Wednesday, 14 May 2014

ဆင်းမ်ကတ်ဖြန့်ချိသူ ၆၀ ကျော် ရွေးချယ်ပြီးဟု တယ်လီနောဆို

ပြည်တွင်းတွင် စက်တင်ဘာလ မတိုင်မီ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်တော့မည့် တယ် လီနော က တစ်နိုင်ငံလုံး ဆင်းမ်ကတ်ဖြန့်ချိရန် ဖြန့်ချိသူ (Distribution) ၆၀ ကျော် ရွေးချယ်ပြီး ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က The Voice သို့ ပြောကြား သည်။

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ တစ်ဦးလျှင် အာမခံကြေး ငွေကျပ် ၄၅ သိန်း ပေးလျော်မည်

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကို အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေလမ်းနှင့် မိုးလေဝသစနစ် ဖွံ့ဖြိုးရေး အဓိကထား လုပ်ဆောင်မည်

Photo: ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေလမ်းနှင့် မိုးလေဝသစနစ် ဖွံ့ဖြိုးရေး အဓိကထား လုပ်ဆောင်မည်
Wednesday, May 14, 2014

ကမ္ဘာ့ဘဏ်၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေဖြင့် အကောင်အထည်ဖော်မည့် ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ရေလမ်းကြောင်း ပြုပြင်ခြင်းနှင့် မိုးလေဝသနှင့် ဇလဗေဒ သတိပေးမှုစနစ် မြှင့်တင်ခြင်းတို့ကို အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီမြစ်အတွင်း ရန်ကုန်- မန္တလေး- ညောင်ဦးဒေသအထိ ညအချိန် ရေလမ်းကြောင်း သွားလာရေးတွင် အထောက်အကူပြုသည့် ရေလမ်း အမှတ်အသားများ တိုးမြှင့်ခြင်း၊ ရေလမ်းကြောင်း ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းခြင်းနှင့် ရေကြီးမှု အန္တရာယ်ကို ကာကွယ်ခြင်း စသည်တို့အပြင် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကြိုတင် သတိပေးသည့်စနစ် တိုးချဲ့ခြင်းတို့ကို စီမံကိန်းအတွင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

“ဒီစီမံကိန်းကို World Bank နဲ့ တော်တော်လေး ညှိနှိုင်းထားတယ်။ စီမံကိန်း ဆောင်ရွက်တဲ့အခါ ထိခိုက်နစ်နာမှုတွေ မရှိအောင်။ ဒါ့အပြင် ရေကြောင်း သွားလာရေး တစ်ခုတည်းမဟုတ်ဘဲ ဆက်စပ်နေတဲ့ Livelihood နဲ့ ကိုက်အောင် လေ့လာပြီးမှ လုပ်မယ်” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း သစ်တောများ ခုတ်ယူမှုနှင့် သတ္တုတူးဖော်မှု တို့ကြောင့် အနည်နှင့် နုန်းပို့ချမှု များလာပြီး ရေလမ်းကြောင်း ယိုယွင်းလာကာ အချို့သော ကာလများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည့်အတွက် ထိန်းသိမ်းရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီမှ အကြံပေးဒေါက်တာ ဒေါ်ခင်နီနီသိန်းက ပြောကြားသည်။ 

ဧရာဝတီ ဘက်စုံမြစ်ဝှမ်း စီမံခန့်ခွဲမှု စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် World Bank၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ဒေသခံများ၊ အဖွဲ့အစည်းများ၏ တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မေလ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု (မြန်မာ) က သတင်းထုတ်ပြန်ထားသည်။

The Voice Weekly
ကမ္ဘာ့ဘဏ်၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေဖြင့် အကောင်အထည်ဖော်မည့် ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ရေလမ်းကြောင်း ပြုပြင်ခြင်းနှင့် မိုးလေဝသနှင့် ဇလဗေဒ သတိပေးမှုစနစ် မြှင့်တင်ခြင်းတို့ကို အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ကလေးဒေသတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ပထမဆုံး အကြိမ် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ပထမဆုံး အကြိမ် အဖြစ် မေလ ၁၇ ရက်နေ့တွင် သိမ့်ခန်းမ၌ ပြုလုပ်မည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် ကလေးလူမှုကွန်ရက် ကော်မတီဝင်များက ပြောကြားသည်။

နိုင်ငံတစ်ဝန်း သားဆက်ခြားပစ္စည်း လိုအပ်ချက် စစ်တမ်းကောက်မည်

မြန်မာနိုင်ငံတစ်ဝန်း မျိုးဆက်ပွား ကျန်းမာရေးလိုအပ်ချက်များပံ့ပိုးရန် သားဆက်ခြားပစ္စည်း သုံးစွဲမှု စစ်တမ်း ကို လာမည့် သြဂုတ်လမတိုင်မီ စတင်ကောက်ယူရန်ရှိကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Janet.Jackson က ပြောကြားသည်။

အမျိုးဘာသာစောင့်ရှောက်ရေးကိစ္စရပ်များတွင် နိုင်ငံတော် သံဃာ့ မဟာနာ ယက အဖွဲ့နှင့်အမျိုးဘာသာ ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့တို့ ရေရှည် ပူးပေါင်းဆောင် ရွက်မည်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်နေသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (မဟန)၏ အမျိုးဘာသာကိစ္စရပ်များ ပူး ပေါင်းဆောင် ရွက် မှု ရေရှည်အထိ တည်တံ့ ခိုင်မြဲသွားမည်ဖြစ်ကြောင်း မဘသအဖွဲ့၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးသော ပါက,က ဖလားဝါးနယူးစ်ဂျာနယ်သို့ မိန့် ကြားသည်။

ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည်ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ကတိပြု

ကေအိုင်အေက ဖမ်းဆီးခြင်း ခံထားရသူများကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရာ မနောကွင်းရှေ့တွင် လာရောက် ဆန္ဒပြသူများကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြန်လွှတ်ပေးရန် ကတိပြုခဲ့ကြောင်း ကေအိုင်အို နည်းပညာရုံးမှ သိရှိရသည်။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်စနစ်နဲ့ KIA

