Thursday, 3 April 2014

ပြည်တွင်း ထုတ်ကုန် ပမာဏ ၇.၈ ရာခိုင်နှုန်း တိုးတက်

Photo: ပြည်တွင်း ထုတ်ကုန် ပမာဏ ၇.၈ ရာခိုင်နှုန်း တိုးတက်
Thursday, April 3, 2014

မြန်မာနိုင်ငံရဲ့ စီးပွါးရေး တိုးတက်မှုကို တိုင်းတာရာမှာ အဓိကကျတဲ့ ပြည်တွင်း ထုတ်ကုန် ပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍဍာနှစ်က 7.8 ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီးတော့ လာမဲ့နှစ်တွေမှာလည်း တိုးတက်ဖို့ ရှိတယ်လို့ အာရှဖွံ့ ဖြိုးရေးဘဏ် က ထုတ်ပြန်တဲ့ အစီရင်ခံက ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ စီးပွါးရေး ဖွံ့ ဖြိုးမှုကို တိုင်းတာရာမှ အရေးပါတဲ့ ပြည်တွင်း ထုတ်ကုန် ပမာကဏဟာ မနှစ်က တိုးလာခဲ့သလို ရှေ့နှစ်မှာလည်း တိုးလာဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက ဂျီဒီပီ အဓိက တိုးလာရတဲ့ အကြောင်းရင်းတွေနဲ ပတ်သတ်လို့ ရန်ကုန်မြို့ အာရှဖွံ့ ဖြိုးမှုဘဏ်ရဲ့ အရှေ့တောင် အာရှ ဌာနက အကြီးတန်း စီးပွါးရေး အကြံပေး ပညာရှင် ပီတာ ဂျေ ဘရမ် ဘဲ ကို မေး ကြည်တော့ စီးပွါးရေးလုပ်ငန်း တွေမှာ ကုမ္ပဏီသစ်တွေ အများကြီး မှတ်ပုံတင်လာတာဘဲလို့ ဆိုပါတယ်။

ဒါဟာ စီပွါးရေး လုပ်ငန်းတွေ လုပ်ရာမှာ ယုံကြည်မှု မြင့်လာတာလဲ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

ပြီးတော့ သဘာဝ ဓာတ်ငွေ့အပါအဝင် မြန်မာနိုင်ငံ ကနေ ပြည်ပကို တင်ပို့တဲ့ ကုန်ပစ္စည်း ပို့ကုန် ပမာဏတွေလည်း တက်လာတယ်လို့ သူက ဆိုပါတယ်။

ခရီးသွား လုပ်ငန်း ကလည်း ဖွံ့ ဖြိုးလာနေတာရယ် အစိုးရက လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ကလည်း ဂျီဒီပီ ဖွံဖြိုးမှုကို အထောက်အပံ့ ဖြစ်စေတယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် အကြံပေး မစ္စတာ ဂျေဘရမ် က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တိကျပြီး မှန်ကန်တဲ့ သတင်းအချက်အလက် ရဖို့က အခက်အခဲ ရှိတော့ အခုရတာတွေ ဘယ်ကအချက် အလက် တွေကို အခြေခံသလဲလို့ မေးကြည့်တော့ လက်ထဲမှာ ရထားတဲ့ ပြည်တွင်းက သတင်း အချက်အလက်ဘဲ ဖြစ်ဖြစ် ပြည်ပကဘဲ ဖြစ်ဖြစ် မတူညီတဲ့ သတင်း အချက်အလက် ရင်းမြစ် တွေ ကနေလည်း တိုက်ဆိုင်ပြီး စစ်ဆေးတယ်လို့ ဆိုပါတယ်။

နောက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာဘဏ်တို့နဲ့လည်း ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွါးရေးအခြေနေကို နားလည်အောင် လုပ်ကိုင်တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာအစိုးရရဲ့ ဗဟို စာရင်းအင်းအဖွဲ့မှာ နည်းပညာ အကူညီတွေ ပေးနေတာတွေရှိပြီးတော့ အဲဒီကလည်း ရတာတွေ ရှိပါတယ်လို့ သူက ဆိုပါတယ်။

အခု အေဒီဘီရဲ့ အစီရင်ခံစာကို ကြည့်ရင် စွမ်းအင်ဆိုင်ရာ ပြဿနာ အထူး အလေးထား ပြောထားတာ တွေ့ရမှာ ဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံ စီးပွါးရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ လူတိုင်းအတွက် လျှပ်စစ် ရရှိဖို့ အလွယ်တကူ ရဖို့လိုကြောင်း ပြနေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ နောင်အနာဂတ်မှာ လူ ဦးရေ တိုးပွားလာရင် ဒါဟာလည်း အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

အခု မြန်မာနိုင်ငံက မဟာ ဓာတ်အားပေး စီမံကိန်းတွေဟာ တိုင်းပြည်ရဲ့ လူဦးရေ ၃၀ရာခိုင်နှုန်း လောက်ဘဲ ပေးနိုင်တာမို့ မြန်မာနိုင်ငံက လူအများစုဟာ မီးမရ ကြသေးဘဲ ဖြစ်နေလို့ အေဒီဘီ အနေနဲ့ ဒါကို ကိုင်တွယ် ဆောင်ရွက် နေပါတယ်လို့ သူက ပြောပါတယ်။

အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ အစီရင်ခံစာမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ မနှစ်ကထက်စာရင် ၇ ရာခိုင်နှုန်းလောက်ထိ တက်လာ ဖို့ရှိတယ် လို့လဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပအကြွေးဟာ အမေရိကန်ဒေါ် လာ ၁၁၁၁၇ ဘီလီ ယံထိ ရှိနေပြီး ဒါဟာ ပြည်တွင်း ထုတ်ကုန် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို အကြွေး တင်နေတာ ဖြစ်တယ်လို့ အေဒီဘီ က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
 မြန်မာနိုင်ငံရဲ့ စီးပွါးရေး တိုးတက်မှုကို တိုင်းတာရာမှာ အဓိကကျတဲ့ ပြည်တွင်း ထုတ်ကုန် ပမာဏဟာ ပြီး ခဲ့တဲ့ ဘဏ္ဍဍာနှစ်က 7.8 ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီးတော့ လာမဲ့နှစ်တွေမှာလည်း တိုးတက်ဖို့ ရှိတယ်လို့ အာရှဖွံ့ ဖြိုးရေးဘဏ် က ထုတ်ပြန်တဲ့ အစီရင်ခံက ဖော်ပြလိုက်ပါတယ်။

ကိုင်ရိုမှာ ဗုံးကွဲမှု ၂ မှုဖြစ် ရဲမှူးချုပ် သေဆုံး

Photo: ကိုင်ရိုမှာ ဗုံးကွဲမှု ၂ မှုဖြစ် ရဲမှူးချုပ် သေဆုံး
Thursday, April 3, 2014

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့လို့ ရဲမှူးချုပ် တစ်ယောက် သေဆုံး ခဲ့ပြီး နောက်ထပ် ရဲဝန်ထမ်း ၅ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ကိုင်ရို တက္ကသိုလ် က အင်ဂျင်နီယာ ပညာရပ် ဌာန ဘက်မှာ အဓိကရုဏ်း ထိန်းသိမ်းတဲ့ ရဲတွေကို ရည်ရွယ်တဲ့ လမ်းဘေး ဗုံး ၂လုံး နဲ့ တိုက်ခိုက်တာ လို့ အီဂျစ် လုံခြုံရေး အရာရှိတွေ က ပြောပါတယ်။

အရင် သမ္မတ မော်စီ ကို စစ်တပ်က ဖြုတ်ချပြီးတဲ့နောက် မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကို ထောက်ခံတဲ့ အဲဒီ တက္ကသိုလ်က ကျောင်းသားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြား အမြဲလို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

