ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် သင်္ကြန်ကာလအတွင်း
ယာဉ်တိုက်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၄၃
ဦး ရှိခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း
လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေ၀င်းက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။
"ဧပြီ ၁၂ ရက်က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကတော့ အမြန်လမ်းတစ်လျှောက် သေဆုံးမှု စံချိန်တင်ခဲ့တယ်လို့ ပြောလို့ရတယ်။ သေဆုံးမှုကလည်း ၁၃ ယောက်ဆိုတော့ အများဆုံးဖြစ်သွားတယ်။ အမှန်ကတော့ ဆလွန်းကားလေးကပျက်လို့ ရှေ့ကကားက ကြိုးနဲ့ဆွဲပြီး သွားနေတာ။ ဒါကိုတောင်ပြာတန်း ခရီးသည်တင်ယာဉ်က ၀င်တိုက်ခဲ့တာ။ ယာဉ်မောင်းတွေကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်" ဟု