Photo: မီးစတစ်ဖက် ရေမှုတ်တစ်ဖက်စနစ်နဲ့ KIA
Wednesday, May 14, 2014

ကျွန်တော်က တပ်မတော်သား တစ်ယောက်ပါ။ ဒီကနေ့ လူကြီးတွေလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကို ကျွန်တော် နှစ်သက်သဘောကျပါတယ်။ အပစ် အခတ် ရပ်စဲရေးတွေ လုပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် လည်း ပိုပြီး ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ပင်ပင် ပန်းပန်းနဲ့ စစ်တိုက်စရာမလိုတော့တဲ့အတွက် စိတ်အေး လက်အေးနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ကျွန်တော်တို့ လုပ်နိုင် တော့မှာပါ။ ဒါကြောင့်ကြိုဆိုမိပါတယ်။ ကျွန်တော် တို့ စစ်တိုက်နေရတဲ့ နယ်မြေဒေသက ကချင်ပြည်နယ် ဖြစ်လို့ KIA နဲ့ ငြိမ်းချမ်းရေးရမယ် ဆိုရင် ဒေသခံပြည်သူတွေလည်း ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေရ တော့မှာမဟုတ်လို့ လူသာဓုခေါ် နတ်သာဓုခေါ်ကြမယ့်ကိစ္စပါ။

ကျွန်တော်က ကချင်ပြည်နယ်မှာ အနေကြာတော့ KIA အဖွဲ့အကြောင်း ကောင်းကောင်းသိနေပါတယ်။ KIA ဆိုတာ ကချင်လွတ်မြောက်ရေးတပ်မတော်လို့ ခေါ်ပေမယ့် ကချင်လူမျိုးတစ်ခုလုံးကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ ကချင် ပြည်နယ်တစ်ခုလုံးကိုလည်း ကိုယ်စားပြုထားတဲ့အဖွဲ့မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဦးဇခုန် တိန့်ယိန်းတို့ ဦးလဂျွန်ငန်ဆိုင်းတို့ ဒေါက်တာတူးဂျာတို့ဆိုတာတွေလဲ ကချင်လူမျိုးတွေပါပဲ။ သူတို့လဲ သူတို့အဖွဲ့ အစည်းကို ခေါင်းဆောင်နေကြတာပါပဲ။ နယ်ခြားစောင့်တပ်ဖွဲ့ကို ယုံကြည်လက်ခံပြီး ကချင်ပြည်နယ်အတွက် အလုပ် လုပ်နေသူတွေ၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ကာ ပြည်နယ်ကောင်းကျိုးလုပ်နေသူနဲ့ လက်ရှိပြည်နယ် အစိုးရမှာ ၀န်ကြီးချုပ်လုပ်နေသူတွေဟာ ကချင်လူမျိုးကောင်းကျိုးလုပ်ဆောင်နေသူတွေပါ။ သူတို့ကမှ ကချင်ပြည်နယ်၊ ကချင် လူမျိုးကို ကိုယ်စားပြုနေသူတွေဖြစ်တယ်လို့ ပြောလို့ရပါတယ်။
KIA ဆိုတာ လက်နက်ကိုင်ဆောင်ပြီး လူသတ်၊ မိုင်းထောင်၊ သစ်တွေ၊ ကျောက်မျက်တွေခိုးထုတ်နေတဲ့ ကိုယ်ကျိုး ရှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။ ကချင်ပြည်နယ်ကောင်းကျိုးအတွက် လုပ်ဆောင်တာ မယ်မယ်ရရ မပြနိုင် ပေမယ့် ကားလမ်းတွေ၊ ရထားလမ်းတွေ မိုင်းခွဲဖျက်ဆီးခဲ့တဲ့ အဖျက်လုပ်ရပ်တွေက အများပြည်သူတွေ မြင်တွေ့ နိုင်တဲ့ အရာတွေပါပဲ။ အဲဒီလောက်ဆိုးသွမ်းလှတဲ့ အဖွဲ့အစည်းက အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်နေပြီဆိုတော့ တကယ့်ကို ၀မ်းသာမိပါတယ်။ ဒါပေမယ့်စိတ်ထဲမှာ KIA ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ယူမှ ယူပါ့မလားဆိုတဲ့အတွေးကတော့ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဒီမိုကရေစီအစိုးရတက်ခါ စထဲက ဆိုတော့ အခုဆိုရင် (၃)နှစ်တောင်ကျော်လာခဲ့ပြီ။ အကောင်အထည်က မပေါ်သေးပဲဖြစ်နေပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ဘယ်လိုပဲဆုံးဖြတ်ချက်တွေ၊ သဘောတူညီမှုတွေချမှတ်ပေမယ့် KIA ကတော့ ကျွန်တော်တို့ စစ်တပ်တွေကို အမှည့်ချွေနေဆဲပါပဲ။ လူမသိ သူမသိအဖြစ်မျိုးနဲ့ ကျွန်တော်တို့စစ်သားတွေ အမှည့်ချွေ ခံနေရပါတယ်။ ဒါကို ပြည်သူလူထုအမှန်အတိုင်းသိစေချင်လို့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ပြောချင်တာက ဒီလိုပါ။ အဖြစ်မှန်ကိုပြောပြမှာပါ။

ကျွန်တော်တို့တပ်မတော်သားတွေက နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်အတိုင်းတိတိကျကျ လိုက်နာပါတယ်။ KIA တပ်တွေကို ကျွန်တော်တို့သွားပြီးမတိုက်ပါဘူး။ ကိုယ့်စခန်းမှာပဲကိုယ်နေပါတယ်။ စပြီးပစ်ခတ် တိုက်ခိုက်တာက KIA တပ်တွေပါ။ ကျွန်တော်တို့စခန်းငယ်လေးတွေကို အစုလိုက်အပြုံလိုက်လာပြီးတိုက်ပါတယ်။ လမ်းကြောင်းတွေမှာလဲ မိုင်းထောင်တယ်။ ချောင်းမြောင်းပြီးလဲပစ်ခတ်ပါတယ်။ အဲလိုနဲ့ တပ်မတော်သားတွေ မသေ သင့်ဘဲ၊(တစ်နည်းပြောရရင် KIA အပေါ်ယုံကြည်မိတဲ့အမှားကြောင့်) သေဆုံးခဲ့ကြရပါတယ်။ ဒါတွေကို ပြည်သူတွေ မသိကြပါဘူး။

KIA အဖွဲ့ဟာ သူတို့က ကျွန်တော်တို့တပ်တွေကို စတင်တိုက်ခိုက်တယ်။ တိုက်ခိုက်တာနဲ့တစ်ပြိုင်ထဲမှာပဲ သူတို့ရဲ့ ၀ါဒဖြန့်မီဒီယာတွေက “ အစိုးရတပ်တွေက အင်အားအများအပြားနဲ့ သူတို့ KIA စခန်းတွေကို လာတိုက်လို့ တိုက်ပွဲတွေဖြစ်ရတာပါလို့ ” ၀ါဒဖြန့်ပါတယ်။ ဒီကြားထဲမှာပိုပြီးယုံကြည်အောင် ဘယ်တပ်က ဘယ်သူက၊ ဘယ်ရွာမှာ ရှိတဲ့ အမျိုးသမီးဘယ်နှစ်ယောက်ကို ဘယ်လိုမုဒိန်းကျင့်သွားခဲ့တယ်။ ဘယ်ရွာတွေကိုမီးရှို့သွားခဲ့တယ်ဆိုတဲ့ မမှန် သတင်းတွေကို လွှင့်ထုတ်ပါတယ်။

ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောဆိုပြီး ပြည်သူလူထုသနားအောင် လုပ်ပါတယ်။ ဒါကို မသိနားမလည်တဲ့ သူတွေက ယုံကြည်ပြီး တပ်မတော်ကပဲ ဥပဒေမရှိ လုပ်ချင်တိုင်းလုပ်လို့ရတဲ့အဖွဲ့အစည်းလို့ ထင်မြင်သွားပြီး မီဒီယာတွေမှာ ရေးချင်သလိုရေး၊ ပြောချင်သလိုပြောနေကြပါတယ်။ ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ် အောက်မှာ တပ်မတော်ကိုကျတော့ စစ်တပ်လို့ရေးပြီး လက်နက်ကိုင်ပြီးသောင်းကျန်းနေတဲ့ အဖွဲ့ကျတော့ KIA တပ်မတော်လို့ သုံးနှုန်းနေတဲ့အထိပါပဲ။
အခုဆိုရင် အဖြစ်မှန်တွေကိုသိဖို့ သဘောပေါက်ဖို့သင့်ပါပြီ။ ဒါတွေဟာ တကယ့်အဖြစ်မှန်တွေပါ။ KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးကို ဘယ်တော့မှယူမှာမဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကို တစ်ခုပြီးတစ်ခုတောင်းဆိုရင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနိဂုံးချုပ်ပါလိမ့်မယ်။

တကယ့်စိတ်ရင်းသဘောထားအမှန်ထားရှိတဲ့အဖွဲ့တွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနေပါပြီ။ ကရင်ပြည်နယ်မှာဆိုရင် တိုက်ပွဲတွေ လုံးဝမဖြစ်တော့ပါဘူး။ ဒါဟာ ငြိမ်းချမ်းရေးကို တကယ်ယူမယ်ဆိုတဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့်ပါပဲ။ ကချင်လက်နက်ကိုင်အဖွဲ့မှာတော့ အဲလိုမျိုးမဟုတ်ပါဘူး။ KIA လက်နက်ကိုင်တပ်တွေကို ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်ဆိုတာ စကားပြောရာမှာ လည်သလို၊ အကွက်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေသလို၊ တစ်ဖက် မှာ တိုက်ပွဲတွေဖြစ်အောင်လဲ ရန်စခိုင်းနေပါတယ်။ နောက်အခြားတစ်ဖက်မှာလည်း အမေရိကန်နိုင်ငံကိုသွားရောက်ပြီး အကူအညီတောင်းဆိုမှုတွေ လုပ်နေပါတယ်။

ပါးစပ်က ငြိမ်းချမ်းရေးလို့ပြောနေပေမယ့် တကယ့်လုပ်ရပ်ကတော့ တိုက်ပွဲတွေဖန်တီးပြီး၊ အဲဒီတိုက်ပွဲတွေရဲ့ တရားခံဟာ တပ်မတော်ပါဆိုပြီး ပြောနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ပြောပေမယ့် KIA ဂွမ်မော်က အပစ်အခတ်ရပ်စဲရေးကို လက်မခံခဲ့ပါဘူး။ အဖြေကတော့ ရှင်းနေပါတယ်။ ငြိမ်းချမ်းရေးကို ရအောင်လုပ်မှာမဟုတ်သလို အစိုးရတပ်တွေကိုလည်း အကြောင်း အရာ အမျိုးမျိုးပြပြီး တိုက်ခိုက်နေမှာပါ။ တကယ်လည်း တိုက်ခိုက်နေပါတယ်။ စကားပုံအတိုင်းပြောရမယ်ဆိုရင်တော့ KIA ဟာ သူခိုးကလူ….လူ…အောင်ဟစ်နေသလိုပါပဲ၊ အဖြစ်မှန်တွေကို ပြောင်းပြန်ပြောပြီး KIA အပေါ် သနား လာအောင် လုပ်ဆောင်နေပါတယ်။ တကယ်တန်းအပစ်ခံနေရတာက ကျွန်တော်တို့စစ်သားတွေပါ။ ကျွန်တော်တို့မှာ သမ္မတကြီးက လည်း စစ်တိုက်ဖို့ အခွင့်မပေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပစ်မိန့်မပေးနဲ့ ကချင် ပြည်နယ်မှာ KIA ရဲ့ အမှည့်ချွေတာကို ခံနေရတာကတော့ ဖြစ်ရပ်မှန်ပါပဲဆိုတာ ပြည်သူတွေသိအောင် ပြောပြ ချင်ပါတယ်။

ရှေ့တန်းရောက်တပ်မတော်သားတစ်ဦး

From...Man Super
ကျွန်တော်က တပ်မတော်သား တစ်ယောက်ပါ။ ဒီကနေ့ လူကြီးတွေလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တွေကို ကျွန်တော် နှစ်သက်သဘောကျပါတယ်။ အပစ် အခတ် ရပ်စဲရေးတွေ လုပ်တော့မယ်ဆိုတဲ့ သတင်းကြောင့်လည်း ပိုပြီး ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ပင်ပင် ပန်းပန်းနဲ့ စစ်တိုက်စရာမလိုတော့တဲ့ အတွက် စိတ်အေး လက်အေးနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ကျွန်တော်တို့ လုပ်နိုင် တော့မှာပါ။ ဒါကြောင့်ကြိုဆိုမိပါတယ်။ ကျွန်တော် တို့ စစ်တိုက်နေရတဲ့ နယ်မြေဒေသက ကချင်ပြည်နယ် ဖြစ်လို့ KIA နဲ့ ငြိမ်းချမ်းရေးရမယ် ဆိုရင် ဒေသခံပြည်သူတွေလည်း ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေရ တော့မှာမဟုတ်လို့ လူသာဓုခေါ် နတ်သာဓုခေါ်ကြမယ့်ကိစ္စပါ။

တိုက်ပွဲများ ဖြစ်ပွားနေမှု လျှော့ချရန် အစိုးရနှင့် KIO တို့ပူးပေါင်း၍ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ဖွဲ့မည်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကို လျှော့ချရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့ သဘောတူညီခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။

မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည်

Photo: မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည်
Wednesday, May 14, 2014

