Monday, 28 April 2014

ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်

Photo: ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်
Monday, April 28, 2014

ဧပြီလ ၂၇ ရက်မှ မေ ၁ ရက်အထိ ကျင်းပဆဲ ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ သတင်းရရှိသည်။

ရခိုင်အမျိုးသား ညီလာခံအား ရခိုင်ပြည် လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပြီး ကျင်းပဆဲ ညီလာခံတွင် (၁) ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ (၂) သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် စီမံခန့်ခွဲခြင်း၊ (၃) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် (၄) ရခိုင်ပြည် လူမှုစီးပွား အခြေအနေတို့အား ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းခေါင်းစဉ်ကြီး လေးခုအောက်တွင် ခေါင်းစဉ်ငယ်များစွာ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ညီလာခံအတွက် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင် ရွက်ရေးအတွက် အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ညီလာခံ၏ ရလဒ်များကို အကောင်အထည်ဖော်ရန် Arakan centre ဖွင့်လှစ်ပြီး ဆက်လက်ဆောင်ရွက်ရေး အစီအစဉ်များ ရေးဆွဲထားကြောင်းလည်း သိရသည်။

ဧပြီ ၂၇ ရက်က စတင်ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံသို့ သံဃာတော်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် ဌာနကြီးမှူးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ MPC နှင့် အခြားအဖွဲ့များ၊ နိုင်ငံတကာ သံရုံးများနှင့် အဖွဲ့များ၊ သတင်းမီဒီယာများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်တွင်းပြည်ပ ရခိုင်နိုင်ငံရေးပါတီများ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့နယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ စသည့်ပြည်တွင်းပြည်ပ ရခိုင်များအပါအ၀င် အထူးဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။

ရခိုင်အမျိုးသား ညီလာခံ (ကျောက်ဖြူ) ကို လူမှုအဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုက ဦးဆောင်ခြင်းမဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများအားလုံး စုပေါင်းဆောင်ရွက် ကျင်းပသော ညီလာခံဖြစ်ကြောင်း ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးညီညီမောင်က ပြောကြား သည်။

ရခိုင်အမျိုးသားညီလာခံ ဖွင့်ပွဲအခမ်းအနားအား ဧပြီ ၂၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ညီလာခံကျင်း ပရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အဖွင့်အမှာ စကား ပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က အမှာစကားပြောကြားခြင်း၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Eleven Media Group 

ကျောက်ဖြူမြို့တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူမြို့တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ဧပြီလ ၂၇ ရက်မှ မေ ၁ ရက်အထိ ကျင်းပဆဲ ရခိုင်အမျိုးသား ညီလာခံတွင် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အပါအ၀င် ခေါင်းစဉ်ကြီးလေးခု ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ သတင်းရရှိသည်။

မွေးဖွားစာရင်း မရှိသေးသူများကို ဧပြီလ (၅) ရက်နေ့ စတင် ထုတ်ပေးမည်

မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကောက်ခံခဲ့သည့်   ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအပြီး မေလ (၅) ရက်နေ့မှစတင်ကာ မန္တလေးတိုင်း ဒေသကြီး အတွင်း မွေးစာရင်း မပြုလုပ်ရ သေးသူများကို ယူနီဆက်နှင့် ပူးပေါင်းကာ ပထမဆုံး အကြိမ် ပြုလုပ်ပေးသွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Sunday, 27 April 2014

ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်

Sunday, April 27, 2014

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

Photo: ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်
 
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။

ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင်နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။

"ညီလာခံကသူတို့မျော်လင့်ချက်နဲ့သဘောထားအမြင်တွေပြောကြတဲ့အခါမှာ ရခိုင်ရဲ့စီးပွါးရေးသဘောအရချွတ်ခြုံကျနေတဲ့ရခိုင်တွေရဲ့အကြောင်းနဲ့ပြီးရင်ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီးတော့ပြောနေကြတဲ့ အကြောင်းတွေနဲ့အထူး သဖြင့်သဘောထားအမြင်တွေက အဲ့ဒီကနေပြီးတော့များပါတယ်ခင်ဗျ ၊နောက်တော့တစ်ချို့တွေကလည်းပဲ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ ဖက်ဒရယ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေနဲ့လည်းပဲ သဘောထားတွေထဲမှာ ပါတယ်ခင်ဗျ" 