စစ်တပ်က သမ္မတကို ဖြုတ်ချ ခဲ့ပြီးတဲ့နောက် အခုလို တိုက်ခိုက် တာတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၄၀ဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကတော့ ဒါတွေဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၄၀ဝ ကျော် သေဆုံးပြီးဖြစ်
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့လို့ ရဲမှူးချုပ် တစ်ယောက် သေဆုံး ခဲ့ပြီး နောက်ထပ် ရဲဝန်ထမ်း ၅ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ကော့သောင်းခရိုင်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်း တွင် စာရင်းကောက်ဆရာမများ ပုံစံရေးသွင်းသည့် ခဲတံ မလုံလောက်သဖြင့် အခက်တွေ့

Photo: ကော့သောင်းခရိုင်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်း တွင် စာရင်းကောက်ဆရာမများ ပုံစံရေးသွင်းသည့် ခဲတံ မလုံလောက်သဖြင့် အခက်တွေ့
Thursday, April 3, 2014

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းတွင် စာရင်းကောက်ဆရာမများ လုပ်ငန်းဆောင်ရွက် ရာ၌ ပုံစံဖြည့် သွင်းသည့် ခဲတံ များထုတ်ပေးထား ရာတွင် စာရင်း ကောက်တစ်ဦးလျှင် STAEDTLER noruca 132 46 2B 0 ခဲတံ(၃)ချောင်းစီထုတ်ပေးကြောင်းသိရသည်။

အဆိုပါ ထုတ်ပေးထားသည့် ခဲတံများ သည် စာရင်းကောက်/စာရင်းစစ်များ သင်တန်း ကာလတွင်သုံးစွဲခဲ့ရ ခြင်း နှင့် စာရင်းကောက် အစပိုင်း ကာလ အတွင်း တောက်လျောက် အသုံးပြု ခဲ့ရသဖြင့် လက်တွေ့ ကွင်းဆင်းကောက် ယူ စဉ်ကာလတွင် လောက်ငှမှု မရှိသည့် အခက် အခဲများ တွေ့ကြ ရကြောင်းရွှေပြည် သာရပ်ကွက် တွင် စားရင်းကောက် ကောက်ယူနေသည့် ဆရာမတစ်ဦးမှ ပြောကြားသည်။ 

လုပ်ငန်း အဆင်ပြေ စေရန် ပြင်ပတွင် အမျိုးစားတူ ခဲတံများ ၀ယ်ယူ အသုံးပြုရန် ပြင် ပ ဆိုင်များတွင်ဝယ်ယူ မရသဖြင့် လုပ်ငန်း လုပ်ဆောင် ရာတွင် နှောင့်နှေးကြန့်ကြာ မှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ခဲတံများ သည် အကြိမ်ကြိမ် ချွန် ၍ သုံးစွဲ ရသဖြင့် ကုန်လွယ်ခြင်း ၊ ခဲဆံ အနေ အထားမှာ ပွသဖြင့် ကျိုးကြေ လွယ်ခြင်း ၊ အချိန်မရွေးပျောက် ရှ နိုင်ခြင်း ၊ ပြင်ပမှ ၀ယ်ယူသည့် ကျောင်းသုံး တခြားခဲတံ များ အားစာရင်း ကောက်ယူမှု လုပ်ငန်းတွင် သုံးစွဲ ခြင်း မပြုရန် ညွှန်ကြားချက် များ ရှိခြင်း စသည့် အခက်အခဲများ ကြောင့် စာရင်း ကောက်ယူမှု လုပ်ငန်း များတွင် အနည်းငယ အခက်တွေ့ လျှက်ရှိကြောင်း ကော့သောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ များတွင် စာရင်းကောက်ယူနေသည့် ဆရာ/ဆရာမ များ ၏ ပြောကြားချက်အရ သိရှိရသည်။

MOI Webportal Myanmar 
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု လုပ် ငန်း တွင် စာရင်းကောက်ဆရာမများ လုပ်ငန်းဆောင်ရွက် ရာ၌ ပုံစံဖြည့် သွင်းသည့် ခဲတံ များထုတ်ပေးထား ရာတွင် စာရင်း ကောက်တစ်ဦးလျှင် STAEDTLER noruca 132 46 2B 0 ခဲတံ(၃)ချောင်းစီ ထုတ်ပေးကြောင်း သိရသည်။

မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်း ခရိုင်တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်း

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ဧပြီ ၁ ရက် တွင် ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်းခရိုင် တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်းခဲ့ကြောင်း သတင်းရရှိသည်။

တက္ကစီ အရစ်ကျဝယ်ယူရာတွင် ပိုင်ဆိုင်မှု အထောက်အထားများ မပေးသည့်အပြင် နယ်လိုင်စင်ဝင်ထားသောကားများ ရောင်းသည့်အတွက် BEST AUTO ကားကုမ္ပဏီအား ဆန္ဒပြ

Photo: တက္ကစီ အရစ်ကျဝယ်ယူရာတွင် ပိုင်ဆိုင်မှု အထောက်အထားများ မပေးသည့်အပြင် နယ်လိုင်စင်ဝင်ထားသောကားများ ရောင်းသည့်အတွက် BEST AUTO ကားကုမ္ပဏီအား ဆန္ဒပြ
Thursday, April 3, 2014

တက္ကစီများအား အရစ်ကျ ၀ယ်ယူရာတွင် ယာဉ်တန်ဖိုး၏ တစ်ဝက်နှင့် တစ်ဝက်ကျော်ခန့် ပေးသွင်းပြီး ဖြစ်သော်လည်း ၀ှီးတက်၊ အုံနာဘုတ်ကဲ့သို့ ယာဉ်ပိုင်ဆိုင်မှု အထောက်အထားများကို မပေးသည့်အပြင် နယ်လိုင်စင်ဖြင့် ၀င်ထားသောကားများကို လိမ်လည်ရောင်းချနေသည့် အတွက်ဟုဆိုကာ BEST AUTO ကားကုမ္ပဏီအား ကားဝယ်ယူမိခဲ့သည့် လူဦးရေ ၃၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမြယာအိမ်ရာရှိ BEST AUTO ကားကုမ္ပဏီ ရုံးခန်းရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများမှာ ယင်းကုမ္ပဏီ ရုံးခန်းရှေ့တွင် “စာချုပ်မချုပ်ဆိုရသေးသော ကားများအား စာချုပ်ချုပ်ဆိုပေးရေး၊ လိုင်စင်မ၀င်ရသေးသော ကားများအား လိုင်စင်ဝင်ပေးရေး၊ တရားမျှတမှု မရှိသော ကုမ္ပဏီ အလိုမရှိ၊ BEST AUTO နှင့် UBM ကုမ္ပဏီတို့မှ ဥက္ကဋ္ဌကိုယ်တိုင် လာရောက်ဖြေရှင်းပေးရေး စသောဗီနိုင်းများကို ကိုင်ဆောင်ကာ ၎င်းတို့အခက်အခဲအား ကုမ္ပဏီမှ အမြန်ဆုံး ဖြေရှင်းပေးရန် ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ ပိုက်ဆံသွင်းပြီးတာ သုံးပုံနှစ်ပုံလောက် ရှိပြီ။ ဒါပေမဲ့ အခုထက်ထိ လုပ်ငန်းလိုင်စင်တွေ၊ ပိုင်ဆိုင်ကြောင်း အထောက်အထားတွေ မရသေးဘူး။ တက္ကစီ မောင်းစားနေရတာဆိုတော့ အဲဒါတွေမရှိလို့ လုံးဝမရဘူးလေ။ ယာဉ်ထိန်းရဲက အချိန်မရွေး ဖမ်းသွားမှာ။ နောက်ပြီး လိုင်စင်ကိုလည်း နယ်လိုင်စင်နဲ့ လိမ်ရောင်းထားတယ်” ဟု ဦးဝင်းမြင့်က ဆန္ဒပြရသည့် အကြောင်းရင်းကို ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ BEST AUTO ကားကုမ္ပဏီမှ တာဝန်ရှိသူအား မေးမြန်းရန် သွားရောက်ခဲ့သော်လည်း လက်ခံဖြေကြားပေးမည့်သူ မရှိဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပြီး ကုမ္ပဏီညွှန်ကြားရေးမှူး ဦးစိုးတင့်၏ လက်ကိုင်ဖုန်းလေးလုံးသို့ ထပ်မံဆက်သွယ်ခဲ့သော်လည်း သုံးလုံးမှာ ဖုန်းပိတ်ထားပြီး တစ်လုံးမှာ ဖွင့်ထားသော်လည်း ဖုန်းပိုင်ရှင်မှာ ဦးစိုးတင့်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

