ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခွင့်နှင့် ပတ် သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော် မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
Sunday, 11 May 2014
ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လျှင် ၁၀ တန်ခန့် ၀င်ရောက်လျက်ရှိပြီး စားသုံးရန်သင့် မသင့် စစ်ဆေးခြင်းမရှိ

ဖမ်းဆီးရမိသော အေးခဲအသားများအား နောင်ချို စစ်ဆေးရေးဂိတ်အနီးတွင် မီးရှို့ဖျက်ဆီးနေစဉ်
မန္တလေးမြို့အတွင်းသို့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမဝင် အေးခဲကြက် သား များ တစ်ရက်လျှင် ခြောက်တန်မှ ၁ဝ တန်အတွင်း နေ့စဉ် ဝင်ရောက်လျက်ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စားသုံးရန်သင့်၊ မသင့် စစ်ဆေးခြင်းများ ပြုလုပ်မှုမရှိကြောင်း စုံစမ်းသိရ သည်။

တောင်တရုတ် ပင်လယ်အရေး အထူးစိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေး အကြို အာဆီယံ ထုတ်ပြန်

ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တောင်တရုတ်ပင်လယ် အတွင်း မေလဆန်းမှ စတင်ဖြစ် ပွားနေသော တင်းမာမှုများအပေါ် အထူးစိုးရိမ်ကြောင်း မေလ ၁၁ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ပြန် ကြေညာလိုက်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု များကြောင့် သေ ဆုံးခဲ့သူများအား ရည်စူး၍ အကျွတ်အလွတ်ဒါနပြုပွဲ ပြုလုပ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ် များကြောင့် သေဆုံးခဲ့သူများအား ရည်စူး၍ အကျွတ်အလွတ် ဒါနပြုပွဲ ပြုလုပ်ပေးကာ အမျှအတန်းဝေမှုများကို မေ ၁၀ ရက် ည ၁၁ နာရီက မိုင်တိုင် ၁၁၆ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေးနှစ်အထိ ပိတ်မည်
ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များ အနေနှင့် လမ်းပြောင်းပြန်နှင့်၊ မီးနီ ဖြတ်မောင်း ပါက သတ်မှတ်ထားသော ဒဏ်ကြေးငွေများ အပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ် က ပြောကြားသည်။
မြန်မာ-အင်ဒိုနီးရှား ဗီဇာ ကင်းလွတ်ခွင့် ယခုလအတွင်း စတင်မည်
အာဆီယံဒေသတွင်း နိုင်ငံများ ပေါင်းစည်းဗီဇာ (Single Visa) အစီအစဉ် မစတင်မီ မြန်မာနှင့် အင်ဒို နီးရှား နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ကို ယခုလ (မေလ) အတွင်း စတင်နိုင်မည် ဖြစ်ကြောင်း နိုင် ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
အစိုးရ နှုတ်ထွက်ပေးရေး စာရွက်ဝေငှသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်း

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေကို လိုက်လံဝေငှခဲ့တဲ့ ဒီမိုကရေစီစဉ်ဆက် မပြတ်လှုပ် ရှားရေးအဖွဲ့ MDCF က ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်း တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက် ပါတယ်။
မြစ်ဆုံအနီး အရပ်သား ၃၂ ဦးကို ကေအိုင်အေ ဖမ်းဆီး