ပြည်တွင်း၌ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားစအချိန်တွင် နာမည်ကျော် လူကြိုက်များခဲ့သော အနောက်အရပ်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းတွဲ၌ တရုတ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ ပင့်ဆောင်သည့် ဇာတ်ဝင်ခန်းများတွင် မျောက်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးခေါ် (မစ္စတာ လူချင်ဟိုလင်းတန်) သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ယင်းသို့ မန္တလေးမြို့တော်သို့ လာရောက် လည်ပတ်မည့် Journey to the West ဇာတ်ကားတွင် မျောက်မင်းအဖြစ် သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးသည် မေလ ၂၁ ရက်နေ့တွင် ရန်ကုန် မြို့တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ရန်ကုန်ရှိ ယဉ်ကျေးမှုတက္ကသိုလ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဗဟိုအမှုဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်အဆင့် အကြီးအကဲများကို တွေ့ဆုံ ဂါရဝပြုနိုင်ရန် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နေပြည်တော်မှအပြန် မန္တလေးမြို့တော်သို့ လာရောက်ပြီး တိုင်းဒေသကြီးအဆင့်ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တွေ့ဆုံ ဆွေးနွေးမည့်အပြင် မိဘမဲ့ကျောင်းများနှင့် ပရဟိတ လုပ်ငန်းများကို ငွေလှူဒါန်းပြီး ၎င်းပါဝင် သရုပ်ဆောင်ခဲ့သည့် Journey to the West ဇာတ်လမ်းတွဲပါ အခန်းလိုက် သရုပ်ဆောင်ချက် ပုံစံတူများကို မန္တလေးမြို့လူထုသို့ ပြသမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“စွန်ဝူခုံးက လှူမယ့် အစီအစဉ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် ဆောင်ရွက်နေတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့ပေါ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မိဘမဲ့ ပရဟိတဂေဟာများ၊ လူမှုရေး အဖွဲ့အစည်းများကို ဝူခုံးအဖြစ် သရုပ်ဆောင်သူက လာရောက် လှူဒါန်းမည့် အစီအစဉ်များကို မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက မေ ၁၃ ရက်နေ့အထိ ဆက်သွယ် ပြောကြားထားခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

“တရုတ်သရုပ်ဆောင်တွေ လှူနိုင်တာဟာ သူတို့ရဲ့ ရုပ်ရှင်ကားတွေက ကမ္ဘာကျော်ပြီး ဝင်ငွေကောင်းလို့ပါ။ မြန်မာရုပ်ရှင်မင်းသား၊ မင်းသမီး တချို့လောက်ပဲ ပရဟိတ လူမှုရေးလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတာ ရှိတယ်။ ဒါကလဲ အနည်းစုပါ” ဟု မန္တလေးမြို့ခံ သတင်းစာဆရာ ညီစေမင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြသခဲ့သည့် Journey to the West ဇာတ်ကားများသည် ထန်မင်းဆက် လက်ထက်တွင် ရေးသားထားခဲ့သည့် သမိုင်းဆိုင်ရာဝတ္တုကို တရုတ်ဒါရိုက်တာများက ဆီလျော်အောင် ပြန်လည် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်လမ်းဖြစ်ပြီး ယင်းဇာတ်လမ်းတွင် ပိဋကတ်သုံးပုံကို အိန္ဒိယနိုင်ငံသို့ သွားပင့်သည့် ဘုန်းကြီးသည် တရုတ်သမိုင်းတွင် တကယ်ရှိပြီး ဘုန်းကြီးနှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံး မျောက်ဇာတ်ကောင်သည် အိန္ဒိယ ဇာတ်တော်တွင်ရှိသည့် ရာမနှင့်လက္ခဏ ဇာတ်လမ်းပါ ဟာနုမာန်မျောက် အကြောင်းကို အတုယူကာ ဒါရိုက်တာက စွန်းဝူခုံးကို ထည့်သွင်း၍ သရုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ တရုတ်စကားပြော သင်တန်းကျောင်း ကျောင်းအုပ် ဒေါက်တာဆက်တီက ပြောကြားသည်။

မန္တလေးသို့ လာရောက် လည်ပတ်မည့် စွန်းဝူခုံး သရုပ်ဆောင် မစ္စတာလူချင်ဟိုလင်းတန်သည် အမေရိကန်၊ ဥရောပ၊ သြစတြေးလျ၊ အာရှတိုက်ရှိ နိုင်ငံများစွာတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စံမီသော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ငွေကြေး ထည့်ဝင်လှူဒါန်းနေသော သူတစ်ဦးဖြစ်ကာ မန္တလေးမြို့တော်သို့ မေလ ၂၄ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပြည်တွင်း၌ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားစအချိန်တွင် နာမည်ကျော် လူကြိုက်များခဲ့သော အနောက်အရပ်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းတွဲ၌ တရုတ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ ပင့်ဆောင်သည့် ဇာတ်ဝင်ခန်းများတွင် မျောက်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးခေါ် (မစ္စတာ လူချင်ဟိုလင်းတန်) သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် သံဃာ့အစည်းအဝေး ဆုံးဖြတ်

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ၊ စာစောင်များနှင့် အသံသွင်း တိပ်ခွေများတွင် အယူအဆ အလွဲများဖြင့် ရေး သား၊ ဟောပြောမှုများ ပါရှိနေ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြု ရန် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော် များထံမှ သိရသည်။

မလေးရှား နိုင်ငံရှိ အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား များအား ကူညီ ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားများ အန္တရာယ်ကင်းရှင်းစွာ တရားဝင် နေထိုင်သွားလာ အလုပ်လုပ်ခွင့် ရရှိနိုင်ရန် ရည် ရွယ်ကျင်းပသည့် မြန်မာနိုင်ငံမှ Diamond Palace ကုမ္ပဏီလီမိတက်နှင့် မလေးရှားနိုင်ငံမှ Bukti Megah SdnBhd ကုမ္ပဏီတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့ည ၇ နာရီခွဲက Grand Amara Hotel တောင်ငူခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးတင် ဦးလွင်နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီး DATOS SERI DR AHMAD ZAHID HAMID နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးနှင့် တာဝန် ရှိသူများ တက် ရောက်ခဲ့ကြသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ နိုင် ငံ တစ် ဝန်း လုံးရှိ ဘုရား၊ ပုထိုး၊ စေတီတော် တို့တွင် ကုသိုလ်ပုည ပြုကြ သူများဖြင့် စည်ကား လျက်ရှိ