Eleven Media Group 

BEST AUTO ကုမ္ပဏီရှေ့တွင် ဆန္ဒပြနေသူများအား ဧပြီ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
BEST AUTO ကုမ္ပဏီရှေ့တွင် ဆန္ဒပြနေသူများအား ဧပြီ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

တက္ကစီများအားအရစ်ကျဝယ်ယူရာတွင် ယာဉ်တန်ဖိုး၏ တစ်ဝက်နှင့် တစ်ဝက်ကျော်ခန့် ပေး သွင်းပြီး ဖြစ်သော်လည်း ၀ှီးတက်၊ အုံနာဘုတ်ကဲ့သို့ ယာဉ်ပိုင်ဆိုင်မှု အထောက်အထားများကို မပေးသည့် အပြင် နယ်လိုင်စင်ဖြင့် ၀င်ထားသောကားများကို လိမ်လည်ရောင်းချနေသည့် အတွက်ဟုဆိုကာ BEST AUTO ကားကုမ္ပဏီအား ကားဝယ်ယူမိခဲ့သည့် လူဦးရေ ၃၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမြယာ အိမ်ရာရှိ BEST AUTO ကားကုမ္ပဏီ ရုံးခန်းရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Wednesday, 2 April 2014

မိုးမကျခင် သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ သူရဦးရွှေမန်း တိုက်တွန်း

Photo: မိုးမကျခင် သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ သူရဦးရွှေမန်း တိုက်တွန်း
Wednesday, April 02, 2014

သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အခု မိုးမကျမီ ပြန်ပေး နိုင်အောင် ဆောင်ရွက်ပေးကြပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့က ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးခန်းမမှာ ကျင်းပတဲ့ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လာမယ့် မိုးရာသီမှာ မြေကွက်လပ်အဖြစ် ရှိမနေစေဖို့ တကယ်ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေကို မြန်မြန် ပြန်ရအောင် အကောင်အထည် ဖော်ပေးသင့်ကြောင်းနဲ့ ဒါမှသာ လယ်သိမ်းခံရတဲ့မိသားစုတွေလည်း ပြန် အဆင်ပြေလာမှာ ဖြစ်ပြီး စပါးလည်း အထွက်တိုးလာမှာ ဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

စစ်တပ်ကတော့ သူတို့ သိမ်းထားတဲ့ လယ်ယာမြေ ဧက ၁ သိန်းခွဲကျော် ပြန်ပြီး စွန့်လွှတ်မယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

DVB 
သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အခု မိုးမကျမီ ပြန်ပေး နိုင်အောင် ဆောင် ရွက်ပေးကြပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ တာဝန်ရှိသူတွေကို တိုက် တွန်း လိုက်ပါတယ်။

နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်

Photo: နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်
Wednesday, April 02, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ် အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီ ခရီးစဉ်အသေးစိတ်ကို မသိရသေးပါဘူး။

နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို ကွယ်လွန်သူ ဂျာမနီ အဓိပတိဟောင်း မစ္စတာ ၀ီလီဘရန့် ကို ဂူဏ်ပြုတဲ့ အနေနဲ့ ၂ဝ၁၁ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး ဆိုင်ရာနယ်ပယ်တွေနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ ပြည်သူတွေကြား နားလည်မှုတွေ တိုးပွားလာအောင်ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ နဲ့ အဖွဲ့အစည်းတွေကို ချီြးှမှင့်တဲ့ဆုဖြစ်ပါတယ်။ ဒီဆု ကို ပထမဆုံးချီးမြှင့်ခံရသူတွေကတော့ ဂျာမနီ နိုင်ငံ ဘာလင်အခြေစိုက် တေးဂီတဆရာ Daniel Barenboim နဲ့ အီဂျစ် စာရေးဆရာမ Lailia Soliman တို့ ဖြစ်ကြ ပါတယ်

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲ ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ်အတွင်း ဂျာမနီ သမ္မတ ဂျော် ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

သမ္မတဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေများ မေလတွင် ပြည်သူကို ချပြမည်

Photo: သမ္မတဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေများ မေလတွင် ပြည်သူကို ချပြမည်
Wednesday, April 2, 2014

သမ္မတ ဦးသိန်းစိန်၏ အမိန့်အရ ရေးဆွဲလျက်ရှိသော မျိုးစောင့် ဥပဒေကြမ်းများဖြစ်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာ ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ယခုနှစ် မေလကုန်ပိုင်း တွင် ပြည်သူလူထု ထံသို့ ချပြမည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ သာသနာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်ဌေး က ဧရာဝတီသို့ ပြောသည်။

သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေများ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြနိုင်ရေး အဖွဲ့ ၁၂ ဦးပါ မျိုးစောင့် ဥပဒေ ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တာဝန် ပေးခြင်း များ မတ်လ အတွင်း လုပ်ဆောင်ခဲ့ပြီး သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ မျိုးစောင့်ဥပဒေများ စတင်ရေးဆွဲ နေပြီ ဖြစ်ကြောင်း၊ ဥပဒေ များ ရေးဆွဲပြီးပါက ပြည်သူလူထုကို ချပြမည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ သမ္မတဦးသိန်းစိန်ထံ တင်ပြမည် ဖြစ်ကြောင်း သိရှိရသည်။

“ဥပဒေကြမ်းတွေ ရေးဆွဲပြီးသွားရင် မေလအတွင်းမှာတော့ Public ကို သိအောင် ချပြသွားဖို့ ရှိပါတယ်။ ဇွန်လ နောက်ဆုံးပတ်လောက်မှာ နိုင်ငံတော် သမ္မတကြီးဆီကို တင်မယ ” ဟု ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပသော ကလေးသူငယ်ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသည့် ဒေါက်တာမောင်မောင်ဌေးက ဧရာဝတီသတင်းဌာနနှင့် ဧပြီလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုသည်။

လက်ရှိရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေများသည် ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက်သာမက ဘာသာတိုင်း မှ အမျိုးသမီးများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ ဘ၀ မနစ်နာရေး အတွက် ရေးဆွဲ ရခြင်းဖြစ်သည်ဟု ဒေါက်တာမောင်မောင်ဌေးက ရှင်းပြသည်။

