်ကို အဆင်ပြေတဲ့ အမြန်နှုန်းပါ။ ဖြစ်နိုင်ရင် ဆက်သွယ်ရေးဘက်က ပြည်တွင်းပြည်ပ Provider တွေထပ်ခေါ်ပြီး Fixed လိုင်းတွေကိုလည်း ပိုကောင်းအောင် လုပ်စေချင်တယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ပြောဆိုသည်။

The Voice Weekly
တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုပါက လက် ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက် နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second) ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။

ရှမ်းနီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရန်ပုံငွေအတွက် အများပိုင်ကုမ္ပဏီ ရှယ်ယာများ စရောင်းမည်

ကုမ္ပဏီအမြတ် ၁၀ ရာခိုင်နှုန်းကို ရှမ်းနီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီရန်ပုံငွေ ထည့်သွင်းမည် ဆိုသည့် ရှမ်းနီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အနေနှင့် ရှယ်ယာများကို မေလ ၁၅ ရက်နေ့မှ စတင်ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ဒါရိုက်တာ ဦးစံလွင်က ပြောကြားသည်။

နယ်စပ်မြို့ ၃ မြို့တွင် ပတ်စ်ပို့ ထုတ်ပေးမည်

Photo: နယ်စပ်မြို့ ၃ မြို့တွင် ပတ်စ်ပို့ ထုတ်ပေးမည်
Wednesday, May 14, 2014

ပြီးခဲ့တဲ့ ၂၀၁၄ ဇန်န၀ါရီ လဆန်းကစ ပြည်ထဲရေးဝန်ကြီးဌာနဟာ သာမန်နိုင်ငံကူး လက်မှတ် ပြုလုပ်လိုသူတွေအတွက် ပြည်နယ်နဲ့ တိုင်း မြို့တော်တွေမှာ ပတ်စ်ပို့ရုံးတွေ ဖွင့်လှစ်ပေးခဲ့ပြီး အခု မေလ ပထမ အပတ်က စပြီး နယ်စပ်မြို့ ၃ မြို့မှာလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့ ကြေညာပါတယ်။

ဖွင့်လှစ်လိုက်တဲ့ ရုံးတွေကတော့ ထိုင်း မြန်မာ နယ်စပ် မြ၀တီ၊ တာချီလိတ်နဲ့ ကော့သောင်းမြို့တွေ ဖြစ်ပါတယ်။
အဲဒီရုံးတွေမှာ သာမန်ပတ်စ်ပို့ လုပ်သူတွေကိုတင်မက ထိုင်းနိုင်ငံကို ရောက်နေတဲ့ ပြည်ဝင်ဗီဇာ သက်တမ်း ၄ နှစ်ပြည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပြည်ဝင်ဗီဇာ သက်တန်းတိုးဖို့ လွယ်ကူအောင် မြန်မာပတ်စ်ပို့ သက်တမ်းတိုးတာတွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

လောလောဆယ် ရန်ကုန်မှာတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ပြီးနောက်ပိုင်း သွားရောက် လုပ်ကိုင်နေကြသူတွေ အဆင်မပြေကြဘူးလို့ ကာယကံရှင် တချို့က ဒီဗွီဘီကို ပြောပြပါတယ်။

DVB
ပြီးခဲ့တဲ့ ၂၀၁၄ ဇန်န၀ါရီ လဆန်းကစ ပြည်ထဲရေးဝန်ကြီးဌာနဟာ သာမန်နိုင်ငံကူး လက်မှတ် ပြုလုပ်လို သူတွေ အတွက် ပြည်နယ်နဲ့ တိုင်း မြို့တော်တွေမှာ ပတ်စ်ပို့ရုံးတွေ ဖွင့်လှစ်ပေးခဲ့ပြီး အခု မေလ ပထမ အပတ် က စပြီး နယ်စပ်မြို့ ၃ မြို့မှာလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ တိုးချဲ့ဖွင့်လှစ်လိုက် တယ်လို့ ကြေညာပါတယ်။

ချုံခိုတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သား ၆ ဦး သေဆုံး

Photo: ချုံခိုတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သား ၆ ဦး သေဆုံး
Wednesday, May 14, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ညက်ဒေသ၊ ကရာမတ်တွခ် မြို့နားမှာ အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင်တွေက ချုံခိုတိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီးက အတည်ပြုပါတယ်။

ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီး ကိုဗယ် ကို သတင်းစာရှင်းလင်းပွဲ တွင် ပြုလုပ်နေစဉ် အစိုးရ ၀န်ထမ်းတွေလို ရုပ်ဖျက်ထား တဲ့ လက် နက် ကိုင် ၃၀ ကျော် ၄၀ လောက်ဟာ ချုံခိုပြီး မီးကျည်သေနတ်တွေနဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ကီယက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး ကိုဗယ်က ပြောပါတယ်။

ရန်သူတွေကို နှိမ်နင်းဖို့ အစိုးရစစ်တပ်က ရဟတ်ယာဉ် နှစ်စင်း ကို စေလွှတ်ထားတယ် လို့လည်း ၀န်ကြီးက ပြောပါတယ်။

လောလောဆယ်မှာ ဒွန်ညက်ဒေသနဲ့ လူဂန့်စ် ဒေသမှာ အခြေအနေတွေဟာ ရှုပ်ထွေးနေပြီး ကိုင်တွယ်ရ ခက်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာ ရုရှား၊ ယူကရိန်းနဲ့ ဘီလာရုစ်တို့ ဆွေးနွေးပြီးနောက် ခရိုင်းမီးယား ဒေသမှာ ရုရှားက ဖမ်းထားတဲ့ ယူကရိန်း သင်္ဘော အစင်း ၇၀ ကိုလည်း ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ သင်္ဘော ၇၀ ထဲမှာ စစ်သင်္ဘော ၂၁ စင်း၊ ရိုးရိုးသင်္ဘော ၄၉ စင်းပါတယ်လို့ ပြောပါတယ်။

ဒွန်ညက်နဲ့ လူဂန့်စ်ဒေသမှာ ကျင်းပပြီးစီးခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူ ၇၅ ရာခိုင်နှုန်း ၀န်းကျင်ရှိခဲ့ပြီး ဒွန်းညက်မှာ ၉၀ ရာခိုင်နှုန်းနဲ့ လူဂန့်စ်မှာ ၉၆ ရာခိုင်နှုန်းက လွတ်လပ်ရေးကြေညာဖို့ ထောက်ခံခဲ့တယ်လို့ ခွဲထွက်ရေးလိုလားတဲ့ အုပ်စုတွေက ပြောပါတယ်။

ဒီဒေသနှစ်ခုမှာ ဆန္ဒခံယူပွဲမကျင်းပခင် မတ်လကလည်း ယူကရိန်း တောင်ပိုင်း က ခရိုင်းမီးယားဒေသမှာ လွတ်လပ်တဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ရုရှားနဲ့ ပူးပေါင်းတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေက ဆန္ဒခံယူပွဲတွေကို အသိအမှတ်ပြုကြပါဘူး။

DVB 

ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီး ကိုဗယ် ကို သတင်းစာရှင်းလင်း ပွဲတွင် ပြုလုပ်နေစဉ်
ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီး ကိုဗယ် ကို သတင်းစာရှင်းလင်း ပွဲတွင် ပြုလုပ်နေစဉ်
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ညက်ဒေသ၊ ကရာမတ်တွခ် မြို့နားမှာ အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင်တွေ က ချုံခိုတိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ ယူကရိန်း ယာယီ ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပါတယ်။