ယနေ့သည် ၁၃၇၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ဖြစ်သည်။ ကဆုန် လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်၏ ''ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း'' ဟူသည့် ဖြစ်စဉ် တော်လေးရပ် တိုက်ဆိုင် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကဆုန် လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် တို့က ထူးမြတ်သည့် ဗုဒ္ဓ အခါတော်နေ့ တစ်နေ့အဖြစ် သတ်မှတ် ခဲ့ကြသည်။ ဖြစ်စဉ်တော်လေးရပ်တွင် ဗုဒ္ဓဘုရားရှင်သည် မဟာဗောဓိ ပင်ရင်း၌ သဗ္ဗညုတ ရွှေဥာဏ်ရှင် ဘုရားစင်စစ် ဖြစ်တော် မူခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်သည်ကို အကြောင်း ပြုကာ ဗုဒ္ဓဘာသာ ဝင်များက ဗုဒ္ဓကို ရည်မှန်း ပူဇော်သည့် အနေဖြင့် မဟာ ဗောဓိပင်၌ ညောင်ရေသွန်းလောင်း ပူဇော်ခြင်းကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အဖြစ် သတ်မှတ်ကာ အစဉ်အလာမပျက် နိုင်ငံအနှံ့ စည်ကား သိုက်မြိုက်စွာ ဆင်နွှဲခဲ့ ကြခြင်းဖြစ်သည်။

ကေအိုင်အေ (ကချင်) လက် နက် ကိုင် အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ကယ်တင်၍ မိဘ အုပ်ထိန်းသူ များထံ ပြန်လည် အပ်နှံ

Photo: ကေအိုင်အေ (ကချင်) လက် နက် ကိုင် အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ကယ်တင်၍ မိဘ အုပ်ထိန်းသူ များထံ ပြန်လည် အပ်နှံ
Wednesday, May 14, 2014

ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၊ တပ်မဟာ (၁)၊ တပ်ရင်း(၄)မှ အင်အား ၃ဝ ဦးခန့်သည် မေ ၃ရက် နံနက် ၁၁နာရီက မြစ်ကြီးနားမှ မေခ-မလိခ မြစ်ဆုံသို့ သွားသော လမ်းကြောင်းပေါ်ရှိ ဒွန်ဂန်ရွာ အနီးတွင် မောင်ဖြိုးဖြိုး ၂၃နှစ်(ဘ)ဦးမြင့်လွင် အပါအဝင် ငါးဦး၊ ညနေ ၃နာရီခွဲတွင် အာလမ်ကျေးရွာ ကချင်ချောင်းသာ(ခေါ်) ရှန်ဂရီလာ အပန်းဖြေစခန်းမှ မောင်ညီချစ် ၁၇ နှစ်(ဘ) ဦးဖိုးချစ် အပါအဝင် ငါးဦး၊ ည ၁ဝ နာရီတွင် အူဗျစ်ကျေးရွာမှ မောင်တူးရိန် ၂ဝ နှစ်(ဘ) ဦးဇော်မိုင် အပါအဝင် ခုနစ်ဦးအား လည်းကောင်း၊ မေ ၇ ရက် ညသန်းခေါင်ချိန်တွင် တန်ဖဲကျေးရွာ မြစ်ဆုံအနီး အလုပ်သမား နေအိမ်များမှ ၃၇ဦးအား လည်းကောင်း၊ မေ ၈ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်အင်ခ ကျေးရွာအနောက်ဘက် တောတွင်း သစ်ဥသစ်ဖု ရှာဖွေနေသူ ဦးခီးဦးဆာပါ ၄ဝ နှစ်(ဘ) ဦးတီးမေကျော် အပါအဝင်သုံးဦး စုစုပေါင်း ၅၇ ဦး တို့အား အသီးသီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ ဖမ်းဆီး သွားသူများအား ပြန်လည် စေလွှတ်ပေးရေး သက်ဆိုင်ရာ အဖွဲ့အစည်း များမှတစ်ဆင့် အကြောင်းကြား ခဲ့သော်လည်း အချိန်မီ စေလွှတ်ပေးခြင်း မရှိ၍ နယ်မြေခံ တပ်မတော် စစ်ကြောင်းများဖြင့် ရှင်းလင်းရှာ ဖွေခြင်း များ ဆောင်ရွက်ခဲ့ရာ တီယန်ဇွတ် ကျေးရွာအနီး ပလောင်ရွာမှ မောင်ဖြိုးဖြိုး အပါအဝင် ၁၂ ဦး၊ အီဂျစ်ရွာ အနောက်တောင်ဘက် တောတွင်းတစ်နေရာမှ နှစ်ဦး၊ မြစ်ဆုံကျေးရွာ အနောက်ဘက် တောတွင်း တစ်နေရာမှ လေးဦး စုစုပေါင်း ၁၈ဦးအား ပြန်လည် ရှာဖွေ ကယ် ဆယ် နိုင်ခဲ့ပြီး မေ ၁၂ရက် နံနက် ၁ဝ နာရီခွဲတွင် မြစ်ဆုံ စည်ပင် သာယာ ရိပ်သာ၌ သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံသို့ ကောင်းမွန်စွာ ပြန်လည် အပ်နှံ ပေးခဲ့သည်။

ဖမ်းဆီးခံရသူများ အနက် ပြန်လည် လွတ်မြောက်ရန် ကျန်သူ ၃၉ ဦးရှိရာ ၎င်းတို့အထဲတွင် ပညာသင်ကြားနေဆဲ လေးဦး၊ အမျိုးသမီး ငယ်လေးဦး ပါဝင်ကြောင်းနှင့် ကျန်ရှိ သူအားလုံးအား အန္တရာယ်မပြုဘဲ အမြန်ဆုံး ပြန်လည် စေလွှတ် ပေးနိုင်ရေး အတွက် ဒေသခံများမှ နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ ဌာနေ ကိုယ် စားလှယ်ရုံး အပါအဝင် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများသို့ အကူအညီေ တာင်းခံစာများ ပေးပို့ထားကြောင်း သိရှိရပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်း များမှလည်း ရှာဖွေ ရေး လုပ်ငန်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၊ တပ်မဟာ (၁)၊ တပ်ရင်း(၄)မှ အင်အား ၃ဝ ဦးခန့်သည် မေ ၃ရက် နံနက် ၁၁နာရီက မြစ်ကြီးနားမှ မေခ-မလိခ မြစ်ဆုံသို့ သွားသော လမ်းကြောင်းပေါ်ရှိ ဒွန်ဂန်ရွာ အနီးတွင် မောင်ဖြိုးဖြိုး ၂၃နှစ်(ဘ)ဦးမြင့်လွင် အပါအဝင် ငါးဦး၊ ညနေ ၃နာရီခွဲတွင် အာလမ်ကျေးရွာ ကချင်ချောင်းသာ(ခေါ်) ရှန်ဂရီလာ အပန်းဖြေစခန်းမှ မောင်ညီချစ် ၁၇ နှစ်(ဘ) ဦးဖိုးချစ် အပါအဝင် ငါးဦး၊ ည ၁ဝ နာရီတွင် အူဗျစ်ကျေးရွာမှ မောင်တူးရိန် ၂ဝ နှစ်(ဘ) ဦးဇော်မိုင် အပါအဝင် ခုနစ်ဦးအား လည်းကောင်း၊ မေ ၇ ရက် ညသန်းခေါင်ချိန်တွင် တန်ဖဲကျေးရွာ မြစ်ဆုံအနီး အလုပ်သမား နေအိမ်များမှ ၃၇ဦးအား လည်းကောင်း၊ မေ ၈ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်အင်ခ ကျေးရွာအနောက်ဘက် တောတွင်း သစ်ဥသစ်ဖု ရှာဖွေနေသူ ဦးခီးဦးဆာပါ ၄ဝ နှစ်(ဘ) ဦးတီးမေကျော် အပါအဝင်သုံးဦး စုစုပေါင်း ၅၇ ဦး တို့အား အသီးသီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း