“မြန်မာနိုင်ငံမှာက အိမ်ထောင်ရေး ကိစ္စတွေအပေါ်မှာ အခြေခံပြီးတော့ ဘာသာ ကူးပြောင်းကြတယ်။ ကျနော်တို့က ဘာသာကူးပြောင်းရင် ဘယ်လိုလုပ်မလဲဆိုတော့ မှတ်ပုံတင်ရမယ်။ တရားဝင် ဖြစ်ဖို့ ဥပဒေကြမ်း ဆွဲနေပါတယ်။ မျိုးစောင့် ဥပဒေလို့သာပြောတာ တကယ်တန်းတော့ ဘာသာခြားတဦးနဲ့ တဦး လက်ထပ် ထိမ်းမြား တဲ့အခါ အယူအဆချင်းက မတူကြဘူး။ မတူကြတဲ့အပေါ်မှာ နိုင်ငံသား အမျိုးသမီးတွေရဲ့ ဘ၀ မနစ်နာရအောင် အမျိုးသမီးတွေကို စောင့်ရှောက် ပေးမှာ။ အဲဒါက ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်တင် မဟုတ်ဘူး။ ဘာသာတိုင်းအတွက်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေ ရေးဆွဲရခြင်းသည် နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော် လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ အပါအ၀င် ရဟန်းရှင်လူ ၁၃ သိန်းကျော်က လက်မှတ်ရေးထိုးတင်ပြလာခြင်းကြောင့် ဖြစ်သည် ဟု ထုတ်ပြန် ကြေညာထားသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းက သမ္မတဦးသိန်းစိန်၏ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုသည် အချိန်စောလွန်းပြီး နိုင်ငံအတွက် ပိုမိုအရေးကြီးသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကိုသာ သမ္မတ အနေဖြင့် ပိုမိုအာရုံစိုက်သင့်ကြောင်း၊ မျိုးစောင့်ဥပဒေသည် သမ္မတဦးသိန်းစိန်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ဗျူဟာ တရပ်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ဧရာဝတီ

၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် အင်းစိန် အောင်ဆန်း တောရတပ်ဦးကျောင်း တွင်ပြုလုပ်သည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
၂၀၁၃ ခုနှစ်တွင်ကျင်းပခဲ့သည့် အင်းစိန် အောင်ဆန်း တောရတပ်ဦးကျောင်းတွင်ပြုလုပ်သည့် အမျိုးဘာသာသာသနာ ထိန်း သိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၏ အမိန့်အရ ရေးဆွဲလျက်ရှိသော မျိုးစောင့် ဥပဒေကြမ်းများဖြစ်သည့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာ ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ယခုနှစ် မေလကုန်ပိုင်း တွင် ပြည်သူလူထု ထံသို့ ချပြမည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ သာသနာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်ဌေး က ဧရာဝတီသို့ ပြောသည်။

မြန်မာယူ-၁၉အသင်းနှင့် ဂျပန်ယူ-၁၉အသင်းတို့ ခြေစမ်းပွဲကစားမည်

အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသာ မြန်မာယူ-၁၉ အသင်းအနေဖြင့် ဧပြီ ၉ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲကစားမည်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင် အောင်က မဇ်္ဈိမသို့ ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိကျူးကျော် ဘုန်းကြီးကျောင်းများမှသံဃာအချို့အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထား သော ဘုန်းကြီးကျောင်းများအနက် မတ် ၁၅ရက်အထိ ကျူးကျော် ကျောင်း ၂၁ ကျောင်းကျန်ရှိရာ တရားရင်ဆိုင်နေသည့် ကျောင်း သုံးကျောင်း မှ ကျောင်း ထိုင် သံဃာတော် သုံးပါးအား သက်ဆိုင်ရာ တရားရုံးက လူဝတ်လဲကာ ထောင်ဒဏ် ခြောက် လစီ ကျခံစေခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေဆဲ ၁ဝ ကျောင်းမှ သံဃာတော်များအား တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေး၍ စီရင်ချက်ချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရှစ်ကျောင်းမှ သံဃာတော်များအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ(၅၁၂)အရ တရားခံပြေးအဖြစ် ကြေညာသွားမည်ဖြ စ် ကြောင်း နေပြည်တော်ကောင်စီမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌် အက်ဖ်ယူပီ ရန်ကုန်၊ မန္တလေးတွင် အဓိက ပြိုင်မည်

တိုင်းရင်းသားပါတီ ၁၅ ပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)သည်၂၀၁၄ ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်နှင့် မန္တလေးရှိ မဲဆန္ဒနယ်ငါးနေရာ၌ အဓိက ၀င်ရောက်ယှဉ်ပြိုင်ရန် ကနဦးဆုံးဖြတ်ခဲ့သည်ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဒေါက်တာ ဂင်ဂျန်ဒါးက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

တရားမဝင် မိုဘိုင်းလ်ဖုန်းဈေးကွက် Mobile Team လိုက်လံစစ်ဆေးမည်

Photo: တရားမဝင် မိုဘိုင်းလ်ဖုန်းဈေးကွက် Mobile Team လိုက်လံစစ်ဆေးမည်
Wednesday, April 2, 2014

မြန်မာနိုင်ငံ၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များမှာ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု များပြားခြင်းကြောင့် Mobile Team က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

တရားမဝင် တင်သွင်းထားသည့် မိုဘိုင်းလ် ဟန်းဆက်များ တွေ့ရှိပါက အခွန်ရုံးသို့ ခေါ်ယူ အခွန်စည်းကြပ်ခြင်း၊ ပစ္စည်းများကို သိမ်းဆည်းခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“ဒီလိုလုပ်ရတာက အခွန်မဲ့ ဟန်းဆက်တွေ ဈေးကွက်ထဲမှာ များနေလို့ပါ။ အခွန်ဆောင်ထားတယ် ဆိုရင်လည်း အထောက်အထား ပြနိုင်ရပါမယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင် အရောင်းပြခန်း ဖွင့်လှစ်ကာ တရားဝင် အခွန်ပေးဆောင်၍ ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များ၏ ဈေးနှုန်းမှာ တရားမဝင် ဝင်ရောက်လျက်ရှိသော ဟန်းဆက်များထက် ဈေးနှုန်း အနည်းငယ် မြင့်မားကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူအချို့ထံမှ သိရသည်။

ဈေးနှုန်း ကွာခြားရခြင်းသည် ဈေးကွက် လိုအပ်ချက်အပေါ် မူတည်၍သာ ပြောင်းလဲခြင်း ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း ကုမ္ပဏီအချို့ထံမှ သိရသည်။

“သုံးစွဲသူကတော့ မော်ဒယ်လ် အသင့်အတင့်ဖြစ်ပြီး ဈေးသင့်တယ်ဆိုရင် လာကြမှာပါပဲ။ အခွန်နဲ့ မဆိုင်ပါဘူး” ဟု KMD ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာ ဦးဇာနည်ဟိန်းက ပြောကြားသည်။

ပြည်တွင်းတွင် ရောက်ရှိနေသော မိုဘိုင်းလ် ဟန်းဆက်များ၏ ၉၉ ရာခိုင်နှုန်းခန့်သည် တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်ထားသော ဟန်းဆက်များ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တရားမဝင် မိုဘိုင်းလ် ဟန်းဆက်များ မည်သည့် လမ်းကြောင်းမှ ဝင်ရောက်နေခြင်းကို သိရှိရန် တရားဝင် တင်သွင်းခွင့်ရ ကုမ္ပဏီအချို့နှင့် မတ်လ ၃၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးလျက် ရှိကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံ၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များမှာ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု များပြားခြင်းကြောင့် Mobile Team က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်

Photo: ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်
Wednesday, April 2, 2014

‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’

စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှု ကိစ္စများ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

တကယ်တမ်းတော့ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါ။ နှစ်ပေါင်းနှစ် ဆယ်ကျော်ကြာ လျစ်လျူရှုခံထားရသည့် မြို့ပြစီမံကိန်းကြီးတစ်ရပ်ပဲ ဖြစ်ပါ သည်။ ရေစီးရေလာ ကောင်းမွန်မှုအတွက် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်း၏ အကျိုးဆက်ကို ပြည်သူများသာလျှင် ခံစားခဲ့ရပါသည်။

ယခုတော့ ထိုကိစ္စကို သမ္မတဦးသိန်းစိန်က ပြန်လည်ဖော်ထုတ်လိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး စီမံကိန်းကို ယခုနှစ်ဇန်န၀ါရီမှ မေလ ၃၀ ရက်အထိ နိုင်ငံတော်က ဘတ်ဂျက် ၁၂ ဘီလီယံကျော် သုံးစွဲခွင့်ပြု၍ ဆောင်ရွက်ခိုင်းထားသည်။ များပြားသည့် ငွေကြေးများ သုံးစွဲထားသည့် စီမံကိန်းဖြစ်သောကြောင့် ယခုတစ်ကြိမ်ပြီးလျှင် နောက်ထပ်တစ်ကြိမ် ပြန်မစရအောင် ဆောင်ရွက်နေသူများက စနစ်တကျလုပ်ဆောင်သွားရန်လိုအပ်ပြီး ပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