ဒါ့အပြင် စာရေးဆရာ ဖေမြင့်နဲ့ ဆရာ ကျော်ဝင်းတို့ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးဟောပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။ မနက်ဖြန် ညီလာခံဒုတိယနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း စတဲ့ ကဏ္ဍတွေ ကို ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
 
ဒီကနေ့ စပြီး မေလ ၁ရက်နေ့အထိ ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံ ကို ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ထောင့် တစ်ရာကျော်လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။

သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း ခြင်းကြောင့် ပရိဘောဂ ပစ္စည်း များ အတွက် ပိုမို ကောင်းမွန် သော ရလဒ် တစ်ခု ဖြစ်ပေါ်လာ

Photo: သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်း ခြင်းကြောင့် ပရိဘောဂ ပစ္စည်း များ အတွက် ပိုမို ကောင်းမွန် သော ရလဒ် တစ်ခု ဖြစ်ပေါ်လာ

မြန်မာ နိုင်ငံမှ ပြည်ပ သို့ သစ်အလုံး လိုက် တင်ပို့မှု ရပ်ဆိုင်း လိုက်ခြင်းကြောင့် ဈေးကွက် အခြေ အနေ ပြောင်းလဲ မှု မရှိဘဲ ပြည်တွင်း၊ ပြည်ပ ဈေးကွက် တစ်ခု ဖြစ်သော သစ်ခွဲသား များ၊ ပရိဘောဂ ပစ္စည်းများ အတွက် ပိုမို ကောင်းမွန်သော ရလဒ် တစ်ခု ဖြစ်ပေါ် လာ နိုင်ကြောင်း သစ် လုပ်ငန်း ရှင်များ က ပြော သည်။ ယင်းသို့ သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခြင်း ကြောင့် သစ် အချော ထည် လုပ်ငန်း များ တွင် လုပ်ကိုင် နေသည့် လုပ်သား နှစ်ဆ နီးပါး တိုးပွား လာနိုင်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး ဈေးကွက် တွင် အရည် အသွေး မြင့်သစ် အချောထည် ထုတ်ကုန် များကို ထုတ်လုပ် နိုင်ရန် အတွက် လုပ်ငန်းရှင် များ အနေဖြင့် နည်းလမ်း များ ရှာဖွေ သင့်ကြောင်း မြန်မာ နိုင်ငံ အတွင်း ဝင်ရောက် လာမည့် ပြည်ပ ကုမ္ပဏီ များနှင့် ပြည်တွင်း ကုမ္ပဏီ များ၏ ဈေးကွက် ယှဉ်ပြိုင်မှု သည်လည်း ပြည်တွင်း လုပ်ငန်းရှင် များ၏ ရင်းနှီး မြှုပ်နှံမှု အခြေအနေ အရ စိန်ခေါ် မှုများ ဖြစ်လာ နိုင်ကြောင်း သိရ သည်။