Photo: ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း
Wednesday, May 14, 2014

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စေတီရင်ပြင်တွင် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေ့က ကျင်းပသည့် ညောင်ရေသွန်း ပွဲတော်သို့ ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း အပါအဝင် ပင့်ဆောင်ထားသည့် သံဃာတော်များက ရင်ပြင်တော်ပေါ်သို့ မော်တော်ယာဉ်များဖြင့် တက်ရောက်ခဲ့ကြောင်း ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့လို့ပါ။ ကျန်တဲ့သူဆို ခွင့်မပြုဘူး။ မော်တော်ပီကယ်တွေကော လုံခြုံရေးတွေပါ ပါတယ်။ ဝန်ကြီးအပြင် ပင့်ထားတဲ့ ဘုန်းကြီးတွေလည်း ပါတယ်။ ၇ နာရီလောက်က လာတယ်။ ဂေါပကရုံးခန်းမှာ စကားပြောပြီး ၈ နာရီလောက် ပြန်သွားတယ်” ဟု ၎င်းကဆိုသည်။

၁၉၉၅ ခုနှစ်ဝန်းကျင် ယခင် ဂေါပကဥက္ကဋ္ဌ လက်ထက်တွင် ဘုရားမြောက်ဘက်မုခ် အရှေ့ဘက် ကပ်လျက်တွင်ရှိသော လမ်းဟောင်းကို လမ်းသစ်ခင်းခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ကားဖြင့် ဂေါပကရုံးခန်းသို့ သွားခဲ့ဖူးကြောင်း ပဲခူးမြို့ပေါ်တွင် ဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာ ဦးစိုးမြင့်သန်းက ပြောကြားသည်။

“ဘုရားပေါ်မှာ ဖိနပ်မစီးသင့်သလို ကားနဲ့လည်း မတက်သင့်ဘူး။ ဘုရားရဲ့ မြောက်ဘက်မုခ်မှာရှိတဲ့ ဘီလူးမပန်းဆွဲအောက်မှာ တပင်ရွှေထီးကိုယ်တိုင် နားသခဲ့တဲ့ နေရာရှိတယ်။ ဗုဒ္ဓဘာသာ အနေနဲ့ ဖြစ်ဖြစ်၊ ဒေသခံအနေနဲ့ဖြစ်ဖြစ် မတက်သင့်ဘူး” ဟု ၎င်းကဆိုသည်။

ပဲခူးမြို့နယ် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဆရာတော် ဥူးသီဟနရက အဆိုပါကိစ္စကို ၎င်းအနေနှင့် မသိရှိသေးကြောင်း၊ မှန်ကန်သည်ဆိုပါက အဖွဲ့တွင် ဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ကြောင်း၊ ယင်းကိစ္စ အမှန်တကယ် ဖြစ်ပါက ဗုဒ္ဓဘာသာ ဝန်ကြီးချုပ် တစ်ဦးအနေနှင့် ဘုရားပေါ်တွင် ယခုလိုပြုမူမှုမှာ မသင့်လျော်ကြောင်း မိန့်ဆိုသည်။

တပ်မတော်အရာရှိများ အပါအဝင် ဌာနဆိုင်ရာ အရေးကြီး ပုဂ္ဂိုလ်များကိုသာ ဘုရားရင်ပြင်တော်ပေါ်သို့ အဆိုပါလမ်းမှတစ်ဆင့် ကားဖြင့် တက်ရောက်ခွင့်ပေးပြီး ကျန်သည့် အချိန်များတွင် သံတံခါးဖြင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း သည် မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အစ္စရေး ဝန်ကြီးချုပ်ဟောင်းကို ထောင် ၆ နှစ် ချမှတ်

Photo: အစ္စရေး ဝန်ကြီးချုပ်ဟောင်းကို ထောင် ၆ နှစ် ချမှတ်
Wednesday, May 14, 2014

 အစ္စရေး ဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုလ်မတ် Ehud Olmert ကို အဂတိ လိုက်စားမှုနဲ့ အစ္စရေး တရားရုံး တစ်ခုက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက် ပါတယ်။

အစိုးရ ခေါင်းဆောင်ဟောင်း တစ်ဦးကို အဂတိ လိုက်စားမှုနဲ့ အခုလို ထောင် ဒဏ် ချမှတ်တာဟာ အစ္စရေးမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

မစ္စတာ အိုလ်မတ်ဟာ ဂျေရုဆလင်မှာ မြို့တော်ဝန် ဖြစ်စဉ်က မြို့မှာ ဟိုလီလန်းဒ် Holyland အိမ်ရာ တည်ဆောက်ရေး စီမံကိန်း ချပေးရေးအတွက် လာဘ်ယူခဲ့တယ် ဆိုပြီး အခုနှစ် အစောပိုင်းက အပြစ်ရှိကြောင်း ချမှတ်ခဲ့တာပါ။

ထောင်ဒဏ် စီရင်ချက် ချမှတ်စဉ် တရားသူကြီးက မစ္စတာ အိုလ်မတ်နဲ့ ဒီအမှုတွဲမှာ ပါတဲ့ တခြား အရာရှိတွေကို ပြောကြားရာမှာ ဒီလုပ်ရပ်တွေဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်တယ်လို့ ပြောသွားပါတယ်။

မစ္စတာ အိုလ်မတ်ရဲ့ ရှေ့နေကတော့ အယူခံဝင်မယ်လို့ ပြောပါတယ်။

အီဟွတ် အိုလ်မတ်ဟာ အေရီရယ်ရှရွန်း ပြီးနောက် ၂၀ဝ၆ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်ပြီး ၂၀ဝ၈ ခုနှစ်မှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဝန်ကြီးချုပ်ဟောင်း Ehud Olmart ကို တရားရုံးမှာ တွေ့ရစဉ်
ဝန်ကြီးချုပ်ဟောင်း Ehud Olmart ကို တရားရုံးမှာ တွေ့ရစဉ်
အစ္စရေး ဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုလ်မတ် Ehud Olmert ကို အဂတိ လိုက်စားမှုနဲ့ အစ္စရေး တရားရုံး တစ်ခုက ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက် ပါတယ်။