နှစ်စဉ်ရေကြီးရေလျှံ၍ သွားလာရခက်ခဲရသည့် အခြေအနေများကို တွန်းလှန်နိုင် ရန် သမ္မတက ဒုတိယ၀န်ကြီးသုံးဦးကို တာဝန်ပေးအပ်ခဲ့သည်။ ရေရှည်စီမံကိန်းမဟုတ်ဘဲ လေးလအတွင်း အကောင်အထည်ဖော်ရမည့် အထူးဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်။

မြို့ပြလူထုအတွက် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ယခုနှစ်မိုးမကျမီ အပြီးသတ်ဆောင်ရွက်နိုင်ရန် ညွှန်ကြားလိုက်သည့်အတွက် လူအင်အား၊ စက်အင်အားများစွာ သုံးစွဲ၍ ရန်ကုန်တိုင်းအတွင်း အဓိက မြောင်း များ၊ ချောင်းများကို နေ့ရောညပါ အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်။

‘‘ကျွန်တော်တို့ဆီမှာ စီမံကိန်းတစ်ခုလုပ်ရင် စနစ်တကျလုပ်လေ့မရှိဘူး။ ဒါကြောင့် တစ်ခုပြင်ရင် တစ်ခုကပျက်နေရတယ်။ ရေမြောင်းပြင်တော့ လမ်းပျက်၊ လမ်းပြင်တော့ ဖုန်းလိုင်းပျက်။ အဲဒီလိုပေါ့။ ဒါကြောင့် ရေတိုမှာ လူမြင်ကောင်းဖို့ထက် ရေရှည်အတွက် အဘက်ဘက်က စနစ်တကျပြင်ဆင်ပြီး ပြုပြင်သင့်တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် စာရေးဆရာဦးဟန်ဇော်ကပြောသည်။

ရန်ကုန်မြို့၏လမ်းများသည် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့်အတွက် မိုးတွင်း၌ သွားလာရခက်ခဲလေ့ရှိသည်။ မိုးများသည့်အချိန်တိုင်း မြို့၏ လမ်းဘေးမြောင်းများမှာ ပိတ်ဆို့နေသည့် အမှိုက်များကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိဘဲ လမ်းပေါ်သို့ လျှံထွက်လာတတ်သည်။ ထိုအခြေအနေကို အစိုးရက ထိရောက်စွာပြုပြင်ဆောင်ရွက်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ပင်ကျော်ခဲ့ပြီ။

လမ်းဘေးမြောင်းအတွင်းရှိ ပိတ်ဆို့အမှိုက်များ တူးဖော်ဖယ်ရှားခြင်းများကို မြို့တော်စည်ပင်က ဆောင်ရွက်ပါသော်လည်း အဓိကကျသည့် ရေတံခါးများ၊ နုန်းတင်နေသည့် ချောင်းမြောင်းများကို ထိရောက်စွာ ရှင်းလင်းနိုင်ခြင်းမရှိခဲ့သဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေလျှံမှုက ပုံမှန်ဖြစ်တတ်စမြဲပင်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ဤကိစ္စကို အထူးအရေးကြီးစီမံကိန်းအဖြစ် သတ်မှတ်၍ ယခုနှစ်မှစတင်ကာ မိုးမကျမီအတွင်း အပြီးသတ်ဆောင်ရွက်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒုတိယ၀န်ကြီးသုံးဦး ခေါင်းဆောင်သည့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရန် ထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကို အရေးပေါ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‘‘မိုးမကျမီတော့ မပြီးနိုင်ဘူး။ တစ်နှစ်လောက်နဲ့ကို မပြီးနိုင်ဘူး။ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေအောက်မြောင်းတော်တော်များများက အင်္ဂလိပ်လက်ထက်ကအတိုင်းပဲ။ အဓိက မြေအောက်မြောင်းကြီးတွေ ပြင်ရမယ်။ လမ်းဘေးမြောင်း အနက်နဲ့ အကျယ်တွေပြင်ရမယ်။ မြောင်းတွေပြင်ဖို့ မြေနေရာလိုဦးမယ်။ ပလက်ဖောင်းမြင့်မြင့်တွေ လိုဦးမယ်’’ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ကိုမိုးချိုက သူ၏အမြင်ကိုပြောသည်။

သို့သော် ‘‘လာမယ့်မိုးတွင်းမှာ သိသာတဲ့ အကျိုးခံစားရမယ်လို့ ယုံတယ်’’ဟု လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်က ယုံကြည်ထားသည်။ မကြာမီကျရောက်မည့် သင်္ကြန်တွင်အဖွဲ့အားလုံးအနေဖြင့် မိမိတာဝန်ယူထားသည့် နယ်ပယ်အလိုက် ဖိဖိစီးစီး ဂရုတစ်စိုက် လုပ်ဆောင်ပေးကြရန်လည်း ဒုဝန်ကြီးက မေတ္တာရပ်ခံထားသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီဥက္ကဋ္ဌမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်ဇော်၊ လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဦးကျော်စိုးတို့ ပါဝင်ကြသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဌာနမှူးများ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာနတို့အပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီသုံးဆယ်ခန့်ကလည်း ၀င်ရောက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

လက်ရှိဆောင်ရွက်မှုအနေဖြင့် မြို့တွင်းခြောက်မြို့နယ်၏ ရေထွက်ပေါက်များ၊ မြစ်ထွက်ပေါက်များ၊ ရေနုတ်မြောင်းများကို အမှိုက်နှင့်နုန်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောက်လုပ်ခြင်းများကို အချိန်မီပြီးစီးရန် ဆောင်ရွက်နေပြီး မြို့နယ်အလိုက် လုပ်ငန်းရှင်များကိုလည်း ပါဝင်ကူညီရန် တာဝန်ပေးထားသည်ကို တွေ့ရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင်လည်း လမ်းအလိုက် ရေနုတ်မြောင်းများ တူးဖော်လျက် ဆင်ဖုံချောင်း၊ ငမိုးရိပ်ချောင်း၊ တိုးကြောင်ကြီးရေတံခါး စသည့် အဓိကကျသည့်နေရာများရှိပြီး တူးဖော်ခြင်းကို စက်ယန္တရားကြီးများဖြင့် လုပ်ဆောင်နေပြီး ချောင်းကြီးများအတွင်း သောင်တူးစက်ရေယာဉ်ကြီးများဖြင့် ချဲ့ထွင်တူးဖော်လျက်ရှိသည်။

‘‘ရပ်ကွက်တွေ အကူအညီယူပြီး ဆောင်ရွက်နေပါတယ်။ သင်္ကြန်တွင်းမှာ တူးဖော်မှုကို ရပ်နားမှာမဟုတ်ပါဘူး။ တစ်မိုးတွင်းလုံးလည်း ဆက်တူးသွားမှာ ဖြစ်ပါတယ်။ ရပ်ကွက်လူထုက ပြောစရာမလိုအောင် ကူညီကြတယ်။ သဘောကျကြပါတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်၊ လမ်း/တံတားဌာနမှူး ဦးတင်မောင်ကြည်ကဆိုသည်။