''ပြည်ပမှာ ရှိတဲ့ လုပ်ငန်းရှင် တွေက ဒီမှာ လာပြီးတော့ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကြပြီး အလုပ် အကိုင် အခွင့် အလမ်းတွေ ပေါ်လာ မှာ ပါ။ အခု လည်း အိန္ဒိယ နဲ့ ထိုင်းတို့မှာ ရှိတဲ့ သစ် လုပ်ငန်းရှင် တော်တော် များများက ဒီမှာ လာပြီး အခြေချ နေကြ ပါပြီ'' ဟု သစ် လုပ်ငန်း ရှင် တစ်ဦး က ပြော သည်။ ပြည်ပ သို့ သစ်တင်ပို့ သည် ကိုလိုနီ ခေတ် မှ စတင်၍ ယနေ့ အချိန်ထိ မြန်မာ့ သစ်များကို အလုံး လိုက် တင်ပို့မှု အစဉ် အဆက် ပြုလုပ် ခဲ့ရာ ဧပြီလ မှစပြီး သစ် အလုံးလိုက် တင်ပို့ခြင်း ရပ်ဆိုင်း မှုသည် မြန်မာ နိုင်ငံ အတွင်းတွင် ရှိသော သစ် လုပ်ငန်းရှင် များအတွက် သစ် အချော ထည် ပစ္စည်း များ ထုတ်လုပ် ရန် ကုန်ကြမ်းများ ပိုမို ရရှိ နိုင်ပြီး သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် များ ကိုလည်း ထိန်းသိမ်း စောင့်ရှောက် ရန် အတွက် အထောက် အကူ ပြုနိုင် မည် ဖြစ်ကြောင်း သိရ သည်။
မြန်မာ နိုင်ငံမှ ပြည်ပ သို့ သစ်အလုံး လိုက် တင်ပို့မှု ရပ်ဆိုင်း လိုက်ခြင်းကြောင့် ဈေးကွက် အခြေ အနေ ပြောင်းလဲ မှု မရှိဘဲ ပြည်တွင်း၊ ပြည်ပ ဈေးကွက် တစ်ခု ဖြစ်သော သစ်ခွဲသား များ၊ ပရိဘောဂ ပစ္စည်းများ အတွက် ပိုမို ကောင်းမွန်သော ရလဒ် တစ်ခု ဖြစ်ပေါ် လာ နိုင်ကြောင်း သစ် လုပ်ငန်း ရှင်များ က ပြော သည်။ ယင်းသို့ သစ် အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခြင်း ကြောင့် သစ် အချော ထည် လုပ်ငန်း များ တွင် လုပ်ကိုင် နေသည့် လုပ်သား နှစ်ဆ နီးပါး တိုးပွား လာနိုင်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေး ဈေးကွက် တွင် အရည် အသွေး မြင့်သစ် အချောထည် ထုတ်ကုန် များကို ထုတ်လုပ် နိုင်ရန် အတွက် လုပ်ငန်းရှင် များ အနေဖြင့် နည်းလမ်း များ ရှာဖွေ သင့်ကြောင်း မြန်မာ နိုင်ငံ အတွင်း ဝင်ရောက် လာမည့် ပြည်ပ ကုမ္ပဏီ များနှင့် ပြည်တွင်း ကုမ္ပဏီ များ၏ ဈေးကွက် ယှဉ်ပြိုင်မှု သည်လည်း ပြည်တွင်း လုပ်ငန်းရှင် များ၏ ရင်းနှီး မြှုပ်နှံမှု အခြေအနေ အရ စိန်ခေါ် မှုများ ဖြစ်လာ နိုင်ကြောင်း သိရ သည်။

ရခိုင်အမျိုးသား ညီလာခံ တက်ရောက်မယ့်ပုဂ္ဂိုလ်တွေ အစုံအလင်ရောက်ရှိ

Photo: ရခိုင်အမျိုးသား ညီလာခံ တက်ရောက်မယ့်ပုဂ္ဂိုလ်တွေ အစုံအလင်ရောက်ရှိ

ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင်စုဝန်ကြီးတွေ အပါအ၀င် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဒုတိယ၀န်ကြီး  ဗိုလ်ချုပ် မောင်မောင်အုန်းတို့ တက်ရောက်ကြသလို ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေလည်း ရောက်ရှိနေကြပါတယ်။ ညီလာခံမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ညီလာခံကျင်းပရေး ကော်မတီ ဒုတိယဥက္ကဌ ဦးဦးလှစောက ခုလိုပြောပါတယ်။

"ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းမှာ ပြဿနာတွေက အများကြီးပဲ၊ အဲဒီပြဿနာတွေကို ကျနော်တို့က စာတမ်းတွေဖတ်ကြမယ်၊ နောက်ကျနော်တို့ panel discussion တွေလုပ်ကြပြီး အဲဒီကနေရခိုင်ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုနိုင်တဲ့ message တွေရနိုင်အောင်၊ နောက်တစ်ခုက ရခိုင်ပြည်သူတွေရဲ့ ရှေ့ဆက်သွားမယ့်ခရီးအတွက် သေနင်္ဂဗျူဟာတွေ ချမှတ်နိုင်အောင် ကျနော်တို့ကြိုးစားမှာပါ၊ ညီလာခံရဲ့ ဦးတည်ချက်ထဲမှာတော့ လုံခြုံတဲ့ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတဲ့ ရခိုင်လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးဆိုတော့ အဲဒီခေါင်းစဉ်အောက်မှာတော့ အများကြီးပဲ"

ညီလာခံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ALP ရခိုင်လွတ်မြောက်ရေးပါတီနဲ့ ထိုင်နိုင်ငံနဲ့ ကချင်ပြည်နယ် အခြေစိုက် AA ရခိုင်တပ်မတော် လက်နက်ကိုင်အဖွဲ့တွေလည်း ရောက်ရှိလာသလို ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ နိုင်ငံရေး၊ လူမူရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေလည်း အသီးသီးရောက်ရှိနေကြပါတယ်။

ညီလာခံကို မနက်ဖြန် ဧပြီလ ၂၇ရက်နေ့က စတင်ပြီး ဧပြီလ ၁ရက်နေ့အထိ ၅ ရက်ကြာကျင်းပသွားမှာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင်အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင်စု ၀န်ကြီးတွေ အပါအ၀င် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။

အလုံမြို့နယ်အတွင်း ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျရာ အုတ်ကျိုးပိ၍ အလုပ်သမား သုံးဦး သေဆုံး

Myanmar Online News's photo.
အလုံမြို့နယ်တွင် ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီခန့်က ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျမှုဖြစ်ပွားခဲ့ပြီး အုတ်ကျိုးပိ၍ အလုပ်သမားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၊ ဌာနာရပ်ကွက် အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ လူမနေသော တိုက်အဟောင်း ခြံ အမှတ်(၁၅၅)ကို ဖြို ဖျက်သည့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်အဟောင်း၏ ပြိုကျသည့် အပိုင်းဖြစ်သော နေကာအုတ်ကျိုးပိ၍ သေဆုံးသွားသော အလုပ်သမားသုံးဦးမှာ ဒလမြို့နယ်နေ

လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း

Photo: လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း
Sunday, April 27, 2014

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် အခြားမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ခန့်၊ မီးသတ်ယာဉ် အစီး ၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းရာသို့ လာရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “မီး ဘာကြောင့်လောင်လဲဆိုတာတော့ မသိသေးပါဘူး။ အိမ်ခြောက်လုံး လောင်သွားတယ်” ဟု ပြောကြားသည်။

ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်အမှတ် ၁၉ (အေ) မှ အိမ်ထောင်ဦးစီး ဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ (ပ)၂၃၈/၁၄၊ ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media Group
လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွား ခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်း လမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းမှု ဖြစ် ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

Saturday, 26 April 2014

ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်

Photo: ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်
Saturday, April 26, 2014

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောပါတယ်။
"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက် လူတွေ လက်ဆင့်ကမ်းပြီး ဆရာ့ကို ကိုယ်စားပြုတဲ့ကောက်နှုတ်ချက် တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျ၊ ကျနော်တို့ ဥာဏ်ကြီးကြီး၊ခေါင်းကြီးကြီး နဲ့ ရွေးကြမှာပေါ့၊ဒါပေမဲ့ အချိန်ယူပြီး လုပ်ကြမှာပေါ့"
တောင်လေးလုံးကျောင်းတိုက်မှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမြသန်းတင့် ၊ ဆရာတင်မိုး၊ ဆရာဒေါက်တာ သန်းထွန်း စတဲ့ အထင်ကရ စာရေးဆရာကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်စာတွေ ကို ရေးထိုးပြီး မှတ်တမ်းတင်ထားတယ်လို့သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာကို ဦးစီးထုတ်ဝေခဲ့ပြီး သတင်းစာပညာနဲ့ မန္တလေးမြို့ ခံတွေအပေါ် သြဇာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဆရာဦးဝင်းတင် အတွက်ရည်စူးပြီး သံဃာ ၅ ပါးကို ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်း အမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာ ညီပုလေးက ပြောပါတယ်။

"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက်

နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး

Photo: နိုင်ငံတကာ စစ်ရေးအကဲခတ်တွေကို ယူကရိန်းက ရုရှားလိုလားသူတွေ ဖမ်းဆီး
Saturday, April 26, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

သူတို့နဲ့အတူ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတဦး လိုက်ပါလာတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အဲဒီမြို့ရဲ့ မြို့တော်ဝန် အဖြစ် ကိုယ့်ကိုယ်ကို ကြေညာထားတဲ့ Vyacheslav Ponomarev က ပြောပါတယ်။