ဗီယက်နမ်မှာ တရုတ် ဆန့်ကျင်ရေး တိုးမြှင့် ဆန္ဒပြ

Photo: ဗီယက်နမ်မှာ တရုတ် ဆန့်ကျင်ရေး တိုးမြှင့် ဆန္ဒပြ
Wednesday, May 14, 2014

 တောင်တရုတ် ပင်လယ်က နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာမှာ ရေနံတူးစင် ထားရှိမယ့် တရုတ်တို့ရဲ့ ဆုံးဖြတ်ချက် အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဗီယက်နမ် နိုင်ငံမှာ အကြီးအကျယ် ဆက်လက် ဖြစ်ပွားနေပါတယ်။

ဗီယက်နမ် နိုင်ငံ တောင်ပိုင်း ဘင်ဒေါင်းမြို့မှာ ရှိတဲ့ တရုတ်ပိုင် စက်ရုံတွေမှာ ဆန္ဒပြနေကြတဲ့ ဗီယက်နမ် အလုပ်သမားတွေဟာ ထောင်ပေါင်းများစွာ ရှိပါတယ်။

ထိခိုက် ပျက်ဆီးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း တရုတ်တို့ရဲ့ လုပ်ရပ်ဟာ ရန်စ ကျူးကျော်တဲ့ လုပ်ရပ်ဆိုပြီး ပြောထားပါတယ်။

တရုတ်တို့ရဲ့ အခုလို လုပ်ရပ်ဟာ ဗီယက်နမ်တွေကို အကြီးအကျယ် ဒေါသထွက်စေပြီး အငြင်းပွား ရေပိုင် နက်နေရာမှာလည်း နှစ်နိုင်ငံ သင်္ဘ࿿ောတွေဟာ မတိုးသာ မဆုတ်သာ အခြေအနေမျိုး ဆိုင်နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
တောင်တရုတ် ပင်လယ်က နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာမှာ ရေနံတူးစင် ထားရှိမယ့် တရုတ်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ဗီယက်နမ် နိုင်ငံမှာ အကြီးအကျယ် ဆက်လက် ဖြစ် ပွားနေပါတယ်။

မှန်လုံယာဉ်တမ်းမှောက်မှုတွင် သေဆုံးခဲ့သော ခရီးသည်များအတွက် အာမခံလျော်ကြေးငွေများ လာမည့်ရက်သတ္တပတ်အတွင်း ထုတ်ပေးမည်

နေပြည်တော်-ရန်ကုန် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သောခရီးသည်များအတွက် အာမခံလျော်ကြေး များကို လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

Tuesday, 13 May 2014

အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် အကျွတ် အလွတ်ပွဲ ပြုလုပ်ခဲ့ရာ ပရလောက သားတို့၏ ခြေရာများ တွေ့ ရှိ


အမြန်လမ်းမကြီး၊မိုင်တိုင် ၁၁၆ တွင် အကျွတ်အလွတ်ပွဲပြုလုပ်ခဲ့ရာ ပရလောကသားတို့၏ ခြေရာများတွေ့ ရှိစဉ်
ယာဉ်တိမ်းမှောက်မှု များကြောင့် သေဆုံးသွား သူများအား ရည်စူး၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၁၆ တွင် သဲပုံစေတီတည်ထား ကိုးကွယ်ပြီး မေ ၁၀-ရက်နေ့က အကျွတ်အလွတ်ပွဲ ဆုတောင်းပွဲ ပြုလုပ်ခဲ့ ရာတွင် နာနာဘာဝ(ပရလောကသား) တို့၏ ခြေရာများ တွေ့ရှိခဲ့ရသည်။

ပြည်တွင်း၌ နိုင်ငံခြားသားများက လိမ်လည်မှုနှင့် ခိုးမှုဖြစ်စဉ်များ ပိုမိုကျူးလွန်လာခြင်းကြောင့် သတိပြုရန် ရဲတပ်ဖွဲ့ပြောကြား

Photo: ပြည်တွင်း၌ နိုင်ငံခြားသားများက လိမ်လည်မှုနှင့် ခိုးမှုဖြစ်စဉ်များ ပိုမိုကျူးလွန်လာခြင်းကြောင့် သတိပြုရန် ရဲတပ်ဖွဲ့ပြောကြား
Tuesday, May 13, 2014 

ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားသားအရေအတွက်မှာ ယခုနှစ်ကာလအတွင်း ပိုမိုဝင်ရောက်လာခြင်းနှင့်အတူ နိုင်ငံခြားသားအချို့ လိမ်လည်မှုနှင့် ခိုးမှုများ ကျူးလွန်လာမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် လောဘမကြီးရန်နှင့် အထင်မကြီးရန် လိုအပ်နေသည်ဟု ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၏ အဆင့်မြင့်ရဲအရာရှိများက မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
    
ပြည်တွင်း၌ နိုင်ငံခြားသားအချို့အနေဖြင့် လိမ်လည်မှုအများစုမှာ စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်အောင် ပြောဆိုဆောင်ရွက်ပြီး လိမ်လည်မှု၊ တန်ဖိုးကြီး စိန်ထည်၊ ရွှေထည်နှင့် ကျောက်မျက်ရတနာများကို ခိုးယူမှုများဖြစ်ပွားနေကြောင်း သိရသည်။
    
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခုဖြစ်ပွားနေတဲ့ နိုင်ငံခြားသားတွေက လိမ်လည်တဲ့အခါမှာ အမြတ်အရမ်းလိုချင်တဲ့သူတွေကို မက်လုံးပေးပြီးတော့ လိမ်လည်တာတွေရှိတယ်။ ဆိုင်ပိုင်ရှင်တွေနဲ့ ဈေးရောင်းတဲ့သူတွေကလည်း နိုင်ငံခြားသားတွေက မခိုးလောက်ဖူးဆိုပြီးတော့ အထင်ကြီးနေတာတွေရှိတယ်။ သူတို့ဆိုရင် ပစ္စည်းတွေရောင်းရပြီဆိုပြီးတော့ ထင်ကြတယ်။ အဲဒီအခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့ လိမ်လည်သွားတာတွေ၊ ခိုးယူတာတွေ အများအပြားဖြစ်လာတယ်။ အခုနှစ်ပိုင်းမှာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံသားအချို့က လိမ်လည်ခိုးယူမှုဖြစ်စဉ်တွေရှိလာတယ်" ဟု မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
    