မြို့ရွာအိုးအိမ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးကလည်း ‘‘မကြာခဏပြိုကျတတ်တဲ့ မြောင်းတွေကို အုတ်မြောင်းတွေအဖြစ် ပြုလုပ်ပါတယ်။ ရေနစ်မြုပ်လေ့ရှိတဲ့ ရပ်ကွက်တွေ အဆင်ပြေသွားမှာဖြစ်ပါတယ်။ တချို့နေရာမှာ ရပ်ကွက်နဲ့ ညှိနှိုင်းဆဲအခြေအနေ ရှိပါတယ်။ လမ်းပေါ်က ဆိုင်ခန်းတွေ မပျက်စီးအောင် သတိထားရပါတယ်’’ဟု ပြောသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီက ဌာနအသီးသီးဖြင့် ပေါင်းစပ်ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို မေလ ၃၀ ရက်နေ့ ရည်မှန်းချက်ထားရှိသော်လည်း အချိန်မီပြီးစီးနိုင်ခြင်း ရှိနိုင်မည်ကို ပြည်သူများအနေဖြင့် သံသယ၀င်မှုတချို့ရှိသည်။ စီမံကိန်းအတွက် ချထားပေးသော နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း အလဟဿ အလေအလွင့်ဖြစ်မည်ကိုလည်း ပြည်သူတို့က စိုးရိမ်ကြသည်။

လုပ်ငန်းအားလုံးကို ခြုံငုံကြည့်ပါက ပြီးစီးမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ဧပြီလကုန် (သို့မဟုတ်) မေလလယ်ခန့်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရန် ကတိပြုထားကြသည်။ ကတိအတိုင်းသာ အချိန်မီပြီးစီးပါက ယခုမိုးရာသီတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေးကို အစိုးရက ကြိုးပမ်းအားထုတ်နေချိန်တွင် ပြည်သူများကလည်း ပါဝင်ကူညီရန် လိုအပ်ပေသည်။ ထို့အတွက် ကော်မတီကလည်း မြို့တော်နေပြည်သူများကို စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများကို လိုအပ်သလို ထုတ်လွှင့်စည်းရုံးပညာပေးရန် လိုအပ်နေသည်။

ရေနုတ်မြောင်းများအနီး ရောင်းချသည့် ဈေးဆိုင်များ၏ စွန့်ပစ်အမှိုက်များ စနစ်တကျရှိစေရန် လေ့ကျင့်ပညာပေးခြင်း၊ တိုက်ခန်းနောက်ဖေးလမ်းကြားများရှိ မြောင်းများကို အနည်းဆုံး နှစ်ပတ်တစ်ကြိမ် သတ်မှတ်ရက်တစ်ခုထား၍ ရှင်းလင်းပြီး ကားဖြင့် တစ်ပါတည်းသိမ်းယူခြင်း၊ ရေနုတ်မြောင်းများရှိ အမှိုက်ထားသည့်နေရာများကို မြို့နယ်အလိုက် သိသာသည့် သင်္ကေတလမ်းညွှန်မှုများ စိုက်ထူ၍ ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

‘‘အရင်နှစ်တွေထက်ပိုပြီး ထိထိရောက်ရောက် လုပ်နေသလိုပဲ။ မလုပ်တာနဲ့စာရင်တော့ အရမ်းကောင်းတာပေါ့။ အတိုင်းအတာတစ်ခုအထိတော့ အကျိုးခံစားရမှာပါ။ တဖြည်းဖြည်းသွားရမှာပေါ့။ အင်အားအလုံးအရင်းနဲ့ မြန်မြန်လုပ်ချလိုက်ရင်တော့ ပိုထိရောက်မယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက်(၃၉)နှစ်အရွယ် ကျူရှင်ဆရာဦးမျိုးသန့်က မှတ်ချက်ပေးသည်။

နှစ် ၂၀ ကျော်တိုင် မပြုပြင်လာခဲ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် အခက်အခဲများစွာရှိနိုင်မည်ဖြစ်သကဲ့သို့ ချထားပေးသည့် ရန်ပုံငွေကိုလည်း အဖိတ်အစဉ်မရှိစေရန် ဆောင်ရွက်သင့်ပြီး ကုမ္ပဏီများ၏ဆောင်ရွက်မှုကို ကော်မတီက ကြီးကြပ်စိစစ်သင့်ပါသည်။

‘‘ကော်မတီဥက္ကဋ္ဌအနေနဲ့တော့ မြေပြင်လုပ်ငန်း ကွင်းဆင်းစစ်ဆေးတိုင်း တာဝန်တစ်ရပ်လိုအပြင် ကုသိုလ်ဖြစ်လုပ်ငန်းလို့ နှလုံးသွင်းလုပ်ဖို့ တာဝန်ခံများကို အမြဲမှာကြားလေ့ရှိပါတယ်’’ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲသူဝင်းကရှင်းပြသည်။

ရေစီးရေလာကောင်းမွန်ရေးသည် ပြည်သူများအတွက် လူမှုဘ၀နှင့် ကျန်းမာရေးအတွက်ပါ အကျိုးရှိသည့်ကိစ္စရပ်ဖြစ်သည်။ သတ်မှတ်ထားသည့်ကာလ ပြီးဆုံးပါက အရေးပေါ်ကော်မတီ၏ တာဝန်များကို မြို့တော်စည်ပင်က လွှဲပြောင်းယူ၍ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ရာ ယခင်ကဲ့သို့ ပြန်မဖြစ်စေရန် စေတနာနှင့် အစဉ်အမြဲ လုပ်ဆောင်နေသင့်သည့်လုပ်ငန်း ဖြစ်သည်။ သို့မှသာ ဘဏ္ဍာငွေကုန်ကျစရိတ် ထပ်မံမသုံးစွဲရတော့မည်ဖြစ်သည်။ နှစ်၂၀ ကျော် မဆောင်ရွက်ခဲ့သည့်အတွက် ယခုမှ လုပ်ဆောင်ရာတွင် ကုန်ကျစရိတ် ကြီးမားသွားရသည်။

‘‘ရန်ကုန်လူဦးရေက ငါးသန်းဆိုပါစို့။ ဒီလူတွေ အမှိုက်ကို စနစ်တကျစွန့်ပစ်ပါရဲ့လား၊ စည်းကမ်းတွေ ဥပဒေတွေကို ဘယ်လောက်လိုက်နာသလဲဆိုတာက အရေးပါတယ်။ စည်းကမ်းမဲ့နေဦးမယ်ဆိုရင်တော့ ငွေကုန်ခံပြီး ဘယ်လောက်ပဲလုပ်လုပ် ရေစီးရေလာမကောင်းတဲ့ မြောင်းရေလျှံတာတွေဖြစ်နေဦးမှာပဲ’’ဟု ရေကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှုဆောင်အင်ဂျင်နီယာ ကိုအောင်စိုးမိုးကသုံးသပ်သည်။

မကြာမီ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုရန် ရှိပါသည်။ သမ္မတ လာရောက်စစ်ဆေးမည့်အချိန်တွင် လုပ်ငန်းအောင်မြင်ပြီးစီးမှုရှိရန် အမြန်ဆုံးလုပ်ကိုင်ကြရသော်လည်း အပေါ်ယံအမြင်ကောင်းအောင် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ အမှန်တကယ် စနစ်တကျ ဖိစီးဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။ ဒါမှသာ မြို့ပြပြည်သူများသာမက နောင်လာနောက်သားများအတွက်လည်း အဆင်ပြေပေလိမ့်မည်။

မိုးရာသီ၌ မြောင်းရေလျှံခြင်းသည် မြို့တော်ဝန်ဟောင်း မှတ်ချက်ပေးသကဲ့သို့ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စမဟုတ်ပါ။ ရေစီးရေလာကောင်းမွန်ရေးကို လျစ်လျူရှုခဲ့ကြ၍ ပြည်သူများသာခံစားရသည့် အကျိုးဆက်သာ ဖြစ်ပါသည်။

7Day News Journal
‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’

စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်) က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှု ကိစ္စများ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