ကချင်ပြည်နယ်အတွင်း KIA တပ်မဟာ(၁)၊ တပ်ရင်း (၄) က မြစ်ဆုံအနီး နေထိုင်သူ အရပ်သား ၃၂ ဦးကို မေလ ၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ကို အကြောင်းကြားတယ်လို့ သိရပါတယ်။
Saturday, 10 May 2014
မူလတန်း ကျောင်းအပ်နှံရာတွင် မိဘတချို့ အခက်အခဲတွေ့
နာမည်ကြီး အစိုးရ အခြေခံပညာကျောင်းတချို့ မူလတန်း ကျောင်းသားကျောင်းသူသစ် လက်ခံရာမှာ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ တောင်းဆိုမှုတွေကြောင့် ကျောင်းအပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်နိုင်တဲ့ မြို့နယ်၊ ကလေးရဲ့ အသက်၊ မွေးစာရင်း၊ သန်းခေါင်စာရင်းစတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်မှု ရှိပေမယ့်လည်း ဝန်ကြီးတဦးဦးရဲ့ ထောက်ခံချက် လက်မှတ် မပါတာကြောင့် ကျောင်းသားအဖြစ် လက်မခံဘူးလို့
ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေ့တွင် ကြံ့ခိုင်ရေးအမတ်ရှင်ပြုအလှူပွဲလုပ်
မအူပင်၊ မဇ္ဈိမ။ ။ မအူပင်မြို့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး
အတွက် ဒေါ်အောင်ဆန်း စုကြည် ဟောပြောပွဲလုပ်မည့် မေလ ၁၀ရက်တွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်း လွှတ်တော်
ကိုယ်စားလှယ် ဦးရန်ဝင်းက ရှင်အပါး ၃၀၀ ရှင်ပြုအလှူ ပြုလုပ်ခဲ့သည်။
ရှင်ပြုအလှူပွဲကို မအူပင်မြို့ ရွှေဘုန်းမြတ်စေတီတွင် ပြုလုပ်ခဲ့ပြီး ရှင်ပြုပွဲသို့ မအူပင်မြို့နှင့် အနီးရှိ ကျေးရွာ များမှ ဒေသခံများက မေလ ၆ရက် နံနက်အရောက် ရွှေဘုန်းပွင့်စေတီသို့ လာရန် မေလ၃ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဆော်သြထား သည်ဟု ဒေသခံ များက ပြောသည်။ယင်းနေ့ နံနက် ၉နာရီ ၁၀မိနစ် ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောရန်

သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့
သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ငါးမိုးကြောင့် အံ့သြ မင်တက် ခဲ့ရပါတယ်။
ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ ၊မြက်ခင်း တွေနဲ့ အိမ်ခေါင် မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။
ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ ၊မြက်ခင်း တွေနဲ့ အိမ်ခေါင် မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။
မကွေးတိုင်း ဝန်ကြီးချုပ် နုတ်ထွက်ရန် စာရေးသား လှုံ့ဆော်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေကို ဝန်ကြီးချုပ် ရာထူးမှ
နုတ်ထွက်ပေးရန် မကျေနပ်သူ တစ်ဦးက စာများ ရေးသားကာ လှုံ့ဆော်ခဲ့ကြောင်း
ယင်းစာသား ဖတ်ရှုရသည့် ဒေသခံ များက ပြော ကြားသည်။
ယင်းလှုံ့ဆော် စာသားများကို မကွေးတိုင်း ဆေးရုံ၏ နံရံ၊ လူစည်ကားသော နေရာတွင် စိုက်ထူ ထားသည့် ကြော်ငြာဗီနိုင်း ပိုစတာများနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်းဘုတ် များတွင် မေလ ၈ ရက်နေ့ နံနက်ပိုင်းက ရေးသားထားသည်ကို တွေ့ရကြောင်း ယင်းနေရာတစ်ဝိုက် နေထိုင် သူများက ပြောကြားသည်။

ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် Appထွက်ပြီ
သင်သာ ကိုယ့်ချစ်သူက ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေ မက်နေလဲ ဆိုတာကို
သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပါနော်။ ဒီလို သိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့
အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။
စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။
စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။
အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူးယာဉ်လိုင်းတွေမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့ စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေ
စမ်းသပ်လိုက်ပါနေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ ဗိုလ်တထောင်ကနေ
လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ်
စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့်
မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို
လုပ်ကိုင်လာတာဖြစ်ပါတယ်။
၁၁နှစ်အရွယ်အိမ်နီးချင်း မိန်းကလေးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ ၁၄နှစ်သား
မြောက်ကယ်လိုရိုင်းနား မှာတော့ထိတ်လန့်ဖွယ် ဖြစ် ရပ်တစ်ခု ယမန်နှစ်က
ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ သူ့ရဲ့
အိမ်နီးချင်းဖြစ်သူ အသက် ၁၁နှစ်အရွယ် မိန်းကလေး ငယ်ကို သူမရဲ့အိပ်ယာထဲမှာအဓမ္မပြုကျင့် ခဲ့ပြီး နိုင်ထက် စီးနင်း ပြုခဲ့ပါတယ်။
McKenzie Mae Sessoms လို့ အမည်ရတဲ့ ငါးတန်းကျောင်းသူလေးကို သူမရဲ့အိပ်ယာမှာ ခေါင်းအုံးနဲ့ ဖိသတ်ခံထားရတာကို ယမန်နှစ် စက်တင်ဘာလ ၆ရက်နေ့ မနက်မှာ တွေ့ခဲ့ရပါတယ်။
McKenzie Mae Sessoms လို့ အမည်ရတဲ့ ငါးတန်းကျောင်းသူလေးကို သူမရဲ့အိပ်ယာမှာ ခေါင်းအုံးနဲ့ ဖိသတ်ခံထားရတာကို ယမန်နှစ် စက်တင်ဘာလ ၆ရက်နေ့ မနက်မှာ တွေ့ခဲ့ရပါတယ်။
ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆို ရေးသားမှုတွေကို အရေးယူဆောင်ရွက်မည်
သရုပ်ဆောင် ဆုပန်ထွာက မေလ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံ သတင်းစာမှာ အများသိ စေရန် သတိပေးကြေ ညာချက် တစောင် ထုတ်ပြန်ပါပြီ။
ပထမ တခါလည်း ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့ပါသေးတယ်။
ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စေ့စပ်ကြောင်း လမ်းတာကို လူသိရှင်ကြား လုပ်ဆောင်ခဲ့ အပြီး ဆက်တိုက်ဆိုသလို အပြန်အလှန် ကြေညာချက်တွေထုတ်နေတဲ့ အထဲက အခုနေဆုံး