ဂျာမနီနိုင်ငံ ဦးဆောင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ OSCE အဖွဲ့က Twitter စာမျက်နှာ မှာ ရေးပါတယ်။

ဒီလုပ်ရပ်ဟာ ဆိုးရွားပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ရုရှားလိုလားသူများ Slovyansk မြို့ကို လုံခြုံရေးယူထား။ (ဧပြီ ၂၅၊၂၀၁၄)
VOA
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပ တိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။

မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး

Photo: မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး
Saturday, April 26, 2014

မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ဖော်ကိုင်ဖက်များအုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့  ပြောင်းလဲဖြစ်ထွန်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် အခြေအနေနဲ့ ပါတ်သက်ပြီး အကြမ်းဖက်မှုလှုံ့ဆော်သူ အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်လို့ ဖော်ပြ ထားပါတယ်။ နိုင်ငံသားဖြစ်မှုကိစ္စကိုလည်း ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ နိုင်ငံတကာက ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့  ဖိအားပေးမှုကိုလည်း အဖွဲ့ဝင်တွေက ကြိုဆိုကြပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ဆွေးနွေးကြပြီး အသွင်ကူးပြောင်းရေးကို ကူညီသွားဖို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
VOA
မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့ အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေး ကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကဲ...ကဲ...သင်္ကြန်းးးပီတော....ပြောစရာလေးးတွေ....ဗျာ...


ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် မိုင်းတင်း ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး


Myanmar Online News's photo. ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တောင်နောက်ကျေးရွာ ငြိမ်းချမ်းရေးကုန်း ဘုရား၊ နတ်စင်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက မိုင်းတင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်း ဆောင်နှင့်အဖွဲ့ စီးနင်းလာသော မော်တော် ယာဉ်ငယ်အား ဆိုင်ကယ်စီး လက်နက်ကိုင် နှစ်ဦးက လိုက်လံပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဆိုင်ကယ်စီး လက်နက်ကိုင်တစ်ဦးသေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး လက်နက်ငယ်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဆိုင်ကယ်စီးလက်နက်ကိုင်သူနှစ်ဦးအား မည်သည့်အဖွဲ့မှ ဖြစ် သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်
===========================================
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

lu minjရုပ်ရှင်အစည်းအရုံး အမှုဆောင်နေ ရာ ရွေးချယ်ပွဲကိုတော့ ဘယ်အချိန်မှာ စမယ်ဆိုတာ မသိရသေးပါဘူး။

ဒါရိုက်တာကြည်စိုးထွန်း ကတော့ ရုပ်ရှင်လောက အလွှာအသီးသီး က ကော်မရှင် အဖွဲ့တွေ ခေါ်ထားတဲ့ အဆင့်ပဲရှိသေးပြီး နာယကတွေ နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ အများဆန္ဒပဲ သွားမယ်လို့ ပြောပါတယ်။

မဲပေးမယ့် လူစာရင်းတွေ၊ အရွေးချယ်ခံပိုင်ခွင့် ရှိတဲ့လူစာရင်းကိုလည်း အများသဘောတူ ရွေးချယ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့ဒီစာရင်းတွေကိုလည်း အသိးပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာအတွက် အချိန်ပေးနိုင်တဲ့၊ တက်ကြွတဲ့ လူတွေ ဖြစ်နိုင်ရင်တော့ ကောင်းတယ်လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။

အလားတူ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း အမှုဆောင်သစ် ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် ရုပ်ရှင်လောကအတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တဲ့ လူမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသား အများစုရဲ့ ဆန္ဒနဲ့ ၂၀၁၂ ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဦးလူမင်းမတိုင်ခင် ဦးဇင်ဝိုင်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။       

အသံဖိုင်နာစဉ်ရန်

DVB

https://soundcloud.com/dvbradio
၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။
အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပတွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို
တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွားပုံကို တွေ့မြင်ရမည် ဖြစ်သည်။