သာကေတ ငါးသေတ္တာစက်ရုံ ကိစ္စကို နိုင်ငံတကာသို့ ချပြသွားမည်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဘက်မှ သာကေတ ငါးသေတ္တာစက်ရုံနှင့် ပတ် သက်သည့် ပြဿနာတွင် အပြုသဘော ဆောင်သည့်တုံ့ပြန်မှုများပြုခြင်းမရှိပါက အဆိုပါ ကိစ္စကို နိုင်ငံ တကာအဆင့်အထိ သိရှိအောင် ချပြသွားမည်ဟု အဆိုပါ ရယ်ဒီငါးသေတ္တာ ထုတ်လုပ်နေ သည့် Myanmar Makro ကုမ္ပဏီ လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော်က The Voice သို့ ပြောကြား သည်။

မြောက်ကိုရီးယားအား လက်တုံ့ပြန်ခြင်းကို တောင်ကိုရီးယား ကာကွယ်ပြောဆို

အငြင်းပွားနေသော တောင်-မြောက်ကိုရီးယားရေပိုင်နက် နယ်နိမိတ်အနီးတွင် အမြောက်ဖြင့် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားက ယင်းတုံ့ပြန်မှုနှင့် ပတ်သက်ပြီး အခိုင်အမာ ကာကွယ်ပြောဆိုခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဦးနှောက်သွေးကြောပြတ် အန္တရာယ်

Photo: ဦးနှောက်သွေးကြောပြတ် အန္တရာယ်
Wednesday, April 2, 2014

ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲပါက ဦးနှောက် သွေးကြောပြတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် အဲကွန်းခန်းမှ နေပူထဲသို့ ထွက်ခြင်း၊ နေပူထဲမှ အဲကွန်းခန်း အတွင်းသို့ ဝင်ခြင်းများကို ဆင်ခြင်သင့်ကြောင်း သိရသည်။ ပူပြင်းသော ရာသီတွင် အဲကွန်းခန်းမှ နေပူထဲသို့ သွားပါက ဦးနှောက်အတွင်းသို့ ပို့ဆောင်သော သွေးကြောလေးများ၏ သွေးသွား၊ သွေးလာ အနှောင့်အယှက် ဖြစ်ကာ မူးမော်ခြင်း ဖြစ်တတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း၊ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြသဖို့ လိုအပ်ကြောင်း သိရသည်။

“Heat Strock ကြောင့် သေတာဟာ ခန္ဓာကိုယ် အပူချိန် အရမ်းများလို့ သေတာနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးသွားလို့ သေတာတွေပါ။ ဒါကြောင့် ချွေးထွက်များရင် ရေပဲ သောက်ရပါမယ်။ ကြွက်တက်မှ၊ ခြေလက်ထုံကျဉ်မှ ဓာတ်ဆားကို သောက်သင့်တယ်။ မဟုတ်ရင် သွေးတိုးပြီး ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ အပူချိန်များတဲ့ အချိန်မှာ မူးမေ့ရင် အရိပ်ရတဲ့ နေရာကို ချက်ချင်း ခေါ်သွားပြီး တစ်ကိုယ်လုံး ရေဖတ် တိုက်ပေးရပါမယ်။ ခန္ဓာကိုယ် အပူချိန်ပေါ် မူတည်ပြီး ၁၀၅ ဒီဂရီဆိုရင် အရမ်းပူရင် ရေခဲဖတ်ကို ၁၅ မိနစ်၊ နာရီဝက် ဆက်တိုက် တိုက်ပေးရပါမယ်။ အပူချိန်တိုင်း ကိရိယာနဲ့ ဆက်တိုက် တိုင်းပြီး ၁၀၁ ဒီဂရီလောက်အထိ ရောက်အောင် ဆက်တိုက် တိုက်ပေးရမယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဒေါက်တာမြင့်ဇော်က ဆိုသည်။ “နေကတော့ မတရားကို ပူတယ်။ ကျွန်တော်တို့လို ကားသမားတွေ အတွက် ငွေရှာရတာ အဆင်ပြေပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတယ်။ မနေ့ကဆို တက္ကစီကား တစ်စီးက ပလက်ဖောင်းပေါ် လမ်းလျှောက်နေတဲ့ မိန်းကလေး တစ်ဦးကို ဝင်တိုက်တယ်။ လမ်းသွား လမ်းလာတွေက တက္ကစီသမားကို ဆွမ်းကြီးလောင်းမလို့ အုံလာကြတယ်။ ကားတိုက်ခံရတဲ့ မိန်းကလေးလဲ မေ့သွားတယ်။ တက္ကစီသမားကလဲ မေ့နေတယ်။ ဒီတော့ လူတွေက မိန်းကလေးရော၊ တက္ကစီသမား ကိုပါ ဆေးရုံ ပို့လိုက်ရတယ်။ ဖြစ်တာက နေပူလွန်းအားကြီးတော့ ကားသမားက မောင်းနေရင်း မူးမေ့သွားပြီး စတီယာရင် မထိန်းနိုင်ဘဲ လမ်းပေါ်က အမျိုးသမီးကို ဝင်တိုက်တာ။ တော်သေးတယ်။ မိန်းကလေးရော တက္ကစီသမားပါ၊ ဘာမှ မဖြစ်ကြလို့။ ကျွန်တော်တို့ ကားသမားတွေက နေပူပြီဆိုရင် သတိထားရတယ်။ ဦးနှောက် သွေးကြောပြတ်ပြီး သေတတ်တယ်။ ကျွန်တော်ကတော့ သိပ်ပူတဲ့ ၁ နာရီ ၂ နာရီဆို အရိပ်ရတဲ့ နေရာမှာ ကားထိုးပြီး အိပ်နေလိုက်တယ်။ ဒါပေမဲ့ ငွေရှာ မရရင် နေပူလဲ အင်ဂျင်ပူပူအပေါ် တစ်နေကုန် ထိုင်ပြီး သေမင်းနဲ့ ကစားနေရတာပါပဲ” ဟု ဆူးလေဂိတ်မှ တက္ကစီဒရိုင်ဘာတစ်ဦးက ပြောသည်။

ယမန်နှစ် နွေရာသီက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အပူဒဏ် လွန်ကဲမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆိုက်ကားသမား၊ တောင်ယာ လုပ်ကိုင်သူများထဲမှ အချို့သည် အသက်အန္တရာယ် ဖြစ်ပွားခဲ့ကြသည်။ “နေပူထဲက ပြန်လာပြီး ရေချိုး ခေါင်းလျှော်တာ။ နေပူထဲက ပြန်လာပြီး ရေအေးဝတ် ပတ်တာတွေက ဦးနှောက်သွေးကြော ပြတ်တာ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲလို့ ဦးနှောက် သွေးကြော ပြတ်တာ” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဒေါက်တာမြင့်ဇော်က ဆိုသည်။