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲ မအူပင်မြို့၌ ယနေ့ ပြုလုပ်မည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ယနေ့ (မေ ၁၀ ရက်) တွင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။
ထို့ပြင် အဆိုပါဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ

အင်နောန်ကောင် ဒေသတွင် ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် မန်စီမြို့နယ် ကျောက်ဖြူရွာအနီးရှိ အင်နောန်ကောင် ဒေသ တွင်
မေလ ၈ ရက် နံနက်ပိုင်းမှ စတင်၍ ကေအိုင်အေနှင့် အစိုးရ တပ် များကြား
တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိကြောင်း ကေအိုင်အေ ဌာနချုပ်
လိုင်ဇာမှ အရာရှိတစ်ဦးက ပြောကြားသည်။
ယင်းနေ့ နံနက် ၈ နာရီမှ စတင်၍ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နှင့် အင်အား ၃၀၀ ခန့်ပါ အစိုးရတပ်များကြား ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ညနေ ၄ နာရီထိ ရပ်နားခြင်း မရှိသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးစားရင်းများ မသိရှိနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းဒီမိုကရေစီ
ထိုင်းနိုင်ငံရေးလောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား သက်ဆင်
ရှင်န၀ပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူးကနေ ဆင်းပေးလိုက်ရပြန်ပါပြီ။ ဒါပေမယ့်
ထိုင်းနိုင်ငံရေး ပြဿနာ ပိုကောင်းသွားမယ်လို့တော့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။
သက်ဆင်ရဲ့ နှမ ထိုင်းဝန်ကြီးချုပ် ယင့်လခ် ရှင်န၀ပ်ကို အာဏာ အလွဲ သုံးစားမှုနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ရာထူးကနေ ဖယ်ရှား လိုက်တယ်။ ၂၀၁၁ ခုနှစ်မှာ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူးကနေ ဖယ်ရှား၊ ရဲချုပ်တာဝန်ယူနေသူနဲ့ အစားထိုး၊

ရန်ကုန်တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက် ရွာသွန်း၍ အဆောက်အအုံ အချို့ ပျက်စီး၊ လူနှစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့က လေပြင်း တိုက်ခတ်ကာ မိုးဆက်တိုက် ရွာသွန်းမှုတို့ကြောင့် အဆောက်အအုံ အချို့ ပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် သန်လျင်မြို့နယ်ရှိ မြို့မတောင် ရပ်ကွက်၊ ဘယက်ကျေးရွာနှင့် အလွမ်းဆွတ် ကျေးရွာတို့မှ ဓာတ်တိုင် စုစုပေါင်း ၆၉ တိုင် ပြိုလဲခဲ့ကြောင်း၊ ယင်းမြို့နယ် သဲဖြူချောင်း ကျေးရွာတွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးမှာ မိုးခြိမ်းသံများကြောင့် နှလုံးခုန်ရပ်ကာ သေဆုံးခဲ့ပြီး ရုံသပြေကျေးရွာ မင်္ဂလွန်းတောင်ကွင်းရှိ လယ်တဲတွင်

Subscribe to:
Posts (Atom)