ကင်ဆာ အကျိတ်များ ကင်းစင် သွားပုံ၌ အနက်ရောင် အစက်အပြောက် တချို့မှာ ကျောက်ကပ် နှစ်လုံးနှင့် ဆီးအိမ်သာ ဖြစ်သည်။ အဆိုပါဆေးအား မန်ချက်စတာမြို့ The Christie ဆေးရုံ၌ တခြား ကင်ဆာ ဝေဒနာရှင် များနှင့် စမ်းသပ် ကုသလျက် ရှိပြီး အလွန် အောင်မြင်နေကြောင်း သိရသည်။ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS ရှိ Non-Hodgkin’s Lymphoma ရှားပါးကင်ဆာ ခံစားနေရသူ ၁၅ဝဝ ခန့်ကို အဆိုပါဆေးဖြင့်
နှစ်စဉ် ကုသပေးနေပြီ ဖြစ်သည်။ “ဒီဆေးနဲ့သာ မကုခဲ့ရင် ကျွန်တော့်ကို ဒီနေ့ တွေ့မြင်ရဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာ အကျိတ် ၆ဝ-၇ဝ လောက် ပျံ့နေတာ။ ကုသမှု ရလဒ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အထူးကု ဆရာဝန်တောင် အံ့သြသွားတယ်” ဟု ဘော်လ်တန်မြို့မှ စက်ပြင်ဆရာ မစ္စတာဘရုစ်က ပြောကြားခဲ့သည်။

Search Myanmar
အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပ တွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွား ပုံကို တွေ့မြင် ရမည် ဖြစ်သည်။

အပူချိန်မြင့်မားလာမှုကြောင့် မြစ်သာမြစ်ရေတစ်နှစ်ထက်တစ်နှစ်ခန်းခြောက်လာ

ချင်းပြည်နယ် မတူပီမြို့နယ်မှ စတင်မြစ်ဖျားခံ စီးဆင်း လာသော မြစ်သာမြစ် သည် အပူချိန်မြင့်မား လာမှုကြောင့် တစ်နှစ် ထက်တစ်နှစ် ခန်းခြောက် လာမှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“မြစ်သာမြစ်ဆိုတာ ချင်းတွင်းမြစ်ရဲ့ အဓိကမြစ်လက်တက်ကြီးတစ်ခုပါ။ ချင်းတွင်းမြစ်ထဲကို ကလေးဝ မြို့ ရွှေမုဋ္ဌောစေတီ အနီးမှာ ပေါင်းဆုံသွား တာပါ။ မြစ်ရေကတော့ တစ်နှစ်ထက် တစ်နှစ်ဆိုသလို နည်းနည်း လာပါ တယ်။
တောတွေက လည်းပြုန်း၊ ရေဝေရေလဲတွေကလည်း ပျက်စီးလာတာေ ကြာင့် မြစ်တွေချောင်းတွေ ခန်း ခြောက်လာပါတယ်”ဟု ကလေး ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

Friday, 25 April 2014

အစိုးရ၏ ထောက်ပံ့မှုများ ဖြတ်တောက်ခြင်းကြောင့် အီရန်တွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်

Photo: အစိုးရ၏ ထောက်ပံ့မှုများ ဖြတ်တောက်ခြင်းကြောင့် အီရန်တွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်
Friday, April 25, 2014

အီရန်တွင် အစိုးရမှ ဓာတ်ဆီများအပေါ် ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ညတွင်းချင်းပင် ဓာတ်ဆီဈေးနှုန်းများ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အီရန်နိုင်ငံသားများမှာ ဖြတ်တောက်မှု မတိုင်ခင်အတွင်း ၎င်းတို့၏ ကားများကို ဆီဖြည့်ရန် အပြေးအလွှား လုပ်ဆောင်ခဲ့ကြကြောင်း သတင်းများက ဆိုသည်။

အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် ဆိုးရွားစွာ ထိခိုက်နေသည့် အီရန်နိုင်ငံ၏ စီးပွားရေးကို ၎င်းလုပ်ဆောင်မှုဖြင့် အထောက်အကူပြုနိုင်ရန် သမ္မတ ဟာဆန်ရိုဟာနီ အစိုးရမှ မျှော်လင့်လျက်ရှိသည်။

ဆီဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း အီရန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဓာတ်ဆီဈေးနှုန်း အချိုသာဆုံးနိုင်ငံများ စာရင်းဝင်ဖြစ်နေဆဲ ဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူများ၏ လေးပုံတစ်ပုံခန့်မှာ အလုပ်လက်မဲ့များ ဖြစ်ကြသည့်အတွက် ဈေးနှုန်းမြင့်တက်မှုကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ကြောင်း လေ့လာဆန်းစစ်သူများမှ ပြောဆိုကြသည်။