ကျန်းမာရေး ဝန်ထမ်းတစ်ဦးကလည်း “ယခုဆိုရင် ရာသီဥတုက အချိန်အခါ မရွေး ဖောက်ပြန်နေတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းကဆိုရင် ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး ပြင်းပြင်းထန်ထန် ပူခဲ့တယ်။ သက်ကြီးရွယ်အိုတွေ သေဆုံးတယ်။ ဒီနှစ်လဲ အရက်သမားတွေ ဦးနှောက် သွေးကြောပြတ်ပြီး သေတာတွေ တွေ့လာနေရတယ်။ ကျွန်မတို့ ရပ်ကွက်ထဲက လူတစ်ယောက်ဟာ နေ့ခင်းကြောင်တောင် ဦးနှောက်သွေးကြောပြတ်ပြီး လမ်းပေါ်မှာ ဆုံးသွားခဲ့တယ်။ လူကတော့ အကောင်းပဲ။ ဒါပေမဲ့ သူက အရက်ကို နေ့မရှောင်၊ ညမရှောင် သောက်တဲ့ လူစားမျိုးဆိုတော့ အပူရှိန်ပြင်းတဲ့ အချိန်မှာ အရက်သောက်တော့ ဦးနှောက်ကြောပြတ်ပြီး သေတာပဲ။ အရက်သောက်တတ်တဲ့ သူတွေဟာ ယခုလိုပူတဲ့ အချိန်မှာ နေ့ခင်းဘက် အရက်သောက်ရင် လျှော့သောက်သင့်တယ်။ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါဘဲ” ဟု ဆိုသည်။ ထို့ပြင် ရန်ကုန် ကလေးဆေးရုံကြီးတွင်လည်း ပြီးခဲ့သော နွေရာသီတွင် ကလေးများ အပူကြီးပြီး ဆေးရုံတက်ရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ သို့ဖြစ်၍ ပူသော ရာသီတွင် ကလေးများအား အင်္ကျီပွပွ၊ ပါးပါးများ ဝတ်ပေးခြင်း၊ ရေမကြာခဏ တိုက်ပေးခြင်း၊ လေဝင်လေထွက် ကောင်းသောနေရာ၊ အရိပ်ရသော နေရာများတွင် ထားခြင်းတို့ဖြင့် အပူဒဏ်ကို ကာကွယ်ရမည် ဖြစ်သည်။ ထို့ပြင် လွင်တီးခေါင်ပြင်တွင် နေထိုင်သူများနှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သူများ အနေဖြင့် နံနက် ၁၀ နာရီမထိုးမီနှင့် ညနေ ၅ နာရီ နောက်ပိုင်းမှသာ ရေချိုးသင့်ကြောင်း သိရသည်။

Flower News Journal
ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲပါက ဦးနှောက် သွေးကြောပြတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် အဲကွန်းခန်းမှ နေပူထဲသို့ ထွက်ခြင်း၊ နေပူထဲမှ အဲကွန်းခန်း အတွင်းသို့ ဝင်ခြင်းများကို ဆင်ခြင်သင့်ကြောင်း သိရသည်။ ပူပြင်းသော ရာသီတွင် အဲကွန်းခန်းမှ နေပူထဲသို့ သွားပါက ဦးနှောက်အတွင်းသို့ ပို့ဆောင်သော သွေးကြောလေးများ၏ သွေးသွား၊ သွေးလာ အနှောင့်အယှက် ဖြစ်ကာ မူးမော်ခြင်း ဖြစ်တတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း၊ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြသဖို့ လိုအပ်ကြောင်း သိရသည်။

ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်

Photo: ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်

ရန်ကုန်၊ ဧပြီ ၁

မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှု ဒါရိုက်တာ  ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ ရွှေပြားများ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်ရန် ရွှေပြားထုတ် စက်သစ်များကို ပြည်ပမှ မှာယူထားကြောင်း မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။
“၁၀၀ ဂရမ်တို့၊ ၂၀၀ ဂရမ်တို့ လုပ်ဖို့အတွက် ခုချိန်က ကုန်ကြမ်းရှားနေသေးလို့ ကုန်ကြမ်းပေါတဲ့ အချိန်လောက် ကျမှထုတ်ဖို့။ ကြိုတင်ရအောင် ခုကတည်းက ပြည်ပကနေ ရွှေထုတ်လုပ်တဲ့စက်တွေ မှာထားပါတယ်” ဟု ၎င်းကဆိုသည်။ 

လက်ရှိ ထုတ်လုပ်နေသည့် ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများအတွက် ကုန်ကြမ်းကို ပြည်တွင်း အခေါက်ရွှေဈေးကွက် အတွင်းမှ ဝယ်ယူ စုဆောင်းပြီး ၉၉ ဒသမ ၉၉ နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် ရွှေပြားပြုလုပ်ကာ ပြန်လည် ရောင်းချနေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။

ယင်းဂရမ်ပြားများကို တစ်နေ့ အပြား ၄၀၀ ထိ ဈေးကွက်အတွင်း ရောင်းချနေပြီး မေလတွင် ကိုယ်စားလှယ်များ ခန့်အပ်ကာ ဈေးကွက် ထပ်မံတိုးချဲ့သွားမည်ဟု အဆိုပါ အများပိုင်ကုမ္ပဏီက ကြေညာထားသည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်း အစိုးရထုတ် ရွှေဒင်္ဂါးပြားများမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၃၂၉ ဂရမ်ရှိပြီး ရန်ကုန် ရွှေဈေးကွက်ရှိ ဒင်္ဂါးပြားမှာ ၁၆ ဒသမ ၆၀၆ ဂရမ်နှင့် မန္တလေးဈေးကွက်ရှိ ဒင်္ဂါးပြားမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၆ ဂရမ်ဖြင့် ဈေးကွက်အတွင်း အလေးချိန် မတူညီမှုများ ရှိနေသည်။

အများပိုင်ကုမ္ပဏီမှ အသစ်ထပ်မံ ထုတ်လုပ်မည့် ရွှေဂရမ်ပြားများမှာ ၁၀၀ ဂရမ်တစ်ပြားလျှင် ၆ ကျပ်သားဝန်းကျင် ရှိကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။
မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှုဒါရိုက်တာ ဦးကျော်ဝင်း က ပြော ကြားသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ထောင်သုံးလချ

Photo: ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ထောင်သုံးလချ
Wednesday, April 2, 2014

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့ တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် ခွင့်ပြုချက် မရဘဲ တောင်သူလယ်သမားအရေး ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ခဲ့သည့် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဟုတ်ပါတယ်။ အခုပဲ အချုပ်ကားပေါ် တက်တော့မလို့ပါ” ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က The Voice ၏ ဆက်သွယ်မေးမြန်း မှုကို ပြန်လည် ဖြေဆိုသည်။

ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်သော အဆိုပါ ပုဒ်မအတွက် ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ကို ထောင်ဒဏ်တစ်မျိုးတည်းသာ ချမှတ်ခဲ့ကြောင်း မြန်မာလူမှုဘဝကွန်ရက် အတွင်းရေးမှူးက ဆိုသည်။

နိုင်ငံတည်ဆောက်ရေး ကဏ္ဍတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ရန် နိုင်ငံတော်သမ္မတကြီးက ပြောဆိုထားသော်လည်း တောင်သူလယ်သမားအရေး ဆောင်ရွက်သူများ၊ နိုင်ငံရေးသမားများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချနေမှုသည် သမ္မတ၏ ပြောဆိုမှုကို အောက်ခြေ ဝန်ထမ်းများ လိုက်နာမှု မရှိသည်ကို ပြသနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ မူလပြစ်ဒဏ်များကို ထက်ဝက် လျှော့ချထားသည့် ဥပဒေ ပြင်ဆင်ချက်ကို မတ်လ နောက်ဆုံးပတ်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားသည်။

The Voice Weekly
မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူ လယ် သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့ တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

သန်းခေါင်စာရင်း သပိတ်မှောက် ရင် မှောက်သူသာနစ်နာမယ်လို့ ဝန်ကြီးပြော

ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအမည် နဲ့ ဖြည့်သွင်းခွင့်မရတဲ့ အတွက် သန်းခေါင် စာ ရင်းကောက်ယူမှုတွေကို သပိတ်မှောက်မယ်ဆိုရင် မိမိတို့ရဲ့ အခွင့်အရေးတွေသာ ဆုံးရှုံးနစ်နာ မှာ ဖြစ်ေ ကြာင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့က အကြမ်းဖက် လုပ်ရပ်များပြုလုပ်ရန် စီစဉ်နေဟု ဗြိတိန်ပြော

မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့သည် ဗြိတိန်တွင် အစွန်းရောက်လှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်နေသည် ဟု ယူဆရသ ဖြင့် ထိုအဖွဲ့အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက အမိန့်ပေးထားကြောင်း ဒေါင်း နင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးက သတင်းထုတ် ပြန်ခဲ့သည်ဟု ဧပြီ ၁ ရက်က အေ အက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။