နိုင်ငံခြားသားများမှ လိမ်လည်သွားသည့် ဖြစ်စဉ်တစ်ခုမှာ ဧပြီ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် Junction Square ရှိ Rose Mary စိန်ရွှေရတနာဆိုင်မှ ပါကစ္စတန်နိုင်ငံသားနှစ်ဦးက စိန်ထည်ပစ္စည်းများအား ကြည့်ချင်ယောင်ဆောင်ပြီး ကျပ် ၁၁၈ သိန်းတန်ဖိုးရှိ အသည်းပုံ စိန်လော့ကတ်တစ်ခုနှင့် ငွေကျပ် ၉၆ သိန်းကျော်တန်ဖိုးရှိ မိုးစက်ပုံ စိန်လော့ကတ်တစ်ခုတို့အား ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    
"ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားသားတွေထဲမှာ ကောင်းတဲ့သူတွေရော မကောင်းတဲ့သူတွေရှိပါတယ်။ မဖြစ်နိုင်တဲ့အလုပ်တစ်ခုကို အမြတ်အစွန်းအများကြီးရမယ်ဆိုပြီးတော့အတွက် လိမ်လည်သွားတာတွေလည်းရှိတယ်။ ဘယ်အလုပ်ကိစ္စမဆို သေသေချာချာ ဆွေးနွေးစုံစမ်းပြီးတော့ လုပ်သင့်ပါတယ်။ နိုင်ငံခြားသားတွေဆိုပြီးတော့ ယုံကြည်မှုကို အလွန်အကဲမပေးသင့်ပါဘူး။ အခုပြစ်မှုကျူးလွန်ပြီးတော့ မမိသေးတဲ့ဖြစ်စဉ်တွေကိုလည်း ဖော်ထုတ်ဖို့အတွက် အင်တာပိုနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်" ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက မေ ၁၂ ရက်တွင် ပြောကြားသည်။
    
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဒဂုံမြောက်မြို့နယ်နေ ဦး.... (၄၉) နှစ်အား ဂါနာနိုင်ငံသားသုံးဦးက ပူးပေါင်းကာ ဟိုတယ်လုပ်ငန်း အကျိုးတူဆောင်ရွက်လိုကြောင်း ဆက်သွယ်ပြောဆိုပြီး အမေရိကန်ဒေါ်လာ ၄၆၀၀ အား လိမ်လည်မှု၊ ထို့အပြင် လုံခြုံရေးစနစ်အရ ထည့်သွင်းထားသော ဒေါ်လာများအား အများပြည်သူသုံးစွဲနေသည့် အနေအထားရောက်ရှိရန်အတွက် ဓာတုဆေးရည်ဖြင့် ဆေးကြောရမည်ကြောင်း ထပ်မံပြောဆိုပြီး အမေရိကန်ဒေါ်လာ ၅၀၀၀၀ အား ထပ်မံလိမ်လည်ရယူသွားမှု ဖြစ်ပွားခဲ့သည်။
    
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လည်း ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ နေလ၀န်းရတနာပစ္စည်းဆိုင်မှ တရုတ်နိုင်ငံသားနှစ်ဦးက ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်အလွတ်နှစ်ပွင့်အား ခိုးယူခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးအောင်မြတ်မိုးက " ပြီးခဲ့တဲ့နှစ်က ပြည်တွင်းကို နိုင်ငံခြားသားဦးရေ နှစ်သန်းကျော်လောက် ၀င်ရောက်ခဲ့တယ်။ ဒီနှစ်မှာ ဦးရေသုံးသန်းလောက် မှန်းထားတယ်။
ရဲတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံခြားသားတွေကို ဖော်ရွေ ဖို့၊ ကူညီစောင့်ရှောက်ဖို့မှာထားတယ်။ ဒီလိုတစ်ဆက်တည်းမှာပဲ လေဆိပ်မှာ နိုင်ငံခြားသားတွေခိုးယူလာတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စစ်ဆေးတွေ့ရှိရတယ်။ ဟိုတယ်အခန်းခတွေကိုလည်း အပြည့်အ၀မရှင်းဘဲနဲ့ ရှောင်ပြေးသွားတာတွေ စတဲ့မှုခင်းဖြစ်စဉ်တွေ တဖြေးဖြေးဖြစ်လာတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားပြီးတော့ ဆောင်ရွက်မယ်ဆိုရင် နစ်နာမှုမရှိနိုင်ဘူး။ အိမ်ရှင်ဖြစ်တဲ့အတွက် ကူညီရမယ်ဆိုပေမဲ့လည်း ဧည့်သည်တွေက အိမ်ရှင်တွေကို မစော်ကားသင့်ပါဘူး" ဟု ပြောကြားခဲ့သည်။
    
ယင်းကဲ့သို့ နိုင်ငံခြားသားနှင့် ဆက်စပ်မှုခင်းများ ဖြစ်ပွားလာမှုကြောင့် ပညာပေးဆွေးနွေးဟောပြောမှုများ ပြုလုပ်ရာတွင် ထည့်သွင်းဟောပြောမှုများ ပြုလုပ်လာရကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောကြားခဲ့သည်။
    
"ကျွန်တော့်ပြည်နယ်မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ ထွက်ရှိတဲ့ငါးတွေကို ပြည်တွင်းမှာပဲ ရတဲ့ဈေးနှုန်းနဲ့ ညှိနှိုင်းပြီးတော့ ရောင်းချဖို့ပြောထားတယ်။ ဆက်စပ်တဲ့နိုင်ငံတွေကို တင်ပို့ရောင်းချမယ်ဆိုရင်တော့ တရားဝင်စာချုပ်စာတမ်းတွေပြုလုပ်ဖို့ ပြောထားပါတယ်။ နိုင်ငံခြားသားအချို့က တရားဝင်ကိုယ်စားလှယ်ဆိုပြီး စာရွက်စာတမ်းအတုပြုလုပ်ကာ လိမ်လည်မှုတွေရှိလာတယ်" ဟု ရဲမှူးကြီး ကြည်လင်းက ဆက်လက်ပြောကြားခဲ့သည်။
    
မှုခင်းဖြစ်စဉ်များအား ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် အများနှင့်ဆိုင်သောနေရာများတွင် စီစီတီဗွီများတပ်ဆင်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

Eleven Media Group 

မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးနေစဉ်
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးနေစဉ်ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားသားအရေအတွက်မှာ ယခုနှစ်ကာလအတွင်း ပိုမိုဝင်ရောက် လာခြင်းနှင့်အတူ နိုင်ငံခြားသားအချို့ လိမ်လည်မှုနှင့် ခိုးမှုများ ကျူးလွန်လာမှုများကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် လောဘမကြီးရန်နှင့် အထင်မကြီးရန် လိုအပ်နေသည်ဟု ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၏ အဆင့်မြင့်ရဲအရာရှိများက မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။