ဓာတ်ဆီဈေးနှုန်းမှာ ရေသန့်ဗူးဈေးနှုန်းထက် ပိုမို ချိုသာနေသည့်အတွက် အစိုးရ၏ ဓာတ်ဆီအပေါ်တွင် အထောက်အပံ့ပေးမှုများကို အပြစ်တင်ခဲ့ကြသည်။ ယာဉ်တစ်စီးချင်းစီအတွက် ကန့်သတ်ပမာဏ သက်မှတ်ထားသည့် အစိုးရမှ အထောက်အပံ့ပေးထားသော ဓာတ်ဆီဈေးနှုန်းမှာ ၁ လီတာလျှင် ၀.၁၆ အမေရိကန်ဒေါ်လာနှုန်း ရှိခဲ့ပြီး ညတွင်းချင်းပင် တစ်လီတာလျှင် ၀.၂၈ အမေရိကန်ဒေါ်လာနှုန်း မြင့်တက်ခဲ့သည်။ ကန့်သတ်ထားသည့် ပမာဏ၏ ပြင်ပဈေးကွက်တွင် တစ်လီတာလျှင် ၀.၃၉ အမေရိကန်ဒေါ်လာအထိ ဈေးနှုန်း ရောက်ရှိခဲ့သည်။ ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများမှာလည်း အလားတူပင် မြင့်တက်လာခဲ့သည်။

ဈေးနှုန်းချိုသာသည့် လောင်စာဆီများကို ၂၀၀၇ ခုနှစ်အတွင်းက ပထမဆုံး အကြိမ်အဖြစ် ရာရှင်စံနစ်ဖြင့် ရောင်းချခဲ့ခြင်းကြောင့် ဓာတ်ဆီဆိုင် တစ်ချို့တွင် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်သွားပြီး နောက်ပိုင်းတွင် မည်ကဲ့သို့ မငြိမ်မသက်ဖြစ်မှုမျိုးကိုမှ သိရှိရခြင်း မရှိသေးပေ။

“ ပြည်နယ်ဒေသကြီးတွေ၊ မြို့နယ်တွေနဲ့ ကျေးလက်ဒေသတွေမှာ ဒီအစီအစဉ်ကို လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ နှစ်လကြောအောင် ပြင်ဆင်ဆောင်ရွက်ခဲ့ရပါတယ် ” ဟု ပြည်ထဲရေး ဝန်ကြီး အဗ္ဗဒိုရီဇာဖဇ်လီမှ ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်းတွင် အီရန်၌ လျှပ်စစ်ဓာတ်အားခ ၂၄ ရာခိုင်နှုန်းနှင့် ရေဈေးနှုန်းများ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်လုပ်ဆောင်မှုများကို လျော့ချပြီး နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရန် သမ္မတ ရိုဟာနီမှ ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် လတ်တလောကာလတွင် ဆွေးနွေးလျက် ရှိသည်။

BBC Burmese
အီရန်တွင် အစိုးရမှ ဓာတ်ဆီများအပေါ် ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ညတွင်းချင်းပင် ဓာတ် ဆီဈေးနှုန်းများ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခုနှစ်တွင် ကြုံတွေ့ရမည့် မိုးဝင်နောက်ကျမှု

Photo: ယခုနှစ်တွင် ကြုံတွေ့ရမည့် မိုးဝင်နောက်ကျမှု
Friday, April 25, 2014

ယခုနှစ်မှာ မုတ်သုန်လေဦးများ အားပျော့မှုကြောင့် မုတ်သုတ် ၀င်ရောက်မှု နောက်ကျမှာဖြစ်တယ်လို့ မိုးလေ၀သပညာရှင်တစ်ဦးရဲ့  
သုံးသပ်ချက်အရ သိရပါတယ်။ 

ဒီလိုမိုးဝင်ရောက်မှု နောက်ကျရခြင်း အကြောင်းနဲ့ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။ဒီလိုမိုးဝင်ရောက်ရာမှာလည်း မြန်မာနိုင်ငံတောင်ပိုင်းမှ စတင်ဝင်ရောက်လာမှာဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးမှာတော့ မိုးဝင်ရောက်မှုဟာ အရင်နှစ်များထက် တစ်လနီးပါးခန့် နောက်ကျနိုင်ဖွယ် ရှိတယ်လို့သုံးသပ်ထားပါတယ်။
 
ဒါ့အပြင် မြစ်ဝကျွန်းပေါ်ဒေသများကိုတော့ လာမယ့်မေလ(၂၀)ရက်မှ (၂၅)ရက်ကြားမှာ ၀င်ရောက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းချက်အရ သိရပြီး  မြန်မာနိုင်ငံအလယ်ပိုင်းကိုတော့ လာမယ့်မေလကုန်လောက်မှာ မုတ်သုန်စတင် ၀င်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

MRTV-4
ယခုနှစ်မှာ မုတ်သုန်လေဦးများ အားပျော့မှုကြောင့် မုတ်သုတ် ၀င်ရောက်မှု နောက်ကျမှာဖြစ်တယ်လို့ မိုးလေ၀သပညာရှင်တစ်ဦးရဲ့  သုံးသပ်ချက်အရ သိရပါတယ်။

မြေကမ္ဘာနေ့ (သို့) မြန်မာပြည်အတွက် အပူဆုံးနေ့တစ်နေ့

ဧပြီ ၂၂ ရက်သည် မြေကမ္ဘာနေ့ ဖြစ်သည်။ ဧပြီ ၂၂ ရက်သည် ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်း အမြင့် ဆုံးနေ့ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် တစ်နှစ်ပတ်လုံးအတွင်း ထိုနေ့၏ ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်းသည် ၁၅ ဒသမ ၁ ဖြင့် အမြင့်ဆုံးတန်ဖိုးကို ဧပြီ ၂၃ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ကယားပြည်နယ် တို့တွင် ကြုံတွေ့ရနိုင် ဖွယ်ရှိသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Friday, April 25, 2014

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့
 
ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊  ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။
 
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြိုနဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

MRTV-4
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့  ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊  ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့မှာ တိမ် အသင့်အတင့် ဖြစ်ထွန်းပါမယ်။

တယ်လီနောမြန်မာမှ မေလဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်သွားမည့်

Photo: တယ်လီနောမြန်မာမှ မေလဆန်းပိုင်းတွင် အပြီးသတ်ဆောက်လုပ်သွားမည့် Friday, April 25, 2014

တယ်လီနောမြန်မာအနေနဲ့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်တို့ အတွက် ခွဲခြားပြီး Data Center(၂)ခုကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ထားရှိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ 

အခုလိုထားရှိသွားမယ့် ဒေတာစင်တာတွေကို ရန်ကုန် တိုင်းဒေသကြီး မှာ ဆောက်လုပ်ပြီးစီးခဲ့ကာ မန္တလေးတိုင်းဒေသကြီးအတွက်ကိုတော့ လက်ရှိမှာဆောက်လုပ်နေပြီး မေလဆန်းပိုင်းမှာ အပြီးသတ်ဆောက် လုပ်သွားမယ်လို့ တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အခုလို ထားရှိသွားမယ့် ဒေတာစင်တာတွေမှတစ်ဆင့် တာဝါတိုင်တွေ၊ pay station တွေမှ တစ်ဆင့် အသုံးပြုသူတွေထံကို မိုဘိုင်းဝန်ဆောင်မှုတွေ ကို ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် Data Centerဟာ အဓိကကျတဲ့ လိုအပ်ချက်ဖြစ်တယ်လို့ သိရှိရပါတယ်။
 
ပြည်တွင်းမှာ ဆက်သွယ်ရေး တယ်လီနောမြန်မာအနေနဲ့ လုပ်ကိုင်ခွင့် တရားဝင်ရရှိခဲ့တဲ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နောက်ပိုင်းမှစတင်ပြီး လုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တာဝါတိုင်ဆောက်လုပ်ခြင်းတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ တရားဝင်လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး (၈)လအတွင်း တယ်လီနော မြန်မာအနေနဲ့ ပြည်သူတွေကို မိုဘိုင်းဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

MRTV-4
တယ်လီနောမြန်မာအနေနဲ့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်တို့ အတွက် ခွဲခြားပြီး Data Center (၂)ခုကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ထားရှိသွားမှာ ဖြစ်တယ်လို့သိရပါတယ်။